ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေ၏ခရီးစဉ်က နစကဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ် နှင့် တိုက်ရိုက်မဆိုင်ဘဲ နိုင်ငံခြားသားထောက်လှမ်းရေး အတွက်သာဖြစ်နိုင်ဟု ဆို
6200
Iris (NP News) - နိုဝင်ဘာ ၁၁
တရုတ်နိုင်ငံသို့သွားရောက်ခဲ့သော မြန်မာ့ထောက်လှမ်းရေးအရာရှိဟောင်းများ၏ ခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်နှင့် တိုက်ရိုက်ဆက်စပ်ခြင်းမရှိဘဲ တရုတ်အစိုးရ၏ နိုင်ငံတကာထောက်လှမ်းရေးဆိုင်ရာကဏ္ဍများအတွက်သာ ဖြစ်နိုင်ကြောင်း ထောက်လှမ်းရေးအရာရှိဟောင်းအချို့က ပြောသည်။
ထောက်လှမ်းရေးအကြီးအကဲ အငြိမ်းစား ဗိုလ်ချုပ်ကြီးဦးခင်ညွန့်၏ ထိပ်တန်းတပ်မှူးများဖြစ်ခဲ့သော ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်း ဦးလှမင်းတို့ဦးဆောင်သော Paragon Institute က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အရပ်ဘက်အဖွဲ့များဖြစ်သည့် Chahar Institute နှင့် Taihe Institute Think-Tank တို့ကို အောက်တိုဘာ နောက်ဆုံးပတ်များအတွင်းက တရုတ်နိုင်ငံ ပေကျင်းမြို့အထိ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အောက်တိုဘာ (၂၉) ရက် တွေ့ဆုံမှုအတွင်း၌ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များ၏ အခြေအနေများကို ထောက် လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးချုပ် သိန်းဆွေက ထုတ်ဖော်ပြောဆိုခဲ့သည်ဟု Chahar Institute က ထုတ်ပြန်ထားသည်။ ပြည်ပြေးသတင်းဌာနများ၏ ဇောင်းပေးရေးသားမှုအရ ထွက်ပေါ်နေ သော သတင်းများတွင်မူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အတွက် အကြိုလွှတ်ပေးခဲ့သည့်သဘောမျိုးလည်း မြင်တွေ့ရသည်။ “ မဟုတ်ဘူးဗျ။ မဟုတ်ဘူး။ ဟိုဘက်က သူတို့ကို သီးခြားဖိတ်တာ။ တရုတ်တွေက အမေရိကန်ကြောက်တယ်လေ။ ဒီဘက်ကလူတွေက အဲဒါကို သိတယ်။ CIA နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ထိုင်ဝမ်ထောက်လှမ်းရေးကိစ္စတွေကို သိချင်လို့ ဟိုဘက်က ခေါ်တွေ့တဲ့သဘောပဲ။ ဗိုလ်ချုပ်သိန်းဆွေတို့က နိုင်ငံခြားသားထောက်လှမ်းရေးဌာနကဆိုတော့ သူတို့က ဘယ်ကောင်ဟာ CIA၊ ဘယ်ကောင်က ထိုင်ဝမ်ဆိုတာ သိတယ်လေ။ အမေရိကန်သံရုံးမှာ ဘယ်ကောင်က CIA ဆိုတာကို သူတို့က ကောင်းကောင်းသိတော့ ဟိုဘက်က ဒါကိုထောက်လှမ်းချင်တဲ့သဘောရှိတယ်” ဟု ဗိုလ်ချုပ် ကြီး(ငြိမ်း)ဦးခင်ညွန့်၏ တပည့်များထဲမှ တစ်ဦးဖြစ်သော ထောက် လှမ်းရေးအရာရှိဟောင်းတစ်ဦးက NP News ကို ပြောသည်။
ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေတို့၏ တရုတ်ခရီးစဉ်အတွက် တရုတ်အဖွဲ့အစည်းများဘက်က ဖိတ်ကြားမှုအပေါ် တည်ဆဲအာဏာပိုင်အဖွဲ့အစည်းများက သေချာစွာလေ့လာစိစစ်ရကြောင်း၊ ယင်းနောက်တွင် ပြည်ပသို့ ထွက်ခွာခွင့်ပြုသည့်လုပ်ဆောင်မှုမျိုးသာ ပတ်သက်နိုင်ဖွယ်ရှိပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အတွက် ရာနှုန်းပြည့် တိုက်ရိုက်ပတ်သက်ခြင်းမျိုး မရှိကြောင်း ၎င်းက ခိုင်မာစွာပြောကြားသည်။ မြန်မာနိုင်ငံတွင်း၌ CIA အပါအဝင် တရုတ်ကို တန်ပြန်ထောက်လှမ်းသည့်အဖွဲ့အစည်းများ မည်သည့်ပမာဏအထိ စိမ့်ဝင်နေသည်ကို ယခင်အတိတ်ကာလများကတည်းက တရုတ် ဘက်က သိလိုနေခဲ့ပြီး ယခုခေတ်ကာလတွင်မူ ယခင်ထက်ပို၍သိရှိရန်လိုအပ်နေပြီဖြစ် ကြောင်း ၎င်းက ဆိုသည်။ “ နယ်စပ်တိုင်းရင်းသားကိစ္စပါဝင်ရင်တောင် အဲဒီနယ်စပ်ထဲမှာ CIA ဆဲလ်တွေ ဘယ်လောက်ဝင်နေမလဲဆိုတာကိုပဲ သူတို့ အဓိက စုံစမ်းနိုင်ခြေရှိတယ်။ သွားတဲ့သူတွေကို ကြည့်ရင်ဖြစ်စေ၊ တရုတ်ဘက်က အဖွဲ့အစည်းကို ကြည့်ရင်ဖြစ်စေ ကျွန်တော်တို့က သိနိုင်တယ်။ ဂျာနယ်လစ်ဇင်အကြောင်း ဂျာနယ်လစ်တွေက သိသလို ထောက်လှမ်းရေးအကြောင်းလည်း ကျွန်တော်တို့ ထောက်လှမ်းရေးက ပိုသိပါတယ်ဗျာ ” ဟု အဆိုပါ ထောက်လှမ်း ရေးအရာရှိက ပြောသည်။ ဦးခင်ညွန့် လက်ထက်ကတည်းက ပြည်တွင်းရေး၊ ပြည်ပရေး ခွဲထားသည့် အပြင် တိုင်းရင်းသားလက်နက်ကိုင်များအတွက် ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက်ဖြစ်စေ၊ တန် ပြန်ထောက်လှမ်းရေးအတွက်ဖြစ်စေ ပုံစံမျိုးစုံ သီးခြားခွဲ၍ ဖွဲ့စည်းထားကြောင်း ၎င်းက ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်များအရေးတွင် ခေတ်ကောင်းစဉ်ကတည်းက ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေနှင့် ဗိုလ်မှူးကြီးဟောင်း ဦးလှမင်းတို့၏ ကဏ္ဍမဟုတ်သည့်အတွက် အပြည့်အဝနားလည်ကြမည်မဟုတ်ကြောင်း၊ အင်္ဂလိပ်စကားကို ကျွမ်းကျင် ပိုင်နိုင်စွာ ပြောဆိုနိုင်သူများဖြစ်ကြသည့်အတွက် နိုင်ငံခြားသားထောက်လှမ်းရေးကဏ္ဍကိုသာ ゞင်းတို့ က အဓိကကိုင်တွယ်ခဲ့ကြရကြောင်းလည်း သိရသည်။ “ ဗိုလ်မှူးကြီး စန်းပွင့်တို့ဘာတို့ဆိုရင် တိုင်းရင်းသား ကိစ္စ ကိုင်တယ်။ ပေါက်ယူချန်းတို့အကြောင်း မေးရင် သူအကုန်ဖြေနိုင်တယ်။ သူတို့ကို နိုင်ငံခြားသား အကြောင်းသွားမေးရင် သူ့အပိုင်းမဟုတ်ဘူး။ သူ့ကဏ္ဍနဲ့သူဗျ” ဟု အရာရှိဟောင်းက ထောက်ပြသည်။ ၎င်းတို့၏ ခရီးစဉ်ကိုလည်း ထောက်လှမ်း ရေးအသိုင်း အဝိုင်းဘက်က အံ့အားသင့်နေပြီး မည်သည့်ရည်ရွယ်ချက်မှန်း ခန့်မှန်းမရဖြစ်နေကြောင်း၊ အချို့ကမူ တရုတ်ပြည်သို့ သွားရောက်ခြင်းကို မနှစ်သက်သည်များလည်း ရှိနေကြောင်း ကြားသိရသည်။
ပြည်ပြေး သတင်းဌာနအချို့ကမူ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အတွက် ရှေ့ ပြေးသဘော သွားရောက်သည့်သဖွယ်ဖော်ပြနေကြ ပြီး အဆိုပါ Paragon Institute ကို စစ်ဘက်ရေးရာ လုံခြုံရေး(စရဖ)ဘက်က ကူညီပေးမှုများလုပ်နေ သည်ဟု ဖော်ပြနေသည်။ နိုင်ငံတကာဆက်ဆံရေး ဌာန(ထောက်လှမ်းရေး)အကြီးအကဲဟောင်း ဗိုလ်မှူးချုပ် သိန်းဆွေ၊ ဗိုလ်မှူးကြီးလှမင်းနှင့် Paragon Institute အတွင်းရေးမှူး ဦးပြည့်ဖြိုး မောင်တို့၏ လွန်ခဲ့သောလများစွာကတည်းက ဖိတ်ကြားခံခဲ့ရပြီးသော တရုတ်ခရီးစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးတို့ဘက်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြနေကြသည်။
zawgyi version
ဗိုလ္မႉးခ်ဳပ္ေဟာင္း သိန္းေဆြ၏ခရီးစဥ္က နစကဥကၠ႒၏ တ႐ုတ္ခရီးစဥ္ ႏွင့္ တိုက္႐ိုက္မဆိုင္ဘဲ ႏိုင္ငံျခားသားေထာက္လွမ္းေရး အတြက္သာျဖစ္ႏိုင္ဟု ဆို
Iris (NP News) - ႏိုဝင္ဘာ ၁၁
တ႐ုတ္ႏိုင္ငံသို႔သြားေရာက္ခဲ့ေသာ ျမန္မာ့ေထာက္လွမ္းေရးအရာရွိေဟာင္းမ်ား၏ ခရီးစဥ္သည္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ တ႐ုတ္ခရီးစဥ္ႏွင့္ တိုက္႐ိုက္ဆက္စပ္ျခင္းမရွိဘဲ တ႐ုတ္အစိုးရ၏ ႏိုင္ငံတကာေထာက္လွမ္းေရးဆိုင္ရာက႑မ်ားအတြက္သာ ျဖစ္ႏိုင္ေၾကာင္း ေထာက္လွမ္းေရးအရာရွိေဟာင္းအခ်ိဳ႕က ေျပာသည္။
ေထာက္လွမ္းေရးအႀကီးအကဲ အၿငိမ္းစား ဗိုလ္ခ်ဳပ္ႀကီးဦးခင္ၫြန႔္၏ ထိပ္တန္းတပ္မႉးမ်ားျဖစ္ခဲ့ေသာ ဗိုလ္မႉးခ်ဳပ္ေဟာင္းသိန္းေဆြ၊ ဗိုလ္မႉးႀကီးေဟာင္း ဦးလွမင္းတို႔ဦးေဆာင္ေသာ Paragon Institute က တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ အရပ္ဘက္အဖြဲ႕မ်ားျဖစ္သည့္ Chahar Institute ႏွင့္ Taihe Institute Think-Tank တို႔ကို ေအာက္တိုဘာ ေနာက္ဆုံးပတ္မ်ားအတြင္းက တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕အထိ သြားေရာက္ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ေအာက္တိုဘာ (၂၉) ရက္ ေတြ႕ဆုံမႈအတြင္း၌ ျမန္မာႏိုင္ငံ၏ လက္ရွိအေျခအေနမ်ား၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ လက္နက္ကိုင္အဖြဲ႕မ်ား၏ အေျခအေနမ်ားကို ေထာက္ လွမ္းေရးအရာရွိေဟာင္း ဗိုလ္မႉးခ်ဳပ္ သိန္းေဆြက ထုတ္ေဖာ္ေျပာဆိုခဲ့သည္ဟု Chahar Institute က ထုတ္ျပန္ထားသည္။ ျပည္ေျပးသတင္းဌာနမ်ား၏ ေဇာင္းေပးေရးသားမႈအရ ထြက္ေပၚေန ေသာ သတင္းမ်ားတြင္မူ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ တ႐ုတ္ခရီးစဥ္အတြက္ အႀကိဳလႊတ္ေပးခဲ့သည့္သေဘာမ်ိဳးလည္း ျမင္ေတြ႕ရသည္။ “ မဟုတ္ဘူးဗ်။ မဟုတ္ဘူး။ ဟိုဘက္က သူတို႔ကို သီးျခားဖိတ္တာ။ တ႐ုတ္ေတြက အေမရိကန္ေၾကာက္တယ္ေလ။ ဒီဘက္ကလူေတြက အဲဒါကို သိတယ္။ CIA နဲ႔ ပတ္သက္တဲ့ကိစၥေတြ၊ ထိုင္ဝမ္ေထာက္လွမ္းေရးကိစၥေတြကို သိခ်င္လို႔ ဟိုဘက္က ေခၚေတြ႕တဲ့သေဘာပဲ။ ဗိုလ္ခ်ဳပ္သိန္းေဆြတို႔က ႏိုင္ငံျခားသားေထာက္လွမ္းေရးဌာနကဆိုေတာ့ သူတို႔က ဘယ္ေကာင္ဟာ CIA၊ ဘယ္ေကာင္က ထိုင္ဝမ္ဆိုတာ သိတယ္ေလ။ အေမရိကန္သံ႐ုံးမွာ ဘယ္ေကာင္က CIA ဆိုတာကို သူတို႔က ေကာင္းေကာင္းသိေတာ့ ဟိုဘက္က ဒါကိုေထာက္လွမ္းခ်င္တဲ့သေဘာရွိတယ္” ဟု ဗိုလ္ခ်ဳပ္ ႀကီး(ၿငိမ္း)ဦးခင္ၫြန႔္၏ တပည့္မ်ားထဲမွ တစ္ဦးျဖစ္ေသာ ေထာက္ လွမ္းေရးအရာရွိေဟာင္းတစ္ဦးက NP News ကို ေျပာသည္။
ဗိုလ္မႉးခ်ဳပ္ေဟာင္း သိန္းေဆြတို႔၏ တ႐ုတ္ခရီးစဥ္အတြက္ တ႐ုတ္အဖြဲ႕အစည္းမ်ားဘက္က ဖိတ္ၾကားမႈအေပၚ တည္ဆဲအာဏာပိုင္အဖြဲ႕အစည္းမ်ားက ေသခ်ာစြာေလ့လာစိစစ္ရေၾကာင္း၊ ယင္းေနာက္တြင္ ျပည္ပသို႔ ထြက္ခြာခြင့္ျပဳသည့္လုပ္ေဆာင္မႈမ်ိဳးသာ ပတ္သက္ႏိုင္ဖြယ္ရွိၿပီး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ တ႐ုတ္ခရီးစဥ္အတြက္ ရာႏႈန္းျပည့္ တိုက္႐ိုက္ပတ္သက္ျခင္းမ်ိဳး မရွိေၾကာင္း ၎က ခိုင္မာစြာေျပာၾကားသည္။ ျမန္မာႏိုင္ငံတြင္း၌ CIA အပါအဝင္ တ႐ုတ္ကို တန္ျပန္ေထာက္လွမ္းသည့္အဖြဲ႕အစည္းမ်ား မည္သည့္ပမာဏအထိ စိမ့္ဝင္ေနသည္ကို ယခင္အတိတ္ကာလမ်ားကတည္းက တ႐ုတ္ ဘက္က သိလိုေနခဲ့ၿပီး ယခုေခတ္ကာလတြင္မူ ယခင္ထက္ပို၍သိရွိရန္လိုအပ္ေနၿပီျဖစ္ ေၾကာင္း ၎က ဆိုသည္။ “ နယ္စပ္တိုင္းရင္းသားကိစၥပါဝင္ရင္ေတာင္ အဲဒီနယ္စပ္ထဲမွာ CIA ဆဲလ္ေတြ ဘယ္ေလာက္ဝင္ေနမလဲဆိုတာကိုပဲ သူတို႔ အဓိက စုံစမ္းႏိုင္ေျခရွိတယ္။ သြားတဲ့သူေတြကို ၾကည့္ရင္ျဖစ္ေစ၊ တ႐ုတ္ဘက္က