အမေရိကန် Deep State ကို ဖြိုလှဲမည့် ဒေါ်နယ်ထရမ့်၊ ဘယ်ပါတီတက်တက် အစိုးရအထက်မှာ ချုပ်ကိုင်နေတဲ့ လူပုဂ္ဂိုလ်-အဖွဲ့အစည်းဆိုတာ တကယ် ရှိသလား (ဘာသာပြန်ဆောင်းပါး)

 4420

Htay Oung (NP News) - နိုဝင်ဘာ ၁ဝ

၄င်းကို ပြန်လည်ရွေးချယ်ခဲ့ရင် အမေရိကန်နိုင်ငံရဲ့ Deep State ကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်လို့ ဒေါ်နယ် ထရမ့်က ကြုံးဝါးနေခဲ့တာ ရီပတ်ဘလစ်ကင်ပါတီရဲ့သမ္မတလောင်းအဖြစ် အမည်စာရင်းသတင်းများ မထွက်ပေါ်မီ လွန်ခဲ့တဲ့ နှစ်ကတည်းကပါ။

ဒီနေရာမှာ ကျွန်တော်တို့အတော်များများ နားလည်ထားကြတာ တစ်မျိုးပါ။ Deep State ဆိုတာ တိုင်းပြည် တစ်ခုမှာ ဘယ်အစိုးရတက်တက် ဒီအလုပ် ဒီပုံစံမျိုး ဖြစ်ကို ဖြစ်ရမယ်လို့ နောက်ကွယ်က ထိန်းချုပ်တဲ့ လူစုလို့ မှတ်ယူနေကြပါတယ်။ အေဗရာဟင်လင်ကွန်းနဲ့ ရောဘတ်ကနေဒီတို့လို သမ္မတရင့်မာကြီးတောင် လုပ်ကြံ သတ်ဖြတ်ခံရတဲ့ အမေရိကန်မှာဆိုရင် အိမ်ဖြူတော်ရဲ့အထက်မှာ Deep State ဆိုတဲ့ လူတစ်စုရှိကြောင်း၊ ဘယ်ပါတီ ဘယ်သူဘယ်ဝါရွေးကောက်ခံရသည်ဖြစ်စေ အဲဒီ Deep State ဆိုသူတွေ ခိုင်းစေတဲ့အတိုင်း လုပ်ကြရ ပြောကြရတယ်စသဖြင့် ရေးနေကြပါတယ်။
တစ်ချိုဆိုလျှင် ဒီမိုကရက်တစ်တို့နဲ့ ပလဲနံပသင့်သူ ဂျော့ဆိုးရော့စ်လို လူသိများ သြဇာကြီး ဘီလီယံနာသူဋ္ဌေးကြီးကို Deep State လို့ ပြောကြရေးနေကြပါတယ်။
ဒီအတွက် Deep State ဆိုတာ ရှိ-မရှိ ကျွန်တော် လက်လှမ်းမီသမျှ လိုက်လံရှာဖွေဖတ်ရှု့မိပါတယ်။ မသိတာ မှန်သမျှ အားမနာတမ်း မေးလို့ရတဲ့ Chat GPT (AI) ကို မိတ်ဆွေ ဖွဲ့လိုက်တဲ့အခါ၊ အလွန်ရှင်းလင်း ပြတ်သားတဲ့ အဖြေကို ရရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ "Deep State" ဆိုတာ အစိုးရရဲ့တရားဝင်အဆင့်ဆင့်မှာ မမြင်နိုင်တဲ့ အာဏာ ပိုင်လူ တစ်စု ရှိနေတယ်ဆိုတဲ့အယူအဆပါ။ အထူးသဖြင့် သွေးဆောင်၍မရသော အာဏာရှိသူများ၊ နိုင်ငံရေး အဖွဲ့အစည်း များနဲ့ အစိုးရအဖွဲ့များအတွင်းမှာ စိမ့်ဝင်နေတဲ့ လူတစ်စုရဲ့ လုပ်ဆောင်ချက်များကို ပြောဆိုခြင်းဖြစ်ပါတယ်။

သို့သော်လည်း Deep State ဆိုတဲ့ အယူအဆက အများအားဖြင့် အကောင်အထည်ဖော်ပြနိုင်ခြင်းမရှိတဲ့ မှန်းဆချက်တစ်ခုအဖြစ် စကားပြောဆိုရာမှာ အင်မတန် ခံတွင်းတွေ့စရာဖြစ်ပြီး၊ အစိုးရရဲ့အဖွဲ့အစည်းများဟာ အဲဒီလူတွေ စေခိုင်းတဲ့အတိုင်း ဦးလည်မသုန် လုပ်ဆောင်နေကြတယ်လို့ အများက ယုံကြည်နေကြပါတယ်။ ဒါကြောင့် "Deep State" ရဲ့တည်ရှိမှုအပေါ်မှာ အများပြည်သူတို့ရဲ့မှတ်ယူမှုနဲ့ဝေဖန်မှုတွေဟာ အမျိုးမျိုး ကွဲလွဲနေ ပြီး အကြောင်းအရာတွေကတော့ ပေါ်ထွက်နေဆဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရေးမှာ Deep State နဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်အပြင် အခြားသူများလည်း အခွင့်အခါသင့် သလို ပြောကြရေးခဲ့ကြပါတယ်။ ဖရန်ကလင်ရူးစ်ဗဲလ် ပထမအကြိမ် သမ္မတလက်ထက် ၁၉၃၃ ခုနှစ်ကတည်းက ဖြစ်လို့ နှစ် ၁၀၀ နီးပါးရှိနေပါပြီ

