အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့် ဘာတွေလုပ်ဆောင်ဖို့ အစီအစဉ်ရှိနေသလဲ

 991

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၁

အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ သမ္မတအဖြစ်ရွေး ကောက်ခံရတဲ့ ဒေါ်နယ်ထရမ့်ဟာ အစိုးရအဖွဲ့အသစ်ကို အမြန်ဆုံးဖွဲ့စည်းနိုင်ဖို့ လှုပ်ရှားနေပြီး နိုဝင်ဘာလ (၇)ရက်မှာ သူရဲ့မဲဆွယ် စည်းရုံးရေးအဖွဲ့မန်နေဂျာ တစ်ဦးဖြစ်တဲ့ ဆူဆိဝီလက်စ်ကို သမ္မတအိမ်ဖြူတော် အရာရှိချုပ်အဖြစ်ခန့်အပ်မယ်လို့ ကြေညာလိုက်ပါတယ်။ တစ်ကမ္ဘာလုံးစိတ်ဝင်စားနေခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ(၅)ရက်မှာ ကျင်းပခဲ့ပြီးနောက် ရီပတ်ဘလီကန်ပါတီရဲ့သမ္မတ လောင်းဖြစ်သူ ဒေါ်နယ်ထရမ့်ဟာ ပြိုင်ဘက်ဖြစ်သူ လက်ရှိ ဒုတိယသမ္မတ ကမ်မလာဟားရစ်ကို အနိုင်ရသွားခဲ့ပါတယ်။ သမ္မတရွေးချယ်ရေး ပြည်နယ်အထူး ကိုယ်စားလှယ်မဲ စုစုပေါင်း (၅၃၈)မဲမှာ အနိုင်ရဖို့ အနည်းဆုံး (၂၇၀) ရဖို့လိုအပ်တဲ့မဲအရေအတွက်ထက် ပိုမိုရရှိခဲ့ပြီး မဲအရေအတွက် (၃၀၁)မဲရရှိခဲ့ကာ ပြိုင်ဘက်ဖြစ်သူ ကမ်မာလာဟားရစ်ကတော့ (၂၂၆)မဲသာရရှိခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြည်သူအားလုံးရဲ့ ဆန္ဒမဲအရေအတွက် (၇၃)သန်းနီးပါးရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ကမ်မာလာ ဟားရစ်ကတော့ (၆၇) သန်း ကျော်ရရှိခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက် ပွဲမတိုင်ခင် အကြိုစစ်တမ်းတွေမှာ ကမ်မလာဟားရစ် လောက်ရေပန်းမစားခဲ့ပေမယ့် လက်တွေ့ယှဉ်ပြိုင်ချိန်မှာတော့ အပြတ်အသတ် အနိုင်ရခဲ့တာဖြစ်ပါ တယ်။ အသက် (၇၈)နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေး ကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပြီးနောက်ပိုင်း တည်းက လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အစိုးရအဖွဲ့အပြင် ဒီမိုကရက်တစ်ပါတီရဲ့ဖိအားပေး မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ အနီးကပ်ဆုံး ဥပမာပြရမယ်ဆိုရင် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာပြီးနောက်ပိုင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေဟာ ဒေါ်နယ်ထရမ့်ရဲ့အိမ်ကို စီးနင်းရှာဖွေတာတွေ၊ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ပြင် သမ္မတရွေးကောက် ပွဲပါဝင်ယှဉ်ပြိုင်လို့ မရအောင် လွှတ်တော် အဆောက်အအုံ စီးနင်းခံရမှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတသီတတန်းကြီးကို ရင်ဆိုင်နေခဲ့ရတဲ့အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ်ထားရှိမှု၊ အပြာမယ် တစ်ယောက်ကို ငွေပေးနှုတ်ပိတ်စေမှုစတဲ့ စွဲချက်အမျိုးမျိုးတင်ခံခဲ့ ရပါတယ်။

