ကျော်နုနှင့် မိတ်ဆွေများ၏ တိုင်းကျိုး ပြည်ပြု အလွတ်သဘောဆွေးနွေးခန်း(အပိုင်း-၁)
1456
စောရေးသားသည်
NP News - နိုဝင်ဘာ ၂၉
ကျော်နုနှင့်မိတ်ဆွေများ အလွတ်သဘောဆွေးနွေးခန်းစာစဉ်ကို ယခုတစ်ပတ်မှစတင်၍ အပိုင်း(၃)ပိုင်းခွဲကာ စတင်ဖော်ပြသွားမည်ဖြစ်ပါသည်။ ဆွေးနွေးခန်းအတွင်း၌ ပါဝင်ဆွေးနွေးကြသူများ၏အမည်များကို ဖော်ပြမည်မဟုတ်ဘဲ အဆိုးအကောင်းမှန်သမျှကို NP News ကသာ တာဝန်ယူသွားမည်ဖြစ်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တိုင်းကျိုးပြည်ပြု ဆွေးနွေးမှုစကားဝိုင်းသာဖြစ်ပြီး ယခုဖော်ပြမည့်အပိုင်း(၃)ပိုင်း သုံးပတ်စာအစီအစဉ်ပြီးစီးပါက အခြားသောကဏ္ဍများအတွက်လည်း ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
ဆွေးနွေးဖော် - လားရှိုးပြန်ရပြီကြားလို့ ရပြီလား။
ကျော်နု - အစ်ကိုကလည်း လားရှိုးက တိုက်တိုက်၊ မတိုက်တိုက် လိုမှမလိုတော့တာ။
ဆွေးနွေးဖော် - ဟုတ်တယ်လေ။
ကျော်နု - တိုက်ဖို့တောင်မလိုတော့အောင် လားရှိုးက သူ့ဘာသာသူ အခြေအနေက ဥပမာပြောရရင် စစ်သားတစ် ယောက်ပေါ့။ စစ်သားတစ်ယောက်က ယူနီဖောင်းနဲ့ လားရှိုးထဲဝင်သွားရင်တောင် ကျန်တဲ့ကောင်တွေ အကုန်ထွက် ပြေးမယ့်အနေအထားအထိရောက် သွားပြီ။ ကိုးကန့်အထိထွက်ပြေးမှာ။ အဲဒီလောက်အထိရောက်သွားပြီ။
ဆွေးနွေးဖော် - ဟုတ်တယ်လေ။ တရားဝင်ပြန်ရပြီ လားလို့လေ။
ကျော်နု - တရားဝင်ကျတော့ ခုနက ပြဿနာရှိတယ်။ ဆိုလိုတာက နယ်မြေကိုရနေရင်တောင် တိုက်ပြီးရ တယ်တို့ သို့မဟုတ် ရင်းနှီးပြီးတော့ရတယ်တို့ ဇာတ်လမ်းရိုက်ဦးမှာပေါ့။ အဲဒီလိုတော့ ကျွန်တော်ကမြင်တယ်။ လားရှိုးက ဘယ် အချိန်ယူယူ ရနေပြီ။ အဲဒီအ ဆင့်အထိရောက်သွားပြီ။ ကျွန်တော်အဲဒါကိုသိတယ်။
ဆွေးနွေးဖော် - ဟုတ်တယ်လေ။ အဲဒါကြောင့်မို့လို့ ဒါကြောင့် လက်ရှိရနေပြီဆိုတဲ့အခြေအနေတော့ ခန့်မှန်းမိတာ ကြာပြီလေ။ ဒါပေမဲ့ ကိုကျော်နုကတော့ သတင်းကကြိုရနေမှာ တရားဝင်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးက လည်း တရုတ်ပြည်သွားပြီးပြီ ဆိုတော့လေ။ အကုန်လုံးက အိုကေတယ်လေ။ အကုန်လုံးက အိုကေတယ်ဆိုတော့ ရသွား ပြီလား လို့လေ။
ကျော်နု - ဟုတ်တယ်။ ကျွန်တော်က ပြီးခဲ့တဲ့နှစ်ပတ် လောက်တည်းက လားရှိုးကိစ္စကိုမေးပြီးပြီ။ မေးတော့ လားရှိုးမှာရှိသေးတဲ့ ကိုးကန့်တွေရော၊ ဝတွေရောပေါ့။ နှစ်ဖွဲ့လုံး တူညီစွာထွက်တဲ့အသံက ဘာလဲဆိုတော့ စစ်တပ်က လာဖို့ပဲ။ စစ်တပ်က ဝင်လာဖို့ပဲလိုတာ။ စစ်တပ်က ဝင်လာပြီးတော့ လားရှိုးမြို့ကို ပြန်ပြီးတော့ တိုက်ခိုက်သိမ်းပိုက်ဖို့၊ တိုက်ခိုက်သိမ်းပိုက်ပြီဆိုတဲ့ အဲဒီဟာလေးပဲလိုတာ သိလား။ ရှင်းရှင်းပြောရရင် အဲဒါလေးအသံထွက်တာနဲ့ ဒီကောင်တွေ ကပြေးမှာ။ အဲဒီလိုပြေးချင်နေတာ ပြဿနာက အဲဒီလို အသံထွက်လာဖို့ပဲလိုတာ။
ဆွေးနွေးဖော် - ပြေးပြီဟေ့။ ပြေးပြီဆိုရင်လည်း သူတို့က ဘယ်အိမ်ကိုပြေးကြမှာလဲ။
ကျော်နု - ကိုးကန့်နယ်မြေထဲ ပြေးမှာပေါ့။
ဆွေးနွေးဖော်- မဟုတ်ဘူးလေ။ လောက်ကိုင်လည်း ကြေမွပြီ၊ ချင်းရွှေဟော်လည်း ကြေမွပြီလေ။
ကျော်နု - အဓိကက နားလည်သလောက်ကတော့ ကိုးကန့်တွေက တရုတ်ကနေတစ်ဆင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို သတင်းစကားပါးတယ်ပေါ့။ ကျွန်တော်ခန့်မှန်းတာပေါ့။ သူကရှင်းရှင်းပြောရရင် သူတို့ ကိုးကန့်ဒေ သတော့ အုပ်ချုပ်ခွင့်ပေးဖို့။ လားရှိုး ကနေ သူတို့ကဆုတ်မယ်။ ဒါပေမဲ့ ယုတ္တိရှိအောင် ဆုတ်မယ်ပေါ့ဗျာ။ ပြီးရင် TNLA၊ TNLA ဆိုတဲ့ ဒီပလောင်အုပ်စုနဲ့က မဟာမိတ်ချုပ်ခဲ့တာဖြစ်တော့ မဟာမိတ်ချုပ်ခဲ့တဲ့စာချုပ်ကိုလည်း အရှက်မကွဲချင်ဘူး။ အဲဒီတော့ သူတို့က ယုတ္တိရှိရှိနဲ့ဆုတ်လို့ရအောင်လို့ အတိုက်ပြပေးပါပေါ့။ ဖြစ်စေချင်တာ၊ ဒါမျိုးဆိုတော့ ပြောချင်တာ ကဗျာ သူတို့ကို တရားဝင်အုပ်ချုပ်ခွင့်ပေး ဖို့အတွက်ကို ဖုန်အုပ်စုက Request လုပ်တဲ့သဘော၊ အောက်ကျို့ခံသွားတဲ့ သဘောဖြစ်သွားပြီ။ သူတို့တိုက် ခဲ့တာ မှားသွားပြီဆိုတာ သူတို့သိသွားပြီ အောက်ကျို့ ခံဖို့ ကြိုးစားပြီ။
ဆွေးနွေးဖော် - ကျွံသွားပြီ။
ကျော်နု - ပြီးတော့ ဖုန်အုပ်စုက အဲဒီလိုပြောတဲ့အချိန်မှာ ခုနောက်ပိုင်းမှာ ကျွန်တော်မြင်တာပေါ့။ ကျွန်တော့် အမြင် ပေါ့လေ။ ခန့်မှန်းတာပေါ့။ ဖုန်းတာရွှင့်နဲ့ ဖုန်မိသားစုက ဇာတ်မြှုပ်နေရမယ့်အလားအလာ ရှိသွားပြီ။ ဖုန်တာရွှင်နဲ့ ထိပ်ပိုင်းတချို့တွေကို တရုတ်က သတ် မယ့်သဘောရှိတယ်။ သတ်မယ်ဆိုတာ ဖမ်းဆီးထိန်း သိမ်းရေးမဟုတ်ရင်တောင် သူတို့ ဒီကောင်တွေကို သတ်ပစ်လိုက်တာမျိုး သို့မဟုတ်ဗျာ သတ်လိုက်တယ်ပေါ့။ အဲဒါကို ဖုန်ကလည်း သိတယ်။ အဲဒီ တော့ အဲဒီလောက်ကိုင်နယ်မြေကိုအုပ်ချုပ်ဖို့အတွက် ကိုးကန့်ဒေသပေါ့။ ခေါင်းကိုင်ဖခင်အဖြစ်နဲ့အုပ်ချုပ်ဖို့အတွက် တရုတ်ရော၊ မြန်မာရော ရွေးချယ်တဲ့ မိသားစုပေါ့လေ။ အဲဒါက လော်မိသားစု လော်စစ်ဟန်။ လော်စစ်ဟန်နဲ့ အခု သူရဲ့သား စတီဗင်လောပေါ့။ အဲဒီအုပ်စုကို လက်ထဲထည့်မလားဆိုတဲ့အတွေး ကျွန်တော့်မှာရှိနေတယ်။ အဲဒါကို နန်းတွင်း ရေးရာစီမံခန့်ခွဲတဲ့ကိစ္စတွေနဲ့ ချိန်ပြီးစဉ်းစားရင် ရသွားပြီပေါ့ဗျာ။ အဲဒီလိုဖြစ်သွားပြီလို့ ခန့်မှန်းတယ်ပေါ့နော်။
