ကျော်နုနှင့် မိတ်ဆွေများ၏ တိုင်းကျိုးပြည်ပြု အလွတ်သဘော ဆွေးနွေးခန်း (အပိုင်း - ၃)
1682
စောရေးသားသည်။
NP News - ဒီဇင်ဘာ ၆
(ယခင်တစ်ပတ်မှအဆက်)
ကျော်နု - အကယ်၍ပေါ့လေ။ မြောက်သုံးကောင်က တရုတ်စကားနားမထောင်တော့ဘူးဆိုပါစို့။ ဘာဆက် ဖြစ်နိုင်မလဲ။
ဆွေးနွေးဖော် - နားမထောင်တော့ဘူးဆိုရင် တရုတ်ကလည်း အဲဒီအခါကျတော့ တပ်မတော်အစိုးရဘက် ကနေ ပြတ်ပြတ်သားသားရပ်တည်ဖို့ ပိုကောင်းတာပေါ့။ သူတို့ ဗုံးကြဲစရာရှိ ကြဲကွာ ။ ‘ဝ’ တို့၊ ကိုးကန့်တို့ ဒီဘက်ကို စစ်ဝင် တိုက်တဲ့အချိန်ကျတော့ တရုတ်ရဲ့ ကြေးစားစစ်သားတွေပါတယ်လို့ ယူဆရတယ်။ ကြေးစားစစ်သားတွေပါတယ်လို့ ယူဆရတဲ့အတွက်ကြောင့် မို့လို့ ဒီမြန်မာစစ်တပ်က တချို့သော နည်းပညာပိုင်းအနေနဲ့ တိုက်ရည်ခိုက်ရည်တွေက တစ်ခါတလေမှာ အဲဒီသူပုန်အဖွဲ့ကို ရှုံးသလိုဖြစ်နေတာလေ။ မနိုင်သ လိုဖြစ်နေတာပေါ့နော်။ အဲဒီတော့ တရုတ်က အဲဒီမှာတင် ခုနကပြောသလိုမျိုး ကျန်တဲ့အဲဒီအထောက်အပံ့ တွေကိုလည်း ဟိုဘက်ကိုဖြတ်ချလိုက်တဲ့အပြင်ကို ဒီဘက်ကိုလည်း အကူအညီကောင်းကောင်းပေးတယ် ဆိုရင် မြောက်သုံးကောင်က မျိုးပြတ်သွားမှာပေါ့။ တရုတ်ကသာ သူ့ကိုအားပေးရင် နေပြည်တော်အထိ တက်သိမ်းပစ်လိုက်မယ်လို့ ထွန်းမြတ်နိုင်က ကြိမ်းဝါးခဲ့တာလေ။ အဲဒီတော့ တပ်မတော်ကလည်း တရုတ်ကအားပေးခဲ့ရင် မင်းတို့မြောက်သုံးကောင်ကို ငါက အရေခွံဆုတ်ပစ်လို့ရတယ်ဆိုတာမျိုး ပြောမှာပေါ့။ ဒါပေမဲ့ ထွန်းမြတ်နိုင်က ဟိုနေ့က စကား ပြောသွား တာတော့ ပညာသားပါတယ်။ တရုတ်နဲ့တော့ သူတို့ တရုတ်စကားအကုန်နားမထောင်ရင်တောင် ကန့်လန့် တော့တိုက်လို့မရဘူးဆိုတဲ့ဟာကတော့ အင်တာဗျူး မှာပြောသွား တယ်။ သူက ရခိုင်ဘက်မှာနေတာလေ။ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နားမှာနေတာ။ ဒါပေမဲ့ သူ့အထောက်အပံ့ကို အိန္ဒိယ လည်းမရဘူး၊ ဘင်္ဂလားဒေ့ရှ်ကလည်း ရနေတာမဟုတ်ဘူး။ တရုတ်ကရနေတာလေ။ အဲဒီတော့ တရုတ်ရဲ့ အထောက်အပံ့က မြောက်သုံးကောင်လုံးသည် ပြောမယ်ဆိုရင် လေတံခွန်လိုပဲ၊ အောက်ကရစ်ဘီးက တရုတ်ပဲ။ တရုတ်က ကြိုးဖြတ်လိုက်တာနဲ့ အဲဒီလေတံခွန်တွေက အောက်ကို အစုတ်စုတ်အပြတ်ပြတ်နဲ့ကျလာမှာပဲ။ အဲဒီတော့ ကိုယ့်ဘာသာရပ်တည်ချင်ရင် လေထဲကိုဝဲနိုင်ရင် ခဏပေါ့။ သူတို့က လေသင့်တုန်းမို့လို့ အပေါ်အမြင့်ကို ရောက်နေပေ မယ့်လည်း အမှိုက်ကအမှိုက်ပဲ။ လေကြောင်းလေးအတည့်မို့လို့ အပေါ်ရောက်နေလည်းခဏပါ။ Control က အောက်မှာ ရှိတာလေ။ ဟိုနေ့က ကိုးကန့်ဆိုလည်း NUG တို့နဲ့မပတ်သက်ပါဘူးဆိုပြီး ကြေညာချက်ထုတ်တယ်လေ။ အဲဒါတွေက လည်း ဒီဘက်မှာ တော်တော်ရိုက်ခတ်နေပြီလေ။ စိတ်ဝမ်းကွဲ စရာတွေ ဘာတွေဖြစ်ကုန်ပြီ။ အဲဒီတော့ NUG က လည်း သူတို့ကိုအသုံးချတယ်လေ။ သူတို့ကလည်း NUG ကို အသုံးချကြတယ်ပေါ့နော်။ NUG-PDF ကိုအသုံးချကြတယ်။ အသုံးချရင်းနဲ့ ဒီလိုမျိုးစိတ်ဝမ်း ကွဲနေရင်တော့ ဒီအခွင့်အရေးကို ကောင်းကောင်းယူ တတ်တယ်ဆိုရင်တော့ သူတို့ကို ဖြိုခွင်းဖို့ လွယ်ကူမှာပေါ့။ အခုက ခုနကပြောသလို PDF ကို အသေခံခိုင်း ပြီးတော့ သူက နယ်မြေနဲ့အာဏာကို ရယူနေတာပဲ လေ။ နယ်မြေရယ်၊ အာဏာရယ် ၊ အကျိုးစီးပွားရယ်ကို ယူနေတာ။ PDF က သူတို့အတွက် အသေမခံပေး တော့ဘူးဆိုရင် သူတို့သေပေးရမှာပေါ့။ PDF က ကိုးကန့်အတွက်လည်း သေမပေးတော့ဘူး။ ပလောင်အတွက်လည်း မသေတော့ဘူး။ AA အတွက်လည်း သေမပေးတော့ဘူး။ ငါတို့ဟာငါတို့ သီးခြားအနေနဲ့ နေမယ်လို့ စိတ်ကူးလိုက်ရင် တောင်မှ သူတို့ကိုယ်တိုင် ထွက်သေမှရတော့မယ်လေ။ နည်းလမ်းတွေက အများကြီးရှိပါတယ်။ တကယ်ကို လုပ်ဖို့နဲ့ ပြတ်ပြတ် သားသားလုပ်ဖို့ပဲလိုတာ။
ကျော်နု- ဗိုလ်ချုပ်မှူးကြီးက တရုတ်သွားတယ်။ တရုတ်သွားပြီးတော့ တရုတ်ကအဖွဲ့တွေနဲ့တွေ့တာကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့တွေလည်း အဖြေတွေ့နေပြီ။ ဒါပေမဲ့ အခုချိန်အထိ စစ်တပ်ရှုံးမယ်လို့၊ NUG က နိုင်လိမ့်မယ်လို့ အခုချိန်ထိထင်နေတဲ့ လူ့အသိုင်းအဝိုင်းတစ်စုရှိတယ်။ အဲဒီအသိုင်းအဝိုင်းရဲ့ တွေးခေါ်စဉ်းစားပုံက ဘယ်လိုဖြစ်မယ်လို့ ထင်မလဲ။
ဆွေးနွေးဖော် - အဆုံးသတ်ကလေ သူဟာသူ NUG ပဲဖြစ်ဖြစ်၊ တပ်မတော်အစိုးရပဲဖြစ်ဖြစ် တိုင်းပြည်ကို၊ တိုင်းပြည်မျက် နှာကို တကယ်ကြည့်မယ်ဆိုရင် သူတို့ စားပွဲပေါ်ပဲသွားရမှာ။ တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့အတွက်ကို NUG ကလည်း တပ်မတော်အစိုးရဖိတ်ခေါ်တဲ့စားပွဲပေါ် ရောက်လာမှာပဲလေ။ တပ်မတော်အစိုးရကလည်း NUG ကို ဖိတ်ခေါ်ရလောက်တဲ့ မင်းတို့ကို အသိအမှတ်ပြုရ လောက်တဲ့ လေးစားလောက်တဲ့အနေအထားရှိရင် ခေါ်မယ်ပေါ့။ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ စကားတွေပွင့်လာတာရှိတယ်လေ။ သူတို့ဆွေးနွေးပေးရင် ဆွေးနွေးပေးမယ့် သဘောမျိုး ကိုလေ။ NUG ဘက်ကလည်း ဒူဝါလရှီးလတို့၊ ဇင်မာအောင်တို့လေ။ သူတို့ ကလည်း သူတို့ပြောနေတာတွေရှိတယ်။ နောက် သူတို့လည်း တစ်ဖက်နဲ့တစ်ဖက်ကတော့ သတင်းလေး တွေတော့တန်းနေပါတယ်။ ဒါပေမဲ့ ဟိုဘက်ကလည်း စစ်တပ်က နိုင်ငံရေးထဲကထွက်ပေးမှ ဆွေးနွေးမယ်တို့က အရှက်ပြေပြောနေတဲ့ဟာပေါ့။ ဒီဘက်ကလည်း