အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
446
သန်းထိုက်စိုး (NP News) - နိုဝင်ဘာ ၈
BRICS ထိပ်သီးအစည်းအဝေးကို (၂၀၂၄) ခုနှစ် အောက်တိုဘာလ (၂၄) ရက်တွင် ရုရှားနိုင်ငံကာ ဇန်မြို့တွင်ကျင်းပခဲ့သည်။ BRICS အဖွဲ့သည် အချိုးမညီသည့်အဖွဲ့အစည်းအဖြစ် အနောက်တိုင်းပညာ ရှင်များက အချိန် အတော်ကြာကပင် ဝေဖန်ခဲ့ကြသည်။ သို့သော် လွန်ခဲ့သည့်သီတင်းပတ်က ကျင်းပခဲ့သည့် BRICS ထိပ်သီး အစည်း အဝေးသည် ခရီးအတော်ပေါက်နေပြီဆိုသည်ကို ပြသခဲ့ခြင်းဖြစ်သည်။ သုံးရက်ကြာကျင်းပခဲ့သည့် BRICS ထိပ်သီး အစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အပါအဝင် နိုင်ငံပေါင်း(၃၆)နိုင်ငံမှ ထိပ် သီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ BRICS အဖွဲ့ဝင်သစ်များဖြစ်ကြသည့် အီဂျစ်၊ အီသီ ယိုးပီးယား၊ အီရန်နှင့် ယူအေအီးစသည့် အဖွဲ့နိုင်ငံ လေးနိုင်ငံကိုလည်း ကြိုဆိုခဲ့ကြသည်။ အနီးအနာဂတ် တွင်လည်း အဖွဲ့ဝင်သစ်များ ထပ်မံ လက်ခံရန်လည်း ရှိနေသည်ဟု ဆိုသည်။
BRICS ကို ဖွဲ့စည်းရသည့်ရည်ရွယ်ချက်မှာ အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ဦးဆောင်သည့် global governance ပုံစံကို မနှစ်သက် သည့်နိုင်ငံများအတွက် အခြားရွေးချယ်စရာ တစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ယခုအခါ အနောက် နိုင်ငံများ၏မူဝါဒများနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများ အပေါ်တွင် မကျေနပ်သည့်နိုင်ငံများလည်း ပိုမိုများ ပြားလာခဲ့ရာ BRICS မှာ ပိုမိုထင်ရှားလာသကဲ့သို့ ပို၍လည်း ဩဇာကြီးလာခဲ့ပြီ ဖြစ်သည်။
BRICS အဖွဲ့ဆင့်ကဲပြောင်းလဲလာခြင်းနှင့် အဖွဲ့ဝင်နိုင်ငံအရေအတွက် များပြားလာခြင်းနှင့် ပတ်သက်၍ အကျိုး အမြတ်အများဆုံးရသည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံသစ်များနှင့် ခိုင်မာ သည့်ဆက်ဆံရေး တစ်ရပ်ရှိသည်။ အီဂျစ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ဖြစ်သကဲ့သို့ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာလည်း တိုးတက်လျက်ရှိသည်။ ယူအေအီးနိုင်ငံမှာလည်း အိန္ဒိယနိုင်ငံ၏ အရေးကြီးဆုံး မိတ်ဖက်နိုင်ငံ များထဲ တွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ အီသီယိုးပီးယားနိုင်ငံနှင့် ဆက်ဆံရေးမှာလည်း အာ ဖရိကတွင် အရှည်ကြာဆုံးနှင့် အနီးစပ်ဆုံး နိုင်ငံတစ် နိုင်ငံဖြစ်သည်။ BRICS ၏ မူရင်းအဖွဲ့ဝင်နိုင်ငံများ သည်လည်း အိန္ဒိယနိုင်ငံအတွက် အရေးကြီး သည့် အကျိုးအမြတ်များ ပေးနိုင်သည့်နိုင်ငံများ ဖြစ်သည်။
