Apple က ဂြိုလ်တုဝန်ဆောင်မှုတွေ တိုးချဲ့ဖို့အတွက် Globalstar မှာ ဒေါ်လာ ၁.၅ ဘီလီယံရင်းနှီးမြှုပ်နှံမည်
273
ရောင်နီ (NP News) - နိုဝင်ဘာ ၃
Apple ဟာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ တိုးချဲ့နိုင်ဖို့အတွက် ဂြိုလ်တုကွန်ရက် Globalstar မှာ ဒေါ်လာ ၁.၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ်။
လက်ရှိ Apple ဟာ iPhone 14၊ iPhone 15 ၊ iPhone 16 မော်ဒယ် ပိုင်ရှင်တွေအတွက် မိုဘိုင်းကွန်ရက် အပြင်ဘက် Emergency SOS မှတစ်ဆင့် Emergency Service တွေအတွက် Globalstar ဂြိုလ်တုကို အသုံးပြုခွင့် ပေးထားပါတယ်။ ဒါအပြင် Apple ဟာ ဂြိုလ်တုကနေ ဆက်သွယ်နိုင်မယ့် Text Message ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းလာပါတယ်။ Apple ရဲ့ ဒေါ်လာ ၁.၅ ဘီလီယံရင်းနှီးမြုပ်နှံမှုဟာ Globalstar ရဲ့ဂြိုဟ်တုကို ကြယ်စု အသစ်ဆီ လွှင့်တင်ပြီး "မိုဘိုင်းဂြိုလ်တုဝန်ဆောင်မှု" ကွန်ရက်အသစ်အတွက် မြေပြင်အခြေခံအဆောက်အအုံ တိုးချဲ့သွားမှာဖြစ်ပါတယ်။ ဒါဟာ "Extended MSS Network" ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းဝန်ဆောင်မှုလိုင်စင်ကို တိုးမြှင့်မှာဖြစ်ပြီး Apple သုံးစွဲသူတွေဟာ အဆိုပါဝန်ဆောင်မှုအချို့ကို အသုံးပြုဖို့ အတွက် ကြိုတင်ငွေပေးချေရမှာ ဖြစ်ပါတယ်။
ဒီ ရင်းနှီးမြုပ်နှံမှုကနေ iPhone ပိုင်ရှင်တွေအတွက် အပိုဝန်ဆောင်မှုတွေ ရှိလာနိုင်ဦးမလား ဆိုတာတော့ မသိရ သေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း Google ဟာ Pixel 9 စီးရီးအတွက် Emergency satellite message အသုံးပြုနိုင်ဖို့ Skylo နဲ့ ပူးပေါင်းခဲ့ပါတယ်။
Zawgyi Version;
Apple က ၿဂိဳလ္တုဝန္ေဆာင္မႈေတြ တိုးခ်ဲ႕ဖို႔အတြက္ Globalstar မွာ ေဒၚလာ ၁.၅ ဘီလီယံရင္းႏွီးျမႇဳပ္ႏွံမည္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၃
Apple ဟာ ဆက္သြယ္ေရးဝန္ေဆာင္မႈေတြ တိုးခ်ဲ႕ႏိုင္ဖို႔အတြက္ ၿဂိဳလ္တုကြန္ရက္ Globalstar မွာ ေဒၚလာ ၁.၅ ဘီလီယံခန႔္ ရင္းႏွီးျမႇဳပ္ႏွံမယ္လို႔ သိရပါတယ္။
လက္ရွိ Apple ဟာ iPhone 14၊ iPhone 15 ၊ iPhone 16 ေမာ္ဒယ္ ပိုင္ရွင္ေတြအတြက္ မိုဘိုင္းကြန္ရက္ အျပင္ဘက္ Emergency SOS မွတစ္ဆင့္ Emergency Service ေတြအတြက္ Globalstar ၿဂိဳလ္တုကို အသုံးျပဳခြင့္ ေပးထားပါတယ္။ ဒါအျပင္ Apple ဟာ ၿဂိဳလ္တုကေန ဆက္သြယ္ႏိုင္မယ့္ Text Message ထည့္သြင္းႏိုင္ဖို႔ ႀကိဳးပမ္းလာပါတယ္။ Apple ရဲ႕ ေဒၚလာ ၁.၅ ဘီလီယံရင္းႏွီးျမဳပ္ႏွံမႈဟာ Globalstar ရဲ႕ၿဂိဳဟ္တုကို ၾကယ္စု အသစ္ဆီ လႊင့္တင္ၿပီး "မိုဘိုင္းၿဂိဳလ္တုဝန္ေဆာင္မႈ" ကြန္ရက္အသစ္အတြက္ ေျမျပင္အေျခခံအေဆာက္အအုံ တိုးခ်ဲ႕သြားမွာျဖစ္ပါတယ္။ ဒါဟာ "Extended MSS Network" ရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ ကမာၻလုံးဆိုင္ရာ မိုဘိုင္းဝန္ေဆာင္မႈလိုင္စင္ကို တိုးျမႇင့္မွာျဖစ္ၿပီး Apple သုံးစြဲသူေတြဟာ အဆိုပါဝန္ေဆာင္မႈအခ်ိဳ႕ကို အသုံးျပဳဖို႔ အတြက္ ႀကိဳတင္ေငြေပးေခ်ရမွာ ျဖစ္ပါတယ္။
ဒီ ရင္းႏွီးျမဳပ္ႏွံမႈကေန iPhone ပိုင္ရွင္ေတြအတြက္ အပိုဝန္ေဆာင္မႈေတြ ရွိလာႏိုင္ဦးမလား ဆိုတာေတာ့ မသိရ ေသးပါဘူး။ ၿပီးခဲ့တဲ့ ဩဂုတ္လကလည္း Google ဟာ Pixel 9 စီးရီးအတြက္ Emergency satellite message အသုံးျပဳႏိုင္ဖို႔ Skylo နဲ႔ ပူးေပါင္းခဲ့ပါတယ္။