ပွင့်ပွင့် လင်းလင်းပြောရရင် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ထွက်ပြောတဲ့ဟာက တကယ့်တကယ် နိုင်ငံရေးဖြစ် တယ်ဆိုရင် PDF က လက်နက်ဆုတ်ပြီး NUG က ဆွေးနွေးမယ်ပေါ့။ ဒီဘက်ကကျတော့ NUG-PDF ကို လက်နက်စွန့်ခိုင်းတယ်။ ဟိုဘက်က ကျတော့ နိုင်ငံရေးထဲက တပ်မတော်ကိုထွက်ခိုင်းတယ်ပေါ့။ ဒါတွေက တစ်ဖက်နဲ့ တစ်ဖက်တော့ စကားရပ်တွေက သွား နေပြီ။ ဒါပေမဲ့ (၂၀၂၅)လောက်မှာလုပ်မလား။ (၂၀၂၆)လောက်မှာလုပ်မလား။ အဲဒီကြားထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်လိမ့်မယ်။ မဖြစ်ဖြစ်အောင်လုပ် ပြီးမှ တရားဝင်သမ္မတဖြစ် အောင်လုပ်မယ်။ တရားဝင် သမ္မတဖြစ်ပြီးသွားတဲ့နောက်မှာ နိုင်ငံတကာ အချင်းချင်းထဲကို တရားဝင်အနေနဲ့ဝင် လာလိမ့်မယ်။ ဝင်လာပြီးတော့မှ သူက အဲဒီမှာတင် ငါသမ္မတဖြစ်ပြီ၊ မင်းတို့ နိုင်ငံရေးကို ဆွေးနွေးချင်လား။ ဆွေးနွေး ချင်ရင် မင်းတို့လာခဲ့တော့လို့ သူခေါ်လိမ့်မယ်။ အဖွဲ့တွေနဲ့ မင်းတို့ဆွေးနွေးကြဆိုပြီး လုပ်လိမ့်မယ်။ အဲဒီထဲမှာ ခုနကပြောသလိုမျိုး NUG ကလည်း မဆွေးနွေးလို့မရဘူး။ ကျွန်တော်အပြတ်တိုက်မှာတို့၊ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးလို့ သွားလုပ်ရင် ပိုပြီးတော့ ဒါက ညတာရှည်ပြီးတော့ အိပ်မက်များမှာပဲရှိတယ်။ နေမြင့် လေအရူးရင့်လေ ဖြစ်မှာပဲရှိမယ်။ အဲဒီလိုမျိုး မဟုတ် ရင် ဆွေးနွေးမယ်ဆိုတော့ ဆွေးနွေးကြတာပေါ့ဗျာဆို ပြီး ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ပထမ ဆယ်ချက် ဆွေးနွေးမယ်။ တစ်ချက်ပဲညှိလို့ရမယ်။ (၉)ချက် မရဘူး။ နောက် ဒုတိယအကြိမ် ဆွေးနွေးမယ်။ နှစ်ချက် ရမယ်။ ရှစ်ချက်မရဘူး။ အဲဒီလိုမျိုး ဆွေးနွေးရင်းဆွေး နွေးရင်း ကြိမ်ဖန်များသွားပြီဆိုရင်၊ ဆွေးနွေးရတဲ့အချက် အလက်တွေများသွားပြီဆိုရင် သူတို့ အလုပ်လုပ် လို့ရသွားမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်နဲ့တစ်ဖက်ကို အပြတ်တိုက်မယ်တို့၊ အပြုတ်တိုက်မယ်တို့၊ (ရန်-ငါ)ပြတ်အောင်ချမယ်ဆိုတာက အဲဒီလောက် မလွယ်ဘူး။ မြန်မာနိုင်ငံ ရေးမှာ ရန်ငါပြတ်မယ်ပြောတာ သမိုင်းကို ပြန်ကြည့်၊ သမိုင်းကို ပြန်ကြည်ရင်မရှိဘူး။ ရန်ငါ ပြတ်တယ်ဆိုတာ သူသေ ကိုယ်သေချမယ်ကို ပြောတာ။ ဘာလို့သူသေကိုယ်သေချမလဲ။ အခု မြှောက်ပေးနေတဲ့အဖွဲ့တွေက လမ်းပေါ်ထွက်ပြီး တော့လည်း ဆန္ဒမပြဘူး။ ရှေ့တန်းမှာလည်း သေနတ်ကိုင်ပြီး တိုက်ပွဲလည်းမဝင်ဘူး။ နောက်ကွယ်က နေပဲ မြှောက်ပေး နေတာ။ နောက်ကွယ်ကနေ မြှောက်ပေးနေတဲ့လူ ရှိသူမျှ အားလုံးသည် ရှေ့က တိုက်နေတဲ့လူတွေက (ပွန်း)တွေပဲလေ။ ဘုရင်တွေ၊ ဘုရင်မတွေက အရေးကြီးတဲ့ဟာတွေက နောက်မှာ နေတာလေ။ နိုင်ငံရေးဆိုတာက နိုင်ငံရေးလို့ တကယ် စစ်ကိုဦးတည်ပြီး တိုက်နေတဲ့ ဒီဖီးမာ ရှယ်တွေက နောက်တမ်းမှာနေတာ။ နောက်တန်းမှာ နေတော့ နောက်တန်း မှာနေတဲ့ လူတွေကို ကြည့်တော့ အားလုံးက မငြိမ်းချမ်းဘူးလေ။ မပြီးဘူးလေ။ အဲဒီတော့ သူတို့တွေသည် စားပွဲပေါ် ဆွေးနွေးမှပဲရမယ်။ ဆွေးနွေးတာကို တစ်ဖက်နဲ့တစ်ဖက်က ဘယ်သူမဆို အပေါ်စီးကနေ ခေါ်ချင်တာပေါ့။ အောက်က နေပြီးတော့မှ မညှိချင်ဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း NUG ကို ခင်ဗျားတို့က လာဆွေးနွေးပါဗျာ။ တပ်မတော်ကြီးကလည်း ထွက်ပြေးတော့မယ်ဗျာ။ ခင်ဗျားတို့ ကျွန်တော်တို့ကို စီရင် ချင်သလိုစီရင်ပါ။ ကျွန်တော်တို့ကို စစ်ခုံရုံးတင်ရင် လည်းတင်ပါ။ ကျွန်တော်တို့ ဒါကို လက်ခံပါတယ်။ ဘယ်လုပ်မတုံး။ ဒါက လုပ်စရာမရှိဘူး။ အဲဒီလိုပဲ ဟိုဘက်က NUG ဘက်က၊ PDF ဘက်ကလည်း ကျွန်တော်တို့ လက်နက်အားလုံးစွန့်လိုက်ပါပြီ။ အလင်းဝင်လိုက်ပြီ။ အလင်းဝင်လိုက်ပြီးတော့ ကျွန်တော်တို့ စားပွဲပေါ်မှာဆွေးနွေးဖို့ပဲ လိုပါတော့တယ်။ကျွန်တော်တို့အားလုံး လက်နက်ချ ပါပြီဆိုလည်း မလွယ်ဘူးလေ။ လက်နက်ချချင်တိုင်းချရအောင်လည်း PDF တွေက PDF ဆိုတဲ့ဟာတွေ ပကဖ၊ ပအဖ၊ ပလဖ ဆိုတဲ့ဟာတွေက တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဖြစ်နေတယ်လေ။ ပြောမယ် ဆိုရင် NUG ရဲ့ အနှစ်ရှိတဲ့ဟာတွေမှ မဟုတ်တာ။ သူတို့ရဲ့ Chain of Commad ဆိုတဲ့ဟာကလည်း တကယ့်တကယ်တော့ စာထဲမှာပဲရှိ တာလေ။ Chain of Commad လုပ်တဲ့ဟာကို PDF တပ်ရင်း သုံးရာ လောက်ရှိတယ်ပြောတယ်လေ။ သုံးရာလောက်ရဲ့၊ သူတို့ရဲ့ CONSTITUTION က ဘာလဲ။ သူရဲ့ TEAM WORK ကဘာလဲ။ သူတို့လည်း ဘာမှ အပီအပြင်မလုပ်နိုင်ဘူး။ ဒါကြောင့် NUG ကို တပ်မတော်အစိုးရဘက်က ဘာပြောလဲဆိုတော့ အနူကြီးလို့ပြောတာလေ။ အနူကြီးဆိုတာ ခြေပြတ်လက် ပြတ်နဲ့လေ။ ဘာမှမလုပ်နိုင်မကိုင်နိုင်တဲ့ဟာကြီးကို ပြောတာလေ။ အနူကြီးခေါ်တာလေ။ NUG ကို မြန်မြန်ပြောလိုက်တော့ အနူကြီးဖြစ်သွားတာပေါ့ လေ။ အဲဒီတော့ အားလုံးက အဲဒီအတိုင်းပဲ ကျွန်တော် တို့ကတော့ ခုနကပြောသလိုမျိုး ဘယ်ဘက်ကတော့ အားသာချက်ဘယ်လိုဖြစ်သွားပြန်ပြီ၊ ဘယ်ဘက်ကတော့ အားနည်းချက် ဖြစ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ (၁၀၂၇) စစ်ရေးလှိုင်းနှစ်လှိုင်းမှာ တပ်မတော်ကို တော်တော် အထိနာစေတယ်။ တော်တော်အကျပ်ရိုက်တယ်။ သူ့ဘာသာသူ တမင်ပဲ အရှုံးပေးပေး၊ ဇာတ်နာ အောင်ပဲလုပ်လုပ်ပေါ့။ ထိခိုက်တာတော့ ထိခိုက်တာ ပဲ။ ဒါပေမဲ့လည်း အဲဒီရဲ့ဟာသည် တပ်မတော်ကို ပျက်သုဉ်းသွား အမြစ်ပြတ်သွားလောက်အောင်အထိ မဖြစ်ဘူး။ အထိနာသွားလောက်အောင် မဖြစ်ဘူး။
