ဒေါ်နယ်ထရမ့်လက်ထက်မှာ မြန်မာအပေါ်ထားရှိသော အမေရိကန်၏မူဝါဒ ပြောင်းလဲလာနိုင်သလား
1633
တင်ဇာ (NP News) - ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံ၌ (၂၀၂၁) ခုနှစ်တွင် အရေး ပေါ်ကာလကြေညာပြီးကတည်းက အမေရိကန်၏ မြန်မာ့မူဝါဒက သတိနှင့်တုံ့ပြန်သည့်အနေအထားမှာ ရှိခဲ့ပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးက တန့်နေခဲ့ သည်။ သို့သော် အမေရိကန်က မြန်မာနိုင်ငံရှိ အစိုးရ ဆန့်ကျင်ဖက်အဖွဲ့များအတွက် လက်နက်အထောက် အပံ့များပေးဆောင်ရန် (၂၀၂၂) ဘားမားအက်ဥပဒေ ကို ပြဋ္ဌာန်းခဲ့ပြီး မြန်မာ့အရေးကို နောက်ကွယ်မှ ပါဝင်ပတ်သက်လာခဲ့သည်။ အမေရိကန်အစိုးရသစ် ဖြစ်လာသော ထရမ့်လက်ထက်တွင် မြန်မာ့ပဋိပက္ခကို ငြိမ်းချမ်းစွာ အဆုံးသတ်ပြီး ဒီမိုကရေစီနိုင်ငံဆီသို့ ပြန်လည်ကူးပြောင်းနိုင်ရန် ပိုမိုတက်ကြွပြီး ထိရောက်သော မဟာဗျူဟာတစ်ရပ်ကို ချမှတ်ရန်အတွက် အများက မျှော်လင့်နေကြသည်။
အမေရိကန်၏ လက်ရှိ မြန်မာ့မူဝါဒကိုမူ နားလည်မှုလွဲမှားခြင်းနှစ်ခုအပေါ် အခြေခံထားသည်ဟု ယူဆရသည်။ ပထမတစ်ခုက အမေရိကန်အနေဖြင့် မြန်မာနှင့် ပိုမိုကြီးမားသော ထိတွေ့ဆက်ဆံမှုကို ရွေးချယ်မည်ဆိုပါက တရုတ်၏အနီရောင်မျဉ်းများကို ကျော်သလို ဖြစ်သွားမည်ဟု စိုးရိမ်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ထိတွေ့ဆက်ဆံမှုများက မြန်မာနိုင်ငံတွင် proxy war ကို ဖြစ်စေခြင်း သို့မဟုတ် တရုတ်၏ ကြားဝင်စွက်ဖက်မှု တိုးလာစေခြင်းတို့ဖြစ်လာနိုင်မည် ဟု အမေရိကန်က အထင်လွဲနေခြင်း ဖြစ်သည်။ ဒုတိယကွဲလွဲချက်မှာ အကျပ်အတည်းတွင် ပိုမိုပါဝင် ပတ်သက်ခြင်းကို ရှောင်ကြဉ်ခြင်းနှင့် အကျပ်အတည်းအတွက် အာဆီယံ၏ သံတမန်နည်းလမ်းအရ ဖြေရှင်းချက်ကသာ ပြဿနာကို အကောင်းဆုံးအဖြေ ရှာခြင်းဟု အမေရိကန်က ထင်မြင်နေခြင်းဖြစ်သည်။ ဤသို့ဖြင့် အမေရိကန်သည် ထိုကဲ့သို့ ယူဆချက်အလွဲ များအပေါ် အခြေခံ၍ မြန်မာ့မူဝါဒကို ရှေ့ဆက်ခြင်းဖြင့် အရှေ့တောင်အာရှတွင် တရုတ်၏ ဩဇာလွှမ်းမိုး မှုကို ရှောင်ရှားနိုင်မည်ဟု ထင်မြင်နေခြင်း ဖြစ်သည်။
ထိုကဲ့သို့ လွဲမှားသည့် အမြင်များသည် လက်တွေ့နှင့် အလွန်ကွာဟနေခဲ့သည်။ အမေရိကန်အနေဖြင့် ထိုကဲ့သို့ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းကို ရှောင်ရှားသော်လည်း NUG ကို ထောက်ပံ့ပေးနေခြင်းကြောင့် ၎င်းအစိုးရအောက်ရှိ လက်နက်ကိုင်အဖွဲ့များသည် အနောက်အုပ်စု၏ Proxy များ ဖြစ်လာခဲ့သည်။ ထို့ ကြောင့် အမေရိကန်သည် မူဝါဒအရသာ မြန်မာ့အရေးနှင့် ခပ်ကင်းကင်းနေသော်လည်း လက်တွေ့တွင်မူ နောက်ကွယ်က ပါဝင်ပတ်သက်နေသူ ဖြစ်နေပြန်သည်။
