တရုတ်နှင့် (၁၀)ဘီလျံတန် သဘောတူညီချက် အီရတ်အစိုးရ ဘာကြောင့်ရပ်ဆိုင်းခဲ့တာလဲ . . .
1854
သန်းထိုက်စိုး (NP News) - ဒီဇင်ဘာ ၅
အီရတ်အစိုးရသည် တရုတ်နိုင်ငံနှင့် သဘောတူညီထားသည့် အမေရိကန်ဒေါ်လာ (၁၀) ဘီလျံ တန်ဖိုးရှိ ရေနံအခြေခံအဆောက်အအုံ သဘောတူညီ ချက်တစ်ရပ်ကို ဆိုင်းငံ့ခဲ့ရာ အရှေ့အလယ်ပိုင်း ပါဝါဒိုင်းနမစ်တွင် အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့သည်။
အဆိုပါ အခြေခံအဆောက်အအုံ သဘောတူညီချက်သည် (၂၀၁၉) ခုနှစ်တွင် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) အောက်တွင် ကနဦး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံ အဆောက်အအုံ မဟာဗျူဟာတွင် အဓိကကျသည့် မိတ်ဖက်နိုင်ငံအဖြစ် တည် ရှိနေခဲ့ခြင်းဖြစ်သည်။ အဆိုပါ သဘောညီချက်အရ တရုတ်နိုင်ငံက သယ်ယူပို့ဆောင်ရေးကွန်ရက်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများတည်ဆောက်ပေးရမည်ဖြစ်ပြီး အီရတ်နိုင်ငံက တရုတ်နိုင်ငံအားတစ်နေ့လျှင် ရေနံစည် တစ်သိန်းပေးပို့ရမည်ဖြစ်သည်။
ယခုအခါ အဆိုပါသဘောတူညီချက်ကို အီရတ်အစိုးရက ဆိုင်းငံ့ခဲ့ခြင်းမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံ မှုအပေါ် အလွန်အကျွံမှီခိုနေရခြင်း၊ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမဟာဗျူဟာများနှင့် ပတ် သက်၍ အီရတ်ခေါင်းဆောင်ပိုင်းတွင် စိုးရိမ်မှု မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်နေကြ သည်။ အီရတ်အစိုးရအနေဖြင့် ကမ္ဘာ့အထိုင် ဝင်ရိုး စုံကမ္ဘာသို့ ကူးပြောင်းလာမှုနှင့် အချိန်ကိုက်ပြီး အရှေ့ အလယ်ပိုင်း ပထဝီနိုင်ငံရေးအရွေ့တွင် ၎င်း၏အခန်း ကဏ္ဍအပေါ် ပြန်လည်သုံးသပ်လာခြင်းလည်းဖြစ်သည်။ ယခုအရွေ့သည် နှစ်နိုင်ငံကိစ္စရပ်အဖြစ် ရှုမြင်၍မရဘဲ ဒေသဆိုင်ရာ အင်အားကြီးနိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာအကျိုးစီးပွားများ အပြန်အလှန်ဆက်စပ်နေမှုနှင့် ခေတ်ပြိုင်အရှေ့အလယ်ပိုင်း ပထဝီ နိုင်ငံရေးမြင်ကွင်းကို လှစ်ဟပြလိုက်ခြင်းလည်း ဖြစ်သည်။