အနောက်နိုင်ငံများသည် ရုရှားကိုအထီးကျန်ဖြစ်စေရန် ကြိုးပမ်းနေသော်လည်း အိန္ဒိယနိုင်ငံမှာမူ BRICS ကို အရှိန်မြှင့်ပြီး ရုရှားနှင့် ပိုမိုနီးကပ်အောင် ကြိုးပမ်းနေသည်ကို တွေ့ရသည်။ BRICS အဖွဲ့အတွင်း ပြိုင်ဘက်တရုတ်နှင့် အတူ လက်တွဲအလုပ်လုပ်ခြင်းဖြင့် တရုတ်နိုင်ငံနှင့် ရင်ဆိုင်နေရသည့် တင်းမာမှု များကိုလျှော့ချနိုင်ရေး သတိကြီးစွာ ထားပြီး ကြိုးပမ်းနေခြင်းဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် BRICS ထိပ်သီးအစည်းအဝေး၏ ဘေးပန်းတွင် တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံပြီး အရေးကြီးသည့် သံတမန်ရေးနှင့် political space တစ်ခု ဖန် တီးလိုက်ခြင်း ဖြစ်သည်။
BRICS အဖွဲ့ဝင်ဖြစ်ခြင်းသည် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာမြောက်နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးလာစေရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်စေသည်။ အိန္ဒိယနိုင်ငံသည် မည်သည့်နိုင်ငံနှင့်မှ မဟာမိတ်ဖွဲ့စည်းခြင်းမရှိဘဲ ပထဝီနိုင်ငံ ရေးဆိုင်ရာ ပလေယာများနှင့် ဆက်ဆံရေးဟန်ချက်ညီရန် ကြိုးပမ်းနေသည်ကိုလည်း တွေ့ရသည်။ အိန္ဒိယနိုင်ငံသည် အ နောက်နိုင်ငံများနှင့်ရော၊ အနောက်မဟုတ်သည့် နိုင်ငံများနှင့်ပါ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံစုံသံတမန် ဆက်ဆံရေး အဆင့်နှစ်မျိုးလုံး ထိတွေ့ဆက်ဆံလျက်ရှိသည်။ အိန္ဒိယနိုင်ငံအနေဖြင့် BRICS အဖွဲ့အ တွင်းရှိ မူရင်းအဖွဲ့ဝင်နိုင်ငံများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်သကဲ့သို့ အင်ဒိုပစိဖိတ် Quad တွင်လည်း ပါဝင်လျက်ရှိသည်။ ထို့ပြင် အမေ ရိကန်နှင့် အခြားသောအနောက်နိုင်ငံများနှင့်လည်း ခိုင်မာသည့်ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက် ထားနိုင်သည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံစုံကြီးစိုးရေး၊ ဗဟုဝင်ရိုးကမ္ဘာအားကောင်းရေးကို မြှင့်တင်ဆောင်ရွက်ကာ ကုလသမဂ္ဂပြုပြင်ပြောင်းလဲ ရေးနှင့်ပတ်သက်၍ လိုလားနေခြင်း ဖြစ်သည်။
BRICS သည် အရှိန်ရလာသည်နှင့်အမျှ အဖွဲ့ဝင်သစ်များလည်း တိုးပွားလာခဲ့သည်။ အဖွဲ့အနေဖြင့် ရေရှည် မျှော်မှန်းချက်များ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့သည်။ တရုတ်နှင့်ရုရှားတို့က ဟန်ချက်ညီညီ ဦးဆောင်နေခြင်းဖြစ်ပြီး အနောက်ဆန့်ကျင်ရေးအင်အားစုအဖြစ် ရှုမြင်မှုများ လည်းရှိသည်။ BRICS ၏ အဖွဲ့ဝင်သစ်ဖြစ် သည့် အီရန်၊ အနာဂတ်တွင်အဖွဲ့ဝင်သစ်ဖြစ်လာနိုင်သည့် ဘီလာရုစ်နှင့် ကျူးဘားနိုင်ငံတို့သည် အနောက် ဆန့်ကျင်ရေး အင်အားစုတစ်စုဖြစ်လာနိုင်သည်ဆို သည့် အယူအဆလည်း ရှိသည်။
သို့သော် BRICS မှာ လက်တွေ့တွင် အနောက် ဆန့်ကျင်ရေး အင်အားစုတစ်စုမဖြစ်နိုင်ပါ။ အီရန် မှလွဲ၍ အဖွဲ့ဝင်နိုင်ငံအားလုံးတို့သည် အနောက်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိကြသည့် နိုင်ငံများဖြစ်သည်။ အနာဂတ်တွင် BRICS အဖွဲ့ဝင်ဖြစ်လာနိုင်သည့် တူရကီ၊ ဗီယက်နမ် စသည့် နိုင်ငံများသည် အနောက်ဆန့် ကျင်ရေးလို လားကြသည့်နို င်ငံများ မဟုတ်ပါ။ တူရကီသည် နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်သ ကဲ့သို့ ဗီယက်နမ်သည် အမေရိကန်၏ အဓိကကုန် သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နောက်ဆုံးတွင် BRICS အဖွဲ့အတွင်း အနောက်ဆန့်ကျင်ရေးလို လားကြသည့်နိုင်ငံများ အားကောင်းလာသည့်တိုင်အောင် အနောက်အတွက် အမှန်တကယ်ခြိမ်းခြောက် နိုင်သည့်အခြေအနေမျိုးအထိ မရောက်ရှိနိုင်ပါ။
