ဘီလာရုစ့်ရွေးကာက်ပွဲမှာ လူကာရှန်ကို ထပ်မံအနိုင်ရပြီး သမ္မတအဖြစ်(၆)ကြိမ်ဆက်တိုက် တာဝန်ယူခွင့်ရ
578
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံနဲ့ ရင်းနှီးမှုရှိတဲ့ ဘီလာရုစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲအတွင်း လက်ရှိသမ္မတ လူကာရှန်ကိုဟာ အနိုင်ရပြီး သမ္မတအဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာ တာဝန်ယူခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ လူကာရှန်ကိုဟာ ဇန်နဝါရီ ၂၆ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၈၇ ရာခိုင်နှုန်းနီးပါးရရှိခဲ့ပြီး၊ သမ္မတ အဖြစ် နှစ်ပေါင်း ၃၀ ကြာ တာဝန်ယူခွင့်ရပြီး ၂၀၃ဝ ပြည့်နှစ်အထိ တာဝန်ယူခွင့်ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အခြားပြိုင်ဘက်တွေဟာ ထောက်ခံမဲ ၅ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိတာမျိုး မရှိခဲ့ကြောင်း သိရပါတယ်။
လုကာရှန်ကိုဟာ ဘီလာရုစ်နိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကတည်းက သမ္မတအဖြစ် ခြောက်ကြိမ်ဆက်တိုက် တာဝန်ယူခွင့်ရခဲ့သူဖြစ်ပါတယ်။ ရုရှားနိုင်ငံနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ လူကာရှန်ကိုဟာ ဝေဖန်ပြစ်တင်မှု တွေကို မကြာခဏရင်ဆိုင်ခဲ့ရဖူးပြီး အနောက်အုပ်စုနိုင်ငံတွေက လူကာရှန်ကို လုပ်တယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။ အနောက်အုပ်စုနိုင်ငံတွေက လူကာရှန်ကို အာဏာရှင်အဖြစ် စွပ်စွဲဝေဖန်ခဲ့ပါတယ်။ ဘီလာရုစ်ဟာ ၁၉၉၉ ခုနှစ် နောက်ပိုင်းတည်းကရုရှားနဲ့ မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်ခဲ့ပြီး ရုရှားနဲ့ ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်မှာ ပိုမိုရင်းနှီး လာခဲ့ပါတယ်။ ရုရှားသမ္မပူတင်ဟာ ရွေးကောက်ပွဲမှာ လူကာရှန်ကို ထပ်မံအနိုင်ရခဲ့ခြင်းအတွက် ချီးကျူး ပြောကြားခဲ့ပါတယ်။လူကာရှန်ကိုဟာ ရုရှားနိုင်ငံထံက ထုတ်လုပ်ထားတဲ့ အသံထက်မြန်တဲ့ဒုံးကျည်တွေကို ဘီလာရုစ့်နိုင်ငံမှာ ဖြန့်ကြတ်ချထားဖို့ သဘာတူညီထားကြောင်း သိရပါတယ်။
ဘီလာရုစ့်နိုင်ငံကို ကာကွယ်ဖို့အတွက် ရုရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ အိုရက်နစ်ဒုံးကျည်က လုံလောက်မှုရှိ ကြောင်း၊ အချိန်မရွေး ဖြန့်ကြတ်ချထားခွင့်ရှိကြောင်း သမ္မတလူကာရှန်ကို က ပြောပါတယ်။