ထိုအချိန်တွင် ပေကျင်းသည် အမေရိကန် ထက်ပို၍ မြန်မာ့အရေးကို ပိုမိုအာရုံစိုက်ကာ ပေါ်ပေါ် ထင်ထင် ထောက်ပံ့ကူညီလာကြောင်း တွေ့ရသည်။ အမေရိကန်ကွန်ဂရက်က ဘားမား အက်ဥပဒေကြမ်း ကို အတည်ပြုခဲ့သည့်လတွင်ပင် တရုတ်အစိုးရက မြန်မာအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို အရှိန်မြှင့်လာခဲ့သည်။ ထို့နောက် (၂၀၂၂) ခုနှစ်၊ ဒီဇင်ဘာလတွင် ဥပဒေအဖြစ်အတည်ပြုရန် နီးကပ် လာသည့်အချိန်တွင် တရုတ်က ခန့်အပ်ထားသည့် အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီး ကျွင်းက မြန်မာ့ခေါင်းဆောင်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ ထို့နောက် နောက်တစ်ပတ်တွင် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို တွန်းအားပေးရန်အတွက် အစည်းအဝေးတစ်ခုကို တိန့်ရှီးကျွင်းကဦးဆောင်၍ ယူနန်ပြည်နယ်တွင် ကျင်းပခဲ့ပြန်သည်။ နောက်ပိုင်းတွင် ပေကျင်းသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် အစိုးရအကြား စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် အရှိန်အဟုန်မြှင့်လာကာ ၎င်း၏ဩဇာလွှမ်းမိုးနိုင် စွမ်းကို မျက်ဝါးထင်ထင် ပြသခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ပိုမိုမှီခိုလာရပြီး ပေကျင်း၏ ဩဇာလွှမ်းမိုး မှုက အရှေ့တောင်အာရှတစ်ဝန်းတွင် ကျယ်ပြန့်လာကာ အာဆီယံ၏ အားထုတ်မှုကတော့ အားနည်းလာပုံ ရလာသည်။ လက်ရှိတွင် အမေရိကန်၏ မဟာဗျူဟာအရ မြန်မာနှင့် ကင်းကွာနေခြင်းများသည် တရုတ်၏ပိုမိုနီးကပ်လာသော ဆက်ဆံရေးများကြောင့် ပြန်လည်အားစိုက်လာရန် အလားအလာရှိလာသည်။
အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့သော ၂၀၂၂ ခုနှစ် 2022 Integrated Country Strategy တွင် "ကျွနု်ပ်၏ အဓိက ရည်မှန်းချက်မှာ မြန်မာနိုင်ငံ ရေရှည်တည်ငြိမ် အေးချမ်းရေးနှင့် အမေရိကန် အကျိုးစီးပွားကို တိုးမြှင့်နိုင်မည့် အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သားများနှင့် အပြုသဘောဆောင်သော ထိတွေ့ ဆက်ဆံမှုမှတစ်ဆင့် ပြင်ပအင်အားစုများ၏ ဩဇာလွှမ်းမိုးမှုများကို လျော့ချပေးနိုင်မည်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုသည် ရွေးချယ်စရာမိတ်ဖက်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း" ထုတ်ပြန်ကြေညာထားသည်။