ဒေါ်နယ်ထရမ့်ဟာ တရားစွဲမှုတွေရင်ဆိုင် ခဲ့ရပေမယ့် ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခြင်းကို နောက်ဆုတ်သွား ခြင်းမရှိဘဲ ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲပါဝင်ယှဉ် ပြိုင်ဖို့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့ ချိန်မှာလည်း လုပ်ကြံမှု နှစ်ကြိမ်တိုင်ရင်ဆိုင်ခဲ့ရပြီး အသက်ရှင်လွတ် မြောက်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ စိန်ခေါ်မှုမျိုးစုံ ရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံရဲ့ (၄၇)ဦးမြောက်သမ္မတအဖြစ် ရွေးကောက်ခံ ခဲ့ရပြီဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကိုမဲပေးသူအများစုက ‘‘ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူချိန်တုန်းက စီးပွားရေးဟာ အခုထက်ပိုကောင်းတယ်၊ စားဖို့သောက်ဖို့ အနိုင်နိုင်ရုန်းကန်နေရတဲ့အခြေအနေကို စိတ်ကုန်တယ်၊ အထောက်အထား မဲ့ဝင်ရောက်လာသူတွေ ဟာခွေးတွေ၊ ကြောင်တွေကို သတ်ဖြတ်စားသောက် လေ့ရှိတယ်ဆိုတဲ့စကားတွေကိုလည်း အယုံအကြည် မရှိကြပါဘူး။ သူတို့ဖြစ်စေချင်တာက နယ်စပ်မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ချထားဖို့ပဲ ဖြစ်ပါ တယ်”လို့ပြောပါတယ်။ ဒီရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရစေခဲ့တဲ့အဓိက အကြောင်းအရာနှစ်ချက်ကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး ကိစ္စတွေပဲဖြစ်ခဲ့တယ်လို့ သုံးသပ် ပြောဆိုတာတွေရှိခဲ့ပါတယ်။ အမေရိကန် အရေးက ပထမ၊ အမေရိကန်သာ ပထမဦးစားပေးဖြစ်ရမယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဆောင်ပုဒ်က မဲဆန္ဒရှင်တွေရဲ့ ရင်ထဲကို ရိုက်ခတ်သွား စေတဲ့အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအတွင်း နေထိုင်နေသူတွေထဲ လက်ဝဲအယူ အဆရှိသူပဲဖြစ်ဖြစ်၊ လက်ယာအယူအဆရှိသူပဲဖြစ်ဖြစ် အဲဒီသူအားလုံးဟာ ယူကရိန်းစစ်ပွဲမှာ ဒေါ်လာ ဘီလျံနဲ့ချီသုံးစွဲနေတာတွေကို အပြစ်တင်နေကြပါတယ်။ အဲဒီငွေတွေကို ပြည်တွင်းရေးကိစ္စတွေမှာပဲ သုံးစေချင်နေကြပြီး ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲကို သမ္မတဂျိုးဘိုင်ဒန်လိုမျိုး ကူညီထောက်ပံ့ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဒီမိုကရက်တစ်ပါတီရဲ့လက်ရှိသမ္မတဖြစ်သူ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းစစ်ပွဲမှာ အမေရိကန်နိုင်ငံသားအားလုံးရဲ့ငွေကြေး တွေကို ဖြုန်တီးနေတယ်လို့ မကြာခဏ ဝေဖန်ခံနေရပြီး တကယ်လို့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ကမ်မာလာဟားရစ်ကိုမဲပေးရင် အရင် (၄) နှစ်တုန်းကအတိုင်းဖြစ်မှာပဲဆိုပြီး အမေရိကန်ပြည် သူအများစုက ယူဆနေပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲမှာအနိုင်ရပြီးနောက် မိန့်ခွန်းပြောဆိုခဲ့ရာ ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ (၄၇)ယောက်မြောက်နဲ့ (၄၅) ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့အတွက် အတိုင်း အဆမရှိ ဂုဏ်ယူရသလို အမေရိကန်ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အိမ်ဖြူတော်ခရီးအတွက် ကိုယ် စွမ်းÓဏ်စွမ်းရှိသလောက် ကြိုးစားမှာဖြစ်ပါတယ်။ သမ္မတတစ်ယောက်ဖြစ်ရတာ ကမ္ဘာမှာ အရေးအကြီး ဆုံးအလုပ်လုပ် ရတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပေးတဲ့ကတိအတိုင်း တည်အောင်လုပ်မယ့်အစိုးရဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။

