နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
1068
NP News - နိုဝင်ဘာ ၁ဝ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးများသို့တက်ရောက်ပြီးနောက် ယနေ့(နိုဝင်ဘာ ၁၀ ရက်)၊ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်အချိန်ခန့်က နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်က တရုတ်နိုင်ငံခရီးစဉ်ကို စတင်ခဲ့ပြီး အဆိုပါခရီးစဉ်တွင် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS)၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေး (ACMECS) နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး(CLMV) တို့ကို တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
အထက်ပါ ခရီးစဉ်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများသည်လည်းပါဝင်ပြီး ယနေ့၊ နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိချိန်တွင် ပြည်သူထောင်ချီက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။
Zawgyi Version;
နစကဥကၠ႒ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ ေနျပည္ေတာ္သို႔ ျပန္လည္ေရာက္ရွိ
NP News - ႏိုဝင္ဘာ ၁ဝ
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕သည္ တ႐ုတ္ႏိုင္ငံတြင္ က်င္းပျပဳလုပ္ခဲ့သည့္ ထိပ္သီးအစည္းအေဝးမ်ားသို႔တက္ေရာက္ၿပီးေနာက္ ယေန႔(ႏိုဝင္ဘာ ၁၀ ရက္)၊ မြန္းလြဲ ၂ နာရီ ၃ဝ မိနစ္အခ်ိန္ခန္႔က ေနျပည္ေတာ္ရွိ တပ္မေတာ္ေလဆိပ္သို႔ ျပန္လည္ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒သည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၅ ရက္က တ႐ုတ္ႏိုင္ငံခရီးစဥ္ကို စတင္ခဲ့ၿပီး အဆိုပါခရီးစဥ္တြင္ အ႒မအႀကိမ္ေျမာက္ မဟာမဲေခါင္ေဒသခြဲ ထိပ္သီးအစည္းအေဝး (GMS)၊ (၁၀)ႀကိမ္ေျမာက္ ဧရာဝတီ-ေက်ာက္ဖရား- မဲေခါင္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမဟာဗ်ဴဟာ ထိပ္သီးအစည္းအေဝး (ACMECS) ႏွင့္ (၁၁)ႀကိမ္ေျမာက္ ကေမာၻဒီးယား-လာအို-ျမန္မာ-ဗီယက္နမ္ပူးေပါင္းေဆာင္႐ြက္မႈထိပ္သီးအစည္းအေဝး(CLMV) တို႔ကို တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၈ ရက္က၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ခ်ဳံခ်င့္ၿမိဳ႕ရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔ သြားေရာက္ေလ့လာခဲ့ေၾကာင္း သိရသည္။
အထက္ပါ ခရီးစဥ္တြင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္အတူ ေကာင္စီတြဲဖက္ အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တနသၤာရီတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔မွ ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ တာဝန္ရွိသူမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ စစ္ဘက္၊ နယ္ဘက္မွ တာဝန္ရွိသူမ်ားသည္လည္းပါဝင္ၿပီး ယေန႔၊ ေနျပည္ေတာ္ေလဆိပ္သို႔ျပန္လည္ေရာက္ရွိခ်ိန္တြင္ ျပည္သူေထာင္ခ်ီက ေသာင္းေသာင္းဖ်ဖ်ႀကိဳဆိုခဲ့ၾကသည္။