ဆွေးနွေးဖော် - ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကကျွံသွားတယ်ပေါ့နော်။ သူတို့ ဘာဖြစ်လို့လဲဆိုတော့ ဟိုရက်ကတည်းက သုံးသပ်တာ မတန်မရာ ကိုသွားလုပ်လိုက်တာပေါ့ကွာ။ မတန်တာကို သွားလျာ လိုက်တာပေါ့။ မတန်တာကိုသွားလျာပြီဆိုရင် ကွဲမှာပဲလေ။ မတန်တာကို သွားလျာမိတဲ့အတွက် သူတို့ကွဲမယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်က တရုတ်က အကျိုးစီးပွားက တအားထိခိုက်နေပြီလေ။ ပိုးလမ်းမကြီးအတွက်လည်း စိတ်ပူနေရပြီ။ နောက် တစ်ခုကဘာဖြစ်လာလဲဆိုတော့ တရုတ်ရဲ့ မြန်မာပြည်ကို သွင်းနေတာက မြန်မာက တစ်ဘီလျံလောက်အကျိုးရှိရင် တရုတ်က(၅)ဘီလျံလောက်အကျိုးရှိနေတာ။ (၁၀)ဘီလျံလည်းဖြစ်ချင်ဖြစ်မယ်။ အဲဒါကျတော့ အဲဒီအကျိုးစီးပွား လည်းထိတယ်။ ဒီဘက်မှာလည်း တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုက မြန်မာပြည်မှာ အများဆုံးလေ “သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု လည်းအများဆုံး” အဲဒီ တော့ တရုတ်က အကျိုးစီးပွားလည်း ထိခိုက်တယ်။ ပြီးရင် ပထဝီနိုင်ငံရေးကိုလည်း ထိခိုက်တယ် ဖြစ်နေ ပြီလေ။ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအဖွဲ့လေးတွေ ထဲကတော့ ပြောရမယ်ဆိုရင် ပထဝီနိုင်ငံအရေးအရ ‘ဝ’ကို စတေးရမယ်ဆိုရင်တောင် စတေးရမှာပဲလေ။ ကိုးကန့်လောက်က စကားကိုပြောမနေတော့ဘူး။ စတေးမှာ ဆိုတဲ့အချိန် ကျတော့ ဒီလားရှိုးဆိုတာက အချိန်မရွေးယူလို့ရတဲ့အနေအထားဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ရက် နှစ်ရက်မှာတော့ ဗိုလ်ချုပ်မှူးကြီးလည်း တရုတ်ပြည်သွားပြီးချိန်ကျတော့ လားရှိုးက တရားဝင်သွားပြီးတော့ ရုံးတွေဘာတွေ ထိုင်နေ လားပေါ့နော်။ တရားဝင်ကြီးကို ပြန်ယူလိုက်တဲ့သဘောဖြစ်သွားပြီလားပေါ့နော်။ အမှန်ကတော့ ကိုးကန့်က ပြီးခဲ့တဲ့ ဆယ်ရက်နှစ်ပတ်အရှေ့ကတည်းကကြားတာက ကိုးကန့်က လားရှိုးကိုပြန်ယူပါ။ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကိုတော့ သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးပါ။ သူက အဲဒါတော့ ဒီဘက်ကလည်း ဘာမှ ညှိနှိုင်းစရာအကြောင်းမရှိဘူး။ တိုက်ပြီး တော့ ပြန်ယူမယ်ဆိုတာမျိုး ဗိုလ်ချုပ်မှူးကြီးကလည်းလုပ်နေပြီလေ။ အဲဒါတော့ မတိုက်ခင်အတောအတွင်းမှာ တရုတ်နဲ့ သွားပြီးတော့ ညှိမယ်ပေါ့။ တရုတ်နဲ့ညှိတာက နှစ်ချက်လုံး အဆင်ပြေတယ်။ နယ်စပ်ကိုပိတ်ဖို့လည်း အဆင်ပြေတယ်။ နောက်တစ်ခုက နယ်စပ်ကို ပိတ်ဖို့ ရယ်၊ တည်ငြိမ်အေးချမ်းရေးရယ်၊ ရွေးကောက်ပွဲရယ်။ သုံးချက်စလုံး အဆင်ပြေတယ်။ သုံးချက်စလုံးအဆင် ပြေတယ်ဆိုတဲ့အချိန်ကျတော့ ရတောင်ရနေပြီလား မသိဘူးလေဆိုပြီး သတိရတာနဲ့ ကိုကျော်နုကို လှမ်းဆက်ဦးမယ်ဆိုပြီးတော့မှ အဲဒါနဲ့ သတိရရင်းလှမ်း ဆက်တာ။ အဓိကက တရုတ်ရဲ့ထောက်ခံအားပေးမှုက ဒီမြန်မာနိုင်ငံအရေးမှာ တော်တော်အရေးပါတယ်လေ။ ကိုယ့်ဘာသာကိုယ် သီးခြားရပ်တည်နိုင်အောင်၊ မရပ်တည်နိုင် အောင်ကတော့ ကိုယ့်ဘာသာကြိုးစား ရမှာပေါ့။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမှာတော့ သုံးခု လုံးမှာ သူရဲ့ရိုက်ခတ်မှု ကတော့ ကြီးတယ်လေ။ ပြီးတော့ နောက်တစ်ခုက အမေရိကန်ကလည်း တရုတ်နဲ့မတည့်။ တရုတ်ရဲ့အကျိုးစီးပွား ထိခိုက်နိုင်တဲ့ ထရမ့်ပြန်တက်လာပြီလေ။ ထရမ့်လက်ထက်မှာ တရုတ်က တော်တော်ဒုက္ခများသွားတာလေ။ အခွန်တွေ ကို (၂၀ဝ)ရာခိုင်နှုန်းတို့ (၃၀ဝ)ရာခိုင်နှုန်းတို့ အပြိုင်တိုး ကောက်ကြတာလေ။ အဲဒါကျတော့ ထရမ့်က သူ့နိုင်ငံ သူ့လူမျိုး အရေးကို သိပ်ဦးစားပေးတာလေ။ တရုတ် ကလည်း အဲဒီလိုပဲ။ သူ့နိုင်ငံ သူ့လူမျိုး အကျိုးစီးပွားကို သိပ်ဦးစားပေးတာ။ အဲဒီတော့ အဲဒီလိုမျိုးတွေဖြစ်ကြ ပြီဆို ကမ္ဘာ့နိုင်ငံအရေးတွေလည်း အပြောင်းအလဲဖြစ် ပြီ။ ဖြစ်ပြီဆိုတဲ့အချိန်ကျတော့ စိတ်ထဲမှာတွက်တာ ဒီကိုးကန့်တော့ ကျွံသွားပြီလို့၊ ကျွံသွားတဲ့အတွက် ကြေမှာပဲလို့။ ကိုးကန့်ကြေတာနဲ့တစ်ပြိုင်နက် အဲဒီ အကြေတွေရဲ့ဟာက ဒီဘက် KIA နဲ့ ပလောင်ကိုလည်း ရိုက်ခတ်မှုကရှိလာမှာပဲ။ နောက်တစ်ခုက ကရင်ပေါ့။ ကရင်က ထိုင်းထွက်ပေါက်ဖြစ်နေတယ်။ တရုတ်ထွက်ပေါက် မဟုတ်ဘူး။ ဒါပေမဲ့ ကရင်ကလည်း ဗမာစစ်တပ်က ကရင်ကို ငယ်နိုင်ဖြစ်နေတာလေ။ ကရင်က သိပ်မလုပ်ရဲဘူး။ ကရင်က တကယ် တော့လေ သူ့ဘာသာသူ ဘယ်စခန်းတွေ သိမ်းတာ မသိမ်းတာ။ ဒီအချိန်ကတော့ စခန်းတွေ အပြိုင်သိမ်း နေတာပဲ။ ဒီဟာတွေက စခန်းသိမ်းမှ လူစုမိသလိုဖြစ် နေတယ်။
ကျော်နု - စခန်းမသိမ်းခင်တုန်းက ဆုတ်လို့ရပေမယ့် စခန်းသိမ်းမှ နေမထိထိုင်မသာတွေ ဖြစ်ကုန်တာ။ မသိမ်းတုန်းက ဘာမှမဖြစ်ဘူး။ သိမ်းလိုက်တော့မှ ပြဿနာကတက်တယ်ဆိုတာ အခု အဲဒီလိုတွေဖြစ် ကုန်တာ။ သူပုန်တွေက။