အခြား ရှုထောင့်တစ်ခုမှကြည့်ပါက နိုင်ငံတကာမိတ်ဖက်များကို အီရတ်အစိုးရ၏ချဉ်းကပ်ပုံ ပြောင်းလဲလာမှုနှင့် အခြေခံအဆောက်အအုံကိုဗဟိုပြုသည့် ဒီပလိုမေစီအပေါ် ရေရှည်အကျိုး သက် ရောက်နိုင်ခြေနှင့်ပတ်သက်၍ ဒေသဆိုင်ရာ စိုးရိမ်မှုများရှိနေကြောင်း ထင်ဟပ်ဖော်ပြနေခြင်းလည်းဖြစ် သည်။ အီရတ်အစိုးရ၏ဆုံးဖြတ်ချက်သည် အရှေ့အလယ်ပိုင်း ဒီပလိုမေစီ၏ဆင့်ကဲပြောင်းလဲလာနေမှုကို မီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်သည်။ တစ်နည်းအားဖြင့် သမိုင်းကြောင်းအရ အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကသာ နိုင်ငံတကာနိုင်ငံရေးကို အဆုံးအဖြတ် ပြုခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ နိုင်ငံတကာ ဆက်ဆံရေး၏ နက်ရှိုင်းရှုပ်ထွေးလာနေမှုကို ဖော်ပြနေခြင်းလည်းဖြစ်သည်။ တစ်ဖက်တွင်လည်း အရှေ့ အလယ်ပိုင်းနိုင်ငံများအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ နှင့်ဆက်ဆံရာတွင် ပိုမိုကျင်လည်သည့် ချဉ်းကပ်မှုများ ပြုလုပ်လာနိုင်ပြီဆိုသည်ကို ဖော်ညွှန်းနေခြင်းလည်းဖြစ်သည်။ ဒေသတွင်းနိုင်ငံများသည် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ခွင့်ကို ထိန်းသိမ်းရင်း ၎င်းတို့၏ အခြေခံအဆောက်အအုံကို ခေတ်မီစေ ရန် ဖန်တီးနိုင်မည့်နည်းလမ်းများကိုလည်း ရှာဖွေလာကြသည်။
ရေနံအခြေခံအဆောက်အအုံနှင့် တရုတ်နိုင်ငံ၏ ဒေသတွင်း ရည်မှန်းချက်များ တရုတ်နှင့် အီရတ်တို့သည် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း မဟာဗျူဟာမိတ်ဖက်ကို (၂၀၁၉) ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံချက်အရ တရုတ်နိုင်ငံက အီရတ်နိုင်ငံ အခြေခံ အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ (၁၀) ဘီလျံရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။ သဘောတူညီချက်ပါ လုပ်ငန်းများမှာလည်း အတော်ခရီးပေါက်နေပြီဖြစ်သည်။ အပြန်အလှန် အားဖြင့် အီရတ်နိုင်ငံကလည်း တရုတ်နိုင်ငံသို့ တစ်နေ့လျှင် ရေနံစည် စည်တစ်သိန်းနှုန်းဖြင့် နှစ်ပေါင်း (၂၀) ကြာပေးပို့ရမည်။
အဆိုပါ သဘောတူညီချက်သည် အီရတ်နိုင်ငံ၏ စစ်ပွဲလွန်ကာလ ပြန်လည်တည်ဆောက်ရေး မဟာဗျူဟာတွင် သိသာသည့်အရွေ့တစ်ခုဖြစ်ပြီး အစဉ်အလာအားဖြင့် အနောက်နိုင်ငံများ ကျော ထောက်နောက်ခံပေးထားသည့် ဖွံ့ဖြိုးရေးမော်ဒယ်မှ ဖယ်ခွာလာခဲ့ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးအကျိုးသက်ရောက်မှုကို ပုံကြီးချဲ့ရန် မလိုအပ်သကဲ့သို့ လျှော့တွက်၍လည်း မရပါ။ တရုတ်နိုင်ငံအတွက်မူ ယင်းသဘောတူညီချက်သည် ၎င်း၏ Belt and Road Initiative စီမံကိန်းတွင် အခြား မဟာဗျူဟာမြောက် တိုးတက်မှုတစ်ခုအဖြစ်ရရှိခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးတွင် အမေရိကန်ဒေါ်လာ (၁၂၃) ဘီလျံ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
