မြန်မာ-တရုတ်နှစ်နိုင်ငံပူး‌ပေါင်းကာ Online Scam များနှင့် Online Gambling များတိုက်ဖျက်ရေးဆောင်ရွက်နေ

 721

နာမူ (NP News) - ဇန်နဝါရီ ၂၈

မြန်မာ-တရုတ်နှစ်နိုင်ငံပူး‌ပေါင်းကာ Online Scam များနှင့် Online Gambling များတိုက်ဖျက်ရေးဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၇ ရက်)၊ နေ့လည် ၁ နာရီအချိန်က နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် လောင်းကစားမှု (Online gambling) များအား တားဆီးနှိမ်နင်းရေးဆိုင်ရာအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Online Scams လုပ်ငန်းများသည် ငွေကြေးလိမ်လည်မှုအပြင် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ အဓမ္မ လုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှုများနှင့် ဆက်စပ်လုပ်ဆောင်လာကြကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်ဒေသမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်လာမှုနှင့် နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့အပေါ် အခြေခံ၍ အရေးယူဆောင်ရွက်ခြင်း မပြုကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းပြီး Online Scams နှင့် Online Gambling တိုက်ဖျက်ရေး များဆောင်ရွက်နေပြီး မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံနှင့် ဆိုက်ရောက်နိုင်ငံတို့ အကြား Shared responsibility ဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။

လိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် အဓိကအခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓာတ်အား၊ အခြေခံစားသုံးကုန်များ နှင့် အင်တာနက်ဆက်သွယ်မှုတို့ကို အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် ရယူသုံးစွဲနေပြီး အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြည်ပနိုင်ငံသားများက လုပ်ဆောင်နေမှုနှင့် မြန်မာ - တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာန (Police Cooperation Center) ထူထောင်၍ ပူးပေါင်းဆောင်ရွက်နေမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် ဆောင်ရွက်ရန်လိုအပ်နေပြီး အဆိုပါနိုင်ငံများအကြား Task Force တစ်ရပ်ဖွဲ့စည်း၍ Action Plan ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

zawgyi version
ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံပူး‌ေပါင္းကာ Online Scam မ်ားႏွင့္ Online Gambling မ်ားတိုက္ဖ်က္ေရးေဆာင္႐ြက္ေန
နာမူ (NP News) - ဇန္နဝါရီ ၂၈

ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံပူး‌ေပါင္းကာ Online Scam မ်ားႏွင့္ Online Gambling မ်ားတိုက္ဖ်က္ေရးေဆာင္႐ြက္ေနေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ေျပာၾကားသည္။

ယမန္ေန႔ (ဇန္နဝါရီလ ၂၇ ရက္)၊ ေန႔လည္ ၁ နာရီအခ်ိန္က ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္၊ အရိႏၵမာခန္းမ၌ က်င္းပသည့္ နယ္စပ္ေဒသမ်ားတြင္ ျဖစ္ေပၚလ်က္ရွိေသာ အြန္လိုင္းအသုံးျပဳလိမ္လည္မႈ (Online Scam) ႏွင့္ ေလာင္းကစားမႈ (Online gambling) မ်ားအား တားဆီးႏွိမ္နင္းေရးဆိုင္ရာအစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

Online Scams လုပ္ငန္းမ်ားသည္ ေငြေၾကးလိမ္လည္မႈအျပင္ လူကုန္ကူးမႈ၊ လူေမွာင္ခိုမႈ၊ မူးယစ္ေဆးဝါးမႈ၊ အဓမၼ လုပ္အားခိုင္းေစမႈ၊ ေငြေၾကးခဝါခ်မႈမ်ားႏွင့္ ဆက္စပ္လုပ္ေဆာင္လာၾကေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္း၍ နယ္စပ္ေဒသမွတဆင့္ ျမန္မာႏိုင္ငံအတြင္းသို႔ ႏိုင္ငံျခားသားမ်ား ဝင္ေရာက္လာမႈႏွင့္ ႏိုင္ငံျခားသားမ်ားသည္ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသူမ်ားျဖစ္ေသာ္လည္း လူသားခ်င္းစာနာေထာက္ထားမႈ၊ ႏိုင္ငံအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈတို႔အေပၚ အေျခခံ၍ အေရးယူေဆာင္႐ြက္ျခင္း မျပဳေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံပူးေပါင္းၿပီး Online Scams ႏွင့္ Online Gambling တိုက္ဖ်က္ေရး မ်ားေဆာင္႐ြက္ေနၿပီး မူရင္းႏိုင္ငံ၊ ျဖတ္သန္းႏိုင္ငံႏွင့္ ဆိုက္ေရာက္ႏိုင္ငံတို႔ အၾကား Shared responsibility ျဖင့္ ပူးေပါင္းေဆာင္႐ြက္ရန္လိုအပ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားသည္။

လိမ္လည္မႈလုပ္ငန္း လုပ္ကိုင္ေနသူမ်ားအေနျဖင့္ အဓိကအေျခခံအေဆာက္အအုံ၊ လွ်ပ္စစ္ဓာတ္အား၊ အေျခခံစားသုံးကုန္မ်ား ႏွင့္ အင္တာနက္ဆက္သြယ္မႈတို႔ကို အိမ္နီးခ်င္းႏိုင္ငံမွတစ္ဆင့္ ရယူသုံးစြဲေနၿပီး အေျခခံအေဆာက္အအုံႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ျပည္ပႏိုင္ငံသားမ်ားက လုပ္ေဆာင္ေနမႈႏွင့္ ျမန္မာ - တ႐ုတ္ ႏွစ္ႏိုင္ငံရဲတပ္ဖြဲ႕အၾကား ပူးေပါင္းေဆာင္႐ြက္ေရး ဗဟိုဌာန (Police Cooperation Center) ထူေထာင္၍ ပူးေပါင္းေဆာင္႐ြက္ေနမႈမ်ား ျပဳလုပ္ေနေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ျမန္မာ - တ႐ုတ္ - ထိုင္း သုံးႏိုင္ငံအၾကား သုံးပြင့္ဆိုင္ပူးေပါင္းေဆာင္႐ြက္မႈပုံစံ (Trilateral Cooperation) ျဖင့္ ေဆာင္႐ြက္ရန္လိုအပ္ေနၿပီး အဆိုပါႏိုင္ငံမ်ားအၾကား Task Force တစ္ရပ္ဖြဲ႕စည္း၍ Action Plan ေရးဆြဲၿပီး ပူးေပါင္းေဆာင္႐ြက္ရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.