ဆွေးနွေးဖော် - သူက ပြဿနာက အရင်တုန်းက တဲလေးနဲ့ နေတယ်။ တဲလေးနဲ့နေပြီးတော့ ဘေးက တိုက်ကြီးကို ခင်ဗျားက အမြဲတမ်း မျက်စောင်းထိုးတယ်။ ဒီတိုက်ကြီးရှိနေတဲ့အတွက် ငါ့တဲလေးသိမ်ငယ် နေရတယ်လို့ ခင်ဗျား အမြဲတမ်းတွေးခဲ့တယ်။ တစ်ရက်ကျတော့ တိုက်ကြီးက အားနည်းနေတဲ့အချိန်မှာ တဲလေးထဲကလူက တိုက်ကြီးကို တက်ပြီးတော့ အပိုင်စီးပြီးတော့ တက်နေတယ်။ ဒါပေမဲ့ သူ့မှာက အဲဒီတိုက်ကြီးထဲမှာ ဘယ်တုန်းကမှ မနေခဲ့ဖူးတဲ့ အတွက်ကြောင့်မို့လို့ သူဒီတိုက်ကြီးကို ဘယ်လိုစီမံခန့် ခွဲရမယ်၊ အုပ်ချုပ်ရမယ်။ ဒီအပေါ်မှာနေထိုင်ရင် ဘယ်လို အဆင့် အတန်းနဲ့နေထိုင်ရမယ်ဆိုတာကို သူမလုပ်တတ်ဘူး။ အဲဒီအတွက်က သူအသားကျဖို့အတွက်က အချိန်အကြာ ကြီးယူ ရဦးမှာ။ သဘောကတော့ အဲဒီတိုက်ကြီးမှာ နေနိုင်တယ်ဆိုတဲ့ဟာက အခုနိုင်ငံတစ်နိုင်ငံအုပ်ချုပ်ပြီ။ ဒေသတစ်ခုကို ပိုင်ပိုင်နိုင် နိုင်အုပ်ချုပ်ပြီဆိုတာ အဲဒီ Constitution နဲ့။ ဒီ Constitution မရှိတဲ့အတွက်ကြောင့်မို့လို့ အခု ကရင်တွေက ပထမဆုံးစပြီး တော်လှန်တယ်။ နှစ် (၇၀)ရှိပြီ။ ဒါပေမဲ့ ဒီကရင်တွေက ကရင်ပြည်နယ်ကြီး တစ်ခုလုံးကို သူတို့ပြန်ရပြီ ထားတော့ သူက ဘာလုပ်မယ့်အစီအစဉ်ရှိလဲ။ သူတို့က ပြဿနာက အိန္ဒိယမှာ လူတစ်ယောက်ကို ဒုက္ခရောက်စေချင်ရင် မဟာရာ ဂျာက ဆင်ဖြူတစ်စီးပေးလိုက်တယ်။ အဲဒီလူကလည်း မဟာရာဂျာရဲ့ဆင်ဖြူကိုရတဲ့အချိန်ကျတော့ ဝမ်းသာ ပြီးတော့ပြန်သွားတယ်။ ဒါပေမဲ့ ဆင်ဖြူက တခြားဆင် မည်းတွေလို မြက်၊ သစ်ရွက်တွေ ကျွေးလို့မရဘူး။ သူက သကာတို့ နို့တို့ပေါက်ပေါက်တို့ ကျွေးရတာ။ ပြီးတော့ တခြားဆင်မည်းတွေလို သစ်ဆွဲလို့မရဘူး။ ဆင်ဖြူဆိုတာက ချပ်ဝတ် တန်တာဆင်ပြီးတော့မှ လှလှပပ ကြော့ကြော့မော့မော့နဲ့ ထားရတယ်။ ဆင်မည်း တွေလိုမျိုး ရွှံ့တွေ၊ ဗွက်တွေနဲ့ မြေပေါ်မှာထားလို့မရဘူး။ ဆင်ဖြူတွေကိုထားတဲ့နေရာက တခမ်းတနားနဲ့ ထားရတယ်။ ကြာလာတော့ အဲဒီ ဆင်ဖြူ ရတဲ့လူက တဖြည်းဖြည်းနဲ့သူက ဒုက္ခရောက်သွားတာ။ ဆင်းရဲ သွားတာ။ အဲဒီတော့ အိန္ဒိယမှာ ‘လူတစ်ယောက်ကို ဒုက္ခရောက်သွားစေချင်ရင်၊ ဆင်းရဲသွားစေချင်ရင် ဆင်ဖြူတစ်စီးပေးလိုက်ပါ’ဆိုပြီးတော့ စကားပုံ ရှိတယ်။ အဲဒီကျတော့ ဒီမှာလည်း အခု နောက်ထပ်နော်။ ရခိုင်မှာ ထွန်းမြတ်နိုင်တို့က အိုကေ ရခိုင်က အမ်းကိုရမယ်။ ရခိုင် (၁၇)မြို့နယ်လုံး သူပြန်ရပြီ။ ဒါပေမဲ့ သူရဲ့ပြဿနာက သူတို့က အဲဒီဘင်္ဂလားဒေ့ရှ် နဲ့ကိုဒုက္ခရောက်မှာ။ ဘင်္ဂါလီက လူဦးရေပေါက်ကွဲနေ တဲ့ဟာနဲ့ ဗမာစစ်တပ်နဲ့တိုက်ရတာကိုး။ ဗမာကို ကမ္ဘာမကြေလုပ်ရတာကို ရခိုင်က အခုကြည့်ရှုနေတယ်။ အမှန်ပြောရရင် ဗမာက ရခိုင်ရဲ့အထုပ်ကြီးကို ထမ်းပေးထားတာ။ သူတို့ရဲ့ သယံဇာတတွေနဲ့ ကမ္ဘာမှာ စိတ်ချမ်းသာမယ်။ တစ်နိုင်ငံ တည်ထောင်နိုင်မယ်လို့တောင်စဉ်းစားနေတာ ထွန်းမြတ်နိုင်တို့က။ ‘ဘယ်ဟုတ်မှာတုန်း’ ဒီဘက်က မြန်မာနဲ့ သူတို့ဟို ဘက်က နေပြီးတော့မှ ဘင်္ဂလားဒေ့ရှ်နဲ့ကြားထဲမှာ ရခိုင်ဆိုတာက ပျောက်တောင်ပျောက်သွားဦးမယ်။ ရခိုင်ဆိုတာက ဗမာကြားခံပြီးတော့ ထိန်းထားတဲ့အတွက်ကြောင့်မို့လို့ အနှစ် (၂၀ဝ)မှာ ကောင်းကောင်းရပ်တည်နိုင်တာလေ။ မြန်မာနိုင်ငံ ပြည်ထောင်စုအတောအတွင်းမှာ သူတို့ တစ်ပြည်ထောင်တည်းနေကြည့်လိုက်။ သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ကုလားရဲ့ဖိအားနဲ့ ကုလားရဲ့ဝါးမျိုမှုက ဒီအနောက်တံခါးရဲ့ဟာကြီးက ကြောက်စရာကြီး။ ပင်လယ်ပြင်ဆည်ရေ တက်တာနဲ့လေ၊ ရေခဲတွေအ ရည်ပျော်ကျနေတယ်။ ရေခဲတွေ အရည်ပျော်ကျလာ လို့၊ ပင်လယ်ပြင်မျက်နှာ ပြင်မြင့်လာ လို့ ဆည်ရေ တက်တာနဲ့ ဘင်္ဂလားဒေ့ရှ်က ကုလားသန်း(၃၀)က ရခိုင်တွေထဲပဲတိုးဝင်လာမှာ။ အဲဒီအတွက်ကျတော့ ခုနကပြောသလို သူတို့က ဒီဆင်ခြေရတာကို မျောက်သုံးကောင်က အဟုတ်ထင်နေတာ။ တကယ်တော့ သူတို့ဒုက္ခ ရောက်မှာ ‘‘ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တယ်။ ဒေသတစ်ခုကို အုပ်ချုပ်တယ်ဆိုတာ လူယဉ် ကျေး၊ ပညာတတ်တွေ အုပ်ချုပ်တာလေ။ လူမိုက်၊ လူရမ်းကားတွေ အုပ်ချုပ်လို့မရဘူးလေ။
ကျော်နု -မှန်ပါတယ်။
ဆွေးနွေးဖော် - အဲဒီတော့ သူတို့က မိုက်ရိုင်း၊ ထွားကျိုင်းတယ်။ ရမ်းကားတယ်ပေါ့နော်။ ငါတို့က သေနတ်ကိုင် ထား တယ်။ အာဏာရှိတယ်။ အုပ်ချုပ်လို့ရတယ်လို့ထင်နေတာမဟုတ်ဘူး။ အဲဒီဟာက သူတို့အတွက်ပြောမယ်ဆိုရင် ပိုပြီး တော့ ဒုက္ခရောက်မယ်။ လူဆိုတာက မြေကြီးပေါ်မှာရှိမယ့်လူက ဆက်ကျစရာအကြောင်းမရှိဘူး။ ဒါပေမဲ့ ကံကောင်း ထောက်မစွာနဲ့ ဆယ်ထပ်တိုက်ပေါ်တက်သွားပြီးတော့ အဲဒီဆယ်ထပ် တိုက်ပေါ်ကပြုတ်ကျလို့က တော့သေမှာ။ မြေကြီးပေါ်ကတဲလေးနဲ့တုန်းက သူတို့ဘာမှမဖြစ်ဘူးလေ။ တဲထဲမှာ သူတို့ဆင်းရဲနေတယ်ပဲဖြစ်ဖြစ်၊ မွဲနေ တယ်ပဲ ဖြစ်ဖြစ် အဲဒါက အလေ့အကျင့်ရနေပြီ။ အချိန် အခါနဲ့အခွင့်အရေးကိုယူပြီးတော့ ဆယ်ထပ်တိုက်ပေါ် တက်သွားမှာ။ ဒီဆယ်ထပ်တိုက်ပေါ်က ပြန်ဆင်းလို့ မရရင်ခုန်ချရမှာလေ။ အဲဒီကျမှ အကုန်သေမှာ။ အခု အဲဒီဆယ်ထပ်တိုက်ပေါ်က ကိုးကန့်လည်း ခုန်ချရ မယ့်ပုံစံဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာက လှေကားကဆင်းလို့မရဘူး ဖြစ်နေတာ။
ကျော်နု- ဟုတ်တယ်။