ဒါ့ပြင် ဒေါ်နယ်ထရမ့်က ‘‘ကျွန်တော်တို့ နိုင်ငံကို အနာကျက်အောင် ကုစားသွားမယ်။ နယ်စပ် ရေးရာကိစ္စတွေကို တည့်မတ်အောင်လုပ်ဆောင်သွားမယ်။ ဒီအချိန်ဟာ အမေရိကန်ရဲ့ရွှေခေတ်ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ပြည်သူတွေအတွက် ကြီးကျယ် ခမ်းနားတဲ့အောင်ပွဲပါ။ ကျွန်တော်တို့အနေနဲ့ အမေရိကန်ကို တစ်ဖန်ပြန်ပြီး ခမ်းနားအောင်လုပ်ခွင့်ပေးလိုက် တာဖြစ်ပါတယ်”လို့ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် (၂၀၂၅)ခုနှစ် ဇန်နဝါရီလအတွင်း စတင်တာ ဝန်ယူသွား ဖွယ်ရှိနေရာ ယခင်သမ္မတအဖြစ်တာဝန်ယူ ချိန်တုန်းက မပြီးပြတ်သေးတဲ့အလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ ထင်ကြေးပေး သုံးသပ်မှုတွေလည်းထွက်ပေါ်နေပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့သမ္မတပထမ သက်တမ်းမှာ အမေရိကန်တောင်ပိုင်းနယ်စပ် ပိတ်ဆို့ရေးက ထင်ရှားတဲ့မူဝါဒတစ်ခုဖြစ်ခဲ့ပြီး အပြီးမသတ် နိုင်ခဲ့တဲ့ စီမံကိန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အဲဒီတံတိုင်း အပြီးတည်ဆောက်ရေးဆိုတဲ့ အချက်ကို ရွေးကောက်ပွဲကာလအတွင်း ကတိပြုပြော ဆိုခဲ့ရာ သမ္မတဖြစ်လာချိန်မှာ အဲဒီကိစ္စကို ဆက်လက် အကောင်ထည်ဖော်ဖွယ်ရှိနေပါတယ်။ ဒါ့ပြင် ဒေါ်နယ် ထရမ့်ဟာ အမေရိကန်နိုင်ငံအတွင်းကို တရားမဝင် ရောက်ရှိနေသူတွေကို မိခင်နိုင်ငံကို ပြန်ပို့မယ်လို့ ကတိပြုပြောဆိုထားရာ သမ္မတအဖြစ်တာဝန်ယူချိန်မှာ တရားမဝင်နေထိုင်သူ သန်းနဲ့ချီပြီး ပြန်ပို့ဖွယ်ရှိ တယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ (၂၀၂၂) ခုနှစ်အတွင်း အမေရိကန်မှာ တရားမဝင်နေ ထိုင်သူ (၁၁)သန်းဝန်းကျင်ရှိတယ်လို့ Pew သုတေ သနစင်တာကခန့်မှန်းထားပေမယ့် ထရမ့်နဲ့ သူ့ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က အဲဒါထက် သန်းပေါင်းများ စွာပိုရှိတယ်လို့ ပြောပါတယ်။

ဒါ့ပြင် စီးပွာရေးလုပ်ငန်းကြီးတွေရဲ့ အခွန်ကို (၁၅)ရာခိုင်နှုန်းအထိ လျှော့ချဖို့အပြင် အငြိမ်းစား တွေရဲ့ ထောက်ပံ့ကြေးနဲ့ လူမှုဖူလုံရေးဆိုင်ရာအခွန် ကိုလည်း ကင်းလွတ်ခွင့်ပေးဖို့ ရည်ရွယ်ထားရာ အဲဒီလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ဒေါ်နယ်ထရမ့်ဟာ စွမ်းအင်စရိတ်ကြီးတာကြောင့် ငွေကြေးဖောင်းပွတာလို့ ယုံကြည်နေပြီး အဲဒီစရိတ်ကို လျှော့ချဖို့ ကြိုးပမ်းလာဖွယ်ရှိနေသလို နိုင်ငံခြားသွင်းကုန်တွေကို အခွန် (၁၀) ရာခိုင်နှုန်းကနေ (၂၀)ရာခိုင်နှုန်းအထိ စည်းကြပ်ဖို့ စီစဉ်ဖွယ်ရှိ တယ်လို့ သုံးသပ်မှုတွေလည်းထွက်ပေါ်နေပါတယ်။ တရုတ်သွင်းကုန်တွေကို (၆၀)ရာခိုင်နှုန်းအထိ အမြင့်ဆုံး ကောက်ခံဖွယ်ရှိနေသလို ပထမတစ်ကြိမ် သမ္မတ သက်တမ်း တာဝန်ထမ်းဆောင်နေချိန်အတွင်းမှာ တရုတ်ကို မမျှတတဲ့ကုန်သွယ်ရေးလုပ်ဆောင် သူနဲ့ ဉာဏဆိုင်ရာ ပစ္စည်းခိုးယူသူအဖြစ်စွပ်စွဲပြီး ကုန်သွယ်ရေးတိုက်ပွဲစတင်ခဲ့ဖူးပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ်တာဝန်ယူချိန် ကာလအတွင်းမှာ ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ပင်ခြင်းကို လုပ်ဆောင်ဖွယ် ရှိနေသလို သမ္မတအဖြစ်တာဝန်ယူတဲ့ ပထမသက် တမ်းတုန်းကလိုပဲ နိုင်ငံခြားရေးမူဝါဒဘက်မှာ တခြား ကမ္ဘာ့နိုင်ငံတွေရဲ့ပဋိပက္ခတွေကနေ ခပ်ကင်းကင်းနေချင်တဲ့ သဘောဆောင်နိုင်ခြေရှိတယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်းရှိနေပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက် ထားရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေး ဒုတိယ ပူးပေါင်းညှိနှိုင်း ရေးမှူး ဟောင်း၊ ဝါရင့်ပဋိပက္ခကြားဝင် ဖျန်ဖြေရေးသမား မာတင်ဂရစ်ဖစ်ကတော့ ‘‘ထရမ့် အစိုးရဟာ တံခါးပိတ်ဝါဒနဲ့ တစ်ကိုယ် တော်ဝါဒကိုစွဲ ကိုင်ပြီး ကမ္ဘာပေါ်က မငြိမ်မသက်မှုတွေကို ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုယူဆောင်လာနိုင်ခြေရှိပါ တယ်”လို့ပြောပါတယ်။ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ဒုတိယအကြိမ်တာဝန်ယူချိန်မှာ ယူကရိန်းကို စစ်ရေး အကူအညီ ပေးမှုတွေလျော့နည်းလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် တစ်ကျော့ ပြန်တာဝန်ယူခွင့်ရမယ်ဆိုရင် ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့ စစ်ပွဲကို (၂၄)နာရီအတွင်းအဆုံးသတ်အောင် လုပ် ဆောင်မယ်လို့ ပြောဆိုထားဖူးရာ ဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတာ လူအများစိတ်ဝင်စားနေရာ လက်တွေ့ လုပ် ဆောင်နိုင် မလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ အစ္စရေးနဲ့ဟားမတ်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်အောင်လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားရာ အဲဒီစစ်ပွဲကိုအဆုံးသတ်နိုင်အောင် ကြိုးပမ်းရဖွယ်ရှိ နေပါတယ်။ အမေရိကန်သမ္မတအ ဖြစ် ပထမအကြိမ်တာဝန်ယူချိန်ကာလအတွင်း အမေ ရိကန် ပထမဖြစ်ရေးအချက်ကို ဦးစားပေးလုပ်ဆောင်ခဲ့ရာ သမ္မတအဖြစ် ဒုတိယအကြိမ်တာဝန်ယူချိန်မှာလည်း အမေရိကန် ပထမဖြစ်ရေး အချက်မူဝါဒ ကို ဆက်လက်အကောင်ထည်ဖော်ဖွယ်ရှိနေပါတယ်။ အမေရိကန်သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း အီရန်နိုင်ငံရဲ့ နျူ ကလီးယားကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးမှုတွေလုပ်ဆောင်ခဲ့ဖူးရာ အီရန်ဟာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တစ်ကျော့ ပြန်တာဝန်ယူ ချိန်အတွင်း ဖိအားတွေကို ဆက်လက်ရင်ဆိုင်ရဖွယ်ရှိ နေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒေါ်နယ်ထရမ့် ဟာ ဖိအားမျိုးစုံကြားကနေ အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်ရွေးကောက်ခံရခြင်းဖြစ်ရာ သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူချိန်အတွင်း ရွေးကောက် ပွဲတုန်းကပေးထားတဲ့ကတိတွေကို ဘယ်လောက် အထိ အပြည့်အဝအကောင်ထည်ဖော်နိုင်မလဲဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