အမေရိကန်၏ ထိုကဲ့သို့ လက်တွေ့မဆန်သော ထုတ်ပြန်ချက်များကို ဖော်ပြနေချိန်တွင် ပေကျင်း၏ မြန်မာအစိုးရအပေါ် ချဉ်းကပ်မှုက ပိုမိုနီးစပ်လာကာ မြန်မာ့ပြည်တွင်းရေးတွင် တက်ကြွစွာ ဝင်ရောက်စွက်ဖက်လာခဲ့သည်။ ယခုနှစ်ဩဂုတ်လ တွင် လားရှိုးမြို့က MNDAA ကိုးကန့်တပ်များ အောက် ကျရောက်သွားပြီးနောက် တရုတ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း ပြသသည့်အနေဖြင့် တရုတ်နယ် စပ်စစ်ဆေးရေးဂိတ်များကို ပိတ်လိုက်သည်။ ထို့ပြင် အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များအား ဖိအားပေးခြင်း၊ ကြားဝင် ညှိနှိုင်းပေးခြင်းများ ပြုလုပ်လာခဲ့သည်။ တရုတ်၏ မြန်မာ့ပဋိပက္ခအတွင်း ကြားဝင်စေ့စပ်မှုများ၏ နောက်ဆုံးတိုးတက်မှုက MNDAA သည် မြန်မာ စစ်တပ်နှင့် အပစ်ရပ်ရန်သဘောတူသည်အထိ တွန်းအားဖြစ်လာခဲ့သည်။
ယင်းတိုးတက်မှုများက အမေရိကန် အတွက် သိသာထင်ရှားသော သက်ရောက်မှုနှစ်ခုရှိ လာသည်။ ပထမတစ်ခုက မြန်မာနိုင်ငံသို့ အမေရိကန်၏ လက်ရှိချဉ်းကပ်မှုသည် သတိကြီးကြီးထားပြီး လစ်လျူရှုထားသော ပုံစံဖြစ်နေရာ ဒီမိုကရေစီပြန် လည်ထူထောင်ရန် တွန်းအားလျော့နည်းစေရုံသာမက တရုတ်၏ မြန်မာအပေါ် ဩဇာလွှမ်းမိုးမှုကိုပါ တိုးလာစေခဲ့သည်။ ဒုတိယတစ်ခုက ပိုမိုလက်တွေ့ကျသော ရှုထောင့်မှကြည့်လျှင် ဝါရှင်တန်သည် တရုတ်၏ အနီရောင်မျဉ်းများကို ဖြတ်ကျော်ခြင်းအား ရှောင်ရှားဖို့ ကြိုးစားသော်လည်း လက်တွေ့တွင်မူ ကျော်လွန်သော လုပ်ရပ်များကို ပိုမိုတက်ကြွစွာ လုပ်ဆောင်လာကြောင်း တွေ့ရသည်။ အဆိုပါ အနီရောင် လိုင်းများတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို တိုက်ရိုက် အထောက်အပံ့ပေးနေခြင်းတို့ ပါဝင်နေသည်။
ထို့ပြင် အမေရိကန်က မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များကို ခေါ်ယူ၍ အခြားသော နိုင်ငံများတွင် ဆွေးနွေးပွဲများပြုလုပ်ပေးခဲ့သည်။ ဥပမာအနေဖြင့် အမေရိကန်သည် NUG ကိုယ်စား လှယ်များကို ဖိတ်ခေါ်၍ ထိုင်းနိုင်ငံတွင် တစ်ဖက်သတ် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။ မည်သို့ပင်ဆို စေကာမူ ဝါရှင်တန်သည် မြန်မာနိုင်ငံအပေါ် ၎င်း၏ လက်ရှိမူဝါဒများကို ပြန်လည်သုံးသပ်ကာ အန္တရာယ်နည်းပါးသော မဟာဗျူဟာကို အကောင်အထည်ဖော်ရန် အချိန်တန်ပြီဖြစ်သည်။
သို့ဆိုလျှင် ဒုတိယအကြိမ် ထရမ့်အစိုးရ လက်ထက်တွင် အမေရိကန်၏ မြန်မာ့ မူဝါဒက မည်ကဲ့သို့ရှိလာနိုင်မည်နည်း။ ထရမ့်၏အစိုးရအဖွဲ့တွင် အာရှရေးရာနှင့်ပတ်သက်၍ မည်သူများနှင့် ပါဝင် ဖွဲ့စည်းလာနိုင်သလဲ။ ထိုမေးခွန်းများကို အဖြေရှာ နိုင်ရန် မဲဆွယ်ကာလအတွင်း ထရမ့်၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ မှတ်ချက်များအပေါ်အခြေခံပြီး ကောက် ချက်ချနိုင်သည်။