ဆွေးနွေးဖော် - အဲဒါကြောင့်မို့လို့ တချို့သော နိုင်ငံရေး၊ စစ်ရေးအတွေးအခေါ်တွေဟာ ‘‘ကြက်ဥအရောင် တိမ်တောင် သဖွယ် မင်းရေးကျယ်”ဆိုတာ မြန်မာရှေးပညာရှိတွေပြောခဲ့တာ အလကား ပြောတာ မှမဟုတ်တာ။ ဒါ ဗိုလ်ချုပ်မှူးကြီးရဲ့ တရုတ်ခရီးစဉ် တစ်ချက်မှာ ရလဒ်တွေ အများကြီးပြောင်းသွားနိုင်တယ်။
ကျော်နု - အဲဒါနဲ့ အခု သူ့ခရီးစဉ်ကြည့်လိုက်တာနဲ့ အဖြေထွက်သွားတာတွေ အများကြီးရှိပါတယ်။
ဆွေးနွေးဖော် - အများကြီးပြောင်းသွားမှာ။ ဝမ်ယိ ဟိုနေ့က တစ်ချက်လာသွားတာ ပြောင်းသွားတယ်။ ဝမ်ယိသာ တစ်ချက်မလာခဲ့ဘူးဆိုရင်တော့ ဒေါ်လာက (၈)ထောင်၊ တစ်သောင်းဖြစ်မှာနော်။ ရွှေဈေးက သိန်း(၈၀)၊ တစ်ရာဖြစ် မှာနော်။ အကုန်လုံး ဒီထဲမှာလည်း အကုန်လုံးဖမ်းရယ်၊ ပြုရယ်၊ ထိန်းရယ်၊ သိမ်းရယ်နဲ့ အကုန်ကမောက်ကမ ဖြစ်မှာ နော်။ ရွှေဈေးတွေ၊ ဒေါ်လာဈေးတွေကိုကစားနေတာက ရန်ကုန် ရွှေအသင်းက ကစားတာမဟုတ်ဘူးနော်။ မန္တလေး ရွှေအသင်းက မဟုတ်ဘူးနော်။ ဒါတရုတ်နယ်စပ်တွေ၊ ထိုင်းနယ်စပ်၊ အိန္ဒိယနယ်စပ်တွေက အဲဒီနယ်စပ်က နေမှန်းပြီးတော့မှလုပ်နေတာ ‘‘ ဒီတစ်ရက် တစ်ရက် ရွှေဈေးကို ဘယ်သူဖောက်တာလဲဆိုပြီးတော့မှ တ ရားခံရှာမနေနဲ့။ အောင်သမာဓိလည်း မဖောက်နိုင်ဘူး။ ဝိန့်စိန်လည်း မဖောက်နိုင်ဘူး။ အကယ်ဒမီလည်းမ ဖောက်နိုင်ဘူး။ ဒီရွှေဈေးရဲ့ Market ကိုလေ သူတို့ အဲဒီလောက်အထိ သူ့တို့ အရေးပါတဲ့လူတွေမဟုတ်ဘူး။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ နယ်စပ်မှာ ဘီလျံနဲ့ချီ ပြီးတော့မှ ကြည့်နေတဲ့လူတွေက လှမ်းလုပ်တာ။ အဲဒါကြောင့်မို့လို့ ဒီတရုတ်ကို အခုကိုင်လိုက်တဲ့ဟာ သည် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေမှာလည်း အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။
ကျော်နု -တွေးလို့တော့ ရပါတယ်။ တွေးကြည့်ရင် အခင်းအကျင်းအားလုံးကို ချိန်လိုက်တာနဲ့အဖြေက ထွက်နေပြီ။ ကျွန်တော်တို့ကတော့ထွက်နေပြီ။ သာမန်အရပ်သားပြည်သူကျတော့ ဘယ်လိုလုပ်လုပ် မသိဘူးလေ။
ဆွေးနွေးဖော်- သူတို့အဲဒီလောက်မမီဘူး။ မြန်မာပြည်မှာ နိုင်ငံရေး ရေချိန်ဆိုတာရှိတယ်။ နိုင်ငံရေး level ဆိုတာရှိတယ်။ နိုင်ငံရေးရေချိန်နဲ့ နိုင်ငံရေး level ကို သိနိုင်တဲ့လူက နည်းနည်းလေးပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေအားလုံးက ပိန်းတဲ့လူနဲ့ ပိတ်တဲ့လူက များတယ်။ ဒါကတော့ ပြောမယ်ဆိုရင်တော့ အနီဘက်ရော၊ အစိမ်းဘက်ရော နှစ်ဖက်လုံးပဲ။ အပိန်းအပိတ်တွေ၊ နှစ်ဖက်လုံးရှိတယ်။ တစ်ခါတလေ ကျတော့ သူတို့က ဆိုင်ဆိုင်၊ မဆိုင်ဆိုင် နိုင်ရင်ပြီးရော ဆိုပြီးလုပ်နေတာ။ အဲဒါကြောင့်မို့လို့ တကယ့်တကယ် တမ်းကျတော့ နိုင်ငံရေးရေချိန်ရယ်၊ နိုင်ငံရေး level ရယ်ရှိတယ်။ ဝမ်ယိ မြန်မာပြည်ကိုလာတဲ့ခရီးစဉ်ရယ်။ အခု လီကျန်းနဲ့သွားပြီးတော့မှ ဗိုလ်ချုပ်မှူးကြီးနဲ့ သွားတွေ့တဲ့ဟာရယ်ကလေ ရက်အနေအထားတွေ ကတော့ အပြောင်းအလဲတွေတော့ ဖြစ်ကုန်မယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခု လေယာဉ်ဆီ ပူစရာမလိုဘူး။ လက်နက်ပူစရာမလိုတော့ဘူး။ လေယာဉ်ဆီနဲ့ လက်နက်ရရင် ဗုံးကကျဲလို့ရပြီ။ အဲဒါမှာ တကယ်တမ်း ပြောရင် တပ်ကဗုံးကျဲတဲ့ဟာက EAO တွေအတွက်ရော လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးရော အကြောက်ဆုံးပဲ။ လေတပ်ဗုံးကျဲတာကို အကြောက်ဆုံးပဲ။ နောက် လက်နက်ကြီးနဲ့အပစ်ခံရ တာပေါ့။ ဒီ ပွိုင့် (၅)နဲ့ (၁၂၀)တို့နဲ့ ပစ်တဲ့ဟာတွေကလည်း နည်းနည်းနောနော ထိခိုက်တာတွေမှ မဟုတ်တာလေ။ တကယ့်တကယ်တမ်း ဒီတိုင်းရင်း သားလက် နက်ကိုင်တွေက သူတို့ဟာသူတို့ Manpad (လေယာဉ်ပစ်လက်နက်) ရှိတယ်ပြောပြော၊ ဘာပြောညာ ပြောနဲ့သာလုပ်နေတာ တကယ့်တကယ်တမ်းကျတော့ သူတို့ဆီမှာ ဘယ်ဟိုဟာလုပ်မတုံး။
ကျော်နု - မှန်ပါတယ်။ တကယ်ယှဉ်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးကနေပြီးတော့ လုပ်ချလိုက်မယ်ဆိုရင် အကုန်ပြာကျကုန်မှာ မြင်ပြီးသားပဲလေ။
ဆွေးနွေးဖော် - လုပ်ဖို့တော့လိုတယ်။ မလုပ်လို့ဆိုရင် မပြတ်ရင်တော့၊ လျော့ရင်တော့ပတ်မှာပါ။ ပြတ်ပြတ် သားသားနဲ့ တစ်ခါတည်းစလိုက်လို့ကတော့ တစ်ကြော ပြီးတစ်ကြောရှင်းလိုက်ရုံပါပဲ။ အခု ကိုးကန့်တစ်ကြော ရှင်းပြီးရင်၊ ပလောင်ရှင်းရုံပဲ။ ပလောင်ရှင်းပြီးရင် ရခိုင်ရှင်းရုံပဲ။ အဲဒီသုံးကြောငြိမ်သွားပြီဆိုရင် ကျန်တဲ့ကိစ္စ တွေက ဒါက သိပ်မခက် တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြောက်သုံးကောင်ရဲ့ (၁၀၂၇)အဖွင့်ဟာ တော်တော်လေးပြောမယ်ဆိုရင် အကျပ်ရိုက်သွားတာပေါ့။ ပထမလှိုင်း၊ ဒုတိယလှိုင်းမှာလေ။ ဘာကြောင့်လဲဆိုတဲ့အချိန်ကျတော့ လားရှိုးကျသွားတဲ့ ဟာက ဘယ်သူမှမယုံနိုင်ဘူးလေ။ မယုံနိုင်စရာကြီး ဖြစ်သွားတာလေ။
ကျော်နု - အင်းပေါ့။ တချို့ကိစ္စတွေကတော့ စစ်ရေးအရ စဉ်းစားနိုင်တဲ့ စဉ်းစားလို့ရတဲ့ကိစ္စတွေ အများ ကြီးဖြစ် လာတာပေါ့။ တချို့ကိစ္စတွေကျတော့ ဘုရင် တွေစဉ်းစားသလို စဉ်းစားမယ်ဆိုရင်ပေါ့။
(အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်)