သမိုင်းကြောင်းအရ အနောက်နိုင်ငံများ ကြီးစိုးလွှမ်းမိုးခဲ့သည့်ဒေသတွင် တရုတ်နိုင်ငံက ထိုး ဖောက်နိုင်ခဲ့ခြင်းသည် ၎င်း၏အစဉ်အလာလွှမ်းမိုးနိုင်မှု မိုးကုတ်စက်ဝိုင်းကိုကျော်လွန်ပြီး စီးပွားရေး အင်အား ကာကွယ်ရာတွင် ယုံကြည်မှုမြင့်မားလာခြင်းကို ထင်ဟပ်ဖော်ပြနေခြင်းလည်းဖြစ်သည်။ တစ်နည်းအားဖြင့် အနောက်နိုင်ငံများ အကျိုးစီးပွားများ အခြေခိုင်နေပြီဖြစ်သည့်ဒေသတွင် တရုတ် နိုင်ငံက တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းဟုလည်း ဆိုနိုင်သည်။
အမေရိကန်နိုင်ငံသည် အရေးကြီးသည့် စွမ်းအင်နယ်ပယ်တွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု မြင့်မား လာခြင်းနှင့်ပတ်သက်၍ စိုးရိမ်လာသည်။ အမေရိကန်နိုင်ငံသည် အီရတ်နိုင်ငံ၏ အခြေခံအဆောက် အအုံလုပ်ငန်းတွင် (၂၀ဝ၃) ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ (၉၀) ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်ပြီး အီရတ်အစိုးရ၏ မဟာဗျူဟာဆုံးဖြတ်ချက်အပေါ် သိသာသည့်အရိပ်ထိုးမှု ဖြစ်စေခဲ့သည်။ ယင်း ကဲ့သို့ အရိပ်ထိုးမှု ဖြစ်စေခဲ့ခြင်းမှာလည်း အီရတ်အစိုးရ၏ ပြင်ပဘဏ္ဍာရေး အထောက်အပံ့အပေါ် မှီခိုခြင်းက အဓိကတွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။ အီရတ် အစိုးရနှစ်စဉ် ဘတ်ဂျက်၏ (၄၀) ရာခိုင်နှုန်း မှာ နိုင်ငံတကာချေးငွေ၊ အထူးသဖြင့် အမေရိကန်အစိုးရနှင့် လိုက်လျောညီထွေရှိသည့် အင်စတီ ကျူးရှင်းများမှ ရရှိခြင်းဖြစ်သည်။
အီရတ်အစိုးရ၏ ပြည်တွင်းရေး အခက်အခဲများ
အီရတ်နိုင်ငံ၏ ပြည်တွင်းနိုင်ငံ့ရေးရာစီးပွားရေး မှာ လက်ရှိပထဝီနိုင်ငံရေးမျှခြေအပေါ် ရှုပ်ထွေး မှုများ ဖြစ်စေခဲ့သည်။ အီရတ်နိုင်ငံရှိ လူဦးရေ သန်း (၄၀) တွင် (၃၀) ရာခိုင်နှုန်းမှာ ဆင်းရဲချို့တဲ့စွာ နေထိုင်ကြရပြီး အခြေခံကျသည့်ဝန်ဆောင်မှုများပေးရာတွင်ပင် စိန်ခေါ်မှုများရှိနေသည်။
