ကမ္ဘောဒီးယားနဲ့ထိစပ်နေတဲ့နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ

326

Pika (NP News) - ဩဂုတ် ၁၃
ထိုင်းနိုင်ငံ နယ်စပ်မှာ မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုနဲ့အတူ စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ကမ္ဘောဒီးယားနိုင်ငံဟာ နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ပြီး ဖောက်ခွဲရေးပစ္စည်းအသစ်တွေကို နယ်စပ်မှာ ဖြန့်ကျက်ချထားနေတယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တို့ကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုတွေ(၅)ရက်ကြာဖြစ်ပွားခဲ့မှုနဲ့အတူ အနည်းဆုံးလူ(၄၃)ဦးသေဆုံးပြီး အရပ်သား(၃၀၀၀၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကြား နယ်စပ်အငြင်းပွားမှုတွေဖြစ်ပွားခဲ့တာဟာ ရာစုနှစ်တစ်ခုကျော်ကြာမြင့်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ ထိုင်းစစ်သားတွေဟာ ဆူရင်ပြည်နယ်မှာရှိတဲ့ အငြင်းပွား Prasat Ta Muen Thom ဘုရားကျောင်းအနီးမှာ ကင်းလှည့်မှုတွေလုပ်ဆောင်နေစဉ် နောက်ထပ်မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ တယ်လို့ ထိုင်းတော်ဝင်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Winthai Suvaree က “ကမ္ဘောဒီးယားနိုင်ငံဟာ ဆက်တိုက်ခြိမ်းခြောက်မှုအဖြစ် မြေမြှုပ်မိုင်းတွေကို နယ်စပ်မှာ ဖြန့်ကျက်ချထားနေပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ကေမာၻဒီးယားနဲ႔ထိစပ္ေနတဲ့နယ္စပ္မွာ ေျမျမႇဳပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ထိုင္းစစ္သားတစ္ဦး ထိခိုက္ဒဏ္ရာရ
Pika (NP News) - ဩဂုတ္ ၁၃
ထိုင္းႏိုင္ငံ နယ္စပ္မွာ ေျမျမႇဳပ္မိုင္းတစ္လုံးေပါက္ကြဲမႈနဲ႔အတူ စစ္သားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ထိုင္းစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ကေမာၻဒီးယားႏိုင္ငံဟာ ႏွစ္ႏိုင္ငံၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကိုခ်ိဳးေဖာက္ၿပီး ေဖာက္ခြဲေရးပစၥည္းအသစ္ေတြကို နယ္စပ္မွာ ျဖန႔္က်က္ခ်ထားေနတယ္လို႔ ထိုင္းစစ္တပ္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့လက ထိုင္းနဲ႔ကေမာၻဒီးယားစစ္တပ္တို႔ၾကား အျပန္အလွန္ပစ္ခတ္ တိုက္ခိုက္မႈေတြ(၅)ရက္ၾကာျဖစ္ပြားခဲ့မႈနဲ႔အတူ အနည္းဆုံးလူ(၄၃)ဦးေသဆုံးၿပီး အရပ္သား(၃၀၀၀၀၀)ေက်ာ္ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရတယ္လို႔ သိရပါတယ္။
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ၾကား နယ္စပ္အျငင္းပြားမႈေတြျဖစ္ပြားခဲ့တာဟာ ရာစုႏွစ္တစ္ခုေက်ာ္ၾကာျမင့္ေနၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ထိုင္းစစ္သားေတြဟာ ဆူရင္ျပည္နယ္မွာရွိတဲ့ အျငင္းပြား Prasat Ta Muen Thom ဘုရားေက်ာင္းအနီးမွာ ကင္းလွည့္မႈေတြလုပ္ေဆာင္ေနစဥ္ ေနာက္ထပ္ေျမျမႇဳပ္မိုင္းတစ္လုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ တယ္လို႔ ထိုင္းေတာ္ဝင္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ထိုင္းစစ္တပ္ေျပာေရးဆိုခြင့္ရွိသူ Winthai Suvaree က “ကေမာၻဒီးယားႏိုင္ငံဟာ ဆက္တိုက္ၿခိမ္းေျခာက္မႈအျဖစ္ ေျမျမႇဳပ္မိုင္းေတြကို နယ္စပ္မွာ ျဖန႔္က်က္ခ်ထားေနပါတယ္” လို႔ေျပာဆိုခဲ့ပါတယ္။