zawgyi version
အေမရိကန္သမၼတအျဖစ္ ဒုတိယအႀကိမ္ ျပန္လည္ေ႐ြးေကာက္ခံရတဲ့ ေဒၚနယ္ထရမ့္ ဘာေတြလုပ္ေဆာင္ဖို႔ အစီအစဥ္ရွိေနသလဲ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၁

အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲက်င္းပခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ သမၼတအျဖစ္ေ႐ြး ေကာက္ခံရတဲ့ ေဒၚနယ္ထရမ့္ဟာ အစိုးရအဖြဲ႕အသစ္ကို အျမန္ဆုံးဖြဲ႕စည္းႏိုင္ဖို႔ လႈပ္ရွားေနၿပီး ႏိုဝင္ဘာလ (၇)ရက္မွာ သူရဲ႕မဲဆြယ္ စည္း႐ုံးေရးအဖြဲ႕မန္ေနဂ်ာ တစ္ဦးျဖစ္တဲ့ ဆူဆိဝီလက္စ္ကို သမၼတအိမ္ျဖဴေတာ္ အရာရွိခ်ဳပ္အျဖစ္ခန႔္အပ္မယ္လို႔ ေၾကညာလိုက္ပါတယ္။ တစ္ကမာၻလုံးစိတ္ဝင္စားေနခဲ့တဲ့ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ(၅)ရက္မွာ က်င္းပခဲ့ၿပီးေနာက္ ရီပတ္ဘလီကန္ပါတီရဲ႕သမၼတ ေလာင္းျဖစ္သူ ေဒၚနယ္ထရမ့္ဟာ ၿပိဳင္ဘက္ျဖစ္သူ လက္ရွိ ဒုတိယသမၼတ ကမ္မလာဟားရစ္ကို အႏိုင္ရသြားခဲ့ပါတယ္။ သမၼတေ႐ြးခ်ယ္ေရး ျပည္နယ္အထူး ကိုယ္စားလွယ္မဲ စုစုေပါင္း (၅၃၈)မဲမွာ အႏိုင္ရဖို႔ အနည္းဆုံး (၂၇၀) ရဖို႔လိုအပ္တဲ့မဲအေရအတြက္ထက္ ပိုမိုရရွိခဲ့ၿပီး မဲအေရအတြက္ (၃၀၁)မဲရရွိခဲ့ကာ ၿပိဳင္ဘက္ျဖစ္သူ ကမ္မာလာဟားရစ္ကေတာ့ (၂၂၆)မဲသာရရွိခဲ့ပါတယ္။