ဒေါ်နယ်ထရမ့်ကတော့ Argenda 47 အာဂျင်ဒါ ဖော်တီဆဲဗင်း “လုပ်ငန်းစဉ်-၄၇” လို့ ဆိုပါတယ်။ ရီပတ်ဘ လစ်ကင်ပါတီမှ ရွေးကောက်ခံ ၄၇-ဦးမြောက် အမေရိကန်သမ္မတရဲ့ အကောင်အထည်ဖော်မယ့် မူဝါဒများအဖြစ် မဲဆွယ်စည်းရုံးစဉ် Deep State ကို ဖြိုခွင်းမယ့် အကြောင်း ထည့်သွင်းဟောပြောခဲ့ပါတယ်။ လုပ်ငန်းစဉ် ၄၇ မှာ စီးပွားရေး၊ အခွန်အခများ၊ ကုန်သွယ်ရေး မှအစ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ လူဝင်မှုကြီးကြပ်ရေး၊ ကိုယ် ဝန် ဖျက်ချခွင့်အလယ် ယူကရိန်းနဲ့ နေတိုး၊ အစ္စရေး-ဂါဇာစစ်ပွဲတို့အဆုံး အမေရိကန်ပြည်သူတွေနဲ့ တိုက်ရိုက် သက်ဆိုင် နေတဲ့ အရေးကြီး ၁၀ ချက်ကို သူ ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ့်အကြောင်း ပါဝင်ပါတယ်။ အမှန်တော့ ပထမအကြိမ် သမ္မတတာဝန်ထမ်းဆောင်စဉ် ထရမ့်ရဲ့ လုပ်နည်းကိုင်ဟန်များအတိုင်းဖြစ်ပြီး ယခုပြန်လည် ရွေးကောက်ခံရပြီမို့ ၂-ဆတိုးပြီး လုပ်မယ့်သဘော မြင်နေရပါတယ်။

ဒီနေရာမှာ Deep State ဆိုတာ အစိုးရအဖွဲ့အစည်းတစ်ရပ်ရဲ့အောက်ခြေမှာရှိတဲ့ အခွင့်အာဏာသုံးစွဲပိုင်ခွင့် ရှိသူတွေ၊ အစိုးရနဲ့ လူထုအကြား သာမာန်လူတွေမမြင်နိုင်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ဆိုလိုပါတယ်။ အမေရိကန်မှာ ယေဘူယျအားဖြင့် Deep State ဆိုတာ စီအိုင်အေ (CIA)၊ အက်ဖ်ဘီအိုင် (FBI) လုပ်ပိုင်ခွင့် အတော်များများ အပ်နှင်းခံရတဲ့ အစိုးရအဖွဲ့အစည်းများ၊ သမ္မတရုံး အမှု့ဆောင်အဖွဲ့ရဲ့နောက်ကွယ်မှာရှိပြီး အဖွဲ့ အပေါ် သြဇာပေးနိုင်တဲ့ လူပုဂ္ဂိုလ်-အဖွဲ့အစည်းများကို ပြောလိုရင်းဖြစ်ပါတယ်။
ကျွန်တော်များ ထင်မှတ်နေကြသလို သမ္မတနဲ့ လွှတ်တော်များရဲ့ အထက်မှာ မမြင်ရတဲ့ လူပုဂ္ဂိုလ်များလို့ ဆိုလို ခြင်း မဟုတ်။ အစိုးရအဖွဲ့ရဲ့ အောက်ခြေမှာ ရှိပြီး အစိုးရနဲ့ လူထုအကြား တိုက်ရိုက်/သွယ်ဝှိုက်ဆက်ဆံနေကြ သူများ ဖြစ်ပါတယ်။
တကယ်တော့ အဲ့ဒီလူတွေကို အစိုးရကိုယ်တိုင်ကပဲ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့ မြန်မာများ နားလည် ထားကြတဲ့ “စာအုပ်ကြီးသမား-ဗျူရိုကရက်များ” နဲ့ ခပ်ဆင်ဆင်တူပါတယ်။
ဥပမာအားဖြင့် အမေရိကန် ဖက်ဒရယ်ဘဏ် (ဗဟိုဘဏ်) ဥက္ကဌ “ဂျရုန်း ပါလ်” Jerome Powell ဆိုလျှင် သူ့ကို ဒေါ်နယ်ထရမ့်ကပဲ ခန့်အပ်ခဲ့တာပါတယ်။ ဒါပေမယ့် ဒေါ်လာငွေကြေးဖောင်းပွခြင်းအတွက် ဘဏ်တိုးနှုန်းကိစ္စမှာ သမ္မတ ခိုင်းတိုင်း သူ မလုပ်ပါ။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာလည်း ဖက်ဒရယ်ဘဏ် ဥက္ကဌဖြစ်နေသူ ဂျရုန်းပါလ်ဟာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် အလုပ်ဖြုတ် ခံရမယ့်သူ စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ Deep State ဖြိုလှဲရေးအစီအစဉ်မှာ ဖြုတ်ထုတ်သတ်ပေးဖို့ ဝန်ကြီးအဆင့် ရာထူးတစ်နေရာ ရရှိမယ့်သူက စတားလင့်နဲ့ တက်စ်လာကုမ္မဏီသူဌေးကြီး အယ်လွန်မာ့စ် ဖြစ်ပါတယ်။ ဂျရုန်းပါလ်ကလည်း သူ့ကို ဖြုတ်ရဲ ဖြုတ်ကြည့် တရားရုံးနဲ့ တွေ့သွားမယ်လို့ ပြန်ပက်နေပါတယ်။
Deep State မှာ အစိုးရနဲ့ ပြည်သူအကြား အဖွဲ့အစည်းများဆိုတာ သြဇာကြီး သတင်းမီဒီယာသမားများလည်း ပါဝင်နေပါတယ်။ ယခင် ပထမသက်တမ်းတုန်းတည်းက မီဒီယာအတော်များများဟာ ထရမ့်နဲ့ မျက်နှာကြော မ တည့်ပါ။ သူတို့ကို ကိုင်တွယ်ဖို့ဆိုတာ တရားသူကြီးချုပ်- ရှေ့နေချုပ်တို့ထက် ပိုခက်ပါလိမ့်မယ်။
အာဂျင်ဒါ ဖော်တီဆဲဗင်း ကို ထောက်ခံသူတွေကလည်း စာအုပ်ကြီးသမား ဗျူရိုကရက် Deep State တွေ ရှိနေ သရွေ့ ရွေးကောက်ခံ သမ္မတဆိုတဲ့သူက ဘာမှ လုပ်လို့မရ အကောင်အထည်ဖော်လို့ ရမှာ မဟုတ်ဖူးလို့ ပြော နေကြပါတယ်။ ဆန့်ကျင်သူတွေကလည်း အဲ့ဒီလိုလုပ်ရင် သမ္မတဆိုတဲ့သူက သြဇာပါဝါပြသလိုဖြစ်ပြီး “အာ ဏာရှင်” ဖြစ်သွားပြီလို့ လက်မခံနိုင်ပဲ ရှိကြတယ်။ နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်မှာ “ဖော်လံဖား လူတစ်စု” ကို ထည့်သွင်းချင်နေတယ်လို့ စွပ်စွဲကြပါတယ်။