အီရတ် အစိုးရ ခေါင်းဆောင်ပိုင်းသည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ပြင်းထန်သည့် ဖိအားများနှင့်ရင်ဆိုင်နေရသည်။ ပြင်ပ အထောက်အပံ့အပေါ်မှီခိုနေရခြင်းသည် အီရတ် နိုင်ငံ၏ ပြည်တွင်းရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားခဲ့သည်။ နိုင်ငံ၏ သမိုင်းကြောင်း အတွေ့ အကြုံအရလည်း ပြင်ပင်အင်အားကြီးနိုင်ငံများနှင့် တစ်နည်း မဟုတ်တစ်နည်း ပတ်သက်ခဲ့ရသည်။ အီရတ် ခေါင်းဆောင်များသည် ၎င်းတို့၏ ပြည်တွင်းရေး အခက်အခဲများကို ဖြေရှင်းရန်ကြိုးပမ်းရာတွင် ပြည်ပနိုင်ငံများ၏ စီးပွားရေးအကျိုးစီးပွားကို အမြဲတစေ ထည့်သွင်း စဉ်းစားခဲ့ရသည်။ အီရတ်နိုင်ငံသည် ရေနံ အခွန်ရငွေအပေါ်တွင် များစွာမှီခိုနေရခြင်းဖြစ်ပြီး နိုင်ငံဝင်ငွေ၏ (၉၅) ရာခိုင်နှုန်းအထိရှိနေခြင်း ဖြစ်သည်။
ယခုအခါ အီရတ်နိုင်ငံအနေဖြင့် အခြားသော မတူကွဲပြားသည့်စီးပွားရေးလုပ်ငန်းများမှလည်း ဝင် ငွေရရှိနိုင်ရန် လိုအပ်နေခြင်းဖြစ်သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရမည့် နှစ် (၂၀) ကြာ အခြေ ခံအဆောက်အအုံသဘောတူညီချက်မှာ ပြောင်းလဲလာနေသည့်ဈေးကွက်အခြေအနေဖြင့် လိုက်လျော ညီထွေရှိစေရန် အီရတ်အစိုးရက ဆောင်ရွက်ပေးရမည့်အစီအစဉ်ကို အကန့်အသတ်ဖြစ်စေသည်ဟု ယူဆလာခြင်းလည်း ဖြစ်နိုင်သည်။
ဒေသတွင်း အကျိုးသက်ရောက်မှုများနှင့် ပါဝါဒိုင်း နမစ်များ
အီရတ်အစိုးရ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဒေသတွင်း အကျိုးသက်ရောက်မှုများမှာ ၎င်း၏ နယ်နိမိတ်ကို ကျော်လွန်မည်မှာသေချာသည်။ တစ်ကမ္ဘာလုံးတွင် အမေရိကန်ဒေါ်လာ တစ်ထရီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည့် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) သည် အရှေ့အလယ်ပိုင်း ၏ ပထဝီနိုင်ငံရေးကိုပုံဖော်ရာတွင် အရေးပါသည့်အင်အားစုတစ်စုအဖြစ် ငွားငွားစွင့်စွင့် ပေါ်ထွက်လာပြီ ဖြစ်သည်။ အီရတ်အစိုးရ၏ ယခုဆုံးဖြတ်ချက်သည် ဒေသတွင်းနိုင်ငံများအပေါ်တွင်လည်း တပ်လှန့်မှု တစ်ခုဖြစ်စေနိုင်သည်။ ယခုကဲ့သို့ ဟန်ချက်ထိန်းညှိခြင်းမျိုးသည် ဒေသတွင်းတွင် အီဂျစ်နိုင်ငံမှ ဆော်ဒီ နိုင်ငံအထိ အကျိုးသက်ရောက်နိုင်သည်။ အဆိုပါ နိုင်ငံများသည် အပေးအယူ အလျှော့အတင်းမလုပ်ရဘဲ တရုတ်စီးပွားရေးများမှ အမြတ်ထုတ်နိုင်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ အီရတ်အစိုးရ၏ ယခု အဆုံးအဖြတ်သည် အီရန်စစ်ပွဲလွန်ကာလ ပြန်လည်တည်ဆောက်ရေးမဟာဗျူဟာတွင် သိသာထင်ရှား သည့် အရွေ့တစ်ခုဖြစ်လာခဲ့ပြီး အစဉ်အလာကဲ့သို့ ဖြစ်နေသည့် အနောက်နိုင်ငံများက ကျားကန်ပေးထားသည့် ဖွံ့ဖြိုးရေးမော်ဒယ်မှ ဖယ်ခွာလာခဲ့ခြင်းဖြစ်သည်ဟုလည်း သုံးသပ်ရသည်။
