ကာကွယ်ရေးအသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ(၂)ဘီလျံကျော် အသုံးပြုသွားမယ်လို့ ဒိန်းမတ်အစိုးရ ကြေညာ

 399

Pika (NP News) - ဇန်နဝါရီ ၂၈

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဂရင်းလန်းကျွန်းကို ထိန်းချုပ်လိုတဲ့ စိတ်ဝင်စားမှုတွေ ထွက်ပေါ်လာပြီးနောက် အာတိတ်ဒေသမှာ ၎င်းရဲ့စစ်အင်အားတည်ရှိမှုကို တိုးမြှင့်ဖို့အတွက် အမေရိကန်ဒေါ်လာ(၂ ဒသမ ဝ၅)ဘီလျံ အသုံးပြုသွားမယ်လို့ ဒိန်းမတ်အစိုးရက ဇန်နဝါရီလ(၂၇)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂရင်းလန်းကျွန်းဟာ အမေရိကန်လုံခြုံရေးအတွက် အရေးပါပြီး ဒိန်းမတ်နိုင်ငံဟာ ဂရင်းလန်းကျွန်းကို ထိန်းချုပ်မှုကို စွန့်လွှတ်ရမယ်လို့ ဒေါ်နယ်ထရမ့်က ယခုလအတွင်း ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ကာကွယ်ရေးအသုံးစရိတ်ကို ဆယ်စုနှစ်တစ်ခုကျော်ဖြတ်တောက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ ဒိန်းမတ်ဟာ ၎င်းရဲ့စစ်တပ်အတွက် (၁၀)နှစ်တာကာလစာ အမေရိကန်ဒေါ်လာ(၂၆)ဘီလျံ ခွဲဝေပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဂရင်းလန်းကျွန်းရဲ့လုံခြုံရေးနဲ့ကာကွယ်ရေးအတွက် တာဝန်ယူထားတဲ့ ဒိန်းမတ်နိုင်ငံဟာ ကျွန်းပေါ်မှာ စစ်ဘက်ဆိုင်ရာစွမ်းရည်တွေကို ကန့်သတ်ထားတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒိန်းမတ်နိုင်ငံရဲ့ စစ်ဆေးရေးသင်္ဘောလေးစင်း၊ ထောက်လှမ်းရေးလေယာဉ်တစ်စင်းနဲ့ ကင်းလှည့် ခွေးစွတ်ဖား(၁၂)စင်းတို့ကို ဂရင်းလန်းကျွန်းဧရိယာကို စောင့်ကြည့်ဖို့အတွက် တာဝန်ပေးထားတယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်‌ပေါ်လာပြီးနောက်ပိုင်း ဂရင်းလန်းကျွန်းပြည်သူတွေဟာ ဒိန်းမတ်နိုင်ငံသား ဒါမှမဟုတ် အမေရိကန်နိုင်ငံသား မဖြစ်ချင်ကြဘူးလို့ ဂရင်းလန်းဝန်ကြီးချုပ်မြု့တ်အက်ဒီက ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မြု့တ်အက်ဒီဟာ လွတ်လပ်ရေးအတွက် ဂရင်းလန်းကျွန်းရဲ့ကြိုးပမ်းမှုနဲ့ အမေရိကန်ဒါမှမဟုတ် ဒိန်းမတ်နိုင်ငံတို့ရဲ့အုပ်ချုပ်မှုကို ဂရင်းလန်းပြည်သူတွေက မလိုလားကြဘူးဆိုတာကို ထပ်မံပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ မြု့တ်အက်ဒီက “ဂရင်းလန်းကျွန်းဟာ ဂရင်းလန်းလူမျိုးတွေအတွက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့က ဒိန်းမတ် နိုင်ငံသားရော၊ အမေရိကန်နိုင်ငံသားရောမဖြစ်ချင်ကြပါဘူး။ လွတ်လပ်ရေးရလိုမှု၊ ကိုယ့်အိမ်မှာ နေချင်တဲ့ဆန္ဒကို ကမ္ဘာပေါ်မှာရှိတဲ့လူအားလုံးက နားလည်နိုင်ပါလိမ့်မယ်။ လွတ်လပ်ရေးအတွက် မဲခွဲဆုံးဖြတ်မှုက မကြာခင် အချိန်အတွင်း ရောက်လာတော့မှာပါ”လို့ ပြောခဲ့ပါတယ်။

zawgyi version
ကာကြယ္ေရးအသုံးစရိတ္အတြက္ အေမရိကန္ေဒၚလာ(၂)ဘီလ်ံေက်ာ္ အသုံးျပဳသြားမယ္လို႔ ဒိန္းမတ္အစိုးရ ေၾကညာ
Pika (NP News) - ဇန္နဝါရီ ၂၈

အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ဂရင္းလန္းကြၽန္းကို ထိန္းခ်ဳပ္လိုတဲ့ စိတ္ဝင္စားမႈေတြ ထြက္ေပၚလာၿပီးေနာက္ အာတိတ္ေဒသမွာ ၎ရဲ႕စစ္အင္အားတည္ရွိမႈကို တိုးျမႇင့္ဖို႔အတြက္ အေမရိကန္ေဒၚလာ(၂ ဒသမ ဝ၅)ဘီလ်ံ အသုံးျပဳသြားမယ္လို႔ ဒိန္းမတ္အစိုးရက ဇန္နဝါရီလ(၂၇)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဂရင္းလန္းကြၽန္းဟာ အေမရိကန္လုံၿခဳံေရးအတြက္ အေရးပါၿပီး ဒိန္းမတ္ႏိုင္ငံဟာ ဂရင္းလန္းကြၽန္းကို ထိန္းခ်ဳပ္မႈကို စြန႔္လႊတ္ရမယ္လို႔ ေဒၚနယ္ထရမ့္က ယခုလအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။ ကာကြယ္ေရးအသုံးစရိတ္ကို ဆယ္စုႏွစ္တစ္ခုေက်ာ္ျဖတ္ေတာက္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္မွာ ဒိန္းမတ္ဟာ ၎ရဲ႕စစ္တပ္အတြက္ (၁၀)ႏွစ္တာကာလစာ အေမရိကန္ေဒၚလာ(၂၆)ဘီလ်ံ ခြဲေဝေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ဂရင္းလန္းကြၽန္းရဲ႕လုံၿခဳံေရးနဲ႔ကာကြယ္ေရးအတြက္ တာဝန္ယူထားတဲ့ ဒိန္းမတ္ႏိုင္ငံဟာ ကြၽန္းေပၚမွာ စစ္ဘက္ဆိုင္ရာစြမ္းရည္ေတြကို ကန႔္သတ္ထားတာလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ဒိန္းမတ္ႏိုင္ငံရဲ႕ စစ္ေဆးေရးသေဘၤာေလးစင္း၊ ေထာက္လွမ္းေရးေလယာဥ္တစ္စင္းနဲ႔ ကင္းလွည့္ ေခြးစြတ္ဖား(၁၂)စင္းတို႔ကို ဂရင္းလန္းကြၽန္းဧရိယာကို ေစာင့္ၾကည့္ဖို႔အတြက္ တာဝန္ေပးထားတယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္‌ေပၚလာၿပီးေနာက္ပိုင္း ဂရင္းလန္းကြၽန္းျပည္သူေတြဟာ ဒိန္းမတ္ႏိုင္ငံသား ဒါမွမဟုတ္ အေမရိကန္ႏိုင္ငံသား မျဖစ္ခ်င္ၾကဘူးလို႔ ဂရင္းလန္းဝန္ႀကီးခ်ဳပ္ျမဳ႕တ္အက္ဒီက ေျပာၾကားခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ျမဳ႕တ္အက္ဒီဟာ လြတ္လပ္ေရးအတြက္ ဂရင္းလန္းကြၽန္းရဲ႕ႀကိဳးပမ္းမႈနဲ႔ အေမရိကန္ဒါမွမဟုတ္ ဒိန္းမတ္ႏိုင္ငံတို႔ရဲ႕အုပ္ခ်ဳပ္မႈကို ဂရင္းလန္းျပည္သူေတြက မလိုလားၾကဘူးဆိုတာကို ထပ္မံေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ျမဳ႕တ္အက္ဒီက “ဂရင္းလန္းကြၽန္းဟာ ဂရင္းလန္းလူမ်ိဳးေတြအတြက္ပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔က ဒိန္းမတ္ ႏိုင္ငံသားေရာ၊ အေမရိကန္ႏိုင္ငံသားေရာမျဖစ္ခ်င္ၾကပါဘူး။ လြတ္လပ္ေရးရလိုမႈ၊ ကိုယ့္အိမ္မွာ ေနခ်င္တဲ့ဆႏၵကို ကမာၻေပၚမွာရွိတဲ့လူအားလုံးက နားလည္ႏိုင္ပါလိမ့္မယ္။ လြတ္လပ္ေရးအတြက္ မဲခြဲဆုံးျဖတ္မႈက မၾကာခင္ အခ်ိန္အတြင္း ေရာက္လာေတာ့မွာပါ”လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.