zawgyi version
ေက်ာ္ႏုႏွင့္ မိတ္ေဆြမ်ား၏ တိုင္းက်ိဳး ျပည္ျပဳ အလြတ္သေဘာေဆြးေႏြးခန္း(အပိုင္း-၁)
ေစာေရးသားသည္
NP News - ႏိုဝင္ဘာ ၂၉
ေက်ာ္ႏုႏွင့္မိတ္ေဆြမ်ား အလြတ္သေဘာေဆြးေႏြးခန္းစာစဥ္ကို ယခုတစ္ပတ္မွစတင္၍ အပိုင္း(၃)ပိုင္းခြဲကာ စတင္ေဖာ္ျပသြားမည္ျဖစ္ပါသည္။ ေဆြးေႏြးခန္းအတြင္း၌ ပါဝင္ေဆြးေႏြးၾကသူမ်ား၏အမည္မ်ားကို ေဖာ္ျပမည္မဟုတ္ဘဲ အဆိုးအေကာင္းမွန္သမွ်ကို NP News ကသာ တာဝန္ယူသြားမည္ျဖစ္ပါသည္။ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအတြက္ တိုင္းက်ိဳးျပည္ျပဳ ေဆြးေႏြးမႈစကားဝိုင္းသာျဖစ္ၿပီး ယခုေဖာ္ျပမည့္အပိုင္း(၃)ပိုင္း သုံးပတ္စာအစီအစဥ္ၿပီးစီးပါက အျခားေသာက႑မ်ားအတြက္လည္း ဆက္လက္ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း ေလးစားစြာ အသိေပးအပ္ပါသည္။
ေဆြးေႏြးေဖာ္ - လားရႈိးျပန္ရၿပီၾကားလို႔ ရၿပီလား။
ေက်ာ္ႏု - အစ္ကိုကလည္း လားရႈိးက တိုက္တိုက္၊ မတိုက္တိုက္ လိုမွမလိုေတာ့တာ။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္ေလ။
ေက်ာ္ႏု - တိုက္ဖို႔ေတာင္မလိုေတာ့ေအာင္ လားရႈိးက သူ႔ဘာသာသူ အေျခအေနက ဥပမာေျပာရရင္ စစ္သားတစ္ ေယာက္ေပါ့။ စစ္သားတစ္ေယာက္က ယူနီေဖာင္းနဲ႔ လားရႈိးထဲဝင္သြားရင္ေတာင္ က်န္တဲ့ေကာင္ေတြ အကုန္ထြက္ ေျပးမယ့္အေနအထားအထိေရာက္ သြားၿပီ။ ကိုးကန႔္အထိထြက္ေျပးမွာ။ အဲဒီေလာက္အထိေရာက္သြားၿပီ။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္ေလ။ တရားဝင္ျပန္ရၿပီ လားလို႔ေလ။
ေက်ာ္ႏု - တရားဝင္က်ေတာ့ ခုနက ျပႆနာရွိတယ္။ ဆိုလိုတာက နယ္ေျမကိုရေနရင္ေတာင္ တိုက္ၿပီးရ တယ္တို႔ သို႔မဟုတ္ ရင္းႏွီးၿပီးေတာ့ရတယ္တို႔ ဇာတ္လမ္း႐ိုက္ဦးမွာေပါ့။ အဲဒီလိုေတာ့ ကြၽန္ေတာ္ကျမင္တယ္။ လားရႈိးက ဘယ္ အခ်ိန္ယူယူ ရေနၿပီ။ အဲဒီအ ဆင့္အထိေရာက္သြားၿပီ။ ကြၽန္ေတာ္အဲဒါကိုသိတယ္။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္ေလ။ အဲဒါေၾကာင့္မို႔လို႔ ဒါေၾကာင့္ လက္ရွိရေနၿပီဆိုတဲ့အေျခအေနေတာ့ ခန႔္မွန္းမိတာ ၾကာၿပီေလ။ ဒါေပမဲ့ ကိုေက်ာ္ႏုကေတာ့ သတင္းကႀကိဳရေနမွာ တရားဝင္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးက လည္း တ႐ုတ္ျပည္သြားၿပီးၿပီ ဆိုေတာ့ေလ။ အကုန္လုံးက အိုေကတယ္ေလ။ အကုန္လုံးက အိုေကတယ္ဆိုေတာ့ ရသြား ၿပီလား လို႔ေလ။
ေက်ာ္ႏု - ဟုတ္တယ္။ ကြၽန္ေတာ္က ၿပီးခဲ့တဲ့ႏွစ္ပတ္ ေလာက္တည္းက လားရႈိးကိစၥကိုေမးၿပီးၿပီ။ ေမးေတာ့ လားရႈိးမွာရွိေသးတဲ့ ကိုးကန႔္ေတြေရာ၊ ဝေတြေရာေပါ့။ ႏွစ္ဖြဲ႕လုံး တူညီစြာထြက္တဲ့အသံက ဘာလဲဆိုေတာ့ စစ္တပ္က လာဖို႔ပဲ။ စစ္တပ္က ဝင္လာဖို႔ပဲလိုတာ။ စစ္တပ္က ဝင္လာၿပီးေတာ့ လားရႈိးၿမိဳ႕ကို ျပန္ၿပီးေတာ့ တိုက္ခိုက္သိမ္းပိုက္ဖို႔၊ တိုက္ခိုက္သိမ္းပိုက္ၿပီဆိုတဲ့ အဲဒီဟာေလးပဲလိုတာ သိလား။ ရွင္းရွင္းေျပာရရင္ အဲဒါေလးအသံထြက္တာနဲ႔ ဒီေကာင္ေတြ ကေျပးမွာ။ အဲဒီလိုေျပးခ်င္ေနတာ ျပႆနာက အဲဒီလို အသံထြက္လာဖို႔ပဲလိုတာ။
ေဆြးေႏြးေဖာ္ - ေျပးၿပီေဟ့။ ေျပးၿပီဆိုရင္လည္း သူတို႔က ဘယ္အိမ္ကိုေျပးၾကမွာလဲ။
ေက်ာ္ႏု - ကိုးကန႔္နယ္ေျမထဲ ေျပးမွာေပါ့။
ေဆြးေႏြးေဖာ္- မဟုတ္ဘူးေလ။ ေလာက္ကိုင္လည္း ေၾကမြၿပီ၊ ခ်င္းေ႐ႊေဟာ္လည္း ေၾကမြၿပီေလ။
ေက်ာ္ႏု - အဓိကက နားလည္သေလာက္ကေတာ့ ကိုးကန႔္ေတြက တ႐ုတ္ကေနတစ္ဆင့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဆီကို သတင္းစကားပါးတယ္ေပါ့။ ကြၽန္ေတာ္ခန႔္မွန္းတာေပါ့။ သူကရွင္းရွင္းေျပာရရင္ သူတို႔ ကိုးကန႔္ေဒ သေတာ့ အုပ္ခ်ဳပ္ခြင့္ေပးဖို႔။ လားရႈိး ကေန သူတို႔ကဆုတ္မယ္။ ဒါေပမဲ့ ယုတၱိရွိေအာင္ ဆုတ္မယ္ေပါ့ဗ်ာ။ ၿပီးရင္ TNLA၊ TNLA ဆိုတဲ့ ဒီပေလာင္အုပ္စုနဲ႔က မဟာမိတ္ခ်ဳပ္ခဲ့တာျဖစ္ေတာ့ မဟာမိတ္ခ်ဳပ္ခဲ့တဲ့စာခ်ဳပ္ကိုလည္း အရွက္မကြဲခ်င္ဘူး။ အဲဒီေတာ့ သူတို႔က ယုတၱိရွိရွိနဲ႔ဆုတ္လို႔ရေအာင္လို႔ အတိုက္ျပေပးပါေပါ့။ ျဖစ္ေစခ်င္တာ၊ ဒါမ်ိဳးဆိုေတာ့ ေျပာခ်င္တာ ကဗ်ာ သူတို႔ကို တရားဝင္အုပ္ခ်ဳပ္ခြင့္ေပး ဖို႔အတြက္ကို ဖုန္အုပ္စုက Request လုပ္တဲ့သေဘာ၊ ေအာက္က်ိဳ႕ခံသြားတဲ့ သေဘာျဖစ္သြားၿပီ။ သူတို႔တိုက္ ခဲ့တာ မွားသြားၿပီဆိုတာ သူတို႔သိသြားၿပီ ေအာက္က်ိဳ႕ ခံဖို႔ ႀကိဳးစားၿပီ။
ေဆြးေႏြးေဖာ္ - ကြၽံသြားၿပီ။