အမေရိကန်ဟာ စစ်လက်နက်ရောင်းချရာမှာ ကမ္ဘာ့နံပါတ်-၁ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဂျီဒီပီ ရာနှုန်းတစ်ခုကလဲ လက်နက်ရောင်းချခြင်းမှ ရရှိနေပါတယ်။ နိုင်ငံ့ ဝင်ငွေတိုးတက်မှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေပါတယ်။ အမေရိကန်အစိုးရ၊ ကွန်ဂရက်လွှတ်တော်နဲ့ တစ်ချို့သော ပုဂ္ဂလိကကုမ္ပဏီများဟာ စစ်ရေးနည်းပညာ၊ လက် နက်ခဲယမ်း၊ တိုက်လေယာဉ်နဲ့ စစ်သင်္ဘောများအပြင် ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့အခြားနိုင်ငံများသို့ ရောင်းချ ရာမှာ ပါဝင်နေကြပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်အစိုးရအဆက်ဆက်တို့ဟာ ကမ္ဘာပတ်ပြီး စစ်မီးမွှေး နေကြသလား ထင်ကြရခြင်း ဖြစ်ပါလိမ့်မယ်။

ယခုနှစ်အတွင်း ဒေါ်နယ်ထရမ့်ဟာ ၃ ကြိမ်တိုင် လုပ်ကြံရန် အားထုတ်ခြင်း ခံရပါတယ်။ ပထမအကြိမ်မှာ ပင် ဆယ်ဗေးနီးယားပြည်နယ် မဲဆွယ်နေစဉ် စင်မြင့်ပေါ်မှာ AR-15 ရိုင်ဖယ်နဲ့ ၈-ချက်တိတိ ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ထရမ့်ရဲ့ ညာနားရွက်အပေါ်ပိုင်းမှာ ဒဏ်ရာရရှိသွားပါတယ်။ ၁၉၈၁-ခုနှစ် သမ္မတရော်နယ်ရီဂင်ကို လုပ်ကြံရန် အားထုတ်မှုနောက်ပိုင်း အမေရိကန်လျှို့ဝှက်ဌာနရဲ့ အကြီးမားဆုံး ပျက်ကွက်မှုလို့ သတ်မှတ်ကြပါတယ်။ ပရိဿတ် ၁-ဦး သေဆုံးပြီး အခြား ၂-ဦး ဒဏ်ရာ ရရှိပါတယ်။ အသက် ၂၀ အရွယ်လုပ်ကြံသူ အမျိုးသားကို လုံခြုံရေးများက ပစ်သတ်လိုက်ပါတယ်။ သူ့ရဲ့ရုပ်အလောင်းမှာ အဝေးထိန်းကိရိယာတစ်ခု တပ်ဆင်ထားပြီး သူ့ရဲ့နေအိမ်မှာလည်း ဗုံးပြုလုပ်တဲ့ ပစ္စည်းများကို တွေ့ရှိရပါတယ်။ သူဟာ သမ္မတဂျိုးဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာ ၁၇-နှစ်သာ ရှိသေးပြီး အဲဒီနေ့မှာ ဒီမိုကရက်တစ်ပါတီကို အွန်လိုင်းမှ ၁၅ ဒေါ်လာ လှူဒါန်း ခဲ့ဖူးတာကလွဲရင် ထူးခြားတဲ့ နိုင်ငံရေးလှုပ်ရှားမှု မရှိပဲ လုပ်ကြံရာမှာ အသုံးပြုတဲ့သေနတ်ဟာ သူ့ဖခင်ရဲ့ တရား ဝင်ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ၂၀၂၂-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ကြိမ်သာ မဲပေးဖူးပြီး မဲစာရင်းမှာလည်း ရီပတ်ဘလစ်ကင်တစ်ဦးအဖြစ် မှတ်ပုံတင်ထားကြောင်း တွေ့ရှိရပါတယ်။

ဒုတိယအကြိမ်နဲ့ တတိယအကြိမ် လုပ်ကြံရန် ကြိုးစားသူများကတော့ အီရန်ရဲ့ လက်ချက်ဖြစ်ကြောင်း FBI က စစ်ဆေးတွေ့ရှိပါတယ်။ ၂၀၂၀-ပြည့်နှစ် အီရန်အစ္စလာမ်မစ်တော်လှန်အစောင့်တပ်၊ ပြည်ပတိုက်ခိုက်ရေး တပ် မှူး “ကာဆင်စူလမန်နီ” ဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ အီရန်ဥသျှောင် အလီခါမေနီရဲ့ ညာလက်ရုန်း၊ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များကို နှောက်ယှက် နေသူ၊ ဟဇ်ဘိုလာတို့ကို လေ့ကျင့်ပေးနေသူ အီရန်တပ်မှူးကို ဒရုန်းလေယာဉ်မှ ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်လွှတ် သတ်ဖြတ်ရန် အမိန့်ပေးသူက အဲ့ဒီအချိန် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ပဲဖြစ်ပါတယ်။ ယခုရွေးကောက်ပွဲမှာ ထရမ့်ရှူံးမယ်လို့ တွက်ထားပြီး ရွေးကောက်ပွဲကာလ လုပ်ကြံမယ့် အစီအစဉ်များကို ခေတ္တရပ်နားထားပေမယ့် ပြီးတာနဲ့ ဆက်လက်ကြိုးစားဖို့ ပြင်ဆင်ထားတယ်လို့ FBI က ပြောပါတယ်။ အီရန်ကတော့ အဲ့ဒီစွပ်စွဲချက်တွေ မမှန်ဘူးလို့ ငြင်းဆိုပါတယ်။

