တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်

 337

စော (NP News) - နိုဝင်ဘာ ၈

တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါး လာခြင်းသည် လူနေနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်ကြောင်း ရှားပါးတိရစ္ဆာန်များအရေး လှုံ့ဆော်နေသူတစ်ဦးက NP News ကို ပြောကြားချက်အရ သိရသည်။

တနင်္သာရီရိုးမ၊ ရခိုင်ရိုးမတို့တွင် တောရိုင်းဆင် အများဆုံးရှိပြီး ယခုအချိန်တွင် အကောင် အရေအတွက်အနည်း အများကို တိတိကျကျမသိနိုင်ကြောင်းနှင့် ပဲခူးရိုးမဘက်တွင် ဆင်များနည်းပါးလာကြောင်း သိရသည်။ “ဆင်တွေကတော့ ဟိုးအရင်ထဲက လူနဲ့ ဆင်နဲ့ ပဋိပက္ခတွေကဖြစ်တယ်ပေါ့။ ဖြစ်တယ်ဆိုတာက ရခိုင်တို့၊ ဧရာဝတီတို့၊ တနင်္သာရီတို့ အရင်ထဲက ရှိနေတဲ့ တောရိုင်းဆင်တွေက လူနေအိမ်ဘက်ကို လာတာ၊ ဒါမှမဟုတ် လူနေအိမ်တွေ၊ ရွာတွေ ချဲ့ရင်းနဲ့ ဆင်တွေကျက်စားလေ့ရှိတဲ့ နေရာတွေဘက်ကို တိုးလာမိတာမျိုး အဲဒါမျိုးတွေကြောင့် ခဏခဏ ဆင်တွေနဲ့ လူတွေနဲ့ဖြစ် တယ်ပေါ့နော်”ဟု ၎င်းကပြောသည်။

တောရိုင်းဆင်များ လူနေအိမ်နှင့် အနီးတစ်ဝိုက်သို့ ဝင်ရောက်လာခြင်းသည် ဆင်နှင့်လူများအတွက် အကျိုးမရှိ ကြောင်း ၎င်းကဆိုသည်။ “အဲဒီဟာက ဖြစ်နိုင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့သူတို့ ပုံမှန် စားကျက်မြေကောင်း ကောင်းရတယ်ဆိုရင် သူတို့လူတွေ ဘက်ကို လာလေ့မရှိဘူး။ စားကျက်မြေကောင်း ကောင်းမရတဲ့အချိန်မှာ လူတွေ ဘက်ကို လာတယ် အဲဒါကြောင့်လဲဖြစ်နိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

တောရိုင်းဆင်များ လူနေအိမ်အနီးအနားသို့ ဝင်ရောက်မှုမရှိစေရန် ခြံစည်းရိုးကောင်း ကောင်းခတ်ခြင်း၊ ခြံများ၊ ဝါးခြံများကို ခိုင်မာအောင် လုပ်ထားသင့်ကြောင်း နှင့် မတော် တဆနယ်ကျွံလာပါက ပြန်လည်ထွက်သွားတတ်ကြောင်း သိရသည်။ အနီးစပ်ဆုံး ဖြစ်စဉ်အနေဖြင့် တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာရွာသစ် အတွင်းသို့ ပြီးခဲ့သည့် အောက်တိုဘာလ (၂၆) ရက်၊ နံနက်ပိုင်းအချိန်က တောရိုင်းဆင် လေးကောင်ခန့် ဝင်ရောက်လာပြီး ဆန်နှင့်ဆန်ကွဲများကို စားသောက်သွားကြောင်း သိရသည်။

zawgyi version
ေတာဆင္႐ိုင္းမ်ား၏ စားက်က္ေျမရွားပါးလာျခင္းသည္ လူေနရာ အနီးတစ္ဝိုက္ကို ပိုမိုက်ဴးေက်ာ္ေစႏိုင္
ေစာ (NP News) - ႏိုဝင္ဘာ ၈

ေတာဆင္႐ိုင္းမ်ား၏ စားက်က္ေျမရွားပါး လာျခင္းသည္ လူေနေနရာ အနီးတစ္ဝိုက္ကို ပိုမိုက်ဴးေက်ာ္ေစႏိုင္ေၾကာင္း ရွားပါးတိရစာၦန္မ်ားအေရး လႈံ႕ေဆာ္ေနသူတစ္ဦးက NP News ကို ေျပာၾကားခ်က္အရ သိရသည္။

တနသၤာရီ႐ိုးမ၊ ရခိုင္႐ိုးမတို႔တြင္ ေတာ႐ိုင္းဆင္ အမ်ားဆုံးရွိၿပီး ယခုအခ်ိန္တြင္ အေကာင္ အေရအတြက္အနည္း အမ်ားကို တိတိက်က်မသိႏိုင္ေၾကာင္းႏွင့္ ပဲခူး႐ိုးမဘက္တြင္ ဆင္မ်ားနည္းပါးလာေၾကာင္း သိရသည္။ “ဆင္ေတြကေတာ့ ဟိုးအရင္ထဲက လူနဲ႔ ဆင္နဲ႔ ပဋိပကၡေတြကျဖစ္တယ္ေပါ့။ ျဖစ္တယ္ဆိုတာက ရခိုင္တို႔၊ ဧရာဝတီတို႔၊ တနသၤာရီတို႔ အရင္ထဲက ရွိေနတဲ့ ေတာ႐ိုင္းဆင္ေတြက လူေနအိမ္ဘက္ကို လာတာ၊ ဒါမွမဟုတ္ လူေနအိမ္ေတြ၊ ႐ြာေတြ ခ်ဲ႕ရင္းနဲ႔ ဆင္ေတြက်က္စားေလ့ရွိတဲ့ ေနရာေတြဘက္ကို တိုးလာမိတာမ်ိဳး အဲဒါမ်ိဳးေတြေၾကာင့္ ခဏခဏ ဆင္ေတြနဲ႔ လူေတြနဲ႔ျဖစ္ တယ္ေပါ့ေနာ္”ဟု ၎ကေျပာသည္။

ေတာ႐ိုင္းဆင္မ်ား လူေနအိမ္ႏွင့္ အနီးတစ္ဝိုက္သို႔ ဝင္ေရာက္လာျခင္းသည္ ဆင္ႏွင့္လူမ်ားအတြက္ အက်ိဳးမရွိ ေၾကာင္း ၎ကဆိုသည္။ “အဲဒီဟာက ျဖစ္ႏိုင္တယ္ေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့သူတို႔ ပုံမွန္ စားက်က္ေျမေကာင္း ေကာင္းရတယ္ဆိုရင္ သူတို႔လူေတြ ဘက္ကို လာေလ့မရွိဘူး။ စားက်က္ေျမေကာင္း ေကာင္းမရတဲ့အခ်ိန္မွာ လူေတြ ဘက္ကို လာတယ္ အဲဒါေၾကာင့္လဲျဖစ္ႏိုင္တယ္”ဟု ၎က ဆက္လက္ေျပာသည္။

ေတာ႐ိုင္းဆင္မ်ား လူေနအိမ္အနီးအနားသို႔ ဝင္ေရာက္မႈမရွိေစရန္ ၿခံစည္း႐ိုးေကာင္း ေကာင္းခတ္ျခင္း၊ ၿခံမ်ား၊ ဝါးၿခံမ်ားကို ခိုင္မာေအာင္ လုပ္ထားသင့္ေၾကာင္း ႏွင့္ မေတာ္ တဆနယ္ကြၽံလာပါက ျပန္လည္ထြက္သြားတတ္ေၾကာင္း သိရသည္။ အနီးစပ္ဆုံး ျဖစ္စဥ္အေနျဖင့္ တိုက္ႀကီးၿမိဳ႕နယ္၊ ဖလုံဘူတာေက်း႐ြာအုပ္စု၊ ေ႐ႊၿမိဳင္သာယာ႐ြာသစ္ အတြင္းသို႔ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၂၆) ရက္၊ နံနက္ပိုင္းအခ်ိန္က ေတာ႐ိုင္းဆင္ ေလးေကာင္ခန႔္ ဝင္ေရာက္လာၿပီး ဆန္ႏွင့္ဆန္ကြဲမ်ားကို စားေသာက္သြားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.