မကြာသေးမီက ကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် အနောက်နိုင်ငံများ၏ ဒဏ် ခတ်ပိတ်ဆို့မှု ကိုကျော်လွှားနိုင်မည့် နည်းလမ်းများ၊ အမေရိကန်ဒေါ်လာကို အန်တုနိုင်မည့် နိုင်ငံတကာ ငွေပေးချေမှုစနစ်အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေးခဲ့သည်။ BRICS အဖွဲ့အနေဖြင့် အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရမှု ကို လျှော့ချရန်လိုလားနေခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရ ခြင်းမှာလည်း မည်သည့်အဖွဲ့ဝင်နိုင်ငံကမှ ကိုယ့်နည်း ကိုယ့်ဟန်နှင့် ကိုယ် အမေရိကန်ဒေါ်လာအပေါ် မှီခိုနေမှုကို လျှော့ချနိုင်စွမ်းမရှိဖြစ်နေခြင်းပင်ဖြစ်သည်။ မူရင်းအဖွဲ့ဝင်နိုင်ငံများအတွင်း မှာပင် သဘောတူညီ ချက်ရရန် ခက်ခဲမှုများရှိနေရာ အဖွဲ့ဝင်နိုင်ငံများ အတွင်း တူညီဆန္ဒရရှိရန်မှာ ပိုမို၍ပင်ခက်ခဲသည်။
အိန္ဒိယနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံ အားလုံးနီးပါးနှင့် သဟဇာတဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော် အဖွဲ့ဝင်နိုင်ငံ သစ်များအတွင်း သဟဇာတမဖြစ်မှုများ ရှိနေပါသည်။ အီရန်နိုင်ငံသည် အီဂျစ်၊ ယူအေအီး နိုင်ငံတို့နှင့်အငြင်းပွားမှု များရှိသည်။ အီဂျစ် - အီသီ ယိုးပီးယား ဆက်ဆံရေးမှာလည်း တင်းမာနေသည်။ တရုတ်နှင့်အိန္ဒိယနိုင်ငံကြား တင်းမာမှုမှာ လည်း မကြာသေးမီကပင် လျော့ကျသွားခဲ့ရာ BRICS အဖွဲ့ အတွက် သတင်းကောင်းတစ်ခုပင်ဖြစ်သည်။ သို့သော်လည်း တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေးမှာ တစ်နေ့ရွှေတစ်နေ့ငွေဆိုသကဲ့သို့ အချိန်မရွေး ထ၍ပေါက်ကွဲနိုင်သည့် မိုင်းတစ်လုံးနှင့်တူနေသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် နယ်စပ်ဒေသ အငြင်းပွားနှင့်အတူ တောင်အာရှ ဒေသတွင်လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာဒေသတွင်လည်းကောင်း နှစ်နိုင်ငံပြိုင်ဆိုင်မှုများ ပြင်းထန်နိုင်သည်။ တရုတ် နိုင်ငံ၏ ပါကစ္စတန်နိုင်ငံနှင့် နီးကပ်သည့် မဟာမိတ် ဖြစ်နေမှုသည် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အချိန်မရွေး ထိခိုက်သွား နိုင်သည်။