ခြုံငုံကြည့်ရင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ပြည်တွင်းပြည်ပ ရန်သူများ ဝိုင်းဝိုင်းလည်နေကြောင်း သိ သာပါတယ်။ ဒီလိုအချိန်မျိုးမှာ Deep State တစ်ခုဖြစ်တဲ့ CIA ကို ဖြုတ်ထုတ်သတ်ဖို့ဆိုတာ ထရမ့်အတွက် အလွန်အတိမ်းအစောင်း မခံတဲ့ ကိစ္စဖြစ်ပါတယ်။ CIA အကြီးအကဲကို ထရမ့်က ခန့်အပ်ရမှာ မှန်ပါတယ်။ ဒါပေမယ့် CIA ဟာ သမ္မတအပေါ် သစ္စာခံရန် မလိုပဲ သူ့လုပ်နည်းကိုင်ဟန် သူ့ပဋိညာဉ်အတိုင်း လုပ်ကိုင် ဆောင်ရွက်နေပါ တယ်။ အလားတူ တရားရေးဌာန၊ ဗဟိုဘဏ်၊ FBI စတဲ့ အဖွဲ့အစည်းများဟာ သူတို့ရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိပါတယ်။
သမ္မတအနေနဲ့ မကျေနပ်ရင် သူတို့ကို ဆင့်ခေါ်ပြီး ဥပဒေနဲ့ ညီ-မညီ မေးမြန်းစစ်ဆေးပေးဖို့ ကွန်ဂရက်လွှတ် တော်ကော်မတီကို တင်ပြနိုင်ပါတယ်။ အမေရိကန်ဟာ လွတ်လပ်စွာ ပြောဆိုခွင့် ဆန္ဒဖော်ထုတ်ခွင့်အတွက် ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်း အာမခံထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ထင်မှတ်မှားနေကြသလို ဘယ်ပါတီပဲ အာဏာရရ ဒီပုံစံ ဒီအတိုင်းပဲ လုပ်ကိုင် ဆောင် ရွက်ဖို့ သမ္မတနဲ့ အစိုးရအဖွဲ့ကို ကြိုးကိုင်နေတဲ့ Deep State ဆိုတာမျိုးတော့ အမေရိကန်မှာ မရှိပါ၊ အမေရိ ကန်မှာသာမက ဘယ်တိုင်းပြည်မှလည်း မရှိနိုင်ပဲ ရုပ်ပြယုံသက်သက် အဖေက သားကို ရာထူးလွှဲပြောင်းပေးတဲ့ အာဏာရှင်တိုင်းပြည်များမှာသာ တွေ့ရဖွယ်ရှိပါတယ်
ဒေါ်နယ် ထရမ့်ပြောတဲ့ Deep State ဆိုတာကလည်း ရွေးကောက်ခံအစိုးရရဲ့ မဲဆွယ်ပွဲကတိများအတိုင်း အကောင်အထည်ဖော် ဖြည့်ဆည်းပေးမယ့် အိမ်ဖြူတော်နဲ့ မဲဆန္ဒရှင်များအကြား မြင်ရ မမြင်ရ လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများကိုသာ ဆိုလိုပါတယ်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
#ဒေါ်နယ်ထရမ့် #Deep_State #အယ်လွန်မာ့စ် #ဂျရုန်းပါလ် #FBI #CIA #အမေရိကန်ဖက်ဒရယ်ဘဏ်

Zawgyi Version;
အေမရိကန္ Deep State ကို ၿဖိဳလွဲမည့္ ေဒၚနယ္ထရမ့္၊ ဘယ္ပါတီတက္တက္ အစိုးရအထက္မွာ ခ်ဳပ္ကိုင္ေနတဲ့ လူပုဂၢိဳလ္-အဖြဲ႕အစည္းဆိုတာ တကယ္ ရွိသလား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ႏိုဝင္ဘာ ၁ဝ

၄င္းကို ျပန္လည္ေ႐ြးခ်ယ္ခဲ့ရင္ အေမရိကန္ႏိုင္ငံရဲ႕ Deep State ကို တစ္စစီျဖစ္ေအာင္ လုပ္ပစ္မယ္လို႔ ေဒၚနယ္ ထရမ့္က ႀကဳံးဝါးေနခဲ့တာ ရီပတ္ဘလစ္ကင္ပါတီရဲ႕သမၼတေလာင္းအျဖစ္ အမည္စာရင္းသတင္းမ်ား မထြက္ေပၚမီ လြန္ခဲ့တဲ့ ႏွစ္ကတည္းကပါ။