ကျော်နု - ကျွန်တော်ထင်တယ်။ အဲဒါအမြစ်မပြတ်ဘဲ ပိုတောင်ရှည်သွားဦးမယ်။
ဆွေးနွေးဖော် - ပိုပြီးတော့ တချို့ကိစ္စတွေက အခြား သောအတွေးအခေါ် အကြံÓဏ်တွေအတွက်ဖြစ် သွားတာပေါ့။
ကျော်နု - ဟုတ်တယ်။ အဲဒီရှုထောင့်သွင်းပေးရမှာ။ လားရှိုးကျသွားပြီးတဲ့နောက် တပ်က ရှုံးနိုင်လားလို့မေး ရင် ရှုံးသွားတာမဟုတ်ဘူး။ တပ်မှာ မိသားစုအသိုင်း အဝိုင်းတွေရှိတယ်။ အဲဒီအသိုင်းအဝိုင်းတွေအကုန် လုံးရဲ့အားသာချက်က တချို့ပေါ့ဗျာ။ လူတစ်သိန်းပဲ ကျန်ကျန်၊ အဲဒီတစ်သိန်းရဲ့စဉ်းစားချက်က နည်းနည်းလေး။ ကျွန်တော်ကတော့ ကောက် ချက်ချလိုက်တာ ပေါ့လေ။
ဆွေးနွေးဖော် - လူက ပွင့်ပွင့်လင်းလင်းပြောရရင် အကျပ်အတည်းဖြစ်လာရင် လှူတဲ့လူတွေက ထိသွား တာလေ။ လှူတဲ့လူတွေက ပိုပြီးတော့ စည်းလုံးညီ ညွတ်သွားတာလေ။ ဒီဟာက လူတွေက မနက်ဖြန်ပြီး မလား၊ သန်ဘက်ခါပြီး မလား၊ အဲဒီလောက် မလွယ်ဘူးလို့။ အဲဒီလောက် မမြန်တော့ဘူးလို့။ ဒီကိစ္စက တချို့ကြာသွားနိုင်တယ်။ ဆိုတော့ အဲဒါကို တစ်နှစ် မကျော်ခင်ကတည်းကပြောတဲ့စကားက မြန်ရင်လေးနှစ်ပေါ့။ ကြာရင်တော့ အနှစ်နှစ်ဆယ်ပေါ့။ ပြီးတော့ အာဏာသိမ်း(ထိန်း)တယ်ဆိုတာက မပျော်တော့ရင် ဆယ်နှစ်၊ ပျော်ရင်တစ်သက်လို့။ ပျော်ရင်တစ်သက် ဆိုတာက နေ့သက်တမ်းတစ်ခုကိုပြောတာနော်။ ဗိုလ်ချုပ်မှူးကြီးရဲ့တစ်သက်ကို ပြောတာမဟုတ်ဘူးနော်။ အာဏာရှိတဲ့လူက အာဏာသိမ်းပြီးရင် နောက်လူက အဲဒီခုံပေါ် တက်ထိုင်ရုံပဲလေ။ တက်ထိုင်လိုက်တော့ လေးငါးဆယ်ဆက်က တက်ထိုင် လိုက်တော့ အနှစ် (၆၀)၊ (၇၀)ဖြစ်သွားတယ်လေ။ အဲဒီတော့ အာဏာ သိမ်းရင်၊ အာဏာဆိုတာရသွားပြီဆိုရင် အဲဒီခုံမှာ မပျော်ဘူးဆိုရင် ဒီခုံမှာ ဆယ်နှစ်ထိုင်မယ်။ ပျော်ရင်တစ်သက်လုံးထိုင်မယ်။ လူတစ်သက်တစ်ခုထိုင်မယ်။ အခု အာဏာထိန်းတယ်ပေါ့။ နိုင်ငံရေးက ဒီလို ရုန်းရုန်းဖြစ်သွားတဲ့ဟာသည် မြန်ရင်လေးနှစ်၊ ကြာရင် အနှစ်နှစ်ဆယ်လို့ ပြောထားတယ်။ အခုလောလော ဆယ်တော့ လေးနှစ်ကတော့ တကယ်ရှိသွားပြီ။ အဲဒီတော့ နောက်ထပ် (၁၆)နှစ် မကြာဘဲနဲ့ (၆)နှစ်နဲ့ပြီးခဲ့ရင် တကယ်ကောင်းတာပေါ့။ နောက်ထပ် (၆)နှစ်နဲ့ ပြီးခဲ့ရင်တော့ အားလုံးရဲ့ကံကြမ္မာပေါ့။ ပုံမှန်အားဖြင့် နြအ့သိ အတိုင်းဆိုရင်တော့ ဒါမျိုးက အစအဆုံး အနှစ်နှစ်ဆယ်ကြာတတ်တယ်။ မနက်ဖြန်လိုလို၊ သန် ဘက်ခါလိုလိုနဲ့ပြောနေတဲ့လူတွေကတော့ အတွေး သိမ်လွန်းတယ်။
ကျော်နု- အာဏာရထားတဲ့လူတစ်ယောက်က ချက်ချင်းတော့ ဘယ်လွှဲမလဲ။ ဘယ်သူ့ကိုမှ လွယ်လွယ် ဘယ်လွှဲမလဲ။
ဆွေးနွေးဖော် - မဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီးကို အကုန်းလုံးကဆဲနေတာ။ ဝိုင်းပြီးတော့ မေတ္တာပို့နေတာ။ ဒါပေမဲ့ တပ်မ တော်အကုန်လုံးမှာဆိုတာက သူ့အစဉ်အလာရှိတယ်၊ ဂုဏ်သိက္ခာရှိတယ်၊ နောက်မျိုးဆက် ဆိုတာရှိတယ်။ အစဉ် အလာရယ်၊ ဂုဏ်သိက္ခာရယ်၊ မျိုးဆက်ရယ်ကိုနားမလည်လို့ ဗိုလ်ချုပ်မှူးကြီးကိုဆဲနေတာ။ ဗိုလ်ချုပ်မှူးကြီးမရှိတော့ ရင်လည်း နောက်က ဆက်တက်မယ့်လူကရှိပြီးသား။ အဲဒီဆက်တက် မယ့်လူဆင်းသွားရင်လည်း နောက်ထပ်လူကရှိပြီး သား။ အဲဒီတော့ တချို့လူက တစ်ထွာတစ်မိုက်ဉာဏ်နဲ့။
ကျော်နု - အင်းပေါ့။ ဒါလည်းရှိတာပဲ။ တစ်ခါတလေ ကျရင် ဘုရင်တွေခေတ်မှာတောင် ဘုရင်ကိုသတ် လိုက်ရင် ငါဘုရင်ဖြစ်မယ်လို့ထင်ပြီးတော့ ထပြီးတော့ လုပ်တဲ့ကောင်ကလည်းရှိတာကိုး။ ရူးကြောင်မူး ကြောင်နဲ့ သူ့စိတ်ထဲမှာ အဲဒီလိုထင်တာကိုး။ မရဘူး ဆိုတာ သူတို့မှမသိတာ။
ဆွေးနွေးဖော် - ပြုပြင်ပြောင်းလဲရေးတစ်ခုဆိုတာ လေအချိန်လိုတယ်။ ပြီးတော့ အလေ့အကျင့်လိုတယ်။ အတိုက်အခံ လုပ်ရုံတစ်ခုတည်းနဲ့ ပြီးတာမဟုတ်ဘူးလေ။ ပြုပြင်ပြောင်းလဲရေးလုပ်ချင်တဲ့လူက အတိုက် အခံထလုပ်လိုက်ရင် အခုရေတွင်းတူးပြီး အခုရေ ကြည်သောက်လို့မရဘူး။ အချိန်တစ်ခုပေးရမယ်။ တပ်မတော်ရဲ့ ယုံကြည်မှု၊ သူရဲ့ပေါင်း စည်းမှုကို မရဘူးဆိုရင် မရပါဘူး။ အဖြေမထွက်ပါဘူး။ တပ်မတော် ကလွှဲပေးမှာမဟုတ်ဘူး။ နောက်ဆုံးမှာ ပြောမယ်ဆို ရင် တပ်မတော်အရာရှိကြီးတွေတောင်မှ ဦးသန်းရွှေကနေ ဦးသိန်းစိန်လွှဲပေးလိုက်ပြီဆိုတော့ လက်ခံလိုက်ပြီ။ ဦးသိန်းစိန် ကနေ ဒေါ်အောင်ဆန်းစုကြည် လက်ထဲကိုလွှဲတဲ့အချိန်မှာ လက်မခံမယ့်လူတွေအများ ကြီးပဲ။ အဲဒီလောက်ကြီးထိ သူတို့ သဘောမကောင်းသင့်ဘူး။ မလိုက်လျောသင့်ဘူးပေါ့။ သူတို့က ငါးနှစ်၊ ဆယ်နှစ်မဟုတ်ဘူးပေါ့။ ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်။ သူတို့ တပ်မတော် Background ဖြစ်တဲ့အစိုးရက အုပ်ချုပ်ပြီးကာမှ အဲဒီအချိန်အားလုံးအသားကျပြီဆိုမှ သူက တခြားနိုင်ငံရေးအဖွဲ့အစည်းကို လွှဲပေးချင်တာ လေ။ အခုက တစ်ဆက်လုပ်ပြီးတော့ နောက်တစ် ဆက်ကျတော့ အလှည့်ငါးနှစ်စီနိုင်ပြီဆိုတဲ့အချိန်ကျတော့ အကုန် အရင်ငါးနှစ်လုပ်ခဲ့တဲ့ဟာက ကမောက် ကမဖြစ်ကုန်တာ။ ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်မှာ ဘာတွေဖြစ်သွားလဲဆိုတာ အကုန်လုံးက ဆိုင်းငံ့တွေဖြစ်ကုန်တာ။ ဆိုင်းငံ့ဆိုတာ ရာခိုင်နှုန်း (၃၀)မှာရှိတယ်။ တပ်မတော်မှာ (၇၀)ရခိုင်နှုန်း အာဏာရှိတယ်။ အဲဒီရာခိုင်နှုန်း(၃၀)ကို ပြတ်ပြတ်သားသား ဘာတစ်ခုမှမလုပ်ရဲဘူးလေ။ မလုပ်ရဲတဲ့အတွက် ကြောင့်မို့လို့ စီးပွားရေးသမားတွေလည်း အဲဒီမှာ စိတ်ပျက်ကုန်တာလေ။ ဒေါ်အောင်ဆန်းကြည်အစိုးရတက်လာရင် စီးပွားရေးတွေ အပြောင်းအလဲဖြစ်ကုန်မယ်လို့ ခန့်မှန်းထားကြတာလေ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘာမှဖြစ်မလာဘူး။ အဲဒီမှာစိတ်ပျက်သွားတာ။ စိတ်ပျက် သွားတော့ တချို့ဆို အဲဒီမှာတင် အာဏာကို ပြန်သိမ်းစေချင်တဲ့သဘောလည်းဖြစ်တယ်။ အဲဒီ လောက်အထိဖြစ် သွားတယ်။ အဲဒီတော့ အာဏာသိမ်း တယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်တည်းကိုပဲ အားလုံးကသိတာ။ ဗိုလ်ချုပ် မှူးကြီးတစ်ယောက်တည်းမဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်တည်းနဲ့ အာဏာသိမ်းလို့မရဘူး။ ဒီအာဏာထိန်း ထားတာပဲ ဖြစ်ဖြစ်၊ အာဏာသိမ်းထားတာပဲဖြစ်ဖြစ် ဒီကိစ္စက ဗိုလ်ချုပ်မှူးကြီး တစ်ယောက်တည်းနဲ့ လုပ်လို့မရဘူး။ ဒါအကုန်လုံးက အကြံတူÓဏ်တူတွေရှိလို့ လုပ်လိုက် တာလေ။
ကျော်နု - ဥပမာ ထောက်ခံမယ့်အင်အားတွေရှိလို့ ပေါ့။
ဆွေးနွေးဖော် - ရှိတယ်။ သူ့ပရိသတ်ရှိတယ်။ တချို့ ဟာတွေက လူတွေက တစ်ယောက်ကို ဝိုင်းပြီးတော့ ထိုးချမယ်၊ တစ်ယောက်ကိုတစ်ယောက် ထိုးချမယ်ဆို တာကို အဟုတ်ထင်နေတာ။ သူက အဲဒီတစ်ယောက် ကိုထိခိုက်သွား ရင်ပြီးရော၊ နစ်နာသွားရင်ပြီးရော ထင် တာ။ မဟုတ်ဘူး။ လူတိုင်း၊ လူတိုင်းက အသိုင်းအဝိုင်း ရှိတယ်။
ကျော်နု - တချို့က တိုင်းပြည်ရဲ့အာဏာကို လက်သုံး ချောင်းထောင်ရုံနဲ့ရလိမ့်မယ်လို့ထင်ထားကြတာ။ အဲဒီ လောက်လွယ်မယ်ထင်ထားကြတာကိုးလို့။
ဆွေးနွေးဖော် - ဟုတ်တယ်။ မရဖူးတော့လေ လွယ်လွယ်နဲ့ရတယ်ထင်တာ။ တကယ်တော့ အရာအားလုံး က ဘာမှမလွယ်ဘူးလေ။ အခက်အခဲဆိုတာ အမြဲတမ်းရှိတယ်လေ။ အခုဟာကလည်း တကယ်တမ်း ပြောရင် ကျန်တဲ့ လူတွေက ဗိုလ်ချုပ်မှူးကြီးနေရာမှာ ဝင်ထိုင်နေတယ်ဆိုရင်တောင်မှ ဗိုလ်ချုပ်မှူးကြီးကို အရင်ဆုံး သူ့ကို နားလည်စာနာတတ်ဖို့အရေးကြီးတယ်။ သူ့ကို နားလည်စာနာတတ်အောင် အရင်ကျင့် ပြီးပြီဆိုမှ အဲဒီနေရာကိုထိုင်ဖို့ စဉ်းစားရမယ်။ နားလည်စာနာတတ်ခြင်းမရှိဘဲနဲ့ တိုင်းပြည်ကိုဦးဆောင်၊ တိုင်းပြည်မှာ ခေါင်းဆောင်၊ တိုင်းပြည်မှာ အကြီးအကဲ လုပ်တယ်ဆိုတာ ဘယ်လိုမျိုးဆိုတာကို သိဖို့လိုတယ်။ အဲဒါကိုမသိဘဲထိုင်နေတယ်ဆိုတာ အဲဒီလူက ကြာ ကြာထိုင်ခွင့်ရမှာမဟုတ်ဘူး။ ဒါကို အဲလောက်တော့မ လွယ်ဘူးလေ။ အခုကြည့်လိုက်ရင် ဦးထင်ကျော် သမ္မတနေရာမှာ ထိုင်တယ်လေ။ ဟိုမဟုတ် ဒီမဟုတ်နဲ့။ ဦးဝင်းမြင့်သမ္မတနေရာမှာ ထိုင်တယ်။ ဟိုမဟုတ် ဒီမဟုတ်နဲ့။ ဦးသိန်းစိန် သမ္မတနေရာထိုင်သွားတာနဲ့ သူတို့သုံးယောက်ကိုယှဉ်ကြည့်လိုက်လေ။ ဦးသိန်းစိန်က သမ္မတနေရာကို ထိုက်ထိုက် တန်တန်ထိုင်သွားတာ။ ဦးထင်ကျော်တို့၊ ဦးဝင်းမြင့်တို့က ဘာနဲ့တူလဲဆိုတော့ ငါးမြောက်ငါးခြောက်ဆိုတာမျိုး၊ အဲဒီ ဟာမျိုးနဲ့ သွားထိုင်ရင်တော့ ရာဇပလ္လင်က ဖင်ကျပေမယ့်လည်း တော်ဝင်ပေမယ့်လည်း နန်းမထိုက်ဘူးလေ။ အဲဒီ တော့ သူရဲ့၊ လူတစ်ယောက်ရဲ့ ဩဇာအာဏာ အရှိန်အဝါပေါ့။ နောက် သူ့ရဲဂုဏ်သိက္ခာပေါ့။
ကျော်နု -မြန်မာတွေရဲ့အယူအဆပေါ့။ ဘုရင်တွေ နန်းထိုက်တယ်ဆိုရင် အရမ်းမထိုက်တန်ရင် တစ်နှစ် လောက်ဆိုရင် ပြုတ်တာပဲမလား။ အခု ဗိုလ်ချုပ်မှူး ကြီးထိုင်တာ လေးနှစ်ပြည့်တော့မယ်။ အေးဆေးပဲလို့ တွေ့ရတယ်။
ဆွေးနွေးဖော် - ဗိုလ်ချုပ်မှူးကြီးက လေးနှစ်တွက်လို့ မရဘူး။ သူက (၂၀၁၀)ကတည်းက သူက(၁၄)နှစ် ဖြစ်သွားပြီ။ သူက ကာကွယ်ရေးဦးစီးချုပ်နေရာမှာနေတာ (၁၄)နှစ်ဖြစ်သွားပြီ။ ပြောမယ်ဆိုရင် ဦးသိန်းစိန်ရဲ့လက်ထက် ငါးနှစ်မှာတောင်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးရဲ့အာဏာဟာ အနည်းဆုံးတစ် ဝက်ရှိတယ်။ တိုင်းပြည် အာဏာကို တစ်ဝက် အနည်း ဆုံးရှိတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီချိန်မှာ ဦးသိန်းစိန်က သမ္မတကြီးပဲဖြစ်တာ။ ဒါပေမဲ့ စစ်တပ် ကိုမအုပ်ချုပ်နိုင်တော့ဘူး။ စစ်တပ်ဆိုတာ တိုင်းပြည်မှာ အာဏာအရှိဆုံးပဲ။ သမ္မတက ဂုဏ် သိက္ခာအရသာ အဲဒီခုံကိုထိုင်တာ။ တကယ့်အာဏာက စစ်တပ်မှာရှိ တာ။ တချို့သော ဝန်ကြီးချုပ်တွေ၊ သမ္မတတွေကို စစ်တပ်က အာဏာသိမ်းပြီးတော့ ဖြုတ်ချပစ်တာလေ။ အာဖရိကနိုင်ငံတွေမှာလေ။ အဲဒီ ဦးသိန်းစိန်လက် ထက်ဆိုတော့ (၅၀)ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာရှိတဲ့အချိန်ကျတော့ တပ်မတော် ရဲ့အာဏာက (၇၀)ရှိတာ။ ဒေါ်အောင်ဆန်းစုကြည်က (၃၀)ပဲရှိတာ။ နောက်တစ်ခါ အခု(၂၀၂၁)ကနေ လေးနှစ်လုံးက တပ်မတော်က (၁၀ဝ)ရာခိုင်နှုန်းရှိတာ သူ့အာဏာက။ အဲဒီတော့ အားလုံး သူတောက်လျှောက် အာဏာယူခဲ့တာကိုကြည့်ရင် ဒီခုံမှာထိုင်ခဲ့တာ (၁၄)နှစ်ရှိသွားပြီ။ ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ထိုင်နေ တာ (၁၄)နှစ်ရှိသွားပြီ။ ပထမဆုံးတစ်နှစ်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တစ်နှစ်ထိုင်တယ်။ အဲဒီတစ် နှစ်မှာတည်းကိုက တပ်မတော်မှာ ဒုတိယဗိုလ်ချုပ် မှူးကြီးလို့သာအမည်တပ်ထားတာ။ သူက နာမည်အကြီးဆုံးပဲ။ နောက်ကျမှ တစ်နှစ်နေမှ ပြီးသွားပြီဆိုမှ ဗိုလ်ချုပ်မှူးကြီး ဖြစ်သွားတာလေ။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးဖြစ်နေတာက (၁၃)နှစ်ရှိပြီ။ အဲဒီတော့ အားလုံးသည် Total (၁၄)နှစ် ဖြစ်တယ်။ ဒါကြောင့်မို လို့ ဒီဟာကို လူတွေက ဘာဖြစ်လဲ ဦးမင်းအောင်လှိုင်ကို လူတွေက လျှော့တွက်တာတို့၊ အထင်သေးတာတို့ သွားလုပ်တဲ့ဟာတွေကို လျှော့မတွက်သင့်ဘူး။ အထင်မသေးသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ဘုန်းကံရှိတယ်။ သူ လုပ်ရင်းကိုင်ရင်းနဲ့။ ဒီနေရာကို ဦးနေဝင်းက (၂၆)နှစ် ထိုင် သွားတယ်။ ဦးသန်းရွှေက (၂၁)နှစ်ထိုင်သွားတယ်။ အခု ဦးမင်းအောင်လှိုင်က ဒီနေရာကို (၁၄)နှစ်ထိုင်ထားပြီ။ ဘရွှေကိုမီဖို့အတွက်ကို (၇)နှစ်ပဲ လိုတော့တာ။ နောက်ထပ် ဒီနေရာကို (၁၂)နှစ်ထပ် ထိုင်ရင် ဦးနေဝင်းကိုမီပြီလေ။
ကျော်နု- ရှင်းရှင်းပြောရရင် ဘုရင်တွေပေါ့ဗျာ။ ဘုရင်တွေက စစ်သူကြီးတွေနဲ့ပတ်သက်ရင် ဒီဘက် ခေတ်ဆိုရင် သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ပေါ့ဗျာ။ သမ္မတဆိုတာ ဘုရင်ပေါ့။ စစ်သူကြီး ဆိုတာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပေါ့။ ဘုရင်တွေက စစ်ဦးစီးချုပ်တွေ၊ စစ်သူကြီးတွေနဲ့ပတ်သက်ရင် အရင်တုန်းက ဘယ်လိုဆက်ဆံလဲ။ ဘယ်လို ကိုင် တွယ်ဖြေရှင်းလဲ။
ဆွေးနွေးဖော် - သူက အဓိကတော့ နန်းတွင်းမှာ ညီလာခံမှာက ဟိုးတုန်းက ကာကွယ်ရေးဝန်ကြီးဆို တာရှိတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ အခုလည်း ကာကွယ်ရေးဝန်ကြီးပဲရှိတယ်။ တကယ့်တကယ်တမ်း ဆိုရင် ဖွဲ့စည်းပုံအရ ဆိုရင် ရှေ့တန်းမှာ စစ်သူကြီးပေါ့။ အခုခေတ်ဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆိုတာက ကာကွယ်ရေးဝန်ကြီး ရဲ့အောက်မှာပဲရှိတာ။ အဲဒီအထက်မှာမှ သမ္မတကို ဘုရင်ထားတယ်ဆိုရင် အဲဒီမှာတင် ကာကွယ်ရေးဝန်ကြီးက အမိန့်တစ်စုံတစ် ရာက စစ်သူကြီးကို ဘုရင်ကနေတောင်မှ တိုက်ရိုက် ပေးစရာမလိုသေးဘူး။ ကာကွယ်ရေးဝန်ကြီးကနေ စီမံခန့်ခွဲမှုအများကြီးရှိတယ်။ ပြီးတော့ နောက်ထဲမှာ ဟိုမှာတော့ နန်းတွင်းဝန် ခေါ်တာပေါ့လေ။ ဒီမှာတော့ အမတ် ချုပ်ပေါ့။ အမတ်တွေချုပ်ထားတဲ့ အမတ်ချုပ် ကလည်း ပါဝါကရှိသေးတယ်။ အဲဒီတော့ ဘုရင်က စစ်သူကြီးနဲ့ ဆက်ဆံတဲ့အခါမှာ စစ်သူကြီးကို အင်မတန်အရေးကြီးတဲ့စစ်ရေးကိစ္စကလွဲရင် တိုက်ရိုက် ဘာမှ စီမံခန့်ခွဲစရာမလိုဘူး။ ဒါပေမဲ့ ဒီခေတ်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတာက ကမ္ဘာ့နိုင်ငံတော်တော်များများမှာပေါ့။ ကိုယ့်နိုင်ငံ ရဲ့အနေ အထားနဲ့တူတဲ့နိုင်ငံတွေမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တော်တော်အရေးကြီးတယ်နော်။ ထိုင်းရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း သူ့ကို စစ်သူကြီးလို့ပြောတာ။ တော်တော်အရေးကြီးတယ်။ အရှေ့တောင် အာရှနိုင်ငံမှာလည်း တော်တော်အရေး ပါတယ်ပေါ့နော်။ တစ်ခုခုဖြစ်ရင် အာဏာက သူ့ဆီမှာ ရှိနေပြီ။ ဘုရင်လို့ခေါ်တဲ့ သမ္မတဆိုတာတောင်မှ အာဏာက အဲဒီလောက်မရှိဘူး။ စစ်သူကြီးက ဘုရင် ကိုပုန်ကန်ပြီးတော့မှ ဒီထီးနန်းကို တက်ပြီးသိမ်းပိုက်မယ်ဆိုရင်တောင်မှလေ ပြည်သူတွေက လက်မခံဘူး။ မှူးမတ်တွေကလည်း သူ့ကိုမရိုသေဘူး။ ကြောက်လို့ သာထားမှာလေ။ သူ့ကို တဖြည်းဖြည်း ဘယ်လိုပဲဖြစ် ဖြစ် ဉာဏ်ပညာနဲ့ရှင်းထုတ်မှာလေ။ ခုခေတ်ကျတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေရဲ့အနေအထားတွေက အဲဒီထက် အများကြီးမြင့်သွားပြီ။ အဲဒါ ကြောင့်မို့လို့ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်မှူးကြီးသည် ရွေးကောက်ပွဲပြီးတာနဲ့ ဘာကိုကိုင်မလဲ။ သူရဲ့အနိုင်ရ တဲ့ပါတီကတော့ ပြည်ခိုင်ဖြိုးပဲဖြစ်မှာပဲ။ ပြည်ခိုင်ဖြိုး နိုင်မယ်။ ဗိုလ်ချုပ်မှူးကြီးက သမ္မတလုပ်မယ်။ ပြီး တော့ ပါတီကိုလည်း ပြိုင်မယ်။ နောက်တစ်ခုက စစ်တပ်ကိုလည်းကိုင်မယ်။ အစိုးရကိုလည်းကိုင်မယ်။ ဗိုလ်ချုပ်မှူးကြီးက ရှီကျင့်ဖျင်တို့လုပ်တဲ့ နိုင်ငံရေးလို မျိုးသူလုပ်သွားလိမ့်မယ်။ ပူတင်တို့လုပ်တဲ့ဟာလိုမျိုး လုပ်သွားလိမ့်မယ်။ ပူတင်က သူ့မှာ ကာကွယ်ရေးဝန် ကြီးတွေရှိတယ်လေ။ သူ့မှာ ဖီးမာရှယ်လို့ခေါ်တဲ့ ဗိုလ်ချုပ်မှူးတွေရှိတယ်လေ။ ဒါပေမဲ့ အဲဒါတွေအားလုံးကို ပူတင်က အကုန်ကိုင်သွားတော့တာလေ။ ဗိုလ်ချုပ်မှူးကြီးက ဒီဘုရင်နေရာရော၊ လွှတ်တော်နေရာရော၊ စစ်သူကြီးနေရာ ရောပေါ့နော်။ သူ အကုန်လုံးထိန်းချုပ်မှာပဲ။ သူအကုန်လုပ်မှာ။ ဒါကြောင့်မို့လို့ ဏသျငအငသည အားလုံးရော၊ နိုင်ငံတော် ဝန်ကြီးချုပ်ရော၊ နစက ဥက္ကဋ္ဌရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရော၊ ယာယီသမ္မတရော၊ အကုန်ယူထားတာပဲ။ တစ်ခုမှ အကုန်မပေးထားဘူး။ အဲဒီတော့ နောက်ဟာကို သမ္မတလုပ်မယ်။ ကာကွယ်ရေးဦးစီးချုပ်ကိုပြောမယ် ဆိုရင် နုနယ်တဲ့အဆင့်လောက်ရှိတဲ့ဟာကို ထားလိမ့်မယ်။ သိပ်ပြီးတော့ တပ်မတော်မှာ အရမ်းကြီး ဩဇာအာဏာ သက်ရောက် တဲ့သူကို ထားမှာမဟုတ်ဘူး။ နောက်တစ်ခုက ပါတီကိုလည်းပြောပြီးဆိုပြီးဆိုတဲ့ လူကိုပဲထားလိမ့်မယ်။ အစိုးရပိုင်းကိုလည်း အစိုးရဝန်ကြီးကိုခန့်တာကိုလည်း သူ့စိတ်တိုင်းကျခန့် မယ်။ သူ့စိတ်တိုင်းကျထားပြီးတော့ အားလုံး သုံးခုစ လုံးကို သူသေချာကိုင်တွယ်ထိန်းချုပ်လိမ့်မယ်။ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း နိုင်ငံတော်သမ္မတ ဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ညီအောင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေနဲ့သွားတဲ့အခါမှာ တရုတ်ပြည်ကို သွားတယ်။ တရုတ် သမ္မတက ထွက်မတွေ့ဘူး။ နိုင်ငံတော်သမ္မတဆိုရင် သူ့ကို ကောဇောနီခင်းပြီး ကြိုရမှာလေ။ တရုတ်သမ္မတကိုယ်တိုင် တွေ့ရမှာလေ။ နောက်တစ်ခါ အခုရုရှားကိုသွားလည်း ပူတင်တွေ့ ချင်မှလည်းတွေ့မယ်။ မတွေ့ချင်လည်း မတွေ့ဘူး။ ဒါပေမဲ့ သူသမ္မတဖြစ်ပြီဆိုရင် ပူတင်ကသူ့ကို ကြိုဆိုရမယ်။ သမ္မတအနေနဲ့ကြိုဆိုရမယ်။ နိုင်ငံကြီးတာ ငယ်တာတွေအပထား။ သူက သမ္မတဖြစ်သွားပြီလေ။ အဲဒီတော့ အဲဒါလုပ်လိမ့်မယ်။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဆိုတာ နောက်တစ်ချက်မှာထင်တယ်။ ဘယ်လောက်တောင်ထားမလဲမသိဘူး။ (၃၈)တွေ တောင်ထား မလားမသိဘူး။ (၃၈)တို့ (၃၉)တို့ (၄၀)အဲဒီလောက်ထားဖြစ်မယ်ထင်တယ်။ အဲဒီထက် အကြီးတွေတောင် ထားချင်မှထားမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်မတော်ကို တော်တော်ဩဇာလွှမ်းပြီး တော့ ဖြစ်တဲ့ဟာကိုထားမှာ မဟုတ်ဘူး။ အဲဒီတော့ ဘယ်လိုဖြစ်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးက ဘုရင် နေရာကို ပိုင်ပိုင်နိုင်နိုင် ရအောင်ယူလိမ့်မယ်။ စစ်သူ ကြီးကိုလည်း အာခံခွင့် ပုန်ကန်ခွင့်ပေးမှာလည်း မဟုတ်ဘူး။ နောက် အနိုင်ရတဲ့ပါတီကိုလည်း အဲဒီလိုပဲ လုပ်ချင်ရာလုပ်ခွင့်ပေးမှာမဟုတ်ဘူး။ ပါတီနဲ့သူချမှတ် ထားတဲ့ လမ်းစဉ်နဲ့မူဝါဒအတိုင်းပဲ သွားလိမ့်မယ်ထင်တယ်။ အဲဒါကလည်း တကယ်တော့ ပြည်ခိုင်ဖြိုး မှာလည်း မူဝါဒကောင်းတွေရှိပါတယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးမှာရှိတဲ့အမတ်တွေနဲ့ သူရဲ့ ဗဟိုကော် မတီဝင်တွေက ကောင်းကောင်းအလုပ်မလုပ်လို့ပါ။ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက ချထားပြီးသားပါ။ အလုပ်မလုပ်တာပေါ့။ ပြည်ခိုင်ဖြိုးအဖွဲ့တွေလည်း အလုပ်မလုပ်တာပေါ့။ NLD ကတော့ ပါတီက ပြန် မှတ်ပုံတင်တင်၊ မတင်တင် သိပ်အရေးပါမှာမဟုတ် ပါဘူး။ မှတ်ပုံတင်လည်း တင်တာပဲရှိမှာပါ။
ကျော်နု - မှန်းလို့တော့ရပါတယ်။ တချို့ဟာတွေက မှန်းလို့တော့ရနေပြီ။ ကဲ ..။ ကို ... ရေ ကျွန်တော်တို့ နားကြတာပေါ့။
zawgyi version
ေက်ာ္ႏုႏွင့္ မိတ္ေဆြမ်ား၏ တိုင္းက်ိဳးျပည္ျပဳ အလြတ္သေဘာ ေဆြးေႏြးခန္း (အပိုင္း - ၃)
(ယခင္တစ္ပတ္မွအဆက္)
ေက်ာ္ႏု - အကယ္၍ေပါ့ေလ။ ေျမာက္သုံးေကာင္က တ႐ုတ္စကားနားမေထာင္ေတာ့ဘူးဆိုပါစို႔။ ဘာဆက္ ျဖစ္ႏိုင္မလဲ။
ေဆြးေႏြးေဖာ္ - နားမေထာင္ေတာ့ဘူးဆိုရင္ တ႐ုတ္ကလည္း အဲဒီအခါက်ေတာ့ တပ္မေတာ္အစိုးရဘက္ ကေန ျပတ္ျပတ္သားသားရပ္တည္ဖို႔ ပိုေကာင္းတာေပါ့။ သူတို႔ ဗုံးႀကဲစရာရွိ ႀကဲကြာ ။ ‘ဝ’ တို႔၊ ကိုးကန႔္တို႔ ဒီဘက္ကို စစ္ဝင္ တိုက္တဲ့အခ်ိန္က်ေတာ့ တ႐ုတ္ရဲ႕ ေၾကးစားစစ္သားေတြပါတယ္လို႔ ယူဆရတယ္။ ေၾကးစားစစ္သားေတြပါတယ္လို႔ ယူဆရတဲ့အတြက္ေၾကာင့္ မို႔လို႔ ဒီျမန္မာစစ္တပ္က တခ်ိဳ႕ေသာ နည္းပညာပိုင္းအေနနဲ႔ တိုက္ရည္ခိုက္ရည္ေတြက တစ္ခါတေလမွာ အဲဒီသူပုန္အဖြဲ႕ကို ရႈံးသလိုျဖစ္ေနတာေလ။ မႏိုင္သ လိုျဖစ္ေနတာေပါ့ေနာ္။ အဲဒီေတာ့ တ႐ုတ္က အဲဒီမွာတင္ ခုနကေျပာသလိုမ်ိဳး က်န္တဲ့အဲဒီအေထာက္အပံ့ ေတြကိုလည္း ဟိုဘက္ကိုျဖတ္ခ်လိုက္တဲ့အျပင္ကို ဒီဘက္ကိုလည္း အကူအညီေကာင္းေကာင္းေပးတယ္ ဆိုရင္ ေျမာက္သုံးေကာင္က မ်ိဳးျပတ္သြားမွာေပါ့။ တ႐ုတ္ကသာ သူ႔ကိုအားေပးရင္ ေနျပည္ေတာ္အထိ တက္သိမ္းပစ္လိုက္မယ္လို႔ ထြန္းျမတ္ႏိုင္က ႀကိမ္းဝါးခဲ့တာေလ။ အဲဒီေတာ့ တပ္မေတာ္ကလည္း တ႐ုတ္ကအားေပးခဲ့ရင္ မင္းတို႔ေျမာက္သုံးေကာင္ကို ငါက အေရခြံဆုတ္ပစ္လို႔ရတယ္ဆိုတာမ်ိဳး ေျပာမွာေပါ့။ ဒါေပမဲ့ ထြန္းျမတ္ႏိုင္က ဟိုေန႔က စကား ေျပာသြား တာေတာ့ ပညာသားပါတယ္။ တ႐ုတ္နဲ႔ေတာ့ သူတို႔ တ႐ုတ္စကားအကုန္နားမေထာင္ရင္ေတာင္ ကန႔္လန႔္ ေတာ့တိုက္လို႔မရဘူးဆိုတဲ့ဟာကေတာ့ အင္တာဗ်ဴး မွာေျပာသြား တယ္။ သူက ရခိုင္ဘက္မွာေနတာေလ။ အိႏၵိယနဲ႔ဘဂၤလားေဒ့ရွ္နားမွာေနတာ။ ဒါေပမဲ့ သူ႔အေထာက္အပံ့ကို အိႏၵိယ လည္းမရဘူး၊ ဘဂၤလားေဒ့ရွ္ကလည္း ရေနတာမဟုတ္ဘူး။ တ႐ုတ္ကရေနတာေလ။ အဲဒီေတာ့ တ႐ုတ္ရဲ႕ အေထာက္အပံ့က ေျမာက္သုံးေကာင္လုံးသည္ ေျပာမယ္ဆိုရင္ ေလတံခြန္လိုပဲ၊ ေအာက္ကရစ္ဘီးက တ႐ုတ္ပဲ။ တ႐ုတ္က ႀကိဳးျဖတ္လိုက္တာနဲ႔ အဲဒီေလတံခြန္ေတြက ေအာက္ကို အစုတ္စုတ္အျပတ္ျပတ္နဲ႔က်လာမွာပဲ။ အဲဒီေတာ့ ကိုယ့္ဘာသာရပ္တည္ခ်င္ရင္ ေလထဲကိုဝဲႏိုင္ရင္ ခဏေပါ့။ သူတို႔က ေလသင့္တုန္းမို႔လို႔ အေပၚအျမင့္ကို ေရာက္ေနေပ မယ့္လည္း အမႈိက္ကအမႈိက္ပဲ။ ေလေၾကာင္းေလးအတည့္မို႔လို႔ အေပၚေရာက္ေနလည္းခဏပါ။ Control က ေအာက္မွာ ရွိတာေလ။ ဟိုေန႔က ကိုးကန႔္ဆိုလည္း NUG တို႔နဲ႔မပတ္သက္ပါဘူးဆိုၿပီး ေၾကညာခ်က္ထုတ္တယ္ေလ။ အဲဒါေတြက လည္း ဒီဘက္မွာ ေတာ္ေတာ္႐ိုက္ခတ္ေနၿပီေလ။ စိတ္ဝမ္းကြဲ စရာေတြ ဘာေတြျဖစ္ကုန္ၿပီ။ အဲဒီေတာ့ NUG က လည္း သူတို႔ကိုအသုံးခ်တယ္ေလ။ သူတို႔ကလည္း NUG ကို အသုံးခ်ၾကတယ္ေပါ့ေနာ္။ NUG-PDF ကိုအသုံးခ်ၾကတယ္။ အသုံးခ်ရင္းနဲ႔ ဒီလိုမ်ိဳးစိတ္ဝမ္း ကြဲေနရင္ေတာ့ ဒီအခြင့္အေရးကို ေကာင္းေကာင္းယူ တတ္တယ္ဆိုရင္ေတာ့ သူတို႔ကို ၿဖိဳခြင္းဖို႔ လြယ္ကူမွာေပါ့။ အခုက ခုနကေျပာသလို PDF ကို အေသခံခိုင္း ၿပီးေတာ့ သူက နယ္ေျမနဲ႔အာဏာကို ရယူေနတာပဲ ေလ။ နယ္ေျမရယ္၊ အာဏာရယ္ ၊ အက်ိဳးစီးပြားရယ္ကို ယူေနတာ။ PDF က သူတို႔အတြက္ အေသမခံေပး ေတာ့ဘူးဆိုရင္ သူတို႔ေသေပးရမွာေပါ့။ PDF က ကိုးကန႔္အတြက္လည္း ေသမေပးေတာ့ဘူး။ ပေလာင္အတြက္လည္း မေသေတာ့ဘူး။ AA အတြက္လည္း ေသမေပးေတာ့ဘူး။ ငါတို႔ဟာငါတို႔ သီးျခားအေနနဲ႔ ေနမယ္လို႔ စိတ္ကူးလိုက္ရင္ ေတာင္မွ သူတို႔ကိုယ္တိုင္ ထြက္ေသမွရေတာ့မယ္ေလ။ နည္းလမ္းေတြက အမ်ားႀကီးရွိပါတယ္။ တကယ္ကို လုပ္ဖို႔နဲ႔ ျပတ္ျပတ္ သားသားလုပ္ဖို႔ပဲလိုတာ။
ေက်ာ္ႏု- ဗိုလ္ခ်ဳပ္မႉးႀကီးက တ႐ုတ္သြားတယ္။ တ႐ုတ္သြားၿပီးေတာ့ တ႐ုတ္ကအဖြဲ႕ေတြနဲ႔ေတြ႕တာကို ၾကည့္ျခင္း အားျဖင့္ ကြၽန္ေတာ္တို႔ေတြလည္း အေျဖေတြ႕ေနၿပီ။ ဒါေပမဲ့ အခုခ်ိန္အထိ စစ္တပ္ရႈံးမယ္လို႔၊ NUG က ႏိုင္လိမ့္မယ္လို႔ အခုခ်ိန္ထိထင္ေနတဲ့ လူ႔အသိုင္းအဝိုင္းတစ္စုရွိတယ္။ အဲဒီအသိုင္းအဝိုင္းရဲ႕ ေတြးေခၚစဥ္းစားပုံက ဘယ္လိုျဖစ္မယ္လို႔ ထင္မလဲ။
ေဆြးေႏြးေဖာ္ - အဆုံးသတ္ကေလ သူဟာသူ NUG ပဲျဖစ္ျဖစ္၊ တပ္မေတာ္အစိုးရပဲျဖစ္ျဖစ္ တိုင္းျပည္ကို၊ တိုင္းျပည္မ်က္ ႏွာကို တကယ္ၾကည့္မယ္ဆိုရင္ သူတို႔ စားပြဲေပၚပဲသြားရမွာ။ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာဖို႔အတြက္ကို NUG ကလည္း တပ္မေတာ္အစိုးရဖိတ္ေခၚတဲ့စားပြဲေပၚ ေရာက္လာမွာပဲေလ။ တပ္မေတာ္အစိုးရကလည္း NUG ကို ဖိတ္ေခၚရေလာက္တဲ့ မင္းတို႔ကို အသိအမွတ္ျပဳရ ေလာက္တဲ့ ေလးစားေလာက္တဲ့အေနအထားရွိရင္ ေခၚမယ္ေပါ့။ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းတို႔ စကားေတြပြင့္လာတာရွိတယ္ေလ။ သူတို႔ေဆြးေႏြးေပးရင္ ေဆြးေႏြးေပးမယ့္ သေဘာမ်ိဳး ကိုေလ။ NUG ဘက္ကလည္း ဒူဝါလရွီးလတို႔၊ ဇင္မာေအာင္တို႔ေလ။ သူတို႔ ကလည္း သူတို႔ေျပာေနတာေတြရွိတယ္။ ေနာက္ သူတို႔လည္း တစ္ဖက္နဲ႔တစ္ဖက္ကေတာ့ သတင္းေလး ေတြေတာ့တန္းေနပါတယ္။ ဒါေပမဲ့ ဟိုဘက္ကလည္း စစ္တပ္က ႏိုင္ငံေရးထဲကထြက္ေပးမွ ေဆြးေႏြးမယ္တို႔က အရွက္ေျပေျပာေနတဲ့ဟာေပါ့။ ဒီဘက္ကလည္း ပြင့္ပြင့္ လင္းလင္းေျပာရရင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းတို႔ ထြက္ေျပာတဲ့ဟာက တကယ့္တကယ္ ႏိုင္ငံေရးျဖစ္ တယ္ဆိုရင္ PDF က လက္နက္ဆုတ္ၿပီး NUG က ေဆြးေႏြးမယ္ေပါ့။ ဒီဘက္ကက်ေတာ့ NUG-PDF ကို လက္နက္စြန႔္ခိုင္းတယ္။ ဟိုဘက္က က်ေတာ့ ႏိုင္ငံေရးထဲက တပ္မေတာ္ကိုထြက္ခိုင္းတယ္ေပါ့။ ဒါေတြက တစ္ဖက္နဲ႔ တစ္ဖက္ေတာ့ စကားရပ္ေတြက သြား ေနၿပီ။ ဒါေပမဲ့ (၂၀၂၅)ေလာက္မွာလုပ္မလား။ (၂၀၂၆)ေလာက္မွာလုပ္မလား။ အဲဒီၾကားထဲမွာေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေ႐ြးေကာက္ပြဲကို မျဖစ္ျဖစ္ေအာင္လုပ္လိမ့္မယ္။ မျဖစ္ျဖစ္ေအာင္လုပ္ ၿပီးမွ တရားဝင္သမၼတျဖစ္ ေအာင္လုပ္မယ္။ တရားဝင္ သမၼတျဖစ္ၿပီးသြားတဲ့ေနာက္မွာ ႏိုင္ငံတကာ အခ်င္းခ်င္းထဲကို တရားဝင္အေနနဲ႔ဝင္ လာလိမ့္မယ္။ ဝင္လာၿပီးေတာ့မွ သူက အဲဒီမွာတင္ ငါသမၼတျဖစ္ၿပီ၊ မင္းတို႔ ႏိုင္ငံေရးကို ေဆြးေႏြးခ်င္လား။ ေဆြးေႏြး ခ်င္ရင္ မင္းတို႔လာခဲ့ေတာ့လို႔ သူေခၚလိမ့္မယ္။ အဖြဲ႕ေတြနဲ႔ မင္းတို႔ေဆြးေႏြးၾကဆိုၿပီး လုပ္လိမ့္မယ္။ အဲဒီထဲမွာ ခုနကေျပာသလိုမ်ိဳး NUG ကလည္း မေဆြးေႏြးလို႔မရဘူး။ ကြၽန္ေတာ္အျပတ္တိုက္မွာတို႔၊ ေသြးေႂကြးမွာ ေဆြးေႏြးစရာ မရွိဘူးလို႔ သြားလုပ္ရင္ ပိုၿပီးေတာ့ ဒါက ညတာရွည္ၿပီးေတာ့ အိပ္မက္မ်ားမွာပဲရွိတယ္။ ေနျမင့္ ေလအ႐ူးရင့္ေလ ျဖစ္မွာပဲရွိမယ္။ အဲဒီလိုမ်ိဳး မဟုတ္ ရင္ ေဆြးေႏြးမယ္ဆိုေတာ့ ေဆြးေႏြးၾကတာေပါ့ဗ်ာဆို ၿပီး ေဆြးေႏြးရင္း ေဆြးေႏြးရင္းနဲ႔ ပထမ ဆယ္ခ်က္ ေဆြးေႏြးမယ္။ တစ္ခ်က္ပဲညႇိလို႔ရမယ္။ (၉)ခ်က္ မရဘူး။ ေနာက္ ဒုတိယအႀကိမ္ ေဆြးေႏြးမယ္။ ႏွစ္ခ်က္ ရမယ္။ ရွစ္ခ်က္မရဘူး။ အဲဒီလိုမ်ိဳး ေဆြးေႏြးရင္းေဆြး ေႏြးရင္း ႀကိမ္ဖန္မ်ားသြားၿပီဆိုရင္၊ ေဆြးေႏြးရတဲ့အခ်က္ အလက္ေတြမ်ားသြားၿပီဆိုရင္ သူတို႔ အလုပ္လုပ္ လို႔ရသြားမယ္ေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ဖက္နဲ႔တစ္ဖက္ကို အျပတ္တိုက္မယ္တို႔၊ အျပဳတ္တိုက္မယ္တို႔၊ (ရန္-ငါ)ျပတ္ေအာင္ခ်မယ္ဆိုတာက အဲဒီေလာက္ မလြယ္ဘူး။ ျမန္မာႏိုင္ငံ ေရးမွာ ရန္ငါျပတ္မယ္ေျပာတာ သမိုင္းကို ျပန္ၾကည့္၊ သမိုင္းကို ျပန္ၾကည္ရင္မရွိဘူး။ ရန္ငါ ျပတ္တယ္ဆိုတာ သူေသ ကိုယ္ေသခ်မယ္ကို ေျပာတာ။ ဘာလို႔သူေသကိုယ္ေသခ်မလဲ။ အခု ေျမႇာက္ေပးေနတဲ့အဖြဲ႕ေတြက လမ္းေပၚထြက္ၿပီး ေတာ့လည္း ဆႏၵမျပဘူး။ ေရွ႕တန္းမွာလည္း ေသနတ္ကိုင္ၿပီး တိုက္ပြဲလည္းမဝင္ဘူး။ ေနာက္ကြယ္က ေနပဲ ေျမႇာက္ေပး