zawgyi version
တ႐ုတ္ႏွင့္ (၁၀)ဘီလ်ံတန္ သေဘာတူညီခ်က္ အီရတ္အစိုးရ ဘာေၾကာင့္ရပ္ဆိုင္းခဲ့တာလဲ . . .
သန္းထိုက္စိုး (NP News) - ဒီဇင္ဘာ ၅
အီရတ္အစိုးရသည္ တ႐ုတ္ႏိုင္ငံႏွင့္ သေဘာတူညီထားသည့္ အေမရိကန္ေဒၚလာ (၁၀) ဘီလ်ံ တန္ဖိုးရွိ ေရနံအေျခခံအေဆာက္အအုံ သေဘာတူညီ ခ်က္တစ္ရပ္ကို ဆိုင္းငံ့ခဲ့ရာ အေရွ႕အလယ္ပိုင္း ပါဝါဒိုင္းနမစ္တြင္ အလွည့္အေျပာင္းတစ္ခုျဖစ္လာခဲ့သည္။
အဆိုပါ အေျခခံအေဆာက္အအုံ သေဘာတူညီခ်က္သည္ (၂၀၁၉) ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံ၏ Belt and Road Initiative (BRI) ေအာက္တြင္ ကနဦး တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ယင္းမွာ တ႐ုတ္ႏိုင္ငံ၏ ကမာၻလုံးဆိုင္ရာ အေျခခံ အေဆာက္အအုံ မဟာဗ်ဴဟာတြင္ အဓိကက်သည့္ မိတ္ဖက္ႏိုင္ငံအျဖစ္ တည္ ရွိေနခဲ့ျခင္းျဖစ္သည္။ အဆိုပါ သေဘာညီခ်က္အရ တ႐ုတ္ႏိုင္ငံက သယ္ယူပို႔ေဆာင္ေရးကြန္ရက္မ်ား၊ စာသင္ေက်ာင္းမ်ား၊ ေဆး႐ုံမ်ားႏွင့္ စြမ္းအင္ဆိုင္ရာ အေဆာက္အအုံမ်ားတည္ေဆာက္ေပးရမည္ျဖစ္ၿပီး အီရတ္ႏိုင္ငံက တ႐ုတ္ႏိုင္ငံအားတစ္ေန႔လွ်င္ ေရနံစည္ တစ္သိန္းေပးပို႔ရမည္ျဖစ္သည္။
ယခုအခါ အဆိုပါသေဘာတူညီခ်က္ကို အီရတ္အစိုးရက ဆိုင္းငံ့ခဲ့ျခင္းမွာ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံ မႈအေပၚ အလြန္အကြၽံမွီခိုေနရျခင္း၊ တ႐ုတ္ႏိုင္ငံ၏ ကမာၻလုံးဆိုင္ရာ စီးပြားေရးမဟာဗ်ဴဟာမ်ားႏွင့္ ပတ္ သက္၍ အီရတ္ေခါင္းေဆာင္ပိုင္းတြင္ စိုးရိမ္မႈ ျမင့္တက္လာျခင္းေၾကာင့္ျဖစ္သည္ဟု သုံးသပ္ေနၾက သည္။ အီရတ္အစိုးရအေနျဖင့္ ကမာၻ႔အထိုင္ ဝင္႐ိုး စုံကမာၻသို႔ ကူးေျပာင္းလာမႈႏွင့္ အခ်ိန္ကိုက္ၿပီး အေရွ႕ အလယ္ပိုင္း ပထဝီႏိုင္ငံေရးအေ႐ြ႕တြင္ ၎၏အခန္း က႑အေပၚ ျပန္လည္သုံးသပ္လာျခင္းလည္းျဖစ္သည္။ ယခုအေ႐ြ႕သည္ ႏွစ္ႏိုင္ငံကိစၥရပ္အျဖစ္ ရႈျမင္၍မရဘဲ ေဒသဆိုင္ရာ အင္အားႀကီးႏိုင္ငံမ်ားႏွင့္ ကမာၻလုံးဆိုင္ရာအက်ိဳးစီးပြားမ်ား အျပန္အလွန္ဆက္စပ္ေနမႈႏွင့္ ေခတ္ၿပိဳင္အေရွ႕အလယ္ပိုင္း ပထဝီ ႏိုင္ငံေရးျမင္ကြင္းကို လွစ္ဟျပလိုက္ျခင္းလည္း ျဖစ္သည္။