ဒီေနရာမွာ ကြၽန္ေတာ္တို႔အေတာ္မ်ားမ်ား နားလည္ထားၾကတာ တစ္မ်ိဳးပါ။ Deep State ဆိုတာ တိုင္းျပည္ တစ္ခုမွာ ဘယ္အစိုးရတက္တက္ ဒီအလုပ္ ဒီပုံစံမ်ိဳး ျဖစ္ကို ျဖစ္ရမယ္လို႔ ေနာက္ကြယ္က ထိန္းခ်ဳပ္တဲ့ လူစုလို႔ မွတ္ယူေနၾကပါတယ္။ ေအဗရာဟင္လင္ကြန္းနဲ႔ ေရာဘတ္ကေနဒီတို႔လို သမၼတရင့္မာႀကီးေတာင္ လုပ္ႀကံ သတ္ျဖတ္ခံရတဲ့ အေမရိကန္မွာဆိုရင္ အိမ္ျဖဴေတာ္ရဲ႕အထက္မွာ Deep State ဆိုတဲ့ လူတစ္စုရွိေၾကာင္း၊ ဘယ္ပါတီ ဘယ္သူဘယ္ဝါေ႐ြးေကာက္ခံရသည္ျဖစ္ေစ အဲဒီ Deep State ဆိုသူေတြ ခိုင္းေစတဲ့အတိုင္း လုပ္ၾကရ ေျပာၾကရတယ္စသျဖင့္ ေရးေနၾကပါတယ္။
တစ္ခ်ိဳဆိုလွ်င္ ဒီမိုကရက္တစ္တို႔နဲ႔ ပလဲနံပသင့္သူ ေဂ်ာ့ဆိုးေရာ့စ္လို လူသိမ်ား ၾသဇာႀကီး ဘီလီယံနာသူေ႒းႀကီးကို Deep State လို႔ ေျပာၾကေရးေနၾကပါတယ္။
ဒီအတြက္ Deep State ဆိုတာ ရွိ-မရွိ ကြၽန္ေတာ္ လက္လွမ္းမီသမွ် လိုက္လံရွာေဖြဖတ္ရႈ႕မိပါတယ္။ မသိတာ မွန္သမွ် အားမနာတမ္း ေမးလို႔ရတဲ့ Chat GPT (AI) ကို မိတ္ေဆြ ဖြဲ႕လိုက္တဲ့အခါ၊ အလြန္ရွင္းလင္း ျပတ္သားတဲ့ အေျဖကို ရရွိခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ "Deep State" ဆိုတာ အစိုးရရဲ႕တရားဝင္အဆင့္ဆင့္မွာ မျမင္ႏိုင္တဲ့ အာဏာ ပိုင္လူ တစ္စု ရွိေနတယ္ဆိုတဲ့အယူအဆပါ။ အထူးသျဖင့္ ေသြးေဆာင္၍မရေသာ အာဏာရွိသူမ်ား၊ ႏိုင္ငံေရး အဖြဲ႕အစည္း မ်ားနဲ႔ အစိုးရအဖြဲ႕မ်ားအတြင္းမွာ စိမ့္ဝင္ေနတဲ့ လူတစ္စုရဲ႕ လုပ္ေဆာင္ခ်က္မ်ားကို ေျပာဆိုျခင္းျဖစ္ပါတယ္။

သို႔ေသာ္လည္း Deep State ဆိုတဲ့ အယူအဆက အမ်ားအားျဖင့္ အေကာင္အထည္ေဖာ္ျပႏိုင္ျခင္းမရွိတဲ့ မွန္းဆခ်က္တစ္ခုအျဖစ္ စကားေျပာဆိုရာမွာ အင္မတန္ ခံတြင္းေတြ႕စရာျဖစ္ၿပီး၊ အစိုးရရဲ႕အဖြဲ႕အစည္းမ်ားဟာ အဲဒီလူေတြ ေစခိုင္းတဲ့အတိုင္း ဦးလည္မသုန္ လုပ္ေဆာင္ေနၾကတယ္လို႔ အမ်ားက ယုံၾကည္ေနၾကပါတယ္။ ဒါေၾကာင့္ "Deep State" ရဲ႕တည္ရွိမႈအေပၚမွာ အမ်ားျပည္သူတို႔ရဲ႕မွတ္ယူမႈနဲ႔ေဝဖန္မႈေတြဟာ အမ်ိဳးမ်ိဳး ကြဲလြဲေန ၿပီး အေၾကာင္းအရာေတြကေတာ့ ေပၚထြက္ေနဆဲျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံေရးမွာ Deep State နဲ႔ ပတ္သက္ၿပီး ေဒၚနယ္ထရမ့္အျပင္ အျခားသူမ်ားလည္း အခြင့္အခါသင့္ သလို ေျပာၾကေရးခဲ့ၾကပါတယ္။ ဖရန္ကလင္႐ူးစ္ဗဲလ္ ပထမအႀကိမ္ သမၼတလက္ထက္ ၁၉၃၃ ခုႏွစ္ကတည္းက ျဖစ္လို႔ ႏွစ္ ၁၀၀ နီးပါးရွိေနပါၿပီ

ေဒၚနယ္ထရမ့္ကေတာ့ Argenda 47 အာဂ်င္ဒါ ေဖာ္တီဆဲဗင္း “လုပ္ငန္းစဥ္-၄၇” လို႔ ဆိုပါတယ္။ ရီပတ္ဘ လစ္ကင္ပါတီမွ ေ႐ြးေကာက္ခံ ၄၇-ဦးေျမာက္ အေမရိကန္သမၼတရဲ႕ အေကာင္အထည္ေဖာ္မယ့္ မူဝါဒမ်ားအျဖစ္ မဲဆြယ္စည္း႐ုံးစဥ္ Deep State ကို ၿဖိဳခြင္းမယ့္ အေၾကာင္း ထည့္သြင္းေဟာေျပာခဲ့ပါတယ္။ လုပ္ငန္းစဥ္ ၄၇ မွာ စီးပြားေရး၊ အခြန္အခမ်ား၊ ကုန္သြယ္ေရး မွအစ ကမာၻ႔ရာသီဥတုေျပာင္းလဲမႈ၊ လူဝင္မႈႀကီးၾကပ္ေရး၊ ကိုယ္ ဝန္ ဖ်က္ခ်ခြင့္အလယ္ ယူကရိန္းနဲ႔ ေနတိုး၊ အစၥေရး-ဂါဇာစစ္ပြဲတို႔အဆုံး အေမရိကန္ျပည္သူေတြနဲ႔ တိုက္႐ိုက္ သက္ဆိုင္ ေနတဲ့ အေရးႀကီး ၁၀ ခ်က္ကို သူ ဘယ္လိုကိုင္တြယ္ေျဖရွင္းမယ့္အေၾကာင္း ပါဝင္ပါတယ္။ အမွန္ေတာ့ ပထမအႀကိမ္ သမၼတတာဝန္ထမ္းေဆာင္စဥ္ ထရမ့္ရဲ႕ လုပ္နည္းကိုင္ဟန္မ်ားအတိုင္းျဖစ္ၿပီး ယခုျပန္လည္ ေ႐ြးေကာက္ခံရၿပီမို႔ ၂-ဆတိုးၿပီး လုပ္မယ့္သေဘာ ျမင္ေနရပါတယ္။