ေက်ာ္ႏု - ၿပီးေတာ့ ဖုန္အုပ္စုက အဲဒီလိုေျပာတဲ့အခ်ိန္မွာ ခုေနာက္ပိုင္းမွာ ကြၽန္ေတာ္ျမင္တာေပါ့။ ကြၽန္ေတာ့္ အျမင္ ေပါ့ေလ။ ခန႔္မွန္းတာေပါ့။ ဖုန္းတာ႐ႊင့္နဲ႔ ဖုန္မိသားစုက ဇာတ္ျမႇဳပ္ေနရမယ့္အလားအလာ ရွိသြားၿပီ။ ဖုန္တာ႐ႊင္နဲ႔ ထိပ္ပိုင္းတခ်ိဳ႕ေတြကို တ႐ုတ္က သတ္ မယ့္သေဘာရွိတယ္။ သတ္မယ္ဆိုတာ ဖမ္းဆီးထိန္း သိမ္းေရးမဟုတ္ရင္ေတာင္ သူတို႔ ဒီေကာင္ေတြကို သတ္ပစ္လိုက္တာမ်ိဳး သို႔မဟုတ္ဗ်ာ သတ္လိုက္တယ္ေပါ့။ အဲဒါကို ဖုန္ကလည္း သိတယ္။ အဲဒီ ေတာ့ အဲဒီေလာက္ကိုင္နယ္ေျမကိုအုပ္ခ်ဳပ္ဖို႔အတြက္ ကိုးကန႔္ေဒသေပါ့။ ေခါင္းကိုင္ဖခင္အျဖစ္နဲ႔အုပ္ခ်ဳပ္ဖို႔အတြက္ တ႐ုတ္ေရာ၊ ျမန္မာေရာ ေ႐ြးခ်ယ္တဲ့ မိသားစုေပါ့ေလ။ အဲဒါက ေလာ္မိသားစု ေလာ္စစ္ဟန္။ ေလာ္စစ္ဟန္နဲ႔ အခု သူရဲ႕သား စတီဗင္ေလာေပါ့။ အဲဒီအုပ္စုကို လက္ထဲထည့္မလားဆိုတဲ့အေတြး ကြၽန္ေတာ့္မွာရွိေနတယ္။ အဲဒါကို နန္းတြင္း ေရးရာစီမံခန႔္ခြဲတဲ့ကိစၥေတြနဲ႔ ခ်ိန္ၿပီးစဥ္းစားရင္ ရသြားၿပီေပါ့ဗ်ာ။ အဲဒီလိုျဖစ္သြားၿပီလို႔ ခန႔္မွန္းတယ္ေပါ့ေနာ္။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ကကြၽံသြားတယ္ေပါ့ေနာ္။ သူတို႔ ဘာျဖစ္လို႔လဲဆိုေတာ့ ဟိုရက္ကတည္းက သုံးသပ္တာ မတန္မရာ ကိုသြားလုပ္လိုက္တာေပါ့ကြာ။ မတန္တာကို သြားလ်ာ လိုက္တာေပါ့။ မတန္တာကိုသြားလ်ာၿပီဆိုရင္ ကြဲမွာပဲေလ။ မတန္တာကို သြားလ်ာမိတဲ့အတြက္ သူတို႔ကြဲမယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုအခ်ိန္က တ႐ုတ္က အက်ိဳးစီးပြားက တအားထိခိုက္ေနၿပီေလ။ ပိုးလမ္းမႀကီးအတြက္လည္း စိတ္ပူေနရၿပီ။ ေနာက္ တစ္ခုကဘာျဖစ္လာလဲဆိုေတာ့ တ႐ုတ္ရဲ႕ ျမန္မာျပည္ကို သြင္းေနတာက ျမန္မာက တစ္ဘီလ်ံေလာက္အက်ိဳးရွိရင္ တ႐ုတ္က(၅)ဘီလ်ံေလာက္အက်ိဳးရွိေနတာ။ (၁၀)ဘီလ်ံလည္းျဖစ္ခ်င္ျဖစ္မယ္။ အဲဒါက်ေတာ့ အဲဒီအက်ိဳးစီးပြား လည္းထိတယ္။ ဒီဘက္မွာလည္း တ႐ုတ္ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈက ျမန္မာျပည္မွာ အမ်ားဆုံးေလ “သူတို႔ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈ လည္းအမ်ားဆုံး” အဲဒီ ေတာ့ တ႐ုတ္က အက်ိဳးစီးပြားလည္း ထိခိုက္တယ္။ ၿပီးရင္ ပထဝီႏိုင္ငံေရးကိုလည္း ထိခိုက္တယ္ ျဖစ္ေန ၿပီေလ။ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒီအဖြဲ႕ေလးေတြ ထဲကေတာ့ ေျပာရမယ္ဆိုရင္ ပထဝီႏိုင္ငံအေရးအရ ‘ဝ’ကို စေတးရမယ္ဆိုရင္ေတာင္ စေတးရမွာပဲေလ။ ကိုးကန႔္ေလာက္က စကားကိုေျပာမေနေတာ့ဘူး။ စေတးမွာ ဆိုတဲ့အခ်ိန္ က်ေတာ့ ဒီလားရႈိးဆိုတာက အခ်ိန္မေ႐ြးယူလို႔ရတဲ့အေနအထားျဖစ္တယ္။ ဒါေပမဲ့ ဒီတစ္ရက္ ႏွစ္ရက္မွာေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးလည္း တ႐ုတ္ျပည္သြားၿပီးခ်ိန္က်ေတာ့ လားရႈိးက တရားဝင္သြားၿပီးေတာ့ ႐ုံးေတြဘာေတြ ထိုင္ေန လားေပါ့ေနာ္။ တရားဝင္ႀကီးကို ျပန္ယူလိုက္တဲ့သေဘာျဖစ္သြားၿပီလားေပါ့ေနာ္။ အမွန္ကေတာ့ ကိုးကန႔္က ၿပီးခဲ့တဲ့ ဆယ္ရက္ႏွစ္ပတ္အေရွ႕ကတည္းကၾကားတာက ကိုးကန႔္က လားရႈိးကိုျပန္ယူပါ။ ခ်င္းေ႐ႊေဟာ္နဲ႔ ေလာက္ကိုင္ကိုေတာ့ သူတို႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေပးပါ။ သူက အဲဒါေတာ့ ဒီဘက္ကလည္း ဘာမွ ညႇိႏႈိင္းစရာအေၾကာင္းမရွိဘူး။ တိုက္ၿပီး ေတာ့ ျပန္ယူမယ္ဆိုတာမ်ိဳး ဗိုလ္ခ်ဳပ္မႉးႀကီးကလည္းလုပ္ေနၿပီေလ။ အဲဒါေတာ့ မတိုက္ခင္အေတာအတြင္းမွာ တ႐ုတ္နဲ႔ သြားၿပီးေတာ့ ညႇိမယ္ေပါ့။ တ႐ုတ္နဲ႔ညႇိတာက ႏွစ္ခ်က္လုံး အဆင္ေျပတယ္။ နယ္စပ္ကိုပိတ္ဖို႔လည္း အဆင္ေျပတယ္။ ေနာက္တစ္ခုက နယ္စပ္ကို ပိတ္ဖို႔ ရယ္၊ တည္ၿငိမ္ေအးခ်မ္းေရးရယ္၊ ေ႐ြးေကာက္ပြဲရယ္။ သုံးခ်က္စလုံး အဆင္ေျပတယ္။ သုံးခ်က္စလုံးအဆင္ ေျပတယ္ဆိုတဲ့အခ်ိန္က်ေတာ့ ရေတာင္ရေနၿပီလား မသိဘူးေလဆိုၿပီး သတိရတာနဲ႔ ကိုေက်ာ္ႏုကို လွမ္းဆက္ဦးမယ္ဆိုၿပီးေတာ့မွ အဲဒါနဲ႔ သတိရရင္းလွမ္း ဆက္တာ။ အဓိကက တ႐ုတ္ရဲ႕ေထာက္ခံအားေပးမႈက ဒီျမန္မာႏိုင္ငံအေရးမွာ ေတာ္ေတာ္အေရးပါတယ္ေလ။ ကိုယ့္ဘာသာကိုယ္ သီးျခားရပ္တည္ႏိုင္ေအာင္၊ မရပ္တည္ႏိုင္ ေအာင္ကေတာ့ ကိုယ့္ဘာသာႀကိဳးစား ရမွာေပါ့။ စစ္ေရး၊ ႏိုင္ငံေရး၊ စီးပြားေရးမွာေတာ့ သုံးခု လုံးမွာ သူရဲ႕႐ိုက္ခတ္မႈ ကေတာ့ ႀကီးတယ္ေလ။ ၿပီးေတာ့ ေနာက္တစ္ခုက အေမရိကန္ကလည္း တ႐ုတ္နဲ႔မတည့္။ တ႐ုတ္ရဲ႕အက်ိဳးစီးပြား ထိခိုက္ႏိုင္တဲ့ ထရမ့္ျပန္တက္လာၿပီေလ။ ထရမ့္လက္ထက္မွာ တ႐ုတ္က ေတာ္ေတာ္ဒုကၡမ်ားသြားတာေလ။ အခြန္ေတြ ကို (၂၀ဝ)ရာခိုင္ႏႈန္းတို႔ (၃၀ဝ)ရာခိုင္ႏႈန္းတို႔ အၿပိဳင္တိုး ေကာက္ၾကတာေလ။ အဲဒါက်ေတာ့ ထရမ့္က သူ႔ႏိုင္ငံ သူ႔လူမ်ိဳး အေရးကို သိပ္ဦးစားေပးတာေလ။ တ႐ုတ္ ကလည္း အဲဒီလိုပဲ။ သူ႔ႏိုင္ငံ သူ႔လူမ်ိဳး အက်ိဳးစီးပြားကို သိပ္ဦးစားေပးတာ။ အဲဒီေတာ့ အဲဒီလိုမ်ိဳးေတြျဖစ္ၾက ၿပီဆို ကမာၻ႔ႏိုင္ငံအေရးေတြလည္း အေျပာင္းအလဲျဖစ္ ၿပီ။ ျဖစ္ၿပီဆိုတဲ့အခ်ိန္က်ေတာ့ စိတ္ထဲမွာတြက္တာ ဒီကိုးကန႔္ေတာ့ ကြၽံသြားၿပီလို႔၊ ကြၽံသြားတဲ့အတြက္ ေၾကမွာပဲလို႔။ ကိုးကန႔္ေၾကတာနဲ႔တစ္ၿပိဳင္နက္ အဲဒီ အေၾကေတြရဲ႕ဟာက ဒီဘက္ KIA နဲ႔ ပေလာင္ကိုလည္း ႐ိုက္ခတ္မႈကရွိလာမွာပဲ။ ေနာက္တစ္ခုက ကရင္ေပါ့။ ကရင္က ထိုင္းထြက္ေပါက္ျဖစ္ေနတယ္။ တ႐ုတ္ထြက္ေပါက္ မဟုတ္ဘူး။ ဒါေပမဲ့ ကရင္ကလည္း ဗမာစစ္တပ္က ကရင္ကို ငယ္ႏိုင္ျဖစ္ေနတာေလ။ ကရင္က သိပ္မလုပ္ရဲဘူး။ ကရင္က တကယ္ ေတာ့ေလ သူ႔ဘာသာသူ ဘယ္စခန္းေတြ သိမ္းတာ မသိမ္းတာ။ ဒီအခ်ိန္ကေတာ့ စခန္းေတြ အၿပိဳင္သိမ္း ေနတာပဲ။ ဒီဟာေတြက စခန္းသိမ္းမွ လူစုမိသလိုျဖစ္ ေနတယ္။
ေက်ာ္ႏု - စခန္းမသိမ္းခင္တုန္းက ဆုတ္လို႔ရေပမယ့္ စခန္းသိမ္းမွ ေနမထိထိုင္မသာေတြ ျဖစ္ကုန္တာ။ မသိမ္းတုန္းက ဘာမွမျဖစ္ဘူး။ သိမ္းလိုက္ေတာ့မွ ျပႆနာကတက္တယ္ဆိုတာ အခု အဲဒီလိုေတြျဖစ္ ကုန္တာ။ သူပုန္ေတြက။