ထရမ့်၏နံဘေးတွင် နိုင်ငံခြားရေးဌာန၏ စီးပွားရေးမူဝါဒကို ဦးဆောင်ရန် ရွေးချယ်ခံရသော အမျိုးသားလုံခြုံရေးအကြံပေး Jacob Helberg နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် Marco Rubio အစရှိသူတို့သည် တရုတ်ဆန့်ကျင်ရေးမူဝါဒကို စွဲကိုင်သူများ ဖြစ်နေသည်။ သို့ဖြစ်ပါ၍ ထရမ့်လက်ထက်တွင် တရုတ်နှင့်အပြိုင် မြန်မာ့မြေပေါ်တွင် အမေရိကန်၏ လွှမ်းမိုးမှုများကို ချဲ့ထွင် လာနိုင်သကဲ့သို့ ၎င်း၏ မြန်မာ့မူဝါဒများကို ပြန်လည် သုံးသပ်လာနိုင်သည်။
အရှေ့တောင်အာရှနှင့်ပတ်သက်၍ မည်သူက လွှမ်းမိုးနိုင်စွမ်းရှိသနည်းဆိုသည်ကို ယနေ့ ထက်တိုင် မသိရသေးပါ။ သို့သော် သမ္မတထရမ့်၏ အကြံပေးများသည် တရုတ်နိုင်ငံအပေါ် ထိပ်တိုက် ရင်ဆိုင်ရေး ချဉ်းကပ်မှုကို ထောက်ခံအားပေးမည်မှာ သေချာသလောက်ဖြစ်ပြီး ゞင်း၏ အရှေ့တောင် အာရှမူဝါဒတွင် တရုတ်၏ အိမ်နောက်ဖေးဖြစ်သည့် မြန်မာနိုင်ငံပါ ပါဝင်လာနိုင်သည်။ ထရမ့်အစိုးရ လက်ထက်တွင် တော်လှန်ရေးအဖွဲ့များအား အထောက်အပံ့ပေးခြင်း ရပ်တန့်သွားနိုင်သည်ဟု မျှော်လင့်ရသည်။ အကြောင်းမှာ ထရမ့်သည် နောက်ထပ် ပြည်ပပဋိပက္ခများတွင် အမေရိကန် ပါဝင်ပတ်သက်ခြင်းမပြုရန် ကတိကဝတ်အတိုင်း ဆောင်ရွက်လာနိုင်သည်။ ထရမ့်အစိုးရသည် တရုတ်ကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်လာ နိုင်သည်။
ထရမ့်အနေဖြင့် ထိုကဲ့သို့ တရုတ်နှင့် တင်းမာသော ဆက်ဆံရေးကို ဆက်သွားလိုသော် လည်း အရှေ့တောင်အာရှတွင် တရုတ်၏လွှမ်းမိုးမှု မြင့်မားလာခြင်းကြောင့် အမေရိကန်အနေဖြင့် တရုတ်နှင့် လိုက်လိုက်လျောလျော ဖြစ်အောင်နေရန် လိုလာပြန်သည်။ သို့ဖြစ်ပါ၍ တော်လှန်ရေးအ မည်တပ်ထားသော အင်အားစုများဘက်သို့ ထောက်ပံ့နေသော အမေရိကန်၏ ရပ်တည်ချက်များ လျော့ပါးသွားနိုင်သည်။
အနှစ်ချုပ်ပြောရလျှင် ထရမ့်အုပ်ချုပ်ရေး ကာလအတွင်း အလားအလာရှိသော အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုများသည် အမေရိကန်၏ မြန်မာ့ မူဝါဒကို ရှုပ်ထွေးစေမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကာမူ တက်လာသော အစိုးရ၏ အာရှရေးရာ အကြံပေးများသည် ဝါရှင်တန်၏ လက်ရှိမူဝါဒကို ပြန်လည် သုံးသပ်ရန် ဤအခွင့်အရေးကို အရယူသင့် သည်။ သို့ဖြစ်ပါ၍ မဝေးတော့သော အနာဂတ် ကာလတွင် အမေရိကန်သည် ၎င်း၏မူဝါဒကျရှုံးရခြင်း ၏ အရင်းခံအကြောင်းတရားများကို ဆင်ခြင်သုံး သပ်ရန်၊ မြန်မာနိုင်ငံအတွက် အမေရိကန်၏ ရေရှည် ရည်မှန်းချက်များကို ဖော်ထုတ်ရန်နှင့် ပိုမိုကောင်း မွန်သော လမ်းကြောင်းများဆီ ဦးတည်နိုင်မည့် မဟာဗျူဟာအသစ်ကို ရေးဆွဲရန် လိုအပ်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