ဒီေနရာမွာ Deep State ဆိုတာ အစိုးရအဖြဲ႕အစည္းတစ္ရပ္ရဲ႕ေအာက္ေျခမွာရွိတဲ့ အခြင့္အာဏာသုံးစြဲပိုင္ခြင့္ ရွိသူေတြ၊ အစိုးရနဲ႔ လူထုအၾကား သာမာန္လူေတြမျမင္ႏိုင္တဲ့ လူပုဂၢိဳလ္အဖြဲ႕အစည္းမ်ားကို ဆိုလိုပါတယ္။ အေမရိကန္မွာ ေယဘူယ်အားျဖင့္ Deep State ဆိုတာ စီအိုင္ေအ (CIA)၊ အက္ဖ္ဘီအိုင္ (FBI) လုပ္ပိုင္ခြင့္ အေတာ္မ်ားမ်ား အပ္ႏွင္းခံရတဲ့ အစိုးရအဖြဲ႕အစည္းမ်ား၊ သမၼတ႐ုံး အမႈ႕ေဆာင္အဖြဲ႕ရဲ႕ေနာက္ကြယ္မွာရွိၿပီး အဖြဲ႕ အေပၚ ၾသဇာေပးႏိုင္တဲ့ လူပုဂၢိဳလ္-အဖြဲ႕အစည္းမ်ားကို ေျပာလိုရင္းျဖစ္ပါတယ္။
ကြၽန္ေတာ္မ်ား ထင္မွတ္ေနၾကသလို သမၼတနဲ႔ လႊတ္ေတာ္မ်ားရဲ႕ အထက္မွာ မျမင္ရတဲ့ လူပုဂၢိဳလ္မ်ားလို႔ ဆိုလို ျခင္း မဟုတ္။ အစိုးရအဖြဲ႕ရဲ႕ ေအာက္ေျခမွာ ရွိၿပီး အစိုးရနဲ႔ လူထုအၾကား တိုက္႐ိုက္/သြယ္ဝႈိက္ဆက္ဆံေနၾက သူမ်ား ျဖစ္ပါတယ္။
တကယ္ေတာ့ အဲ့ဒီလူေတြကို အစိုးရကိုယ္တိုင္ကပဲ ခန႔္အပ္ခဲ့ျခင္းျဖစ္ၿပီး ကြၽန္ေတာ္တို႔ ျမန္မာမ်ား နားလည္ ထားၾကတဲ့ “စာအုပ္ႀကီးသမား-ဗ်ဴ႐ိုကရက္မ်ား” နဲ႔ ခပ္ဆင္ဆင္တူပါတယ္။
ဥပမာအားျဖင့္ အေမရိကန္ ဖက္ဒရယ္ဘဏ္ (ဗဟိုဘဏ္) ဥကၠဌ “ဂ်႐ုန္း ပါလ္” Jerome Powell ဆိုလွ်င္ သူ႔ကို ေဒၚနယ္ထရမ့္ကပဲ ခန႔္အပ္ခဲ့တာပါတယ္။ ဒါေပမယ့္ ေဒၚလာေငြေၾကးေဖာင္းပြျခင္းအတြက္ ဘဏ္တိုးႏႈန္းကိစၥမွာ သမၼတ ခိုင္းတိုင္း သူ မလုပ္ပါ။ လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒင္လက္ထက္မွာလည္း ဖက္ဒရယ္ဘဏ္ ဥကၠဌျဖစ္ေနသူ ဂ်႐ုန္းပါလ္ဟာ ေဒၚနယ္ထရမ့္ သမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ အလုပ္ျဖဳတ္ ခံရမယ့္သူ စာရင္းမွာ ထိပ္ဆုံးက ပါဝင္ေနပါတယ္။
ေဒၚနယ္ထရမ့္ရဲ႕ Deep State ၿဖိဳလွဲေရးအစီအစဥ္မွာ ျဖဳတ္ထုတ္သတ္ေပးဖို႔ ဝန္ႀကီးအဆင့္ ရာထူးတစ္ေနရာ ရရွိမယ့္သူက စတားလင့္နဲ႔ တက္စ္လာကုမၼဏီသူေဌးႀကီး အယ္လြန္မာ့စ္ ျဖစ္ပါတယ္။ ဂ်႐ုန္းပါလ္ကလည္း သူ႔ကို ျဖဳတ္ရဲ ျဖဳတ္ၾကည့္ တရား႐ုံးနဲ႔ ေတြ႕သြားမယ္လို႔ ျပန္ပက္ေနပါတယ္။
Deep State မွာ အစိုးရနဲ႔ ျပည္သူအၾကား အဖြဲ႕အစည္းမ်ားဆိုတာ ၾသဇာႀကီး သတင္းမီဒီယာသမားမ်ားလည္း ပါဝင္ေနပါတယ္။ ယခင္ ပထမသက္တမ္းတုန္းတည္းက မီဒီယာအေတာ္မ်ားမ်ားဟာ ထရမ့္နဲ႔ မ်က္ႏွာေၾကာ မ တည့္ပါ။ သူတို႔ကို ကိုင္တြယ္ဖို႔ဆိုတာ တရားသူႀကီးခ်ဳပ္- ေရွ႕ေနခ်ဳပ္တို႔ထက္ ပိုခက္ပါလိမ့္မယ္။
အာဂ်င္ဒါ ေဖာ္တီဆဲဗင္း ကို ေထာက္ခံသူေတြကလည္း စာအုပ္ႀကီးသမား ဗ်ဴ႐ိုကရက္ Deep State ေတြ ရွိေန သေ႐ြ႕ ေ႐ြးေကာက္ခံ သမၼတဆိုတဲ့သူက ဘာမွ လုပ္လို႔မရ အေကာင္အထည္ေဖာ္လို႔ ရမွာ မဟုတ္ဖူးလို႔ ေျပာ ေနၾကပါတယ္။ ဆန႔္က်င္သူေတြကလည္း အဲ့ဒီလိုလုပ္ရင္ သမၼတဆိုတဲ့သူက ၾသဇာပါဝါျပသလိုျဖစ္ၿပီး “အာ ဏာရွင္” ျဖစ္သြားၿပီလို႔ လက္မခံႏိုင္ပဲ ရွိၾကတယ္။ ႏိုင္ငံေတာ္ အုပ္ခ်ဳပ္ေရးယႏၲရားအဆင့္ဆင့္မွာ “ေဖာ္လံဖား လူတစ္စု” ကို ထည့္သြင္းခ်င္ေနတယ္လို႔ စြပ္စြဲၾကပါတယ္။

