ထန်းတပင်မြို့နယ်တွင် ဆန်းသော်တာရွှေဆိုင်မှ ဆိုင်ပိုင်ရှင်အား ဓားထောက်ဓားပြမှု ကျူးလွန်သူကို ဖမ်းဆီးရမိ
3390
စော (NP News) - နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ ဆန်းသော်တာရွှေဆိုင်မှ ဆိုင်ပိုင်ရှင်အား ဓားထောက် ဓားပြမှု ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၃ ရက်)၊ နံနက်ပိုင်း ၈နာရီခွဲကျော်အချိန်က ထန်းတပင်မြို့၊ အမှတ် (၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ “ဆန်းသော်တာ” ရွှေဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရွှေဆိုင်အတွင်းသို့ အမျိုးသားတစ်ဦးက ဝင်ရောက်လာပြီး ရွှေလက်စွပ်ဝယ်မည် ဟု ပြောသဖြင့် စာရေးဝန်ထမ်း အမျိုးသမီးက ရွှေထည်လက်စွပ်များ ထုတ်ယူပြသစဉ် ၎င်းအမျိုးသားက အသင့်ပါလာသော ဓားဖြင့် ဆိုင်ပိုင်ရှင် ဦးအောင်လွင်၏ လည်ပင်းအား ဓားထောက်ကာ ရွှေထည်ပစ္စည်းများပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်နေစဥ် ရွှေဆိုင်လုံခြုံရေးတာဝန်ခံ ဦးကံချွန်၊ နယ်မြေလှည့်ကင်းဆောင်ရွက်နေသော ဒုရဲအုပ် ဦးဆောင်သော အဖွဲ့က ဆိုင်အတွင်း ဝင်ရောက်၍ ဓားပြတိုက်သူအား ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း ဆိုင်ပိုင်ရှင် ဦးအောင်လွင်တွင် ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး ဓားပြမှုကျူးလွန်သူမှာ ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာမှ ပြည့်စုံထွန်း ဆိုသူဖြစ်ကာ ထန်းတပင်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
Zawgyi Version;
ထန္းတပင္ၿမိဳ႕နယ္တြင္ ဆန္းေသာ္တာေ႐ႊဆိုင္မွ ဆိုင္ပိုင္ရွင္အား ဓားေထာက္ဓားျပမႈ က်ဴးလြန္သူကို ဖမ္းဆီးရမိ
ေစာ (NP News) - ႏိုဝင္ဘာ ၃
ရန္ကုန္တိုင္းေဒသႀကီး ထန္းတပင္ၿမိဳ႕နယ္ရွိ ဆန္းေသာ္တာေ႐ႊဆိုင္မွ ဆိုင္ပိုင္ရွင္အား ဓားေထာက္ ဓားျပမႈ က်ဴးလြန္သူကို ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ႏိုဝင္ဘာ ၃ ရက္)၊ နံနက္ပိုင္း ၈နာရီခြဲေက်ာ္အခ်ိန္က ထန္းတပင္ၿမိဳ႕၊ အမွတ္ (၂)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းရွိ “ဆန္းေသာ္တာ” ေ႐ႊဆိုင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါေ႐ႊဆိုင္အတြင္းသို႔ အမ်ိဳးသားတစ္ဦးက ဝင္ေရာက္လာၿပီး ေ႐ႊလက္စြပ္ဝယ္မည္ ဟု ေျပာသျဖင့္ စာေရးဝန္ထမ္း အမ်ိဳးသမီးက ေ႐ႊထည္လက္စြပ္မ်ား ထုတ္ယူျပသစဥ္ ၎အမ်ိဳးသားက အသင့္ပါလာေသာ ဓားျဖင့္ ဆိုင္ပိုင္ရွင္ ဦးေအာင္လြင္၏ လည္ပင္းအား ဓားေထာက္ကာ ေ႐ႊထည္ပစၥည္းမ်ားေပးရန္ ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထိုသို႔ျပဳလုပ္ေနစဥ္ ေ႐ႊဆိုင္လုံၿခဳံေရးတာဝန္ခံ ဦးကံခြၽန္၊ နယ္ေျမလွည့္ကင္းေဆာင္႐ြက္ေနေသာ ဒုရဲအုပ္ ဦးေဆာင္ေသာ အဖြဲ႕က ဆိုင္အတြင္း ဝင္ေရာက္၍ ဓားျပတိုက္သူအား ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္အတြင္း ဆိုင္ပိုင္ရွင္ ဦးေအာင္လြင္တြင္ ျပတ္ရွ ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ဓားျပမႈက်ဴးလြန္သူမွာ ထန္းတပင္ၿမိဳ႕နယ္၊ ထိန္ႏွစ္ပင္ေက်း႐ြာမွ ျပည့္စုံထြန္း ဆိုသူျဖစ္ကာ ထန္းတပင္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူေဆာင္႐ြက္ထားေၾကာင္း သိရသည္။