ေဒၚနယ္ထရမ့္ဟာ ျပည္သူအားလုံးရဲ႕ ဆႏၵမဲအေရအတြက္ (၇၃)သန္းနီးပါးရရွိခဲ့ၿပီး ၿပိဳင္ဘက္ျဖစ္သူ ကမ္မာလာ ဟားရစ္ကေတာ့ (၆၇) သန္း ေက်ာ္ရရွိခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ေ႐ြးေကာက္ ပြဲမတိုင္ခင္ အႀကိဳစစ္တမ္းေတြမွာ ကမ္မလာဟားရစ္ ေလာက္ေရပန္းမစားခဲ့ေပမယ့္ လက္ေတြ႕ယွဥ္ၿပိဳင္ခ်ိန္မွာေတာ့ အျပတ္အသတ္ အႏိုင္ရခဲ့တာျဖစ္ပါ တယ္။ အသက္ (၇၈)ႏွစ္အ႐ြယ္ရွိ ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြး ေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္ဖို႔ စီစဥ္ခဲ့ၿပီးေနာက္ပိုင္း တည္းက လက္ရွိအေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့ အစိုးရအဖြဲ႕အျပင္ ဒီမိုကရက္တစ္ပါတီရဲ႕ဖိအားေပး မႈမ်ိဳးစုံကို ရင္ဆိုင္ခဲ့ရသူျဖစ္ပါတယ္။ အနီးကပ္ဆုံး ဥပမာျပရမယ္ဆိုရင္ သမၼတေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ္လို႔ ေၾကညာၿပီးေနာက္ပိုင္း အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ေတြဟာ ေဒၚနယ္ထရမ့္ရဲ႕အိမ္ကို စီးနင္းရွာေဖြတာေတြ၊ လုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့ျပင္ သမၼတေ႐ြးေကာက္ ပြဲပါဝင္ယွဥ္ၿပိဳင္လို႔ မရေအာင္ လႊတ္ေတာ္ အေဆာက္အအုံ စီးနင္းခံရမႈနဲ႔ ပတ္သက္တဲ့ ရာဇဝတ္မႈတသီတတန္းႀကီးကို ရင္ဆိုင္ေနခဲ့ရတဲ့အျပင္ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ လွ်ိဳ႕ဝွက္ စာ႐ြက္စာတမ္းေတြ လက္ဝယ္ထားရွိမႈ၊ အျပာမယ္ တစ္ေယာက္ကို ေငြေပးႏႈတ္ပိတ္ေစမႈစတဲ့ စြဲခ်က္အမ်ိဳးမ်ိဳးတင္ခံခဲ့ ရပါတယ္။

ေဒၚနယ္ထရမ့္ဟာ တရားစြဲမႈေတြရင္ဆိုင္ ခဲ့ရေပမယ့္ ေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္ျခင္းကို ေနာက္ဆုတ္သြား ျခင္းမရွိဘဲ ဆက္လက္ႀကိဳးပမ္းခဲ့ပါတယ္။ အေမရိကန္သမၼတေ႐ြးေကာက္ပြဲပါဝင္ယွဥ္ ၿပိဳင္ဖို႔ မဲဆြယ္စည္း႐ုံးေရး လုပ္ေဆာင္ခဲ့ ခ်ိန္မွာလည္း လုပ္ႀကံမႈ ႏွစ္ႀကိမ္တိုင္ရင္ဆိုင္ခဲ့ရၿပီး အသက္ရွင္လြတ္ ေျမာက္ခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ စိန္ေခၚမႈမ်ိဳးစုံ ရင္ဆိုင္ခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္ႏိုင္ငံရဲ႕ (၄၇)ဦးေျမာက္သမၼတအျဖစ္ ေ႐ြးေကာက္ခံ ခဲ့ရၿပီျဖစ္ပါတယ္။

