အမေရိကန်နိုင်ငံသို့ပစ်ခတ်နိုင်မည့် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားပဲ့ထိန်းဒုံးကျည်စနစ်တည်ဆောက်မှု က နောက်ဆုံးအဆင့်သို့ရောက်ရှိနေဟု တောင်ကိုရီးယားသမ္မတ သတိပေး

323

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၇
မြောက်ကိုရီးယားနိုင်ငံ၏ အမေရိကန်နိုင်ငံသို့ ရောက်ရှိပစ်ခတ်နိုင်မည့်တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စနစ် တည်ဆောက်ဖန်တီးမှုသည် နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတက သတိပေး ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံသို့ ရောက်ရှိပစ်ခတ်နိုင်မည့် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်တွင် နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတလီဂျေးမြောင်က ထပ်မံပြောဆိုခဲ့သည်။ တောင်ကိုရီးယားနှင့် အနောက်အုပ်စုမဟာမိတ်နိုင်ငံများသည် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်စနစ် ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်နိုင် ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားအစိုးရက ၎င်းတို့အနေဖြင့် နျူကလီးယားလက်နက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်တော့ အချိန်မှ စွန့်လွှတ်မည်မဟုတ်ကြောင်းပြောသည်။ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က '' အမေရိကန်နိုင်ငံ အထိ ရောက်ရှိနိုင်ပြီး နျူကလီးယားဗုံးများ၊ ထိပ်ဖူးများ တပ်ဆင်နိုင်မယ့်ပဲ့ထိန်းဒုံးကျည်စနစ်ကို ပိုမိုဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်နေတာ တိုးတက်နေတယ်။ အဲဒီလက်နက်စနစ် နဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ တွေက နောက်ဆုံးအဆင့်ကိုရောက်ရှိနေတယ်'' ဟု ပြောသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နှင့်တွေ့ဆုံဆွေးနွေးနိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတအသစ် လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံနှင့်ကောင်းမွန်သော ဆက်ဆံ ရေး ရရှိစေရန်လုပ်ဆောင်မည်ဟုပြောဆိုခဲ့သော်လည်း မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်များအတွက် လိုအပ်သောအရာများကိုတင်ပို့ခြင်းကို ပိတ်ပင်တားဆီးခြင်းများ လုပ်ဆောင် မည်ဟု ပြောသည်။
မြောက်ကိုရီးယားနိုင်ငံသည် တစ်နှစ်ကို နျူကလီးယားဗုံး အလုံး ၂၀ အထိ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို အလုံလောက်ရှိစေရန် ထုတ်လုပ်လျက်ရှိနေကြောင်း တောင်ကိုရီးယားသမ္မတက ပြောသည်။
တောင်ကိုရီးယားသမ္မတက "မြောက်ကိုရီးယားနိုင်ငံရဲ့နျူကလီးယားအစီအစဉ်တွေကို မသိကျိူးကျွံပြုလုပ်နေမယ် ဆိုရင် နျူကလီးယားဗုံးထုတ်လုပ်မှုတွေနဲ့တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှုတွေက ပိုမို ကြီးထွားလာနိုင်ဖွယ် ရှိပါတယ်'' ဟု ပြောသည်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်သည် နျူကလီးယားလက်နက်လျော့ချရေးအစီအစဉ်ကို ငြင်းဆန်ပယ်ချ ထားပြီး ပြီးခဲ့သောနှစ်ပိုင်းတွင် ရုရှားနိုင်ငံ နှင့်စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းများ ပိုမိုကောင်းမွန်စေရန်လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံသို႔ပစ္ခတ္ႏိုင္မည့္ ေျမာက္ကိုရီးယားႏိုင္ငံ၏ န်ဴကလီးယားပဲ့ထိန္းဒုံးက်ည္စနစ္တည္ေဆာက္မႈ က ေနာက္ဆုံးအဆင့္သို႔ေရာက္ရွိေနဟု ေတာင္ကိုရီးယားသမၼတ သတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၇