BRICS သည် ယခုအခါ အိန္ဒိယနိုင်ငံအတွက် အကောင်းဆုံးအခြေအနေတစ်ရပ် ဖြစ်နေသည်။ အိန္ဒိ ယနိုင်ငံအနေဖြင့် ထပ်မံဝင်ရောက်လာသည့် အဖွဲ့ဝင် နိုင်ငံအချို့နှင့် လက်တွဲဆောင်ရွက်နေပြီး နိုင်ငံစုံကြီး စိုးရေးဝါဒမှ သည် Global South အထိ အိန္ဒိယ အတွက် ဂြိုဟ်စီးဂြိုဟ်မြင် ဂြိုဟ်ပူးကောင်းနေသည့် အချိန်ဟု ဆိုရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် အနောက် သို့မဟုတ် အနောက် မဟုတ်သည့် နိုင်ငံ များနှင့်ဆက်ဆံရာတွင် ပိုမိုဟန်ချက်ညှိနိုင်မည့် အခွင့် အရေးတစ်ရပ်ရရှိနေရာ ယင်းအခွင့်အရေးကို ဖမ်း ဆုပ်အသုံးချနေခြင်းလည်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် BRICS အဖွဲ့သည် အဖွဲ့အတွင်းတွင် စည်းလုံးမှုရရှိစေရေး ပိုမိုရုန်းကန် ကြိုးစားနေ ရသည်ဖြစ်ရာ အနောက်အတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်နိုင်ခြေနည်းသည်။ အိန္ဒိယနိုင်ငံ အနေဖြင့် အနောက် တစ်အုပ်စုတည်းဖြင့် ပူးပေါင်းရေးကို မလိုလားသကဲ့သို့ အနောက်ဆန့်ကျင်ရေးအုပ်စုတွင် ပါဝင်ရေးကိုလည်း လိုလား ခြင်းမရှိပါ။ ကျင်းပပြီးစီးခဲ့သည့် BRICS ထိပ်သီးဆွေးနွေးပွဲတွင် အလွယ်တကူနှင့် အောင်မြင်နိုင်မည့်အကြောင်း အရာများဖြစ် သည့် ရာသီဥတု ပြောင်းလဲမှု၊ အဆင့်မြင့်ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာစသည့် ကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။ အဆိုပါ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆန့်ကျင်ရာမရောက်သကဲ့သို့ အနောက်ကိုလည်း ဆန့်ကျင်ရာမရောက်ပါ။ အိန္ဒိယ နိုင်ငံအတွက်မူ စံနမူနာပြုစရာ စီမံခန့်ခွဲမှုတစ်ခု ဖြစ်သည်။ BRICS အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှု မှန်သမျှသည် အနောက်အတွက် နေမချိထိုင်မသာ ဖြစ်စေသည့်ကိစ္စမျိုး မဟုတ်ပါ။ (၂၀၂၄) ခုနှစ် အောက်တိုဘာလ (၂၄) ရက်တွင် ရုရှားနိုင်ငံ ကာဇန် မြို့တွင်ကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအ ဝေးပွဲသည် အနောက်နိုင်ငံများအတွက် အထူးအာရုံစိုက်စရာ ဖြစ်စေခဲ့သည်ကတော့ သံသယ ဖြစ်ဖွယ်ရာ မရှိပေ။
BRICS အဖွဲ့အတွင်း အိန္ဒိယနိုင်ငံ၏ အာရုံစိုက်မှုမှာ ဝင်ရိုးစုံကမ္ဘာထွန်းကားရေးနှင့် တန်းတူညီမျှရှိ သော global governance ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါအချက်ကို အမေရိကန်နိုင်ငံကလည်း သတိပြုမိသည်။ ရှုပ်ထွေးနေသည့်အချိန်တွင် အီရန်ကို အဖွဲ့အတွင်း ထည့်သွင်းလိုက်ခြင်းသည် အမေရိကန်ကို တိုက်ရိုက် ဆန့် ကျင်ခြင်းမရှိဘဲ အိန္ဒိယနိုင်ငံအတွက် ဒေသတွင်း ကိစ္စရပ်များကို တည်ငြိမ်အောင် ဆောင်ရွက်နိုင် သည့် အခွင့် အရေးတစ်ရပ် ရရှိခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အီရန်-အစ္စရေး ပဋိပက္ခဖြစ်နေ ချိန်မျိုးတွင် အိန္ဒိယနိုင်ငံအတွက် သံတမန်ရေးဟန် ချက်ညှိခွင့်ရရှိခြင်းပင် ဖြစ်သည်။ BRICS အဖွဲ့ဝင် သစ်များ တဖွဲဖွဲဝင်ရောက်လာခြင်းသည် အိန္ဒိယအ တွက်ရော အမေရိကန်အတွက်ပါ စိတ်ဝင်စားစရာ ဖြစ်သည်။ ပြီးခဲ့သည့် BRICS ထိပ်သီးအစည်းအ ဝေးတွင် ပြောပလောက်သည့်ရလဒ်များ ထွက်မလာခဲ့သော်လည်း ယခုအချိန်တွင် ထိုကဲ့သို့သော ထိပ်သီး အစည်းအဝေးကျင်းပပြီး အဖွဲ့ဝင်သစ်များ ထပ်မံထည့်သွင်းနိုင်ခဲ့ခြင်းသည်ပင်လျှင် ကြီးမားသည့် အောင်မြင်မှုတစ်ရပ်ဟု ဆိုနိုင်သည်။