Zawgyi Version:
ဘီလာ႐ုစ့္ေ႐ြးကာက္ပြဲမွာ လူကာရွန္ကို ထပ္မံအႏိုင္ရၿပီး သမၼတအျဖစ္(၆)ႀကိမ္ဆက္တိုက္ တာဝန္ယူခြင့္ရ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၇
ျမန္မာႏိုင္ငံနဲ႔ ရင္းႏွီးမႈရွိတဲ့ ဘီလာ႐ုစ္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ သမၼတေ႐ြးေကာက္ပြဲအတြင္း လက္ရွိသမၼတ လူကာရွန္ကိုဟာ အႏိုင္ရၿပီး သမၼတအျဖစ္ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ တာဝန္ယူခြင့္ရမွာျဖစ္ေၾကာင္း သိရပါတယ္။ လူကာရွန္ကိုဟာ ဇန္နဝါရီ ၂၆ ရက္က က်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ ေထာက္ခံမဲ ၈၇ ရာခိုင္ႏႈန္းနီးပါးရရွိခဲ့ၿပီး၊ သမၼတ အျဖစ္ ႏွစ္ေပါင္း ၃၀ ၾကာ တာဝန္ယူခြင့္ရၿပီး ၂၀၃ဝ ျပည့္ႏွစ္အထိ တာဝန္ယူခြင့္ရမွာျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲမွာ အျခားၿပိဳင္ဘက္ေတြဟာ ေထာက္ခံမဲ ၅ ရာခိုင္ႏႈန္းထက္ ေက်ာ္လြန္ရရွိတာမ်ိဳး မရွိခဲ့ေၾကာင္း သိရပါတယ္။
လုကာရွန္ကိုဟာ ဘီလာ႐ုစ္ႏိုင္ငံ လြတ္လပ္ေရးရၿပီးခ်ိန္ကတည္းက သမၼတအျဖစ္ ေျခာက္ႀကိမ္ဆက္တိုက္ တာဝန္ယူခြင့္ရခဲ့သူျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံနဲ႔လည္း ရင္းႏွီးတဲ့ဆက္ဆံေရးရွိတဲ့ လူကာရွန္ကိုဟာ ေဝဖန္ျပစ္တင္မႈ ေတြကို မၾကာခဏရင္ဆိုင္ခဲ့ရဖူးၿပီး အေနာက္အုပ္စုႏိုင္ငံေတြက လူကာရွန္ကို လုပ္တယ္လို႔ စြပ္စြဲခဲ့ဖူးပါတယ္။ အေနာက္အုပ္စုႏိုင္ငံေတြက လူကာရွန္ကို အာဏာရွင္အျဖစ္ စြပ္စြဲေဝဖန္ခဲ့ပါတယ္။ ဘီလာ႐ုစ္ဟာ ၁၉၉၉ ခုႏွစ္ ေနာက္ပိုင္းတည္းက႐ုရွားနဲ႔ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ျဖစ္ခဲ့ၿပီး ႐ုရွားနဲ႔ ယူကရိန္းစစ္ပြဲျဖစ္ပြားခ်ိန္မွာ ပိုမိုရင္းႏွီး လာခဲ့ပါတယ္။ ႐ုရွားသမၼပူတင္ဟာ ေ႐ြးေကာက္ပြဲမွာ လူကာရွန္ကို ထပ္မံအႏိုင္ရခဲ့ျခင္းအတြက္ ခ်ီးက်ဴး ေျပာၾကားခဲ့ပါတယ္။လူကာရွန္ကိုဟာ ႐ုရွားႏိုင္ငံထံက ထုတ္လုပ္ထားတဲ့ အသံထက္ျမန္တဲ့ဒုံးက်ည္ေတြကို ဘီလာ႐ုစ့္ႏိုင္ငံမွာ ျဖန႔္ၾကတ္ခ်ထားဖို႔ သဘာတူညီထားေၾကာင္း သိရပါတယ္။
ဘီလာ႐ုစ့္ႏိုင္ငံကို ကာကြယ္ဖို႔အတြက္ ႐ုရွားႏိုင္ငံက ထုတ္လုပ္ထားတဲ့ အိုရက္နစ္ဒုံးက်ည္က လုံေလာက္မႈရွိ ေၾကာင္း၊ အခ်ိန္မေ႐ြး ျဖန႔္ၾကတ္ခ်ထားခြင့္ရွိေၾကာင္း သမၼတလူကာရွန္ကို က ေျပာပါတယ္။