ေဆြးေႏြးေဖာ္ - သူက ျပႆနာက အရင္တုန္းက တဲေလးနဲ႔ ေနတယ္။ တဲေလးနဲ႔ေနၿပီးေတာ့ ေဘးက တိုက္ႀကီးကို ခင္ဗ်ားက အၿမဲတမ္း မ်က္ေစာင္းထိုးတယ္။ ဒီတိုက္ႀကီးရွိေနတဲ့အတြက္ ငါ့တဲေလးသိမ္ငယ္ ေနရတယ္လို႔ ခင္ဗ်ား အၿမဲတမ္းေတြးခဲ့တယ္။ တစ္ရက္က်ေတာ့ တိုက္ႀကီးက အားနည္းေနတဲ့အခ်ိန္မွာ တဲေလးထဲကလူက တိုက္ႀကီးကို တက္ၿပီးေတာ့ အပိုင္စီးၿပီးေတာ့ တက္ေနတယ္။ ဒါေပမဲ့ သူ႔မွာက အဲဒီတိုက္ႀကီးထဲမွာ ဘယ္တုန္းကမွ မေနခဲ့ဖူးတဲ့ အတြက္ေၾကာင့္မို႔လို႔ သူဒီတိုက္ႀကီးကို ဘယ္လိုစီမံခန႔္ ခြဲရမယ္၊ အုပ္ခ်ဳပ္ရမယ္။ ဒီအေပၚမွာေနထိုင္ရင္ ဘယ္လို အဆင့္ အတန္းနဲ႔ေနထိုင္ရမယ္ဆိုတာကို သူမလုပ္တတ္ဘူး။ အဲဒီအတြက္က သူအသားက်ဖို႔အတြက္က အခ်ိန္အၾကာ ႀကီးယူ ရဦးမွာ။ သေဘာကေတာ့ အဲဒီတိုက္ႀကီးမွာ ေနႏိုင္တယ္ဆိုတဲ့ဟာက အခုႏိုင္ငံတစ္ႏိုင္ငံအုပ္ခ်ဳပ္ၿပီ။ ေဒသတစ္ခုကို ပိုင္ပိုင္ႏိုင္ ႏိုင္အုပ္ခ်ဳပ္ၿပီဆိုတာ အဲဒီ Constitution နဲ႔။ ဒီ Constitution မရွိတဲ့အတြက္ေၾကာင့္မို႔လို႔ အခု ကရင္ေတြက ပထမဆုံးစၿပီး ေတာ္လွန္တယ္။ ႏွစ္ (၇၀)ရွိၿပီ။ ဒါေပမဲ့ ဒီကရင္ေတြက ကရင္ျပည္နယ္ႀကီး တစ္ခုလုံးကို သူတို႔ျပန္ရၿပီ ထားေတာ့ သူက ဘာလုပ္မယ့္အစီအစဥ္ရွိလဲ။ သူတို႔က ျပႆနာက အိႏၵိယမွာ လူတစ္ေယာက္ကို ဒုကၡေရာက္ေစခ်င္ရင္ မဟာရာ ဂ်ာက ဆင္ျဖဴတစ္စီးေပးလိုက္တယ္။ အဲဒီလူကလည္း မဟာရာဂ်ာရဲ႕ဆင္ျဖဴကိုရတဲ့အခ်ိန္က်ေတာ့ ဝမ္းသာ ၿပီးေတာ့ျပန္သြားတယ္။ ဒါေပမဲ့ ဆင္ျဖဴက တျခားဆင္ မည္းေတြလို ျမက္၊ သစ္႐ြက္ေတြ ေကြၽးလို႔မရဘူး။ သူက သကာတို႔ ႏို႔တို႔ေပါက္ေပါက္တို႔ ေကြၽးရတာ။ ၿပီးေတာ့ တျခားဆင္မည္းေတြလို သစ္ဆြဲလို႔မရဘူး။ ဆင္ျဖဴဆိုတာက ခ်ပ္ဝတ္ တန္တာဆင္ၿပီးေတာ့မွ လွလွပပ ေၾကာ့ေၾကာ့ေမာ့ေမာ့နဲ႔ ထားရတယ္။ ဆင္မည္း ေတြလိုမ်ိဳး ႐ႊံ႕ေတြ၊ ဗြက္ေတြနဲ႔ ေျမေပၚမွာထားလို႔မရဘူး။ ဆင္ျဖဴေတြကိုထားတဲ့ေနရာက တခမ္းတနားနဲ႔ ထားရတယ္။ ၾကာလာေတာ့ အဲဒီ ဆင္ျဖဴ ရတဲ့လူက တျဖည္းျဖည္းနဲ႔သူက ဒုကၡေရာက္သြားတာ။ ဆင္းရဲ သြားတာ။ အဲဒီေတာ့ အိႏၵိယမွာ ‘လူတစ္ေယာက္ကို ဒုကၡေရာက္သြားေစခ်င္ရင္၊ ဆင္းရဲသြားေစခ်င္ရင္ ဆင္ျဖဴတစ္စီးေပးလိုက္ပါ’ဆိုၿပီးေတာ့ စကားပုံ ရွိတယ္။ အဲဒီက်ေတာ့ ဒီမွာလည္း အခု ေနာက္ထပ္ေနာ္။ ရခိုင္မွာ ထြန္းျမတ္ႏိုင္တို႔က အိုေက ရခိုင္က အမ္းကိုရမယ္။ ရခိုင္ (၁၇)ၿမိဳ႕နယ္လုံး သူျပန္ရၿပီ။ ဒါေပမဲ့ သူရဲ႕ျပႆနာက သူတို႔က အဲဒီဘဂၤလားေဒ့ရွ္ နဲ႔ကိုဒုကၡေရာက္မွာ။ ဘဂၤါလီက လူဦးေရေပါက္ကြဲေန တဲ့ဟာနဲ႔ ဗမာစစ္တပ္နဲ႔တိုက္ရတာကိုး။ ဗမာကို ကမာၻမေၾကလုပ္ရတာကို ရခိုင္က အခုၾကည့္ရႈေနတယ္။ အမွန္ေျပာရရင္ ဗမာက ရခိုင္ရဲ႕အထုပ္ႀကီးကို ထမ္းေပးထားတာ။ သူတို႔ရဲ႕ သယံဇာတေတြနဲ႔ ကမာၻမွာ စိတ္ခ်မ္းသာမယ္။ တစ္ႏိုင္ငံ တည္ေထာင္ႏိုင္မယ္လို႔ေတာင္စဥ္းစားေနတာ ထြန္းျမတ္ႏိုင္တို႔က။ ‘ဘယ္ဟုတ္မွာတုန္း’ ဒီဘက္က ျမန္မာနဲ႔ သူတို႔ဟို ဘက္က ေနၿပီးေတာ့မွ ဘဂၤလားေဒ့ရွ္နဲ႔ၾကားထဲမွာ ရခိုင္ဆိုတာက ေပ်ာက္ေတာင္ေပ်ာက္သြားဦးမယ္။ ရခိုင္ဆိုတာက ဗမာၾကားခံၿပီးေတာ့ ထိန္းထားတဲ့အတြက္ေၾကာင့္မို႔လို႔ အႏွစ္ (၂၀ဝ)မွာ ေကာင္းေကာင္းရပ္တည္ႏိုင္တာေလ။ ျမန္မာႏိုင္ငံ ျပည္ေထာင္စုအေတာအတြင္းမွာ သူတို႔ တစ္ျပည္ေထာင္တည္းေနၾကည့္လိုက္။ သူတို႔ ဘယ္လိုပဲျဖစ္ျဖစ္ ကုလားရဲ႕ဖိအားနဲ႔ ကုလားရဲ႕ဝါးမ်ိဳမႈက ဒီအေနာက္တံခါးရဲ႕ဟာႀကီးက ေၾကာက္စရာႀကီး။ ပင္လယ္ျပင္ဆည္ေရ တက္တာနဲ႔ေလ၊ ေရခဲေတြအ ရည္ေပ်ာ္က်ေနတယ္။ ေရခဲေတြ အရည္ေပ်ာ္က်လာ လို႔၊ ပင္လယ္ျပင္မ်က္ႏွာ ျပင္ျမင့္လာ လို႔ ဆည္ေရ တက္တာနဲ႔ ဘဂၤလားေဒ့ရွ္က ကုလားသန္း(၃၀)က ရခိုင္ေတြထဲပဲတိုးဝင္လာမွာ။ အဲဒီအတြက္က်ေတာ့ ခုနကေျပာသလို သူတို႔က ဒီဆင္ေျခရတာကို ေမ်ာက္သုံးေကာင္က အဟုတ္ထင္ေနတာ။ တကယ္ေတာ့ သူတို႔ဒုကၡ ေရာက္မွာ ‘‘ဘာျဖစ္လို႔လဲဆိုေတာ့ တိုင္းျပည္တစ္ျပည္ကို အုပ္ခ်ဳပ္တယ္။ ေဒသတစ္ခုကို အုပ္ခ်ဳပ္တယ္ဆိုတာ လူယဥ္ ေက်း၊ ပညာတတ္ေတြ အုပ္ခ်ဳပ္တာေလ။ လူမိုက္၊ လူရမ္းကားေတြ အုပ္ခ်ဳပ္လို႔မရဘူးေလ။
ေက်ာ္ႏု -မွန္ပါတယ္။
ေဆြးေႏြးေဖာ္ - အဲဒီေတာ့ သူတို႔က မိုက္႐ိုင္း၊ ထြားက်ိဳင္းတယ္။ ရမ္းကားတယ္ေပါ့ေနာ္။ ငါတို႔က ေသနတ္ကိုင္ ထား တယ္။ အာဏာရွိတယ္။ အုပ္ခ်ဳပ္လို႔ရတယ္လို႔ထင္ေနတာမဟုတ္ဘူး။ အဲဒီဟာက သူတို႔အတြက္ေျပာမယ္ဆိုရင္ ပိုၿပီး ေတာ့ ဒုကၡေရာက္မယ္။ လူဆိုတာက ေျမႀကီးေပၚမွာရွိမယ့္လူက ဆက္က်စရာအေၾကာင္းမရွိဘူး။ ဒါေပမဲ့ ကံေကာင္း ေထာက္မစြာနဲ႔ ဆယ္ထပ္တိုက္ေပၚတက္သြားၿပီးေတာ့ အဲဒီဆယ္ထပ္ တိုက္ေပၚကျပဳတ္က်လို႔က ေတာ့ေသမွာ။ ေျမႀကီးေပၚကတဲေလးနဲ႔တုန္းက သူတို႔ဘာမွမျဖစ္ဘူးေလ။ တဲထဲမွာ သူတို႔ဆင္းရဲေနတယ္ပဲျဖစ္ျဖစ္၊ မြဲေန တယ္ပဲ ျဖစ္ျဖစ္ အဲဒါက အေလ့အက်င့္ရေနၿပီ။ အခ်ိန္ အခါနဲ႔အခြင့္အေရးကိုယူၿပီးေတာ့ ဆယ္ထပ္တိုက္ေပၚ တက္သြားမွာ။ ဒီဆယ္ထပ္တိုက္ေပၚက ျပန္ဆင္းလို႔ မရရင္ခုန္ခ်ရမွာေလ။ အဲဒီက်မွ အကုန္ေသမွာ။ အခု အဲဒီဆယ္ထပ္တိုက္ေပၚက ကိုးကန႔္လည္း ခုန္ခ်ရ မယ့္ပုံစံျဖစ္ေနၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ ျပႆနာက ေလွကားကဆင္းလို႔မရဘူး ျဖစ္ေနတာ။