zawgyi version
အိႏၵိယအတြက္ သံတမန္ေရးဟန္ခ်က္ညႇိခြင့္ရေနသည့္ BRICS ပလက္ေဖာင္း
သန္းထိုက္စိုး (NP News) - ႏိုဝင္ဘာ ၈
BRICS ထိပ္သီးအစည္းအေဝးကို (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလ (၂၄) ရက္တြင္ ႐ုရွားႏိုင္ငံကာ ဇန္ၿမိဳ႕တြင္က်င္းပခဲ့သည္။ BRICS အဖြဲ႕သည္ အခ်ိဳးမညီသည့္အဖြဲ႕အစည္းအျဖစ္ အေနာက္တိုင္းပညာ ရွင္မ်ားက အခ်ိန္ အေတာ္ၾကာကပင္ ေဝဖန္ခဲ့ၾကသည္။ သို႔ေသာ္ လြန္ခဲ့သည့္သီတင္းပတ္က က်င္းပခဲ့သည့္ BRICS ထိပ္သီး အစည္း အေဝးသည္ ခရီးအေတာ္ေပါက္ေနၿပီဆိုသည္ကို ျပသခဲ့ျခင္းျဖစ္သည္။ သုံးရက္ၾကာက်င္းပခဲ့သည့္ BRICS ထိပ္သီး အစည္းအေဝးကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္အပါအဝင္ ႏိုင္ငံေပါင္း(၃၆)ႏိုင္ငံမွ ထိပ္ သီးေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့ၾကသည္။ BRICS အဖြဲ႕ဝင္သစ္မ်ားျဖစ္ၾကသည့္ အီဂ်စ္၊ အီသီ ယိုးပီးယား၊ အီရန္ႏွင့္ ယူေအအီးစသည့္ အဖြဲ႕ႏိုင္ငံ ေလးႏိုင္ငံကိုလည္း ႀကိဳဆိုခဲ့ၾကသည္။ အနီးအနာဂတ္ တြင္လည္း အဖြဲ႕ဝင္သစ္မ်ား ထပ္မံ လက္ခံရန္လည္း ရွိေနသည္ဟု ဆိုသည္။
BRICS ကို ဖြဲ႕စည္းရသည့္ရည္႐ြယ္ခ်က္မွာ အေနာက္ႏိုင္ငံမ်ား၊ အထူးသျဖင့္ အေမရိကန္ဦးေဆာင္သည့္ global governance ပုံစံကို မႏွစ္သက္ သည့္ႏိုင္ငံမ်ားအတြက္ အျခားေ႐ြးခ်ယ္စရာ တစ္ခုအျဖစ္ ဖန္တီးထားျခင္းျဖစ္သည္။ ယခုအခါ အေနာက္ ႏိုင္ငံမ်ား၏မူဝါဒမ်ားႏွင့္ ဘ႑ာေရး အဖြဲ႕အစည္းမ်ား အေပၚတြင္ မေက်နပ္သည့္ႏိုင္ငံမ်ားလည္း ပိုမိုမ်ား ျပားလာခဲ့ရာ BRICS မွာ ပိုမိုထင္ရွားလာသကဲ့သို႔ ပို၍လည္း ဩဇာႀကီးလာခဲ့ၿပီ ျဖစ္သည္။
BRICS အဖြဲ႕ဆင့္ကဲေျပာင္းလဲလာျခင္းႏွင့္ အဖြဲ႕ဝင္ႏိုင္ငံအေရအတြက္ မ်ားျပားလာျခင္းႏွင့္ ပတ္သက္၍ အက်ိဳး အျမတ္အမ်ားဆုံးရသည့္ႏိုင္ငံမွာ အိႏၵိယႏိုင္ငံပင္ ျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ BRICS အဖြဲ႕ဝင္ႏိုင္ငံသစ္မ်ားႏွင့္ ခိုင္မာ သည့္ဆက္ဆံေရး တစ္ရပ္ရွိသည္။ အီဂ်စ္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံႏွင့္ လုံၿခဳံေရးမိတ္ဖက္ျဖစ္သကဲ့သို႔ ႏွစ္ႏိုင္ငံကုန္သြယ္မႈ ပမာဏမွာလည္း တိုးတက္လ်က္ရွိသည္။ ယူေအအီးႏိုင္ငံမွာလည္း အိႏၵိယႏိုင္ငံ၏ အေရးႀကီးဆုံး မိတ္ဖက္ႏိုင္ငံ မ်ားထဲ တြင္ တစ္ႏိုင္ငံ အပါအဝင္ ျဖစ္သည္။ အီသီယိုးပီးယားႏိုင္ငံႏွင့္ ဆက္ဆံေရးမွာလည္း အာ ဖရိကတြင္ အရွည္ၾကာဆုံးႏွင့္ အနီးစပ္ဆုံး ႏိုင္ငံတစ္ ႏိုင္ငံျဖစ္သည္။ BRICS ၏ မူရင္းအဖြဲ႕ဝင္ႏိုင္ငံမ်ား သည္လည္း အိႏၵိယႏိုင္ငံအတြက္ အေရးႀကီး သည့္ အက်ိဳးအျမတ္မ်ား ေပးႏိုင္သည့္ႏိုင္ငံမ်ား ျဖစ္သည္။