zawgyi version
ေဒၚနယ္ထရမ့္လက္ထက္မွာ ျမန္မာအေပၚထားရွိေသာ အေမရိကန္၏မူဝါဒ ေျပာင္းလဲလာႏိုင္သလား
တင္ဇာ (NP News) - ဇန္နဝါရီ ၂၈
ျမန္မာႏိုင္ငံ၌ (၂၀၂၁) ခုႏွစ္တြင္ အေရး ေပၚကာလေၾကညာၿပီးကတည္းက အေမရိကန္၏ ျမန္မာ့မူဝါဒက သတိႏွင့္တုံ႔ျပန္သည့္အေနအထားမွာ ရွိခဲ့ၿပီး အေမရိကန္-ျမန္မာ ဆက္ဆံေရးက တန႔္ေနခဲ့ သည္။ သို႔ေသာ္ အေမရိကန္က ျမန္မာႏိုင္ငံရွိ အစိုးရ ဆန႔္က်င္ဖက္အဖြဲ႕မ်ားအတြက္ လက္နက္အေထာက္ အပံ့မ်ားေပးေဆာင္ရန္ (၂၀၂၂) ဘားမားအက္ဥပေဒ ကို ျပ႒ာန္းခဲ့ၿပီး ျမန္မာ့အေရးကို ေနာက္ကြယ္မွ ပါဝင္ပတ္သက္လာခဲ့သည္။ အေမရိကန္အစိုးရသစ္ ျဖစ္လာေသာ ထရမ့္လက္ထက္တြင္ ျမန္မာ့ပဋိပကၡကို ၿငိမ္းခ်မ္းစြာ အဆုံးသတ္ၿပီး ဒီမိုကေရစီႏိုင္ငံဆီသို႔ ျပန္လည္ကူးေျပာင္းႏိုင္ရန္ ပိုမိုတက္ႂကြၿပီး ထိေရာက္ေသာ မဟာဗ်ဴဟာတစ္ရပ္ကို ခ်မွတ္ရန္အတြက္ အမ်ားက ေမွ်ာ္လင့္ေနၾကသည္။
အေမရိကန္၏ လက္ရွိ ျမန္မာ့မူဝါဒကိုမူ နားလည္မႈလြဲမွားျခင္းႏွစ္ခုအေပၚ အေျခခံထားသည္ဟု ယူဆရသည္။ ပထမတစ္ခုက အေမရိကန္အေနျဖင့္ ျမန္မာႏွင့္ ပိုမိုႀကီးမားေသာ ထိေတြ႕ဆက္ဆံမႈကို ေ႐ြးခ်ယ္မည္ဆိုပါက တ႐ုတ္၏အနီေရာင္မ်ဥ္းမ်ားကို ေက်ာ္သလို ျဖစ္သြားမည္ဟု စိုးရိမ္ေနျခင္း ျဖစ္သည္။ ထိုကဲ့သို႔ ထိေတြ႕ဆက္ဆံမႈမ်ားက ျမန္မာႏိုင္ငံတြင္ proxy war ကို ျဖစ္ေစျခင္း သို႔မဟုတ္ တ႐ုတ္၏ ၾကားဝင္စြက္ဖက္မႈ တိုးလာေစျခင္းတို႔ျဖစ္လာႏိုင္မည္ ဟု အေမရိကန္က အထင္လြဲေနျခင္း ျဖစ္သည္။ ဒုတိယကြဲလြဲခ်က္မွာ အက်ပ္အတည္းတြင္ ပိုမိုပါဝင္ ပတ္သက္ျခင္းကို ေရွာင္ၾကဥ္ျခင္းႏွင့္ အက်ပ္အတည္းအတြက္ အာဆီယံ၏ သံတမန္နည္းလမ္းအရ ေျဖရွင္းခ်က္ကသာ ျပႆနာကို အေကာင္းဆုံးအေျဖ ရွာျခင္းဟု အေမရိကန္က ထင္ျမင္ေနျခင္းျဖစ္သည္။ ဤသို႔ျဖင့္ အေမရိကန္သည္ ထိုကဲ့သို႔ ယူဆခ်က္အလြဲ မ်ားအေပၚ အေျခခံ၍ ျမန္မာ့မူဝါဒကို ေရွ႕ဆက္ျခင္းျဖင့္ အေရွ႕ေတာင္အာရွတြင္ တ႐ုတ္၏ ဩဇာလႊမ္းမိုး မႈကို ေရွာင္ရွားႏိုင္မည္ဟု ထင္ျမင္ေနျခင္း ျဖစ္သည္။
ထိုကဲ့သို႔ လြဲမွားသည့္ အျမင္မ်ားသည္ လက္ေတြ႕ႏွင့္ အလြန္ကြာဟေနခဲ့သည္။ အေမရိကန္အေနျဖင့္ ထိုကဲ့သို႔ တိုက္႐ိုက္ပါဝင္ပတ္သက္ျခင္းကို ေရွာင္ရွားေသာ္လည္း NUG ကို ေထာက္ပံ့ေပးေနျခင္းေၾကာင့္ ၎အစိုးရေအာက္ရွိ လက္နက္ကိုင္အဖြဲ႕မ်ားသည္ အေနာက္အုပ္စု၏ Proxy မ်ား ျဖစ္လာခဲ့သည္။ ထို႔ ေၾကာင့္ အေမရိကန္သည္ မူဝါဒအရသာ ျမန္မာ့အေရးႏွင့္ ခပ္ကင္းကင္းေနေသာ္လည္း လက္ေတြ႕တြင္မူ ေနာက္ကြယ္က ပါဝင္ပတ္သက္ေနသူ ျဖစ္ေနျပန္သည္။