အျခား ရႈေထာင့္တစ္ခုမွၾကည့္ပါက ႏိုင္ငံတကာမိတ္ဖက္မ်ားကို အီရတ္အစိုးရ၏ခ်ဥ္းကပ္ပုံ ေျပာင္းလဲလာမႈႏွင့္ အေျခခံအေဆာက္အအုံကိုဗဟိုျပဳသည့္ ဒီပလိုေမစီအေပၚ ေရရွည္အက်ိဳး သက္ ေရာက္ႏိုင္ေျခႏွင့္ပတ္သက္၍ ေဒသဆိုင္ရာ စိုးရိမ္မႈမ်ားရွိေနေၾကာင္း ထင္ဟပ္ေဖာ္ျပေနျခင္းလည္းျဖစ္ သည္။ အီရတ္အစိုးရ၏ဆုံးျဖတ္ခ်က္သည္ အေရွ႕အလယ္ပိုင္း ဒီပလိုေမစီ၏ဆင့္ကဲေျပာင္းလဲလာေနမႈကို မီးေမာင္းထိုးျပလိုက္ျခင္းလည္းျဖစ္သည္။ တစ္နည္းအားျဖင့္ သမိုင္းေၾကာင္းအရ အေနာက္ႏိုင္ငံမ်ား၏ လႊမ္းမိုးမႈကသာ ႏိုင္ငံတကာႏိုင္ငံေရးကို အဆုံးအျဖတ္ ျပဳခဲ့ျခင္းျဖစ္ေသာ္လည္း ယခုအခါ ႏိုင္ငံတကာ ဆက္ဆံေရး၏ နက္ရႈိင္းရႈပ္ေထြးလာေနမႈကို ေဖာ္ျပေနျခင္းလည္းျဖစ္သည္။ တစ္ဖက္တြင္လည္း အေရွ႕ အလယ္ပိုင္းႏိုင္ငံမ်ားအေနျဖင့္ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ား ႏွင့္ဆက္ဆံရာတြင္ ပိုမိုက်င္လည္သည့္ ခ်ဥ္းကပ္မႈမ်ား ျပဳလုပ္လာႏိုင္ၿပီဆိုသည္ကို ေဖာ္ၫႊန္းေနျခင္းလည္းျဖစ္သည္။ ေဒသတြင္းႏိုင္ငံမ်ားသည္ ႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာပိုင္ခြင့္ကို ထိန္းသိမ္းရင္း ၎တို႔၏ အေျခခံအေဆာက္အအုံကို ေခတ္မီေစ ရန္ ဖန္တီးႏိုင္မည့္နည္းလမ္းမ်ားကိုလည္း ရွာေဖြလာၾကသည္။
ေရနံအေျခခံအေဆာက္အအုံႏွင့္ တ႐ုတ္ႏိုင္ငံ၏ ေဒသတြင္း ရည္မွန္းခ်က္မ်ား တ႐ုတ္ႏွင့္ အီရတ္တို႔သည္ အေျခခံအေဆာက္အအုံ တည္ေဆာက္ျခင္း မဟာဗ်ဴဟာမိတ္ဖက္ကို (၂၀၁၉) ခုႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္သည္။ အဆိုပါ စီမံခ်က္အရ တ႐ုတ္ႏိုင္ငံက အီရတ္ႏိုင္ငံ အေျခခံ အေဆာက္အအုံတည္ေဆာက္ျခင္းလုပ္ငန္းအတြက္ အေမရိကန္ေဒၚလာ (၁၀) ဘီလ်ံရင္းႏွီးျမႇဳပ္ႏွံရမည္ ျဖစ္သည္။ သေဘာတူညီခ်က္ပါ လုပ္ငန္းမ်ားမွာလည္း အေတာ္ခရီးေပါက္ေနၿပီျဖစ္သည္။ အျပန္အလွန္ အားျဖင့္ အီရတ္ႏိုင္ငံကလည္း တ႐ုတ္ႏိုင္ငံသို႔ တစ္ေန႔လွ်င္ ေရနံစည္ စည္တစ္သိန္းႏႈန္းျဖင့္ ႏွစ္ေပါင္း (၂၀) ၾကာေပးပို႔ရမည္။
အဆိုပါ သေဘာတူညီခ်က္သည္ အီရတ္ႏိုင္ငံ၏ စစ္ပြဲလြန္ကာလ ျပန္လည္တည္ေဆာက္ေရး မဟာဗ်ဴဟာတြင္ သိသာသည့္အေ႐ြ႕တစ္ခုျဖစ္ၿပီး အစဥ္အလာအားျဖင့္ အေနာက္ႏိုင္ငံမ်ား ေက်ာ ေထာက္ေနာက္ခံေပးထားသည့္ ဖြံ႕ၿဖိဳးေရးေမာ္ဒယ္မွ ဖယ္ခြာလာခဲ့ျခင္းျဖစ္သည္။ အေရွ႕အလယ္ပိုင္း ပထဝီႏိုင္ငံေရးအက်ိဳးသက္ေရာက္မႈကို ပုံႀကီးခ်ဲ႕ရန္ မလိုအပ္သကဲ့သို႔ ေလွ်ာ့တြက္၍လည္း မရပါ။ တ႐ုတ္ႏိုင္ငံအတြက္မူ ယင္းသေဘာတူညီခ်က္သည္ ၎၏ Belt and Road Initiative စီမံကိန္းတြင္ အျခား မဟာဗ်ဴဟာေျမာက္ တိုးတက္မႈတစ္ခုအျဖစ္ရရွိခဲ့သည္။ အေရွ႕အလယ္ပိုင္းေဒသတစ္ခုလုံးတြင္ အေမရိကန္ေဒၚလာ (၁၂၃) ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံထားျခင္းျဖစ္သည္။