အေနာက္ႏိုင္ငံမ်ားသည္ ႐ုရွားကိုအထီးက်န္ျဖစ္ေစရန္ ႀကိဳးပမ္းေနေသာ္လည္း အိႏၵိယႏိုင္ငံမွာမူ BRICS ကို အရွိန္ျမႇင့္ၿပီး ႐ုရွားႏွင့္ ပိုမိုနီးကပ္ေအာင္ ႀကိဳးပမ္းေနသည္ကို ေတြ႕ရသည္။ BRICS အဖြဲ႕အတြင္း ၿပိဳင္ဘက္တ႐ုတ္ႏွင့္ အတူ လက္တြဲအလုပ္လုပ္ျခင္းျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ရင္ဆိုင္ေနရသည့္ တင္းမာမႈ မ်ားကိုေလွ်ာ့ခ်ႏိုင္ေရး သတိႀကီးစြာ ထားၿပီး ႀကိဳးပမ္းေနျခင္းျဖစ္သည္။ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီသည္ BRICS ထိပ္သီးအစည္းအေဝး၏ ေဘးပန္းတြင္ တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္ႏွင့္ေတြ႕ဆုံၿပီး အေရးႀကီးသည့္ သံတမန္ေရးႏွင့္ political space တစ္ခု ဖန္ တီးလိုက္ျခင္း ျဖစ္သည္။
BRICS အဖြဲ႕ဝင္ျဖစ္ျခင္းသည္ အိႏၵိယႏိုင္ငံအတြက္ မဟာဗ်ဴဟာေျမာက္ႏိုင္ငံျခားေရးမူဝါဒ က်င့္သုံးလာေစရန္ တြန္းအားေပးေနသကဲ့သို႔ ျဖစ္ေစသည္။ အိႏၵိယႏိုင္ငံသည္ မည္သည့္ႏိုင္ငံႏွင့္မွ မဟာမိတ္ဖြဲ႕စည္းျခင္းမရွိဘဲ ပထဝီႏိုင္ငံ ေရးဆိုင္ရာ ပေလယာမ်ားႏွင့္ ဆက္ဆံေရးဟန္ခ်က္ညီရန္ ႀကိဳးပမ္းေနသည္ကိုလည္း ေတြ႕ရသည္။ အိႏၵိယႏိုင္ငံသည္ အ ေနာက္ႏိုင္ငံမ်ားႏွင့္ေရာ၊ အေနာက္မဟုတ္သည့္ ႏိုင္ငံမ်ားႏွင့္ပါ ႏွစ္ႏိုင္ငံဆက္ဆံေရးႏွင့္ ႏိုင္ငံစုံသံတမန္ ဆက္ဆံေရး အဆင့္ႏွစ္မ်ိဳးလုံး ထိေတြ႕ဆက္ဆံလ်က္ရွိသည္။ အိႏၵိယႏိုင္ငံအေနျဖင့္ BRICS အဖြဲ႕အ တြင္းရွိ မူရင္းအဖြဲ႕ဝင္ႏိုင္ငံမ်ား၊ အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရးေကာင္းမြန္သကဲ့သို႔ အင္ဒိုပစိဖိတ္ Quad တြင္လည္း ပါဝင္လ်က္ရွိသည္။ ထို႔ျပင္ အေမ ရိကန္ႏွင့္ အျခားေသာအေနာက္ႏိုင္ငံမ်ားႏွင့္လည္း ခိုင္မာသည့္ဆက္ဆံေရးတစ္ရပ္ကို တည္ေဆာက္ ထားႏိုင္သည္ကို ေတြ႕ရသည္။ အိႏၵိယႏိုင္ငံအေနျဖင့္ ႏိုင္ငံစုံႀကီးစိုးေရး၊ ဗဟုဝင္႐ိုးကမာၻအားေကာင္းေရးကို ျမႇင့္တင္ေဆာင္႐ြက္ကာ ကုလသမဂၢျပဳျပင္ေျပာင္းလဲ ေရးႏွင့္ပတ္သက္၍ လိုလားေနျခင္း ျဖစ္သည္။
BRICS သည္ အရွိန္ရလာသည္ႏွင့္အမွ် အဖြဲ႕ဝင္သစ္မ်ားလည္း တိုးပြားလာခဲ့သည္။ အဖြဲ႕အေနျဖင့္ ေရရွည္ ေမွ်ာ္မွန္းခ်က္မ်ား ခ်မွတ္ကာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လာခဲ့သည္။ တ႐ုတ္ႏွင့္႐ုရွားတို႔က ဟန္ခ်က္ညီညီ ဦးေဆာင္ေနျခင္းျဖစ္ၿပီး အေနာက္ဆန႔္က်င္ေရးအင္အားစုအျဖစ္ ရႈျမင္မႈမ်ား လည္းရွိသည္။ BRICS ၏ အဖြဲ႕ဝင္သစ္ျဖစ္ သည့္ အီရန္၊ အနာဂတ္တြင္အဖြဲ႕ဝင္သစ္ျဖစ္လာႏိုင္သည့္ ဘီလာ႐ုစ္ႏွင့္ က်ဴးဘားႏိုင္ငံတို႔သည္ အေနာက္ ဆန႔္က်င္ေရး အင္အားစုတစ္စုျဖစ္လာႏိုင္သည္ဆို သည့္ အယူအဆလည္း ရွိသည္။