အေမရိကန္ဟာ စစ္လက္နက္ေရာင္းခ်ရာမွာ ကမာၻ႔နံပါတ္-၁ ျဖစ္ပါတယ္။ တိုင္းျပည္ရဲ႕ ဂ်ီဒီပီ ရာႏႈန္းတစ္ခုကလဲ လက္နက္ေရာင္းခ်ျခင္းမွ ရရွိေနပါတယ္။ ႏိုင္ငံ့ ဝင္ေငြတိုးတက္မႈမွာ အေရးႀကီးတဲ့ အစိတ္အပိုင္းျဖစ္ေနပါတယ္။ အေမရိကန္အစိုးရ၊ ကြန္ဂရက္လႊတ္ေတာ္နဲ႔ တစ္ခ်ိဳ႕ေသာ ပုဂၢလိကကုမၸဏီမ်ားဟာ စစ္ေရးနည္းပညာ၊ လက္ နက္ခဲယမ္း၊ တိုက္ေလယာဥ္နဲ႔ စစ္သေဘၤာမ်ားအျပင္ ဆက္စပ္ပစၥည္းမ်ားကို ကမာၻ႔အျခားႏိုင္ငံမ်ားသို႔ ေရာင္းခ် ရာမွာ ပါဝင္ေနၾကပါတယ္။ ဒါ့ေၾကာင့္လည္း အေမရိကန္အစိုးရအဆက္ဆက္တို႔ဟာ ကမာၻပတ္ၿပီး စစ္မီးေမႊး ေနၾကသလား ထင္ၾကရျခင္း ျဖစ္ပါလိမ့္မယ္။

ယခုႏွစ္အတြင္း ေဒၚနယ္ထရမ့္ဟာ ၃ ႀကိမ္တိုင္ လုပ္ႀကံရန္ အားထုတ္ျခင္း ခံရပါတယ္။ ပထမအႀကိမ္မွာ ပင္ ဆယ္ေဗးနီးယားျပည္နယ္ မဲဆြယ္ေနစဥ္ စင္ျမင့္ေပၚမွာ AR-15 ႐ိုင္ဖယ္နဲ႔ ၈-ခ်က္တိတိ ပစ္ခတ္ခံရျခင္း ျဖစ္ၿပီး ထရမ့္ရဲ႕ ညာနား႐ြက္အေပၚပိုင္းမွာ ဒဏ္ရာရရွိသြားပါတယ္။ ၁၉၈၁-ခုႏွစ္ သမၼတေရာ္နယ္ရီဂင္ကို လုပ္ႀကံရန္ အားထုတ္မႈေနာက္ပိုင္း အေမရိကန္လွ်ိဳ႕ဝွက္ဌာနရဲ႕ အႀကီးမားဆုံး ပ်က္ကြက္မႈလို႔ သတ္မွတ္ၾကပါတယ္။ ပရိႆတ္ ၁-ဦး ေသဆုံးၿပီး အျခား ၂-ဦး ဒဏ္ရာ ရရွိပါတယ္။ အသက္ ၂၀ အ႐ြယ္လုပ္ႀကံသူ အမ်ိဳးသားကို လုံၿခဳံေရးမ်ားက ပစ္သတ္လိုက္ပါတယ္။ သူ႔ရဲ႕႐ုပ္အေလာင္းမွာ အေဝးထိန္းကိရိယာတစ္ခု တပ္ဆင္ထားၿပီး သူ႔ရဲ႕ေနအိမ္မွာလည္း ဗုံးျပဳလုပ္တဲ့ ပစၥည္းမ်ားကို ေတြ႕ရွိရပါတယ္။ သူဟာ သမၼတဂ်ိဳးဘိုင္ဒင္ က်မ္းသစၥာ က်ိန္ဆိုတဲ့ေန႔မွာ ၁၇-ႏွစ္သာ ရွိေသးၿပီး အဲဒီေန႔မွာ ဒီမိုကရက္တစ္ပါတီကို အြန္လိုင္းမွ ၁၅ ေဒၚလာ လႉဒါန္း ခဲ့ဖူးတာကလြဲရင္ ထူးျခားတဲ့ ႏိုင္ငံေရးလႈပ္ရွားမႈ မရွိပဲ လုပ္ႀကံရာမွာ အသုံးျပဳတဲ့ေသနတ္ဟာ သူ႔ဖခင္ရဲ႕ တရား ဝင္ပိုင္ဆိုင္မႈ ျဖစ္ပါတယ္။ ၂၀၂၂-ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ တစ္ႀကိမ္သာ မဲေပးဖူးၿပီး မဲစာရင္းမွာလည္း ရီပတ္ဘလစ္ကင္တစ္ဦးအျဖစ္ မွတ္ပုံတင္ထားေၾကာင္း ေတြ႕ရွိရပါတယ္။