သမိုင္းေၾကာင္းအရ အေနာက္ႏိုင္ငံမ်ား ႀကီးစိုးလႊမ္းမိုးခဲ့သည့္ေဒသတြင္ တ႐ုတ္ႏိုင္ငံက ထိုး ေဖာက္ႏိုင္ခဲ့ျခင္းသည္ ၎၏အစဥ္အလာလႊမ္းမိုးႏိုင္မႈ မိုးကုတ္စက္ဝိုင္းကိုေက်ာ္လြန္ၿပီး စီးပြားေရး အင္အား ကာကြယ္ရာတြင္ ယုံၾကည္မႈျမင့္မားလာျခင္းကို ထင္ဟပ္ေဖာ္ျပေနျခင္းလည္းျဖစ္သည္။ တစ္နည္းအားျဖင့္ အေနာက္ႏိုင္ငံမ်ား အက်ိဳးစီးပြားမ်ား အေျခခိုင္ေနၿပီျဖစ္သည့္ေဒသတြင္ တ႐ုတ္ ႏိုင္ငံက တိုက္႐ိုက္စိန္ေခၚလိုက္ျခင္းဟုလည္း ဆိုႏိုင္သည္။
အေမရိကန္ႏိုင္ငံသည္ အေရးႀကီးသည့္ စြမ္းအင္နယ္ပယ္တြင္ တ႐ုတ္ႏိုင္ငံ၏ လႊမ္းမိုးမႈ ျမင့္မား လာျခင္းႏွင့္ပတ္သက္၍ စိုးရိမ္လာသည္။ အေမရိကန္ႏိုင္ငံသည္ အီရတ္ႏိုင္ငံ၏ အေျခခံအေဆာက္ အအုံလုပ္ငန္းတြင္ (၂၀ဝ၃) ခုႏွစ္ကတည္းက အေမရိကန္ေဒၚလာ (၉၀) ဘီလ်ံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ျခင္း ျဖစ္ၿပီး အီရတ္အစိုးရ၏ မဟာဗ်ဴဟာဆုံးျဖတ္ခ်က္အေပၚ သိသာသည့္အရိပ္ထိုးမႈ ျဖစ္ေစခဲ့သည္။ ယင္း ကဲ့သို႔ အရိပ္ထိုးမႈ ျဖစ္ေစခဲ့ျခင္းမွာလည္း အီရတ္အစိုးရ၏ ျပင္ပဘ႑ာေရး အေထာက္အပံ့အေပၚ မွီခိုျခင္းက အဓိကတြန္းအားတစ္ရပ္ ျဖစ္ေစခဲ့သည္။ အီရတ္ အစိုးရႏွစ္စဥ္ ဘတ္ဂ်က္၏ (၄၀) ရာခိုင္ႏႈန္း မွာ ႏိုင္ငံတကာေခ်းေငြ၊ အထူးသျဖင့္ အေမရိကန္အစိုးရႏွင့္ လိုက္ေလ်ာညီေထြရွိသည့္ အင္စတီ က်ဴးရွင္းမ်ားမွ ရရွိျခင္းျဖစ္သည္။
အီရတ္အစိုးရ၏ ျပည္တြင္းေရး အခက္အခဲမ်ား
အီရတ္ႏိုင္ငံ၏ ျပည္တြင္းႏိုင္ငံ့ေရးရာစီးပြားေရး မွာ လက္ရွိပထဝီႏိုင္ငံေရးမွ်ေျခအေပၚ ရႈပ္ေထြး မႈမ်ား ျဖစ္ေစခဲ့သည္။ အီရတ္ႏိုင္ငံရွိ လူဦးေရ သန္း (၄၀) တြင္ (၃၀) ရာခိုင္ႏႈန္းမွာ ဆင္းရဲခ်ိဳ႕တဲ့စြာ ေနထိုင္ၾကရၿပီး အေျခခံက်သည့္ဝန္ေဆာင္မႈမ်ားေပးရာတြင္ပင္ စိန္ေခၚမႈမ်ားရွိေနသည္။