ေဒၚနယ္ထရမ့္ကိုမဲေပးသူအမ်ားစုက ‘‘ေဒၚနယ္ထရမ့္ သမၼတအျဖစ္တာဝန္ယူခ်ိန္တုန္းက စီးပြားေရးဟာ အခုထက္ပိုေကာင္းတယ္၊ စားဖို႔ေသာက္ဖို႔ အႏိုင္ႏိုင္႐ုန္းကန္ေနရတဲ့အေျခအေနကို စိတ္ကုန္တယ္၊ အေထာက္အထား မဲ့ဝင္ေရာက္လာသူေတြ ဟာေခြးေတြ၊ ေၾကာင္ေတြကို သတ္ျဖတ္စားေသာက္ ေလ့ရွိတယ္ဆိုတဲ့စကားေတြကိုလည္း အယုံအၾကည္ မရွိၾကပါဘူး။ သူတို႔ျဖစ္ေစခ်င္တာက နယ္စပ္မွာ လုံၿခဳံေရးကို တင္းတင္းၾကပ္ၾကပ္ခ်ထားဖို႔ပဲ ျဖစ္ပါ တယ္”လို႔ေျပာပါတယ္။ ဒီေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္အႏိုင္ရေစခဲ့တဲ့အဓိက အေၾကာင္းအရာႏွစ္ခ်က္ကေတာ့ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ႏိုင္ငံေရး၊ စီးပြားေရး ကိစၥေတြပဲျဖစ္ခဲ့တယ္လို႔ သုံးသပ္ ေျပာဆိုတာေတြရွိခဲ့ပါတယ္။ အေမရိကန္ အေရးက ပထမ၊ အေမရိကန္သာ ပထမဦးစားေပးျဖစ္ရမယ္ဆိုတဲ့ ေဒၚနယ္ထရမ့္ရဲ႕ ေဆာင္ပုဒ္က မဲဆႏၵရွင္ေတြရဲ႕ ရင္ထဲကို ႐ိုက္ခတ္သြား ေစတဲ့အခ်က္ေတြထဲက တစ္ခုျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံအတြင္း ေနထိုင္ေနသူေတြထဲ လက္ဝဲအယူ အဆရွိသူပဲျဖစ္ျဖစ္၊ လက္ယာအယူအဆရွိသူပဲျဖစ္ျဖစ္ အဲဒီသူအားလုံးဟာ ယူကရိန္းစစ္ပြဲမွာ ေဒၚလာ ဘီလ်ံနဲ႔ခ်ီသုံးစြဲေနတာေတြကို အျပစ္တင္ေနၾကပါတယ္။ အဲဒီေငြေတြကို ျပည္တြင္းေရးကိစၥေတြမွာပဲ သုံးေစခ်င္ေနၾကၿပီး ေဒၚနယ္ထရမ့္က ယူကရိန္းစစ္ပြဲကို သမၼတဂ်ိဳးဘိုင္ဒန္လိုမ်ိဳး ကူညီေထာက္ပံ့ေပးမွာ မဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။ ဒီမိုကရက္တစ္ပါတီရဲ႕လက္ရွိသမၼတျဖစ္သူ ဂ်ိဳးဘိုင္ဒန္ဟာ ယူကရိန္းစစ္ပြဲမွာ အေမရိကန္ႏိုင္ငံသားအားလုံးရဲ႕ေငြေၾကး ေတြကို ျဖဳန္တီးေနတယ္လို႔ မၾကာခဏ ေဝဖန္ခံေနရၿပီး တကယ္လို႔ ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတေလာင္း ကမ္မာလာဟားရစ္ကိုမဲေပးရင္ အရင္ (၄) ႏွစ္တုန္းကအတိုင္းျဖစ္မွာပဲဆိုၿပီး အေမရိကန္ျပည္ သူအမ်ားစုက ယူဆေနပါ တယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြးေကာက္ပြဲမွာအႏိုင္ရၿပီးေနာက္ မိန႔္ခြန္းေျပာဆိုခဲ့ရာ ျပည္သူအားလုံးကို ေက်းဇူးတင္ပါတယ္။ (၄၇)ေယာက္ေျမာက္နဲ႔ (၄၅) ေယာက္ေျမာက္ သမၼတအျဖစ္ ေ႐ြးခ်ယ္ခံရတဲ့အတြက္ အတိုင္း အဆမရွိ ဂုဏ္ယူရသလို အေမရိကန္ျပည္သူေတြကိုလည္း ေက်းဇူးတင္ပါတယ္။ အိမ္ျဖဴေတာ္ခရီးအတြက္ ကိုယ္ စြမ္းÓဏ္စြမ္းရွိသေလာက္ ႀကိဳးစားမွာျဖစ္ပါတယ္။ သမၼတတစ္ေယာက္ျဖစ္ရတာ ကမာၻမွာ အေရးအႀကီး ဆုံးအလုပ္လုပ္ ရတာျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ေပးတဲ့ကတိအတိုင္း တည္ေအာင္လုပ္မယ့္အစိုးရဆိုတဲ့ ေဆာင္ပုဒ္အတိုင္း လုပ္ေဆာင္သြားမယ္”လို႔ ေျပာပါတယ္။

ဒါ့ျပင္ ေဒၚနယ္ထရမ့္က ‘‘ကြၽန္ေတာ္တို႔ ႏိုင္ငံကို အနာက်က္ေအာင္ ကုစားသြားမယ္။ နယ္စပ္ ေရးရာကိစၥေတြကို တည့္မတ္ေအာင္လုပ္ေဆာင္သြားမယ္။ ဒီအခ်ိန္ဟာ အေမရိကန္ရဲ႕ေ႐ႊေခတ္ျဖစ္ပါတယ္။ ဒါဟာ အေမရိကန္ျပည္သူေတြအတြက္ ႀကီးက်ယ္ ခမ္းနားတဲ့ေအာင္ပြဲပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ အေမရိကန္ကို တစ္ဖန္ျပန္ၿပီး ခမ္းနားေအာင္လုပ္ခြင့္ေပးလိုက္ တာျဖစ္ပါတယ္”လို႔ေျပာပါတယ္။

ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတအျဖစ္ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီလအတြင္း စတင္တာ ဝန္ယူသြား ဖြယ္ရွိေနရာ ယခင္သမၼတအျဖစ္တာဝန္ယူ ခ်ိန္တုန္းက မၿပီးျပတ္ေသးတဲ့အလုပ္ေတြကို ဆက္လက္လုပ္ေဆာင္သြားဖြယ္ရွိတယ္လို႔ ထင္ေၾကးေပး သုံးသပ္မႈေတြလည္းထြက္ေပၚေနပါတယ္။

ေဒၚနယ္ထရမ့္ဟာ သူ႔ရဲ႕သမၼတပထမ သက္တမ္းမွာ အေမရိကန္ေတာင္ပိုင္းနယ္စပ္ ပိတ္ဆို႔ေရးက ထင္ရွားတဲ့မူဝါဒတစ္ခုျဖစ္ခဲ့ၿပီး အၿပီးမသတ္ ႏိုင္ခဲ့တဲ့ စီမံကိန္းတစ္ခု ျဖစ္ခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ အဲဒီတံတိုင္း အၿပီးတည္ေဆာက္ေရးဆိုတဲ့ အခ်က္ကို ေ႐ြးေကာက္ပြဲကာလအတြင္း ကတိျပဳေျပာ ဆိုခဲ့ရာ သမၼတျဖစ္လာခ်ိန္မွာ အဲဒီကိစၥကို ဆက္လက္ အေကာင္ထည္ေဖာ္ဖြယ္ရွိေနပါတယ္။ ဒါ့ျပင္ ေဒၚနယ္ ထရမ့္ဟာ အေမရိကန္ႏိုင္ငံအတြင္းကို တရားမဝင္ ေရာက္ရွိေနသူေတြကို မိခင္ႏိုင္ငံကို ျပန္ပို႔မယ္လို႔ ကတိျပဳေျပာဆိုထားရာ သမၼတအျဖစ္တာဝန္ယူခ်ိန္မွာ တရားမဝင္ေနထိုင္သူ သန္းနဲ႔ခ်ီၿပီး ျပန္ပို႔ဖြယ္ရွိ တယ္လို႔ သတင္းေတြလည္းထြက္ေပၚေနပါတယ္။ (၂၀၂၂) ခုႏွစ္အတြင္း အေမရိကန္မွာ တရားမဝင္ေန ထိုင္သူ (၁၁)သန္းဝန္းက်င္ရွိတယ္လို႔ Pew သုေတ သနစင္တာကခန႔္မွန္းထားေပမယ့္ ထရမ့္နဲ႔ သူ႔ရဲ႕မဲဆြယ္စည္း႐ုံးေရးအဖြဲ႕က အဲဒါထက္ သန္းေပါင္းမ်ား စြာပိုရွိတယ္လို႔ ေျပာပါတယ္။

ဒါ့ျပင္ စီးပြာေရးလုပ္ငန္းႀကီးေတြရဲ႕ အခြန္ကို (၁၅)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ဖို႔အျပင္ အၿငိမ္းစား ေတြရဲ႕ ေထာက္ပံ့ေၾကးနဲ႔ လူမႈဖူလုံေရးဆိုင္ရာအခြန္ ကိုလည္း ကင္းလြတ္ခြင့္ေပးဖို႔ ရည္႐ြယ္ထားရာ အဲဒီလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္ဖြယ္ရွိတယ္လို႔ သုံးသပ္မႈေတြလည္းရွိေနပါတယ္။

ေဒၚနယ္ထရမ့္ဟာ စြမ္းအင္စရိတ္ႀကီးတာေၾကာင့္ ေငြေၾကးေဖာင္းပြတာလို႔ ယုံၾကည္ေနၿပီး အဲဒီစရိတ္ကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းလာဖြယ္ရွိေနသလို ႏိုင္ငံျခားသြင္းကုန္ေတြကို အခြန္ (၁၀) ရာခိုင္ႏႈန္းကေန (၂၀)ရာခိုင္ႏႈန္းအထိ စည္းၾကပ္ဖို႔ စီစဥ္ဖြယ္ရွိ တယ္လို႔ သုံးသပ္မႈေတြလည္းထြက္ေပၚေနပါတယ္။ တ႐ုတ္သြင္းကုန္ေတြကို (၆၀)ရာခိုင္ႏႈန္းအထိ အျမင့္ဆုံး ေကာက္ခံဖြယ္ရွိေနသလို ပထမတစ္ႀကိမ္ သမၼတ သက္တမ္း တာဝန္ထမ္းေဆာင္ေနခ်ိန္အတြင္းမွာ တ႐ုတ္ကို မမွ်တတဲ့ကုန္သြယ္ေရးလုပ္ေဆာင္ သူနဲ႔ ဉာဏဆိုင္ရာ ပစၥည္းခိုးယူသူအျဖစ္စြပ္စြဲၿပီး ကုန္သြယ္ေရးတိုက္ပြဲစတင္ခဲ့ဖူးပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္ ကာလအတြင္းမွာ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ပိတ္ပင္ျခင္းကို လုပ္ေဆာင္ဖြယ္ ရွိေနသလို သမၼတအျဖစ္တာဝန္ယူတဲ့ ပထမသက္ တမ္းတုန္းကလိုပဲ ႏိုင္ငံျခားေရးမူဝါဒဘက္မွာ တျခား ကမာၻ႔ႏိုင္ငံေတြရဲ႕ပဋိပကၡေတြကေန ခပ္ကင္းကင္းေနခ်င္တဲ့ သေဘာေဆာင္ႏိုင္ေျခရွိတယ္လို႔ သုံးသပ္ ေျပာဆိုမႈေတြလည္းရွိေနပါတယ္။