သို႔ေသာ္ BRICS မွာ လက္ေတြ႕တြင္ အေနာက္ ဆန႔္က်င္ေရး အင္အားစုတစ္စုမျဖစ္ႏိုင္ပါ။ အီရန္ မွလြဲ၍ အဖြဲ႕ဝင္ႏိုင္ငံအားလုံးတို႔သည္ အေနာက္ႏွင့္ နီးကပ္သည့္ ဆက္ဆံေရးရွိၾကသည့္ ႏိုင္ငံမ်ားျဖစ္သည္။ အနာဂတ္တြင္ BRICS အဖြဲ႕ဝင္ျဖစ္လာႏိုင္သည့္ တူရကီ၊ ဗီယက္နမ္ စသည့္ ႏိုင္ငံမ်ားသည္ အေနာက္ဆန႔္ က်င္ေရးလို လားၾကသည့္ႏို င္ငံမ်ား မဟုတ္ပါ။ တူရကီသည္ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံျဖစ္သ ကဲ့သို႔ ဗီယက္နမ္သည္ အေမရိကန္၏ အဓိကကုန္ သြယ္ဖက္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ ေနာက္ဆုံးတြင္ BRICS အဖြဲ႕အတြင္း အေနာက္ဆန႔္က်င္ေရးလို လားၾကသည့္ႏိုင္ငံမ်ား အားေကာင္းလာသည့္တိုင္ေအာင္ အေနာက္အတြက္ အမွန္တကယ္ၿခိမ္းေျခာက္ ႏိုင္သည့္အေျခအေနမ်ိဳးအထိ မေရာက္ရွိႏိုင္ပါ။
မၾကာေသးမီက က်င္းပခဲ့သည့္ BRICS ထိပ္သီးအစည္းအေဝးတြင္ အေနာက္ႏိုင္ငံမ်ား၏ ဒဏ္ ခတ္ပိတ္ဆို႔မႈ ကိုေက်ာ္လႊားႏိုင္မည့္ နည္းလမ္းမ်ား၊ အေမရိကန္ေဒၚလာကို အန္တုႏိုင္မည့္ ႏိုင္ငံတကာ ေငြေပးေခ်မႈစနစ္အပါအဝင္ အေၾကာင္းအရာ အေတာ္မ်ားမ်ားကို ေဆြးေႏြးခဲ့သည္။ BRICS အဖြဲ႕အေနျဖင့္ အေမရိကန္ေဒၚလာအေပၚ မွီခိုေနရမႈ ကို ေလွ်ာ့ခ်ရန္လိုလားေနျခင္းျဖစ္သည္။ ထိုသို႔ျဖစ္ရ ျခင္းမွာလည္း မည္သည့္အဖြဲ႕ဝင္ႏိုင္ငံကမွ ကိုယ့္နည္း ကိုယ့္ဟန္ႏွင့္ ကိုယ္ အေမရိကန္ေဒၚလာအေပၚ မွီခိုေနမႈကို ေလွ်ာ့ခ်ႏိုင္စြမ္းမရွိျဖစ္ေနျခင္းပင္ျဖစ္သည္။ မူရင္းအဖြဲ႕ဝင္ႏိုင္ငံမ်ားအတြင္း မွာပင္ သေဘာတူညီ ခ်က္ရရန္ ခက္ခဲမႈမ်ားရွိေနရာ အဖြဲ႕ဝင္ႏိုင္ငံမ်ား အတြင္း တူညီဆႏၵရရွိရန္မွာ ပိုမို၍ပင္ခက္ခဲသည္။
အိႏၵိယႏိုင္ငံသည္ အဖြဲ႕ဝင္ႏိုင္ငံ အားလုံးနီးပါးႏွင့္ သဟဇာတျဖစ္ေကာင္းျဖစ္ပါလိမ့္မည္။ သို႔ေသာ္ အဖြဲ႕ဝင္ႏိုင္ငံ သစ္မ်ားအတြင္း သဟဇာတမျဖစ္မႈမ်ား ရွိေနပါသည္။ အီရန္ႏိုင္ငံသည္ အီဂ်စ္၊ ယူေအအီး ႏိုင္ငံတို႔ႏွင့္အျငင္းပြားမႈ မ်ားရွိသည္။ အီဂ်စ္ - အီသီ ယိုးပီးယား ဆက္ဆံေရးမွာလည္း တင္းမာေနသည္။ တ႐ုတ္ႏွင့္အိႏၵိယႏိုင္ငံၾကား တင္းမာမႈမွာ လည္း မၾကာေသးမီကပင္ ေလ်ာ့က်သြားခဲ့ရာ BRICS အဖြဲ႕ အတြက္ သတင္းေကာင္းတစ္ခုပင္ျဖစ္သည္။ သို႔ေသာ္လည္း တ႐ုတ္ႏွင့္အိႏၵိယႏိုင္ငံတို႔ၾကား ဆက္ဆံေရးမွာ တစ္ေန႔ေ႐ႊတစ္ေန႔ေငြဆိုသကဲ့သို႔ အခ်ိန္မေ႐ြး ထ၍ေပါက္ကြဲႏိုင္သည့္ မိုင္းတစ္လုံးႏွင့္တူေနသည္။ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ နယ္စပ္ေဒသ အျငင္းပြားႏွင့္အတူ ေတာင္အာရွ ေဒသတြင္လည္းေကာင္း၊ အိႏၵိယသမုဒၵရာေဒသတြင္လည္းေကာင္း ႏွစ္ႏိုင္ငံၿပိဳင္ဆိုင္မႈမ်ား ျပင္းထန္ႏိုင္သည္။ တ႐ုတ္ ႏိုင္ငံ၏ ပါကစၥတန္ႏိုင္ငံႏွင့္ နီးကပ္သည့္ မဟာမိတ္ ျဖစ္ေနမႈသည္ ႏွစ္ႏိုင္ငံဆက္ဆံေရးအေပၚ အခ်ိန္မေ႐ြး ထိခိုက္သြား ႏိုင္သည္။
BRICS သည္ ယခုအခါ အိႏၵိယႏိုင္ငံအတြက္ အေကာင္းဆုံးအေျခအေနတစ္ရပ္ ျဖစ္ေနသည္။ အိႏၵိ ယႏိုင္ငံအေနျဖင့္ ထပ္မံဝင္ေရာက္လာသည့္ အဖြဲ႕ဝင္ ႏိုင္ငံအခ်ိဳ႕ႏွင့္ လက္တြဲေဆာင္႐ြက္ေနၿပီး ႏိုင္ငံစုံႀကီး စိုးေရးဝါဒမွ သည္ Global South အထိ အိႏၵိယ အတြက္ ၿဂိဳဟ္စီးၿဂိဳဟ္ျမင္ ၿဂိဳဟ္ပူးေကာင္းေနသည့္ အခ်ိန္ဟု ဆိုရမည္ျဖစ္သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ အေနာက္ သို႔မဟုတ္ အေနာက္ မဟုတ္သည့္ ႏိုင္ငံ မ်ားႏွင့္ဆက္ဆံရာတြင္ ပိုမိုဟန္ခ်က္ညႇိႏိုင္မည့္ အခြင့္ အေရးတစ္ရပ္ရရွိေနရာ ယင္းအခြင့္အေရးကို ဖမ္း ဆုပ္အသုံးခ်ေနျခင္းလည္း ျဖစ္သည္။