ဒုတိယအႀကိမ္နဲ႔ တတိယအႀကိမ္ လုပ္ႀကံရန္ ႀကိဳးစားသူမ်ားကေတာ့ အီရန္ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္း FBI က စစ္ေဆးေတြ႕ရွိပါတယ္။ ၂၀၂၀-ျပည့္ႏွစ္ အီရန္အစၥလာမ္မစ္ေတာ္လွန္အေစာင့္တပ္၊ ျပည္ပတိုက္ခိုက္ေရး တပ္ မႉး “ကာဆင္စူလမန္နီ” ဟာ အီရတ္ႏိုင္ငံ ဘဂၢဒက္ေလဆိပ္မွာ လုပ္ႀကံသတ္ျဖတ္ခံရပါတယ္။ အီရန္ဥေသွ်ာင္ အလီခါေမနီရဲ႕ ညာလက္႐ုန္း၊ အာဖဂန္နစၥတန္၊ အီရတ္နဲ႔ ဆီးရီးယားရွိ အေမရိကန္တပ္ဖြဲ႕မ်ားကို ေႏွာက္ယွက္ ေနသူ၊ ဟဇ္ဘိုလာတို႔ကို ေလ့က်င့္ေပးေနသူ အီရန္တပ္မႉးကို ဒ႐ုန္းေလယာဥ္မွ ပဲ့ထိန္းဒုံးက်ည္နဲ႔ ပစ္လႊတ္ သတ္ျဖတ္ရန္ အမိန႔္ေပးသူက အဲ့ဒီအခ်ိန္ သမၼတျဖစ္တဲ့ ေဒၚနယ္ထရမ့္ပဲျဖစ္ပါတယ္။ ယခုေ႐ြးေကာက္ပြဲမွာ ထရမ့္ရႉံးမယ္လို႔ တြက္ထားၿပီး ေ႐ြးေကာက္ပြဲကာလ လုပ္ႀကံမယ့္ အစီအစဥ္မ်ားကို ေခတၱရပ္နားထားေပမယ့္ ၿပီးတာနဲ႔ ဆက္လက္ႀကိဳးစားဖို႔ ျပင္ဆင္ထားတယ္လို႔ FBI က ေျပာပါတယ္။ အီရန္ကေတာ့ အဲ့ဒီစြပ္စြဲခ်က္ေတြ မမွန္ဘူးလို႔ ျငင္းဆိုပါတယ္။

ၿခဳံငုံၾကည့္ရင္ သမၼတေဟာင္း ေဒၚနယ္ထရမ့္ဟာ ျပည္တြင္းျပည္ပ ရန္သူမ်ား ဝိုင္းဝိုင္းလည္ေနေၾကာင္း သိ သာပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ Deep State တစ္ခုျဖစ္တဲ့ CIA ကို ျဖဳတ္ထုတ္သတ္ဖို႔ဆိုတာ ထရမ့္အတြက္ အလြန္အတိမ္းအေစာင္း မခံတဲ့ ကိစၥျဖစ္ပါတယ္။ CIA အႀကီးအကဲကို ထရမ့္က ခန႔္အပ္ရမွာ မွန္ပါတယ္။ ဒါေပမယ့္ CIA ဟာ သမၼတအေပၚ သစၥာခံရန္ မလိုပဲ သူ႔လုပ္နည္းကိုင္ဟန္ သူ႔ပဋိညာဥ္အတိုင္း လုပ္ကိုင္ ေဆာင္႐ြက္ေနပါ တယ္။ အလားတူ တရားေရးဌာန၊ ဗဟိုဘဏ္၊ FBI စတဲ့ အဖြဲ႕အစည္းမ်ားဟာ သူတို႔ရဲ႕ စည္းမ်ဥ္း စည္းကမ္းအတိုင္း လြတ္လပ္စြာ လုပ္ကိုင္ေဆာင္႐ြက္ခြင့္ ရွိပါတယ္။
သမၼတအေနနဲ႔ မေက်နပ္ရင္ သူတို႔ကို ဆင့္ေခၚၿပီး ဥပေဒနဲ႔ ညီ-မညီ ေမးျမန္းစစ္ေဆးေပးဖို႔ ကြန္ဂရက္လႊတ္ ေတာ္ေကာ္မတီကို တင္ျပႏိုင္ပါတယ္။ အေမရိကန္ဟာ လြတ္လပ္စြာ ေျပာဆိုခြင့္ ဆႏၵေဖာ္ထုတ္ခြင့္အတြက္ ဖြဲ႕စည္းပုံ ဥပေဒမွာ ထည့္သြင္း အာမခံထားတဲ့ တိုင္းျပည္ျဖစ္ပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ္တို႔ ထင္မွတ္မွားေနၾကသလို ဘယ္ပါတီပဲ အာဏာရရ ဒီပုံစံ ဒီအတိုင္းပဲ လုပ္ကိုင္ ေဆာင္ ႐ြက္ဖို႔ သမၼတနဲ႔ အစိုးရအဖြဲ႕ကို ႀကိဳးကိုင္ေနတဲ့ Deep State ဆိုတာမ်ိဳးေတာ့ အေမရိကန္မွာ မရွိပါ၊ အေမရိ ကန္မွာသာမက ဘယ္တိုင္းျပည္မွလည္း မရွိႏိုင္ပဲ ႐ုပ္ျပယုံသက္သက္ အေဖက သားကို ရာထူးလႊဲေျပာင္းေပးတဲ့ အာဏာရွင္တိုင္းျပည္မ်ားမွာသာ ေတြ႕ရဖြယ္ရွိပါတယ္
ေဒၚနယ္ ထရမ့္ေျပာတဲ့ Deep State ဆိုတာကလည္း ေ႐ြးေကာက္ခံအစိုးရရဲ႕ မဲဆြယ္ပြဲကတိမ်ားအတိုင္း အေကာင္အထည္ေဖာ္ ျဖည့္ဆည္းေပးမယ့္ အိမ္ျဖဴေတာ္နဲ႔ မဲဆႏၵရွင္မ်ားအၾကား ျမင္ရ မျမင္ရ လူပုဂၢိဳလ္မ်ား အဖြဲ႕အစည္းမ်ားကိုသာ ဆိုလိုပါတယ္။
အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine
#ေဒၚနယ္ထရမ့္ #Deep_State #အယ္လြန္မာ့စ္ #ဂ်႐ုန္းပါလ္ #FBI #CIA #အေမရိကန္ဖက္ဒရယ္ဘဏ္

Related news

© 2021. All rights reserved.