ကုလသမဂၢ လူသားခ်င္း စာနာေထာက္ ထားေရးနဲ႔ အေရးေပၚကယ္ဆယ္ေရး ဒုတိယ ပူးေပါင္းညႇိႏႈိင္း ေရးမႉး ေဟာင္း၊ ဝါရင့္ပဋိပကၡၾကားဝင္ ဖ်န္ေျဖေရးသမား မာတင္ဂရစ္ဖစ္ကေတာ့ ‘‘ထရမ့္ အစိုးရဟာ တံခါးပိတ္ဝါဒနဲ႔ တစ္ကိုယ္ ေတာ္ဝါဒကိုစြဲ ကိုင္ၿပီး ကမာၻေပၚက မၿငိမ္မသက္မႈေတြကို ေကာင္းက်ိဳးထက္ ဆိုးက်ိဳးပဲ ပိုယူေဆာင္လာႏိုင္ေျခရွိပါ တယ္”လို႔ေျပာပါတယ္။ ေဒၚနယ္ထရမ့္ သမၼတအျဖစ္ ဒုတိယအႀကိမ္တာဝန္ယူခ်ိန္မွာ ယူကရိန္းကို စစ္ေရး အကူအညီ ေပးမႈေတြေလ်ာ့နည္းလာႏိုင္တယ္လို႔ သုံးသပ္မႈေတြလည္းရွိေနပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ တစ္ေက်ာ့ ျပန္တာဝန္ယူခြင့္ရမယ္ဆိုရင္ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့ စစ္ပြဲကို (၂၄)နာရီအတြင္းအဆုံးသတ္ေအာင္ လုပ္ ေဆာင္မယ္လို႔ ေျပာဆိုထားဖူးရာ ဘယ္လိုမ်ိဳးလုပ္ေဆာင္မလဲဆိုတာ လူအမ်ားစိတ္ဝင္စားေနရာ လက္ေတြ႕ လုပ္ ေဆာင္ႏိုင္ မလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ အစၥေရးနဲ႔ဟားမတ္စ္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲ အဆုံးသတ္ေအာင္လုပ္ေဆာင္သြားမယ္လို႔လည္း ေျပာဆိုထားရာ အဲဒီစစ္ပြဲကိုအဆုံးသတ္ႏိုင္ေအာင္ ႀကိဳးပမ္းရဖြယ္ရွိ ေနပါတယ္။ အေမရိကန္သမၼတအ ျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္ကာလအတြင္း အေမ ရိကန္ ပထမျဖစ္ေရးအခ်က္ကို ဦးစားေပးလုပ္ေဆာင္ခဲ့ရာ သမၼတအျဖစ္ ဒုတိယအႀကိမ္တာဝန္ယူခ်ိန္မွာလည္း အေမရိကန္ ပထမျဖစ္ေရး အခ်က္မူဝါဒ ကို ဆက္လက္အေကာင္ထည္ေဖာ္ဖြယ္ရွိေနပါတယ္။ အေမရိကန္သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း အီရန္ႏိုင္ငံရဲ႕ န်ဴ ကလီးယားကိစၥနဲ႔ပတ္သက္ၿပီး ဖိအားေပးမႈေတြလုပ္ေဆာင္ခဲ့ဖူးရာ အီရန္ဟာ ေဒၚနယ္ထရမ့္ သမၼတအျဖစ္ တစ္ေက်ာ့ ျပန္တာဝန္ယူ ခ်ိန္အတြင္း ဖိအားေတြကို ဆက္လက္ရင္ဆိုင္ရဖြယ္ရွိ ေနပါတယ္။ မည္သို႔ပင္ဆိုေစကာမူ ေဒၚနယ္ထရမ့္ ဟာ ဖိအားမ်ိဳးစုံၾကားကေန အေမရိကန္သမၼတအျဖစ္ တစ္ေက်ာ့ျပန္ေ႐ြးေကာက္ခံရျခင္းျဖစ္ရာ သမၼတအျဖစ္ တစ္ေက်ာ့ျပန္တာဝန္ယူခ်ိန္အတြင္း ေ႐ြးေကာက္ ပြဲတုန္းကေပးထားတဲ့ကတိေတြကို ဘယ္ေလာက္ အထိ အျပည့္အဝအေကာင္ထည္ေဖာ္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.