ထိုအခ်ိန္တြင္ ေပက်င္းသည္ အေမရိကန္ ထက္ပို၍ ျမန္မာ့အေရးကို ပိုမိုအာ႐ုံစိုက္ကာ ေပၚေပၚ ထင္ထင္ ေထာက္ပံ့ကူညီလာေၾကာင္း ေတြ႕ရသည္။ အေမရိကန္ကြန္ဂရက္က ဘားမား အက္ဥပေဒၾကမ္း ကို အတည္ျပဳခဲ့သည့္လတြင္ပင္ တ႐ုတ္အစိုးရက ျမန္မာအစိုးရႏွင့္ တိုက္႐ိုက္ထိေတြ႕ဆက္ဆံမႈကို အရွိန္ျမႇင့္လာခဲ့သည္။ ထို႔ေနာက္ (၂၀၂၂) ခုႏွစ္၊ ဒီဇင္ဘာလတြင္ ဥပေဒအျဖစ္အတည္ျပဳရန္ နီးကပ္ လာသည့္အခ်ိန္တြင္ တ႐ုတ္က ခန႔္အပ္ထားသည့္ အာရွေရးရာအထူးကိုယ္စားလွယ္ မစၥတာတိန႔္ရွီး ကြၽင္းက ျမန္မာ့ေခါင္းေဆာင္ႏွင့္ ေနျပည္ေတာ္၌ ေတြ႕ဆုံခဲ့သည္။ ထို႔ေနာက္ ေနာက္တစ္ပတ္တြင္ ျမန္မာအစိုးရႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ မ်ားအၾကား အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲကို တြန္းအားေပးရန္အတြက္ အစည္းအေဝးတစ္ခုကို တိန႔္ရွီးကြၽင္းကဦးေဆာင္၍ ယူနန္ျပည္နယ္တြင္ က်င္းပခဲ့ျပန္သည္။ ေနာက္ပိုင္းတြင္ ေပက်င္းသည္ ေျမာက္ပိုင္းရွိ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ႏွင့္ အစိုးရအၾကား ေစ့စပ္ညႇိႏႈိင္းမႈမ်ားျပဳလုပ္ရန္ အရွိန္အဟုန္ျမႇင့္လာကာ ၎၏ဩဇာလႊမ္းမိုးႏိုင္ စြမ္းကို မ်က္ဝါးထင္ထင္ ျပသခဲ့သည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံအေပၚ ပိုမိုမွီခိုလာရၿပီး ေပက်င္း၏ ဩဇာလႊမ္းမိုး မႈက အေရွ႕ေတာင္အာရွတစ္ဝန္းတြင္ က်ယ္ျပန႔္လာကာ အာဆီယံ၏ အားထုတ္မႈကေတာ့ အားနည္းလာပုံ ရလာသည္။ လက္ရွိတြင္ အေမရိကန္၏ မဟာဗ်ဴဟာအရ ျမန္မာႏွင့္ ကင္းကြာေနျခင္းမ်ားသည္ တ႐ုတ္၏ပိုမိုနီးကပ္လာေသာ ဆက္ဆံေရးမ်ားေၾကာင့္ ျပန္လည္အားစိုက္လာရန္ အလားအလာရွိလာသည္။
အေမရိကန္ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ခဲ့ေသာ ၂၀၂၂ ခုႏွစ္ 2022 Integrated Country Strategy တြင္ "ကြၽႏု္ပ္၏ အဓိက ရည္မွန္းခ်က္မွာ ျမန္မာႏိုင္ငံ ေရရွည္တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ အေမရိကန္ အက်ိဳးစီးပြားကို တိုးျမႇင့္ႏိုင္မည့္ အားလုံးပါဝင္ေသာ ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္လည္ထူေထာင္ရန္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ သားမ်ားႏွင့္ အျပဳသေဘာေဆာင္ေသာ ထိေတြ႕ ဆက္ဆံမႈမွတစ္ဆင့္ ျပင္ပအင္အားစုမ်ား၏ ဩဇာလႊမ္းမိုးမႈမ်ားကို ေလ်ာ့ခ်ေပးႏိုင္မည္ျဖစ္ၿပီး အေမရိကန္ ျပည္ေထာင္စုသည္ ေ႐ြးခ်ယ္စရာမိတ္ဖက္အျဖစ္ ဆက္လက္ရွိေနမည္ျဖစ္ေၾကာင္း" ထုတ္ျပန္ေၾကညာထားသည္။
