ဒေါ်လာ(၇)သန်းကျော်ပါဝင်သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၉)ခုကို ရန်ကုန်တိုင်းအတွင်း လုပ်ကိုင်ခွင့်ပြု

 1615

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၉

အမေရိကန်ဒေါ်လာ (၇) သန်းကျော်ပါဝင်သည့် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၉) ခုကို နိုဝင်ဘာ (၂၆)ရက်က ခွင့်ပြုခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီရင်းနှီးမြှုပ်နှံမှု ကော်မတီမှ သိရသည်။

စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများတွင် ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုဆောင် ရွက်မည့် နိုင်ငံခြားသားလုပ်ငန်း(၈)ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းတစ်ခု စုစုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။

"နိုဝင်ဘာ (၂၆) ရက်က (၁၁/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၉) ခုခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အခုလို ခွင့်ပြုခဲ့တဲ့လုပ်ငန်း (၉) ခုကနေ ပြည်တွင်း အလုပ်အကိုင်အတွက် (၅၂၅၉) ဦးကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားသည်။

လက်ရှိ ခွင့်ပြုခဲ့သည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၉)ခု၏ မတည်ရင်းနှီးငွေပမာ ဏမှာ ငွေကျပ်သန်း (၁၅၀၀) နှင့် အမေရိကန်ဒေါ်လာ (၇ ဒသမ ၆၉၀) သန်း ဖြစ်ကြောင်းသိရသည်။ အတည်ပြုပေးသည့် လုပ်ငန်းများတွင် CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်သည့်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရောင်းချသည့်လုပ်ငန်း၊ CMP စနစ်ဖြင့် Wool Fiber & Yarn ထုတ်လုပ်ခြင်း ၊ ဆံပင်တုအမျိုးမျိုး ထုတ်လုပ်သည့်လုပ်ငန်း၊ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်သည့်လုပ်ငန်း၊ စက္ကူတံဆိပ် ရိုက်ဝန်ဆောင်မှုလုပ်ငန်း နှင့် ပလတ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချသော လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

zawgyi version
ေဒၚလာ(၇)သန္းေက်ာ္ပါဝင္သည့္ ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၉)ခုကို ရန္ကုန္တိုင္းအတြင္း လုပ္ကိုင္ခြင့္ျပဳ
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၂၉

အေမရိကန္ေဒၚလာ (၇) သန္းေက်ာ္ပါဝင္သည့္ ျပည္တြင္းျပည္ပ ရင္းႏွီး ျမႇဳပ္ႏွံမႈလုပ္ငန္း (၉) ခုကို ႏိုဝင္ဘာ (၂၆)ရက္က ခြင့္ျပဳခဲ့ေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီမွ သိရသည္။

စက္မႈက႑၊ ဝန္ေဆာင္မႈက႑မ်ားတြင္ ရာႏႈန္းျပည့္ ရင္းႏွီးျမဳပ္ႏွံမႈေဆာင္ ႐ြက္မည့္ ႏိုင္ငံျခားသားလုပ္ငန္း(၈)ခု၊ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ ငန္းတစ္ခု စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း(၉)ခုကို ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

"ႏိုဝင္ဘာ (၂၆) ရက္က (၁၁/၂၀၂၄) ႀကိမ္ေျမာက္အစည္းအေဝးက်င္းပျပဳလုပ္ခဲ့ၿပီး ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း (၉) ခုခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ အခုလို ခြင့္ျပဳခဲ့တဲ့လုပ္ငန္း (၉) ခုကေန ျပည္တြင္း အလုပ္အကိုင္အတြက္ (၅၂၅၉) ဦးကို အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးႏိုင္မွာျဖစ္ပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီမွ ဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားသည္။

လက္ရွိ ခြင့္ျပဳခဲ့သည့္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း(၉)ခု၏ မတည္ရင္းႏွီးေငြပမာ ဏမွာ ေငြက်ပ္သန္း (၁၅၀၀) ႏွင့္ အေမရိကန္ေဒၚလာ (၇ ဒသမ ၆၉၀) သန္း ျဖစ္ေၾကာင္းသိရသည္။ အတည္ျပဳေပးသည့္ လုပ္ငန္းမ်ားတြင္ CMP စနစ္ျဖင့္ Wearing Apparel အမ်ိဳးမ်ိဳး ခ်ဳပ္လုပ္သည့္လုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္း ထုတ္လုပ္ေရာင္းခ်သည့္လုပ္ငန္း၊ CMP စနစ္ျဖင့္ Wool Fiber & Yarn ထုတ္လုပ္ျခင္း ၊ ဆံပင္တုအမ်ိဳးမ်ိဳး ထုတ္လုပ္သည့္လုပ္ငန္း၊ အဝတ္အထည္အမ်ိဳးမ်ိဳး ခ်ဳပ္လုပ္သည့္လုပ္ငန္း၊ စကၠဴတံဆိပ္ ႐ိုက္ဝန္ေဆာင္မႈလုပ္ငန္း ႏွင့္ ပလတ္စတစ္အိတ္အမ်ိဳးမ်ိဳး ထုတ္လုပ္ေရာင္းခ်ေသာ လုပ္ငန္းမ်ား ပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.