ကမ္ဘာ့အသက်အကြီးဆုံး ဘရာဇီးလ်သီလရှင် အင်နက်ဟ်ကာနာဘာရို လူးကတ်စ် ၁၁၆ နှစ်မှာ ကွယ်လွန်

43
ရောင်နီ (NP News) - မေ ၄
ကမ္ဘာ့အသက်အကြီးဆုံး ခရစ်ယာန် သီလရှင် အင်နက်ဟ်ကာနာဘာရို လူးကတ်စ်ဟာ အသက် ၁၁၆ နှစ်အရွယ် (ဗုဒ္ဓဟူးနေ့) ဧပြီလ ၃၀ ရက်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံရဲ့အသက်အကြီးဆုံး သီလရှင် တိုမီကာအစ်တိုကာ ကွယ်လွန်ပြီးနောက် ဇန်နဝါရီလကမှ လူးကစ်ဟာ ကမ္ဘာ့အသက်အကြီးဆုံး သီလရှင်ဖြစ်လာခဲ့တာဖြစ်တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း (GWR) အရ သိရပါတယ်။
လူးကစ်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဘာသာရေးအပေါ် ယုံကြည်သက်ဝင်ခဲ့ပြီး အဲဒီအလေ့အကျင့်ကကို သူမအသက်ရှည်ရတဲ့ လျို့ဝှက်ချက် ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ ဒါကို လူးကစ်က “ဘုရားသခင်ဟာ အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။ သူက အရာအားလုံးရဲ့လျို့ဝှက်ချက်ဖြစ်တယ်" လို့ ပြောကြားခဲ့ဖူးတာကို သက်ကြီးရွယ်အိုများရဲ့ဘဝကိုခြေရာခံတဲ့ LongeviQuest ရဲ့ အဆိုအရ သိရပါတယ်။
သူမဟာ အသက် ၁၁၀ ပြည့်မွေးနေ့တုန်းကလည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ကောင်းချီးမင်္ဂလာကို ခံယူခဲ့ရဖူးတယ်လို့ သိရပါတယ်။
Zawgyi Version:
ရောင်နီ (NP News) - မေ ၎