ေျမာက္ကိုရီးယားႏိုင္ငံ၏ အေမရိကန္ႏိုင္ငံသို႔ ေရာက္ရွိပစ္ခတ္ႏိုင္မည့္တိုက္ခ်င္းပစ္ ပဲ့ထိန္းဒုံးက်ည္စနစ္ တည္ေဆာက္ဖန္တီးမႈသည္ ေနာက္ဆုံးအဆင့္ကိုေရာက္ရွိေနၿပီျဖစ္ေၾကာင္း ေတာင္ကိုရီးယားသမၼတက သတိေပး ေျပာဆိုလိုက္သည္။
အေမရိကန္ႏိုင္ငံသို႔ ေရာက္ရွိပစ္ခတ္ႏိုင္မည့္ ေျမာက္ကိုရီးယား၏ ပဲ့ထိန္းဒုံးက်ည္တြင္ န်ဴကလီးယားထိပ္ဖူးမ်ား တပ္ဆင္ႏိုင္မည္ျဖစ္ေၾကာင္း ေတာင္ကိုရီးယားသမၼတလီေဂ်းေျမာင္က ထပ္မံေျပာဆိုခဲ့သည္။ ေတာင္ကိုရီးယားႏွင့္ အေနာက္အုပ္စုမဟာမိတ္ႏိုင္ငံမ်ားသည္ ေျမာက္ကိုရီးယားႏိုင္ငံ၏ လက္နက္စနစ္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ရပ္တန႔္ႏိုင္ ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားအစိုးရက ၎တို႔အေနျဖင့္ န်ဴကလီးယားလက္နက္စနစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဘယ္ေတာ့ အခ်ိန္မွ စြန႔္လႊတ္မည္မဟုတ္ေၾကာင္းေျပာသည္။ ေတာင္ကိုရီးယားသမၼတ လီေဂ်းေျမာင္က '' အေမရိကန္ႏိုင္ငံ အထိ ေရာက္ရွိႏိုင္ၿပီး န်ဴကလီးယားဗုံးမ်ား၊ ထိပ္ဖူးမ်ား တပ္ဆင္ႏိုင္မယ့္ပဲ့ထိန္းဒုံးက်ည္စနစ္ကို ပိုမိုဖြံ႕ၿဖိဳးတိုးတက္ ေအာင္ လုပ္ေဆာင္ေနတာ တိုးတက္ေနတယ္။ အဲဒီလက္နက္စနစ္ နဲ႔ပတ္သက္ၿပီး ဖြံ႕ၿဖိဳးတိုးတက္မႈအေျခအေန ေတြက ေနာက္ဆုံးအဆင့္ကိုေရာက္ရွိေနတယ္'' ဟု ေျပာသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တုန္းက ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ႏွင့္ေတြ႕ဆုံေဆြးေႏြးႏိုင္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။ ေတာင္ကိုရီးယားသမၼတအသစ္ လီေဂ်းေျမာင္က ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ေကာင္းမြန္ေသာ ဆက္ဆံ ေရး ရရွိေစရန္လုပ္ေဆာင္မည္ဟုေျပာဆိုခဲ့ေသာ္လည္း ေျမာက္ကိုရီးယား၏ တိုက္ခ်င္းပစ္ဒုံးက်ည္ႏွင့္ န်ဴကလီးယားအစီအစဥ္မ်ားအတြက္ လိုအပ္ေသာအရာမ်ားကိုတင္ပို႔ျခင္းကို ပိတ္ပင္တားဆီးျခင္းမ်ား လုပ္ေဆာင္ မည္ဟု ေျပာသည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ တစ္ႏွစ္ကို န်ဴကလီးယားဗုံး အလုံး ၂၀ အထိ ထုတ္လုပ္ႏိုင္ရန္အတြက္ လိုအပ္ေသာ ပစၥည္းမ်ားကို အလုံေလာက္ရွိေစရန္ ထုတ္လုပ္လ်က္ရွိေနေၾကာင္း ေတာင္ကိုရီးယားသမၼတက ေျပာသည္။
ေတာင္ကိုရီးယားသမၼတက "ေျမာက္ကိုရီးယားႏိုင္ငံရဲ႕န်ဴကလီးယားအစီအစဥ္ေတြကို မသိက်ိဴးကြၽံျပဳလုပ္ေနမယ္ ဆိုရင္ န်ဴကလီးယားဗုံးထုတ္လုပ္မႈေတြနဲ႔တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ထုတ္လုပ္မႈေတြက ပိုမို ႀကီးထြားလာႏိုင္ဖြယ္ ရွိပါတယ္'' ဟု ေျပာသည္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္သည္ န်ဴကလီးယားလက္နက္ေလ်ာ့ခ်ေရးအစီအစဥ္ကို ျငင္းဆန္ပယ္ခ် ထားၿပီး ၿပီးခဲ့ေသာႏွစ္ပိုင္းတြင္ ႐ုရွားႏိုင္ငံ ႏွင့္စစ္ေရး ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ား ပိုမိုေကာင္းမြန္ေစရန္လုပ္ေဆာင္ ခဲ့ေၾကာင္း သိရသည္။