အီရတ္ အစိုးရ ေခါင္းေဆာင္ပိုင္းသည္ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရးေဆာင္႐ြက္ရာတြင္ ျပင္းထန္သည့္ ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရသည္။ ျပင္ပ အေထာက္အပံ့အေပၚမွီခိုေနရျခင္းသည္ အီရတ္ ႏိုင္ငံ၏ ျပည္တြင္းေရးအေပၚ အက်ိဳးသက္ေရာက္မႈ ႀကီးမားခဲ့သည္။ ႏိုင္ငံ၏ သမိုင္းေၾကာင္း အေတြ႕ အႀကဳံအရလည္း ျပင္ပင္အင္အားႀကီးႏိုင္ငံမ်ားႏွင့္ တစ္နည္း မဟုတ္တစ္နည္း ပတ္သက္ခဲ့ရသည္။ အီရတ္ ေခါင္းေဆာင္မ်ားသည္ ၎တို႔၏ ျပည္တြင္းေရး အခက္အခဲမ်ားကို ေျဖရွင္းရန္ႀကိဳးပမ္းရာတြင္ ျပည္ပႏိုင္ငံမ်ား၏ စီးပြားေရးအက်ိဳးစီးပြားကို အၿမဲတေစ ထည့္သြင္း စဥ္းစားခဲ့ရသည္။ အီရတ္ႏိုင္ငံသည္ ေရနံ အခြန္ရေငြအေပၚတြင္ မ်ားစြာမွီခိုေနရျခင္းျဖစ္ၿပီး ႏိုင္ငံဝင္ေငြ၏ (၉၅) ရာခိုင္ႏႈန္းအထိရွိေနျခင္း ျဖစ္သည္။
ယခုအခါ အီရတ္ႏိုင္ငံအေနျဖင့္ အျခားေသာ မတူကြဲျပားသည့္စီးပြားေရးလုပ္ငန္းမ်ားမွလည္း ဝင္ ေငြရရွိႏိုင္ရန္ လိုအပ္ေနျခင္းျဖစ္သည္။ သို႔ျဖစ္ရာ တ႐ုတ္ႏိုင္ငံသို႔ ေရနံတင္ပို႔ရမည့္ ႏွစ္ (၂၀) ၾကာ အေျခ ခံအေဆာက္အအုံသေဘာတူညီခ်က္မွာ ေျပာင္းလဲလာေနသည့္ေဈးကြက္အေျခအေနျဖင့္ လိုက္ေလ်ာ ညီေထြရွိေစရန္ အီရတ္အစိုးရက ေဆာင္႐ြက္ေပးရမည့္အစီအစဥ္ကို အကန႔္အသတ္ျဖစ္ေစသည္ဟု ယူဆလာျခင္းလည္း ျဖစ္ႏိုင္သည္။
ေဒသတြင္း အက်ိဳးသက္ေရာက္မႈမ်ားႏွင့္ ပါဝါဒိုင္း နမစ္မ်ား
အီရတ္အစိုးရ၏ ဆုံးျဖတ္ခ်က္ႏွင့္ပတ္သက္၍ ေဒသတြင္း အက်ိဳးသက္ေရာက္မႈမ်ားမွာ ၎၏ နယ္နိမိတ္ကို ေက်ာ္လြန္မည္မွာေသခ်ာသည္။ တစ္ကမာၻလုံးတြင္ အေမရိကန္ေဒၚလာ တစ္ထရီလ်ံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံထားၿပီးျဖစ္သည့္ တ႐ုတ္ႏိုင္ငံ၏ Belt and Road Initiative (BRI) သည္ အေရွ႕အလယ္ပိုင္း ၏ ပထဝီႏိုင္ငံေရးကိုပုံေဖာ္ရာတြင္ အေရးပါသည့္အင္အားစုတစ္စုအျဖစ္ ငြားငြားစြင့္စြင့္ ေပၚထြက္လာၿပီ ျဖစ္သည္။ အီရတ္အစိုးရ၏ ယခုဆုံးျဖတ္ခ်က္သည္ ေဒသတြင္းႏိုင္ငံမ်ားအေပၚတြင္လည္း တပ္လွန႔္မႈ တစ္ခုျဖစ္ေစႏိုင္သည္။ ယခုကဲ့သို႔ ဟန္ခ်က္ထိန္းညႇိျခင္းမ်ိဳးသည္ ေဒသတြင္းတြင္ အီဂ်စ္ႏိုင္ငံမွ ေဆာ္ဒီ ႏိုင္ငံအထိ အက်ိဳးသက္ေရာက္ႏိုင္သည္။ အဆိုပါ ႏိုင္ငံမ်ားသည္ အေပးအယူ အေလွ်ာ့အတင္းမလုပ္ရဘဲ တ႐ုတ္စီးပြားေရးမ်ားမွ အျမတ္ထုတ္ႏိုင္ရန္ ႀကိဳးပမ္းေနၾကျခင္းျဖစ္သည္။ အီရတ္အစိုးရ၏ ယခု အဆုံးအျဖတ္သည္ အီရန္စစ္ပြဲလြန္ကာလ ျပန္လည္တည္ေဆာက္ေရးမဟာဗ်ဴဟာတြင္ သိသာထင္ရွား သည့္ အေ႐ြ႕တစ္ခုျဖစ္လာခဲ့ၿပီး အစဥ္အလာကဲ့သို႔ ျဖစ္ေနသည့္ အေနာက္ႏိုင္ငံမ်ားက က်ားကန္ေပးထားသည့္ ဖြံ႕ၿဖိဳးေရးေမာ္ဒယ္မွ ဖယ္ခြာလာခဲ့ျခင္းျဖစ္သည္ဟုလည္း သုံးသပ္ရသည္။