ေက်ာ္ႏု- ဟုတ္တယ္။
ေဆြးေႏြးေဖာ္ - အဲဒါေၾကာင့္မို႔လို႔ တခ်ိဳ႕ေသာ ႏိုင္ငံေရး၊ စစ္ေရးအေတြးအေခၚေတြဟာ ‘‘ၾကက္ဥအေရာင္ တိမ္ေတာင္ သဖြယ္ မင္းေရးက်ယ္”ဆိုတာ ျမန္မာေရွးပညာရွိေတြေျပာခဲ့တာ အလကား ေျပာတာ မွမဟုတ္တာ။ ဒါ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ တ႐ုတ္ခရီးစဥ္ တစ္ခ်က္မွာ ရလဒ္ေတြ အမ်ားႀကီးေျပာင္းသြားႏိုင္တယ္။
ေက်ာ္ႏု - အဲဒါနဲ႔ အခု သူ႔ခရီးစဥ္ၾကည့္လိုက္တာနဲ႔ အေျဖထြက္သြားတာေတြ အမ်ားႀကီးရွိပါတယ္။
ေဆြးေႏြးေဖာ္ - အမ်ားႀကီးေျပာင္းသြားမွာ။ ဝမ္ယိ ဟိုေန႔က တစ္ခ်က္လာသြားတာ ေျပာင္းသြားတယ္။ ဝမ္ယိသာ တစ္ခ်က္မလာခဲ့ဘူးဆိုရင္ေတာ့ ေဒၚလာက (၈)ေထာင္၊ တစ္ေသာင္းျဖစ္မွာေနာ္။ ေ႐ႊေဈးက သိန္း(၈၀)၊ တစ္ရာျဖစ္ မွာေနာ္။ အကုန္လုံး ဒီထဲမွာလည္း အကုန္လုံးဖမ္းရယ္၊ ျပဳရယ္၊ ထိန္းရယ္၊ သိမ္းရယ္နဲ႔ အကုန္ကေမာက္ကမ ျဖစ္မွာ ေနာ္။ ေ႐ႊေဈးေတြ၊ ေဒၚလာေဈးေတြကိုကစားေနတာက ရန္ကုန္ ေ႐ႊအသင္းက ကစားတာမဟုတ္ဘူးေနာ္။ မႏၲေလး ေ႐ႊအသင္းက မဟုတ္ဘူးေနာ္။ ဒါတ႐ုတ္နယ္စပ္ေတြ၊ ထိုင္းနယ္စပ္၊ အိႏၵိယနယ္စပ္ေတြက အဲဒီနယ္စပ္က ေနမွန္းၿပီးေတာ့မွလုပ္ေနတာ ‘‘ ဒီတစ္ရက္ တစ္ရက္ ေ႐ႊေဈးကို ဘယ္သူေဖာက္တာလဲဆိုၿပီးေတာ့မွ တ ရားခံရွာမေနနဲ႔။ ေအာင္သမာဓိလည္း မေဖာက္ႏိုင္ဘူး။ ဝိန႔္စိန္လည္း မေဖာက္ႏိုင္ဘူး။ အကယ္ဒမီလည္းမ ေဖာက္ႏိုင္ဘူး။ ဒီေ႐ႊေဈးရဲ႕ Market ကိုေလ သူတို႔ အဲဒီေလာက္အထိ သူ႔တို႔ အေရးပါတဲ့လူေတြမဟုတ္ဘူး။ ဒါေပမဲ့ ဘာျဖစ္လဲဆိုေတာ့ နယ္စပ္မွာ ဘီလ်ံနဲ႔ခ်ီ ၿပီးေတာ့မွ ၾကည့္ေနတဲ့လူေတြက လွမ္းလုပ္တာ။ အဲဒါေၾကာင့္မို႔လို႔ ဒီတ႐ုတ္ကို အခုကိုင္လိုက္တဲ့ဟာ သည္ စီးပြားေရး၊ ႏိုင္ငံေရး၊ စစ္ေရးေတြမွာလည္း အေျပာင္းအလဲေတြ အမ်ားႀကီးျဖစ္ႏိုင္တယ္။
ေက်ာ္ႏု -ေတြးလို႔ေတာ့ ရပါတယ္။ ေတြးၾကည့္ရင္ အခင္းအက်င္းအားလုံးကို ခ်ိန္လိုက္တာနဲ႔အေျဖက ထြက္ေနၿပီ။ ကြၽန္ေတာ္တို႔ကေတာ့ထြက္ေနၿပီ။ သာမန္အရပ္သားျပည္သူက်ေတာ့ ဘယ္လိုလုပ္လုပ္ မသိဘူးေလ။
ေဆြးေႏြးေဖာ္- သူတို႔အဲဒီေလာက္မမီဘူး။ ျမန္မာျပည္မွာ ႏိုင္ငံေရး ေရခ်ိန္ဆိုတာရွိတယ္။ ႏိုင္ငံေရး level ဆိုတာရွိတယ္။ ႏိုင္ငံေရးေရခ်ိန္နဲ႔ ႏိုင္ငံေရး level ကို သိႏိုင္တဲ့လူက နည္းနည္းေလးပဲရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လူေတြအားလုံးက ပိန္းတဲ့လူနဲ႔ ပိတ္တဲ့လူက မ်ားတယ္။ ဒါကေတာ့ ေျပာမယ္ဆိုရင္ေတာ့ အနီဘက္ေရာ၊ အစိမ္းဘက္ေရာ ႏွစ္ဖက္လုံးပဲ။ အပိန္းအပိတ္ေတြ၊ ႏွစ္ဖက္လုံးရွိတယ္။ တစ္ခါတေလ က်ေတာ့ သူတို႔က ဆိုင္ဆိုင္၊ မဆိုင္ဆိုင္ ႏိုင္ရင္ၿပီးေရာ ဆိုၿပီးလုပ္ေနတာ။ အဲဒါေၾကာင့္မို႔လို႔ တကယ့္တကယ္ တမ္းက်ေတာ့ ႏိုင္ငံေရးေရခ်ိန္ရယ္၊ ႏိုင္ငံေရး level ရယ္ရွိတယ္။ ဝမ္ယိ ျမန္မာျပည္ကိုလာတဲ့ခရီးစဥ္ရယ္။ အခု လီက်န္းနဲ႔သြားၿပီးေတာ့မွ ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ သြားေတြ႕တဲ့ဟာရယ္ကေလ ရက္အေနအထားေတြ ကေတာ့ အေျပာင္းအလဲေတြေတာ့ ျဖစ္ကုန္မယ္ေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အခု ေလယာဥ္ဆီ ပူစရာမလိုဘူး။ လက္နက္ပူစရာမလိုေတာ့ဘူး။ ေလယာဥ္ဆီနဲ႔ လက္နက္ရရင္ ဗုံးကက်ဲလို႔ရၿပီ။ အဲဒါမွာ တကယ္တမ္း ေျပာရင္ တပ္ကဗုံးက်ဲတဲ့ဟာက EAO ေတြအတြက္ေရာ လက္နက္ကိုင္အဖြဲ႕အစည္းေတြ အားလုံးေရာ အေၾကာက္ဆုံးပဲ။ ေလတပ္ဗုံးက်ဲတာကို အေၾကာက္ဆုံးပဲ။ ေနာက္ လက္နက္ႀကီးနဲ႔အပစ္ခံရ တာေပါ့။ ဒီ ပြိဳင့္ (၅)နဲ႔ (၁၂၀)တို႔နဲ႔ ပစ္တဲ့ဟာေတြကလည္း နည္းနည္းေနာေနာ ထိခိုက္တာေတြမွ မဟုတ္တာေလ။ တကယ့္တကယ္တမ္း ဒီတိုင္းရင္း သားလက္ နက္ကိုင္ေတြက သူတို႔ဟာသူတို႔ Manpad (ေလယာဥ္ပစ္လက္နက္) ရွိတယ္ေျပာေျပာ၊ ဘာေျပာညာ ေျပာနဲ႔သာလုပ္ေနတာ တကယ့္တကယ္တမ္းက်ေတာ့ သူတို႔ဆီမွာ ဘယ္ဟိုဟာလုပ္မတုံး။
ေက်ာ္ႏု - မွန္ပါတယ္။ တကယ္ယွဥ္ၿပီးေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးကေနၿပီးေတာ့ လုပ္ခ်လိုက္မယ္ဆိုရင္ အကုန္ျပာက်ကုန္မွာ ျမင္ၿပီးသားပဲေလ။
ေဆြးေႏြးေဖာ္ - လုပ္ဖို႔ေတာ့လိုတယ္။ မလုပ္လို႔ဆိုရင္ မျပတ္ရင္ေတာ့၊ ေလ်ာ့ရင္ေတာ့ပတ္မွာပါ။ ျပတ္ျပတ္ သားသားနဲ႔ တစ္ခါတည္းစလိုက္လို႔ကေတာ့ တစ္ေၾကာ ၿပီးတစ္ေၾကာရွင္းလိုက္႐ုံပါပဲ။ အခု ကိုးကန႔္တစ္ေၾကာ ရွင္းၿပီးရင္၊ ပေလာင္ရွင္း႐ုံပဲ။ ပေလာင္ရွင္းၿပီးရင္ ရခိုင္ရွင္း႐ုံပဲ။ အဲဒီသုံးေၾကာၿငိမ္သြားၿပီဆိုရင္ က်န္တဲ့ကိစၥ ေတြက ဒါက သိပ္မခက္ ေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေျမာက္သုံးေကာင္ရဲ႕ (၁၀၂၇)အဖြင့္ဟာ ေတာ္ေတာ္ေလးေျပာမယ္ဆိုရင္ အက်ပ္႐ိုက္သြားတာေပါ့။ ပထမလႈိင္း၊ ဒုတိယလႈိင္းမွာေလ။ ဘာေၾကာင့္လဲဆိုတဲ့အခ်ိန္က်ေတာ့ လားရႈိးက်သြားတဲ့ ဟာက ဘယ္သူမွမယုံႏိုင္ဘူးေလ။ မယုံႏိုင္စရာႀကီး ျဖစ္သြားတာေလ။
ေက်ာ္ႏု - အင္းေပါ့။ တခ်ိဳ႕ကိစၥေတြကေတာ့ စစ္ေရးအရ စဥ္းစားႏိုင္တဲ့ စဥ္းစားလို႔ရတဲ့ကိစၥေတြ အမ်ား ႀကီးျဖစ္ လာတာေပါ့။ တခ်ိဳ႕ကိစၥေတြက်ေတာ့ ဘုရင္ ေတြစဥ္းစားသလို စဥ္းစားမယ္ဆိုရင္ေပါ့။
(အပိုင္း(၂)ကို ဆက္လက္ေဖာ္ျပပါမည္)