အေမရိကန္၏ ထိုကဲ့သို႔ လက္ေတြ႕မဆန္ေသာ ထုတ္ျပန္ခ်က္မ်ားကို ေဖာ္ျပေနခ်ိန္တြင္ ေပက်င္း၏ ျမန္မာအစိုးရအေပၚ ခ်ဥ္းကပ္မႈက ပိုမိုနီးစပ္လာကာ ျမန္မာ့ျပည္တြင္းေရးတြင္ တက္ႂကြစြာ ဝင္ေရာက္စြက္ဖက္လာခဲ့သည္။ ယခုႏွစ္ဩဂုတ္လ တြင္ လားရႈိးၿမိဳ႕က MNDAA ကိုးကန႔္တပ္မ်ား ေအာက္ က်ေရာက္သြားၿပီးေနာက္ တ႐ုတ္က တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား၏ လုပ္ရပ္ကို ကန႔္ကြက္ေၾကာင္း ျပသသည့္အေနျဖင့္ တ႐ုတ္နယ္ စပ္စစ္ေဆးေရးဂိတ္မ်ားကို ပိတ္လိုက္သည္။ ထို႔ျပင္ အပစ္အခတ္ရပ္စဲေရးအတြက္ တိုင္းရင္းသား လက္နက္ကိုင္မ်ားအား ဖိအားေပးျခင္း၊ ၾကားဝင္ ညႇိႏႈိင္းေပးျခင္းမ်ား ျပဳလုပ္လာခဲ့သည္။ တ႐ုတ္၏ ျမန္မာ့ပဋိပကၡအတြင္း ၾကားဝင္ေစ့စပ္မႈမ်ား၏ ေနာက္ဆုံးတိုးတက္မႈက MNDAA သည္ ျမန္မာ စစ္တပ္ႏွင့္ အပစ္ရပ္ရန္သေဘာတူသည္အထိ တြန္းအားျဖစ္လာခဲ့သည္။
ယင္းတိုးတက္မႈမ်ားက အေမရိကန္ အတြက္ သိသာထင္ရွားေသာ သက္ေရာက္မႈႏွစ္ခုရွိ လာသည္။ ပထမတစ္ခုက ျမန္မာႏိုင္ငံသို႔ အေမရိကန္၏ လက္ရွိခ်ဥ္းကပ္မႈသည္ သတိႀကီးႀကီးထားၿပီး လစ္လ်ဴရႈထားေသာ ပုံစံျဖစ္ေနရာ ဒီမိုကေရစီျပန္ လည္ထူေထာင္ရန္ တြန္းအားေလ်ာ့နည္းေစ႐ုံသာမက တ႐ုတ္၏ ျမန္မာအေပၚ ဩဇာလႊမ္းမိုးမႈကိုပါ တိုးလာေစခဲ့သည္။ ဒုတိယတစ္ခုက ပိုမိုလက္ေတြ႕က်ေသာ ရႈေထာင့္မွၾကည့္လွ်င္ ဝါရွင္တန္သည္ တ႐ုတ္၏ အနီေရာင္မ်ဥ္းမ်ားကို ျဖတ္ေက်ာ္ျခင္းအား ေရွာင္ရွားဖို႔ ႀကိဳးစားေသာ္လည္း လက္ေတြ႕တြင္မူ ေက်ာ္လြန္ေသာ လုပ္ရပ္မ်ားကို ပိုမိုတက္ႂကြစြာ လုပ္ေဆာင္လာေၾကာင္း ေတြ႕ရသည္။ အဆိုပါ အနီေရာင္ လိုင္းမ်ားတြင္ လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ားကို တိုက္႐ိုက္ အေထာက္အပံ့ေပးေနျခင္းတို႔ ပါဝင္ေနသည္။
ထို႔ျပင္ အေမရိကန္က ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕မ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ား မွ ကိုယ္စားလွယ္မ်ားကို ေခၚယူ၍ အျခားေသာ ႏိုင္ငံမ်ားတြင္ ေဆြးေႏြးပြဲမ်ားျပဳလုပ္ေပးခဲ့သည္။ ဥပမာအေနျဖင့္ အေမရိကန္သည္ NUG ကိုယ္စား လွယ္မ်ားကို ဖိတ္ေခၚ၍ ထိုင္းႏိုင္ငံတြင္ တစ္ဖက္သတ္ ေဆြးေႏြးမႈမ်ားကို ျပဳလုပ္ခဲ့သည္။ မည္သို႔ပင္ဆို ေစကာမူ ဝါရွင္တန္သည္ ျမန္မာႏိုင္ငံအေပၚ ၎၏ လက္ရွိမူဝါဒမ်ားကို ျပန္လည္သုံးသပ္ကာ အႏၲရာယ္နည္းပါးေသာ မဟာဗ်ဴဟာကို အေကာင္အထည္ေဖာ္ရန္ အခ်ိန္တန္ၿပီျဖစ္သည္။
သို႔ဆိုလွ်င္ ဒုတိယအႀကိမ္ ထရမ့္အစိုးရ လက္ထက္တြင္ အေမရိကန္၏ ျမန္မာ့ မူဝါဒက မည္ကဲ့သို႔ရွိလာႏိုင္မည္နည္း။ ထရမ့္၏အစိုးရအဖြဲ႕တြင္ အာရွေရးရာႏွင့္ပတ္သက္၍ မည္သူမ်ားႏွင့္ ပါဝင္ ဖြဲ႕စည္းလာႏိုင္သလဲ။ ထိုေမးခြန္းမ်ားကို အေျဖရွာ ႏိုင္ရန္ မဲဆြယ္ကာလအတြင္း ထရမ့္၏ ႏိုင္ငံျခားေရး မူဝါဒဆိုင္ရာ မွတ္ခ်က္မ်ားအေပၚအေျခခံၿပီး ေကာက္ ခ်က္ခ်ႏိုင္သည္။