အဖြဲ႕အစည္းကို ၾကည့္ရင္ျဖစ္ေစ ကြၽန္ေတာ္တို႔က သိႏိုင္တယ္။ ဂ်ာနယ္လစ္ဇင္အေၾကာင္း ဂ်ာနယ္လစ္ေတြက သိသလို ေထာက္လွမ္းေရးအေၾကာင္းလည္း ကြၽန္ေတာ္တို႔ ေထာက္လွမ္းေရးက ပိုသိပါတယ္ဗ်ာ ” ဟု အဆိုပါ ေထာက္လွမ္း ေရးအရာရွိက ေျပာသည္။ ဦးခင္ၫြန႔္ လက္ထက္ကတည္းက ျပည္တြင္းေရး၊ ျပည္ပေရး ခြဲထားသည့္ အျပင္ တိုင္းရင္းသားလက္နက္ကိုင္မ်ားအတြက္ ျဖစ္ေစ၊ စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ျဖစ္ေစ၊ တန္ ျပန္ေထာက္လွမ္းေရးအတြက္ျဖစ္ေစ ပုံစံမ်ိဳးစုံ သီးျခားခြဲ၍ ဖြဲ႕စည္းထားေၾကာင္း ၎က ဆိုသည္။
တိုင္းရင္းသားလက္နက္ကိုင္မ်ားအေရးတြင္ ေခတ္ေကာင္းစဥ္ကတည္းက ဗိုလ္မႉးခ်ဳပ္ေဟာင္း သိန္းေဆြႏွင့္ ဗိုလ္မႉးႀကီးေဟာင္း ဦးလွမင္းတို႔၏ က႑မဟုတ္သည့္အတြက္ အျပည့္အဝနားလည္ၾကမည္မဟုတ္ေၾကာင္း၊ အဂၤလိပ္စကားကို ကြၽမ္းက်င္ ပိုင္ႏိုင္စြာ ေျပာဆိုႏိုင္သူမ်ားျဖစ္ၾကသည့္အတြက္ ႏိုင္ငံျခားသားေထာက္လွမ္းေရးက႑ကိုသာ ゞင္းတို႔ က အဓိကကိုင္တြယ္ခဲ့ၾကရေၾကာင္းလည္း သိရသည္။ “ ဗိုလ္မႉးႀကီး စန္းပြင့္တို႔ဘာတို႔ဆိုရင္ တိုင္းရင္းသား ကိစၥ ကိုင္တယ္။ ေပါက္ယူခ်န္းတို႔အေၾကာင္း ေမးရင္ သူအကုန္ေျဖႏိုင္တယ္။ သူတို႔ကို ႏိုင္ငံျခားသား အေၾကာင္းသြားေမးရင္ သူ႔အပိုင္းမဟုတ္ဘူး။ သူ႔က႑နဲ႔သူဗ်” ဟု အရာရွိေဟာင္းက ေထာက္ျပသည္။ ၎တို႔၏ ခရီးစဥ္ကိုလည္း ေထာက္လွမ္း ေရးအသိုင္း အဝိုင္းဘက္က အံ့အားသင့္ေနၿပီး မည္သည့္ရည္႐ြယ္ခ်က္မွန္း ခန႔္မွန္းမရျဖစ္ေနေၾကာင္း၊ အခ်ိဳ႕ကမူ တ႐ုတ္ျပည္သို႔ သြားေရာက္ျခင္းကို မႏွစ္သက္သည္မ်ားလည္း ရွိေနေၾကာင္း ၾကားသိရသည္။
ျပည္ေျပး သတင္းဌာနအခ်ိဳ႕ကမူ ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္၏ တ႐ုတ္ခရီးစဥ္အတြက္ ေရွ႕ ေျပးသေဘာ သြားေရာက္သည့္သဖြယ္ေဖာ္ျပေနၾက ၿပီး အဆိုပါ Paragon Institute ကို စစ္ဘက္ေရးရာ လုံၿခဳံေရး(စရဖ)ဘက္က ကူညီေပးမႈမ်ားလုပ္ေန သည္ဟု ေဖာ္ျပေနသည္။ ႏိုင္ငံတကာဆက္ဆံေရး ဌာန(ေထာက္လွမ္းေရး)အႀကီးအကဲေဟာင္း ဗိုလ္မႉးခ်ဳပ္ သိန္းေဆြ၊ ဗိုလ္မႉးႀကီးလွမင္းႏွင့္ Paragon Institute အတြင္းေရးမႉး ဦးျပည့္ၿဖိဳး ေမာင္တို႔၏ လြန္ခဲ့ေသာလမ်ားစြာကတည္းက ဖိတ္ၾကားခံခဲ့ရၿပီးေသာ တ႐ုတ္ခရီးစဥ္ကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒႐ုံးတို႔ဘက္က ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း ထည့္သြင္းေဖာ္ျပေနၾကသည္။