တစ္ခ်ိန္တည္းမွာပင္ BRICS အဖြဲ႕သည္ အဖြဲ႕အတြင္းတြင္ စည္းလုံးမႈရရွိေစေရး ပိုမို႐ုန္းကန္ ႀကိဳးစားေန ရသည္ျဖစ္ရာ အေနာက္အတြက္ ႀကီးမားသည့္ ၿခိမ္းေျခာက္မႈ ျဖစ္ႏိုင္ေျခနည္းသည္။ အိႏၵိယႏိုင္ငံ အေနျဖင့္ အေနာက္ တစ္အုပ္စုတည္းျဖင့္ ပူးေပါင္းေရးကို မလိုလားသကဲ့သို႔ အေနာက္ဆန႔္က်င္ေရးအုပ္စုတြင္ ပါဝင္ေရးကိုလည္း လိုလား ျခင္းမရွိပါ။ က်င္းပၿပီးစီးခဲ့သည့္ BRICS ထိပ္သီးေဆြးေႏြးပြဲတြင္ အလြယ္တကူႏွင့္ ေအာင္ျမင္ႏိုင္မည့္အေၾကာင္း အရာမ်ားျဖစ္ သည့္ ရာသီဥတု ေျပာင္းလဲမႈ၊ အဆင့္ျမင့္ပညာေရး၊ ျပည္သူ႔က်န္းမာေရး၊ သိပၸံႏွင့္နည္းပညာစသည့္ ကိစၥရပ္မ်ားကို အဓိကထားေဆြးေႏြးခဲ့ၾကသည္။ အဆိုပါ ကိစၥရပ္မ်ားကို ပူးေပါင္းေဆာင္႐ြက္ျခင္းသည္ တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ ဆန႔္က်င္ရာမေရာက္သကဲ့သို႔ အေနာက္ကိုလည္း ဆန႔္က်င္ရာမေရာက္ပါ။ အိႏၵိယ ႏိုင္ငံအတြက္မူ စံနမူနာျပဳစရာ စီမံခန႔္ခြဲမႈတစ္ခု ျဖစ္သည္။ BRICS အဖြဲ႕အတြင္း ပူးေပါင္းေဆာင္႐ြက္မႈ မွန္သမွ်သည္ အေနာက္အတြက္ ေနမခ်ိထိုင္မသာ ျဖစ္ေစသည့္ကိစၥမ်ိဳး မဟုတ္ပါ။ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလ (၂၄) ရက္တြင္ ႐ုရွားႏိုင္ငံ ကာဇန္ ၿမိဳ႕တြင္က်င္းပခဲ့သည့္ BRICS ထိပ္သီးအစည္းအ ေဝးပြဲသည္ အေနာက္ႏိုင္ငံမ်ားအတြက္ အထူးအာ႐ုံစိုက္စရာ ျဖစ္ေစခဲ့သည္ကေတာ့ သံသယ ျဖစ္ဖြယ္ရာ မရွိေပ။
BRICS အဖြဲ႕အတြင္း အိႏၵိယႏိုင္ငံ၏ အာ႐ုံစိုက္မႈမွာ ဝင္႐ိုးစုံကမာၻထြန္းကားေရးႏွင့္ တန္းတူညီမွ်ရွိ ေသာ global governance ျဖစ္လာေစေရး ႀကိဳးပမ္းေဆာင္႐ြက္ေနျခင္းျဖစ္သည္။ အဆိုပါအခ်က္ကို အေမရိကန္ႏိုင္ငံကလည္း သတိျပဳမိသည္။ ရႈပ္ေထြးေနသည့္အခ်ိန္တြင္ အီရန္ကို အဖြဲ႕အတြင္း ထည့္သြင္းလိုက္ျခင္းသည္ အေမရိကန္ကို တိုက္႐ိုက္ ဆန႔္ က်င္ျခင္းမရွိဘဲ အိႏၵိယႏိုင္ငံအတြက္ ေဒသတြင္း ကိစၥရပ္မ်ားကို တည္ၿငိမ္ေအာင္ ေဆာင္႐ြက္ႏိုင္ သည့္ အခြင့္ အေရးတစ္ရပ္ ရရွိျခင္းပင္ျဖစ္သည္။ တစ္နည္းအားျဖင့္ အီရန္-အစၥေရး ပဋိပကၡျဖစ္ေန ခ်ိန္မ်ိဳးတြင္ အိႏၵိယႏိုင္ငံအတြက္ သံတမန္ေရးဟန္ ခ်က္ညႇိခြင့္ရရွိျခင္းပင္ ျဖစ္သည္။ BRICS အဖြဲ႕ဝင္ သစ္မ်ား တဖြဲဖြဲဝင္ေရာက္လာျခင္းသည္ အိႏၵိယအ တြက္ေရာ အေမရိကန္အတြက္ပါ စိတ္ဝင္စားစရာ ျဖစ္သည္။ ၿပီးခဲ့သည့္ BRICS ထိပ္သီးအစည္းအ ေဝးတြင္ ေျပာပေလာက္သည့္ရလဒ္မ်ား ထြက္မလာခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ ထိုကဲ့သို႔ေသာ ထိပ္သီး အစည္းအေဝးက်င္းပၿပီး အဖြဲ႕ဝင္သစ္မ်ား ထပ္မံထည့္သြင္းႏိုင္ခဲ့ျခင္းသည္ပင္လွ်င္ ႀကီးမားသည့္ ေအာင္ျမင္မႈတစ္ရပ္ဟု ဆိုႏိုင္သည္။