ထရမ့္၏နံေဘးတြင္ ႏိုင္ငံျခားေရးဌာန၏ စီးပြားေရးမူဝါဒကို ဦးေဆာင္ရန္ ေ႐ြးခ်ယ္ခံရေသာ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Jacob Helberg ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္မည့္ Marco Rubio အစရွိသူတို႔သည္ တ႐ုတ္ဆန႔္က်င္ေရးမူဝါဒကို စြဲကိုင္သူမ်ား ျဖစ္ေနသည္။ သို႔ျဖစ္ပါ၍ ထရမ့္လက္ထက္တြင္ တ႐ုတ္ႏွင့္အၿပိဳင္ ျမန္မာ့ေျမေပၚတြင္ အေမရိကန္၏ လႊမ္းမိုးမႈမ်ားကို ခ်ဲ႕ထြင္ လာႏိုင္သကဲ့သို႔ ၎၏ ျမန္မာ့မူဝါဒမ်ားကို ျပန္လည္ သုံးသပ္လာႏိုင္သည္။
အေရွ႕ေတာင္အာရွႏွင့္ပတ္သက္၍ မည္သူက လႊမ္းမိုးႏိုင္စြမ္းရွိသနည္းဆိုသည္ကို ယေန႔ ထက္တိုင္ မသိရေသးပါ။ သို႔ေသာ္ သမၼတထရမ့္၏ အႀကံေပးမ်ားသည္ တ႐ုတ္ႏိုင္ငံအေပၚ ထိပ္တိုက္ ရင္ဆိုင္ေရး ခ်ဥ္းကပ္မႈကို ေထာက္ခံအားေပးမည္မွာ ေသခ်ာသေလာက္ျဖစ္ၿပီး ゞင္း၏ အေရွ႕ေတာင္ အာရွမူဝါဒတြင္ တ႐ုတ္၏ အိမ္ေနာက္ေဖးျဖစ္သည့္ ျမန္မာႏိုင္ငံပါ ပါဝင္လာႏိုင္သည္။ ထရမ့္အစိုးရ လက္ထက္တြင္ ေတာ္လွန္ေရးအဖြဲ႕မ်ားအား အေထာက္အပံ့ေပးျခင္း ရပ္တန႔္သြားႏိုင္သည္ဟု ေမွ်ာ္လင့္ရသည္။ အေၾကာင္းမွာ ထရမ့္သည္ ေနာက္ထပ္ ျပည္ပပဋိပကၡမ်ားတြင္ အေမရိကန္ ပါဝင္ပတ္သက္ျခင္းမျပဳရန္ ကတိကဝတ္အတိုင္း ေဆာင္႐ြက္လာႏိုင္သည္။ ထရမ့္အစိုးရသည္ တ႐ုတ္ကုမၸဏီမ်ားအေပၚ အေရးယူပိတ္ဆို႔မႈမ်ားျပဳလုပ္လာ ႏိုင္သည္။
ထရမ့္အေနျဖင့္ ထိုကဲ့သို႔ တ႐ုတ္ႏွင့္ တင္းမာေသာ ဆက္ဆံေရးကို ဆက္သြားလိုေသာ္ လည္း အေရွ႕ေတာင္အာရွတြင္ တ႐ုတ္၏လႊမ္းမိုးမႈ ျမင့္မားလာျခင္းေၾကာင့္ အေမရိကန္အေနျဖင့္ တ႐ုတ္ႏွင့္ လိုက္လိုက္ေလ်ာေလ်ာ ျဖစ္ေအာင္ေနရန္ လိုလာျပန္သည္။ သို႔ျဖစ္ပါ၍ ေတာ္လွန္ေရးအ မည္တပ္ထားေသာ အင္အားစုမ်ားဘက္သို႔ ေထာက္ပံ့ေနေသာ အေမရိကန္၏ ရပ္တည္ခ်က္မ်ား ေလ်ာ့ပါးသြားႏိုင္သည္။
အႏွစ္ခ်ဳပ္ေျပာရလွ်င္ ထရမ့္အုပ္ခ်ဳပ္ေရး ကာလအတြင္း အလားအလာရွိေသာ အေမရိကန္-တ႐ုတ္ ၿပိဳင္ဆိုင္မႈမ်ားသည္ အေမရိကန္၏ ျမန္မာ့ မူဝါဒကို ရႈပ္ေထြးေစမည္ျဖစ္သည္။ မည္သို႔ပင္ဆိုေစ ကာမူ တက္လာေသာ အစိုးရ၏ အာရွေရးရာ အႀကံေပးမ်ားသည္ ဝါရွင္တန္၏ လက္ရွိမူဝါဒကို ျပန္လည္ သုံးသပ္ရန္ ဤအခြင့္အေရးကို အရယူသင့္ သည္။ သို႔ျဖစ္ပါ၍ မေဝးေတာ့ေသာ အနာဂတ္ ကာလတြင္ အေမရိကန္သည္ ၎၏မူဝါဒက်ရႈံးရျခင္း ၏ အရင္းခံအေၾကာင္းတရားမ်ားကို ဆင္ျခင္သုံး သပ္ရန္၊ ျမန္မာႏိုင္ငံအတြက္ အေမရိကန္၏ ေရရွည္ ရည္မွန္းခ်က္မ်ားကို ေဖာ္ထုတ္ရန္ႏွင့္ ပိုမိုေကာင္း မြန္ေသာ လမ္းေၾကာင္းမ်ားဆီ ဦးတည္ႏိုင္မည့္ မဟာဗ်ဴဟာအသစ္ကို ေရးဆြဲရန္ လိုအပ္လာမည္ျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါသည္။