ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို အုပ်စုဖွဲ၍ အုတ်ခဲဖြင့်ထုကာ ဆိုင်ကယ်လုယက်သွားမှု ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွား

 410

ချယ်ရီ (NP News)- နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို အုပ်စုဖွဲ့၍ အုတ်ခဲဖြင့်ထုကာ ဆိုင်ကယ်လု ယက်သွားမှုဖြစ်ပွားခဲ့ကြောင်း ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်)၊ ည ၉နာရီ အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း၊ ၁၂၇ နှင့် ၁၂၈ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ အဲဒါ မနေ့ညက ဖြစ်သွားတာပါ။ ကောင်လေး(၂)ယောက်က ဆိုင်ကယ်တစ်စီးတည်း မောင်းလာတုန်း အနောက်ကလည်း လူ(၃)ယောက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး ခေါင်းနဲ့ မျက်နှာတွေကို အုတ်ခဲနဲ့ ထုပြီး ဆိုင်ကယ်ကို လုယူသွားတာပါ။ ဆိုင်ကယ်က ကလစ် Smart Key ဆိုတော့ ဈေးက (၁၀၀)ဝန်းကျင်ရှိတယ်ဗျ”ဟု ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားများမှာ အသက် (၂၃)နှစ်ဝန်းကျင်အရွယ် နှင့် အသက်(၂၆)နှစ်ဝန်းကျင်အရွယ်တို့ဖြစ်ပြီး ဦးခေါင်းကွဲဒဏ်ရာနှင့် မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရသည်။ “အခုလိုဖြစ်ပွားမှုတွေက အရင်ကတည်းကပါ။ နိုင်ငံမတည်ငြိမ်ဖြစ်ပြီဆိုက တည်းက တောမီးလောင်တောကြောင် လက်ခမောင်းခတ်ပဲ ဖြစ်နေတာ။ တချို့ကလည်း ဆေးသမားတွေပေါ့။ ဆေးသမားတွေက ဆေးသုံးစရာမရှိတော့ တချို့က လုတာပေါ့နော်။ ဆိုင်ကယ်ကတော့ လုတဲ့ဟာကတော့ အခုချိန်အထိ မသိသေးဘူး။ အဖွဲ့တွေက အများကြီး။ ရပ်ကွက်တိုင်းအလိုလို ရှိတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေးအသင်းမှ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။ “အဓိက ကတော့ နေ့ခင်း လူပြတ်တဲ့အချိန်၊ ညဘက် မိုးချုပ်လွန်တဲ့အချိန်၊ မီးမလာတဲ့နေရာတွေမှာ တန်ဖိုးရှိတဲ့ဘီးတွေကို စီးပြီးမသွားတာ အကောင်းဆုံးပဲ”ဟု ၎င်းက အကြံပြုပြောသည်။ မန္တလေးမြို့၌ ဆိုင်ကယ်လုယက်မှုဖြစ်စဉ်များသည် တစ်နေ့လျှင် ပျမ်းမျှအားဖြင့်(၂)ကြိမ်ထက်မနည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

zawgyi version
ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားႏွစ္ဦးကို အုပ္စုဖြဲ၍ အုတ္ခဲျဖင့္ထုကာ ဆိုင္ကယ္လုယက္သြားမႈ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ျဖစ္ပြား

ခ်ယ္ရီ (NP News)- ႏိုဝင္ဘာ ၁၈

မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားႏွစ္ဦးကို အုပ္စုဖြဲ႕၍ အုတ္ခဲျဖင့္ထုကာ ဆိုင္ကယ္လု ယက္သြားမႈျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊမၪၨဴပရဟိတ လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၁၇ ရက္)၊ ည ၉နာရီ အခ်ိန္ခန႔္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၁ လမ္း၊ ၁၂၇ ႏွင့္ ၁၂၈ လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

“ဟုတ္ပါတယ္။ အဲဒါ မေန႔ညက ျဖစ္သြားတာပါ။ ေကာင္ေလး(၂)ေယာက္က ဆိုင္ကယ္တစ္စီးတည္း ေမာင္းလာတုန္း အေနာက္ကလည္း လူ(၃)ေယာက္က ဆိုင္ကယ္နဲ႔ လိုက္လာၿပီး ေခါင္းနဲ႔ မ်က္ႏွာေတြကို အုတ္ခဲနဲ႔ ထုၿပီး ဆိုင္ကယ္ကို လုယူသြားတာပါ။ ဆိုင္ကယ္က ကလစ္ Smart Key ဆိုေတာ့ ေဈးက (၁၀၀)ဝန္းက်င္ရွိတယ္ဗ်”ဟု ေ႐ႊမၪၨဴပရဟိတ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားမ်ားမွာ အသက္ (၂၃)ႏွစ္ဝန္းက်င္အ႐ြယ္ ႏွင့္ အသက္(၂၆)ႏွစ္ဝန္းက်င္အ႐ြယ္တို႔ျဖစ္ၿပီး ဦးေခါင္းကြဲဒဏ္ရာႏွင့္ မ်က္ႏွာတို႔တြင္ ထိခိုက္ဒဏ္ရာမ်ားစြာ ရရွိခဲ့ေၾကာင္း သိရသည္။ “အခုလိုျဖစ္ပြားမႈေတြက အရင္ကတည္းကပါ။ ႏိုင္ငံမတည္ၿငိမ္ျဖစ္ၿပီဆိုက တည္းက ေတာမီးေလာင္ေတာေၾကာင္ လက္ခေမာင္းခတ္ပဲ ျဖစ္ေနတာ။ တခ်ိဳ႕ကလည္း ေဆးသမားေတြေပါ့။ ေဆးသမားေတြက ေဆးသုံးစရာမရွိေတာ့ တခ်ိဳ႕က လုတာေပါ့ေနာ္။ ဆိုင္ကယ္ကေတာ့ လုတဲ့ဟာကေတာ့ အခုခ်ိန္အထိ မသိေသးဘူး။ အဖြဲ႕ေတြက အမ်ားႀကီး။ ရပ္ကြက္တိုင္းအလိုလို ရွိတယ္"ဟု ၎က ဆက္လက္ေျပာသည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ားကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး၊ အေရးေပၚဌာနသို႔ ေ႐ႊမၪၨဴပရဟိတ လူမႈကူညီေရးအသင္းမွ ပို႔ေဆာင္ ကူညီေပးခဲ့ေၾကာင္း သိရသည္။ “အဓိက ကေတာ့ ေန႔ခင္း လူျပတ္တဲ့အခ်ိန္၊ ညဘက္ မိုးခ်ဳပ္လြန္တဲ့အခ်ိန္၊ မီးမလာတဲ့ေနရာေတြမွာ တန္ဖိုးရွိတဲ့ဘီးေတြကို စီးၿပီးမသြားတာ အေကာင္းဆုံးပဲ”ဟု ၎က အႀကံျပဳေျပာသည္။ မႏၲေလးၿမိဳ႕၌ ဆိုင္ကယ္လုယက္မႈျဖစ္စဥ္မ်ားသည္ တစ္ေန႔လွ်င္ ပ်မ္းမွ်အားျဖင့္(၂)ႀကိမ္ထက္မနည္း ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.