ေနတာ။ ေနာက္ကြယ္ကေန ေျမႇာက္ေပးေနတဲ့လူ ရွိသူမွ် အားလုံးသည္ ေရွ႕က တိုက္ေနတဲ့လူေတြက (ပြန္း)ေတြပဲေလ။ ဘုရင္ေတြ၊ ဘုရင္မေတြက အေရးႀကီးတဲ့ဟာေတြက ေနာက္မွာ ေနတာေလ။ ႏိုင္ငံေရးဆိုတာက ႏိုင္ငံေရးလို႔ တကယ္ စစ္ကိုဦးတည္ၿပီး တိုက္ေနတဲ့ ဒီဖီးမာ ရွယ္ေတြက ေနာက္တမ္းမွာေနတာ။ ေနာက္တန္းမွာ ေနေတာ့ ေနာက္တန္း မွာေနတဲ့ လူေတြကို ၾကည့္ေတာ့ အားလုံးက မၿငိမ္းခ်မ္းဘူးေလ။ မၿပီးဘူးေလ။ အဲဒီေတာ့ သူတို႔ေတြသည္ စားပြဲေပၚ ေဆြးေႏြးမွပဲရမယ္။ ေဆြးေႏြးတာကို တစ္ဖက္နဲ႔တစ္ဖက္က ဘယ္သူမဆို အေပၚစီးကေန ေခၚခ်င္တာေပါ့။ ေအာက္က ေနၿပီးေတာ့မွ မညႇိခ်င္ဘူး။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း NUG ကို ခင္ဗ်ားတို႔က လာေဆြးေႏြးပါဗ်ာ။ တပ္မေတာ္ႀကီးကလည္း ထြက္ေျပးေတာ့မယ္ဗ်ာ။ ခင္ဗ်ားတို႔ ကြၽန္ေတာ္တို႔ကို စီရင္ ခ်င္သလိုစီရင္ပါ။ ကြၽန္ေတာ္တို႔ကို စစ္ခုံ႐ုံးတင္ရင္ လည္းတင္ပါ။ ကြၽန္ေတာ္တို႔ ဒါကို လက္ခံပါတယ္။ ဘယ္လုပ္မတုံး။ ဒါက လုပ္စရာမရွိဘူး။ အဲဒီလိုပဲ ဟိုဘက္က NUG ဘက္က၊ PDF ဘက္ကလည္း ကြၽန္ေတာ္တို႔ လက္နက္အားလုံးစြန႔္လိုက္ပါၿပီ။ အလင္းဝင္လိုက္ၿပီ။ အလင္းဝင္လိုက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ စားပြဲေပၚမွာေဆြးေႏြးဖို႔ပဲ လိုပါေတာ့တယ္။ကြၽန္ေတာ္တို႔အားလုံး လက္နက္ခ် ပါၿပီဆိုလည္း မလြယ္ဘူးေလ။ လက္နက္ခ်ခ်င္တိုင္းခ်ရေအာင္လည္း PDF ေတြက PDF ဆိုတဲ့ဟာေတြ ပကဖ၊ ပအဖ၊ ပလဖ ဆိုတဲ့ဟာေတြက တစ္ေက်ာင္းတစ္ဂါထာ၊ တစ္႐ြာတစ္ပုဒ္ဆန္းျဖစ္ေနတယ္ေလ။ ေျပာမယ္ ဆိုရင္ NUG ရဲ႕ အႏွစ္ရွိတဲ့ဟာေတြမွ မဟုတ္တာ။ သူတို႔ရဲ႕ Chain of Commad ဆိုတဲ့ဟာကလည္း တကယ့္တကယ္ေတာ့ စာထဲမွာပဲရွိ တာေလ။ Chain of Commad လုပ္တဲ့ဟာကို PDF တပ္ရင္း သုံးရာ ေလာက္ရွိတယ္ေျပာတယ္ေလ။ သုံးရာေလာက္ရဲ႕၊ သူတို႔ရဲ႕ CONSTITUTION က ဘာလဲ။ သူရဲ႕ TEAM WORK ကဘာလဲ။ သူတို႔လည္း ဘာမွ အပီအျပင္မလုပ္ႏိုင္ဘူး။ ဒါေၾကာင့္ NUG ကို တပ္မေတာ္အစိုးရဘက္က ဘာေျပာလဲဆိုေတာ့ အႏူႀကီးလို႔ေျပာတာေလ။ အႏူႀကီးဆိုတာ ေျချပတ္လက္ ျပတ္နဲ႔ေလ။ ဘာမွမလုပ္ႏိုင္မကိုင္ႏိုင္တဲ့ဟာႀကီးကို ေျပာတာေလ။ အႏူႀကီးေခၚတာေလ။ NUG ကို ျမန္ျမန္ေျပာလိုက္ေတာ့ အႏူႀကီးျဖစ္သြားတာေပါ့ ေလ။ အဲဒီေတာ့ အားလုံးက အဲဒီအတိုင္းပဲ ကြၽန္ေတာ္ တို႔ကေတာ့ ခုနကေျပာသလိုမ်ိဳး ဘယ္ဘက္ကေတာ့ အားသာခ်က္ဘယ္လိုျဖစ္သြားျပန္ၿပီ၊ ဘယ္ဘက္ကေတာ့ အားနည္းခ်က္ ျဖစ္သြားၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ (၁၀၂၇) စစ္ေရးလႈိင္းႏွစ္လႈိင္းမွာ တပ္မေတာ္ကို ေတာ္ေတာ္ အထိနာေစတယ္။ ေတာ္ေတာ္အက်ပ္႐ိုက္တယ္။ သူ႔ဘာသာသူ တမင္ပဲ အရႈံးေပးေပး၊ ဇာတ္နာ ေအာင္ပဲလုပ္လုပ္ေပါ့။ ထိခိုက္တာေတာ့ ထိခိုက္တာ ပဲ။ ဒါေပမဲ့လည္း အဲဒီရဲ႕ဟာသည္ တပ္မေတာ္ကို ပ်က္သုဥ္းသြား အျမစ္ျပတ္သြားေလာက္ေအာင္အထိ မျဖစ္ဘူး။ အထိနာသြားေလာက္ေအာင္ မျဖစ္ဘူး။
ေက်ာ္ႏု - ကြၽန္ေတာ္ထင္တယ္။ အဲဒါအျမစ္မျပတ္ဘဲ ပိုေတာင္ရွည္သြားဦးမယ္။
ေဆြးေႏြးေဖာ္ - ပိုၿပီးေတာ့ တခ်ိဳ႕ကိစၥေတြက အျခား ေသာအေတြးအေခၚ အႀကံÓဏ္ေတြအတြက္ျဖစ္ သြားတာေပါ့။
ေက်ာ္ႏု - ဟုတ္တယ္။ အဲဒီရႈေထာင့္သြင္းေပးရမွာ။ လားရႈိးက်သြားၿပီးတဲ့ေနာက္ တပ္က ရႈံးႏိုင္လားလို႔ေမး ရင္ ရႈံးသြားတာမဟုတ္ဘူး။ တပ္မွာ မိသားစုအသိုင္း အဝိုင္းေတြရွိတယ္။ အဲဒီအသိုင္းအဝိုင္းေတြအကုန္ လုံးရဲ႕အားသာခ်က္က တခ်ိဳ႕ေပါ့ဗ်ာ။ လူတစ္သိန္းပဲ က်န္က်န္၊ အဲဒီတစ္သိန္းရဲ႕စဥ္းစားခ်က္က နည္းနည္းေလး။ ကြၽန္ေတာ္ကေတာ့ ေကာက္ ခ်က္ခ်လိုက္တာ ေပါ့ေလ။
ေဆြးေႏြးေဖာ္ - လူက ပြင့္ပြင့္လင္းလင္းေျပာရရင္ အက်ပ္အတည္းျဖစ္လာရင္ လႉတဲ့လူေတြက ထိသြား တာေလ။ လႉတဲ့လူေတြက ပိုၿပီးေတာ့ စည္းလုံးညီ ၫြတ္သြားတာေလ။ ဒီဟာက လူေတြက မနက္ျဖန္ၿပီး မလား၊ သန္ဘက္ခါၿပီး မလား၊ အဲဒီေလာက္ မလြယ္ဘူးလို႔။ အဲဒီေလာက္ မျမန္ေတာ့ဘူးလို႔။ ဒီကိစၥက တခ်ိဳ႕ၾကာသြားႏိုင္တယ္။ ဆိုေတာ့ အဲဒါကို တစ္ႏွစ္ မေက်ာ္ခင္ကတည္းကေျပာတဲ့စကားက ျမန္ရင္ေလးႏွစ္ေပါ့။ ၾကာရင္ေတာ့ အႏွစ္ႏွစ္ဆယ္ေပါ့။ ၿပီးေတာ့ အာဏာသိမ္း(ထိန္း)တယ္ဆိုတာက မေပ်ာ္ေတာ့ရင္ ဆယ္ႏွစ္၊ ေပ်ာ္ရင္တစ္သက္လို႔။ ေပ်ာ္ရင္တစ္သက္ ဆိုတာက ေန႔သက္တမ္းတစ္ခုကိုေျပာတာေနာ္။ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕တစ္သက္ကို ေျပာတာမဟုတ္ဘူးေနာ္။ အာဏာရွိတဲ့လူက အာဏာသိမ္းၿပီးရင္ ေနာက္လူက အဲဒီခုံေပၚ တက္ထိုင္႐ုံပဲေလ။ တက္ထိုင္လိုက္ေတာ့ ေလးငါးဆယ္ဆက္က တက္ထိုင္ လိုက္ေတာ့ အႏွစ္ (၆၀)၊ (၇၀)ျဖစ္သြားတယ္ေလ။ အဲဒီေတာ့ အာဏာ သိမ္းရင္၊ အာဏာဆိုတာရသြားၿပီဆိုရင္ အဲဒီခုံမွာ မေပ်ာ္ဘူးဆိုရင္ ဒီခုံမွာ ဆယ္ႏွစ္ထိုင္မယ္။ ေပ်ာ္ရင္တစ္သက္လုံးထိုင္မယ္။ လူတစ္သက္တစ္ခုထိုင္မယ္။ အခု အာဏာထိန္းတယ္ေပါ့။ ႏိုင္ငံေရးက ဒီလို ႐ုန္း႐ုန္းျဖစ္သြားတဲ့ဟာသည္ ျမန္ရင္ေလးႏွစ္၊ ၾကာရင္ အႏွစ္ႏွစ္ဆယ္လို႔ ေျပာထားတယ္။ အခုေလာေလာ ဆယ္ေတာ့ ေလးႏွစ္ကေတာ့ တကယ္ရွိသြားၿပီ။ အဲဒီေတာ့ ေနာက္ထပ္ (၁၆)ႏွစ္ မၾကာဘဲနဲ႔ (၆)ႏွစ္နဲ႔ၿပီးခဲ့ရင္ တကယ္ေကာင္းတာေပါ့။ ေနာက္ထပ္ (၆)ႏွစ္နဲ႔ ၿပီးခဲ့ရင္ေတာ့ အားလုံးရဲ႕ကံၾကမၼာေပါ့။ ပုံမွန္အားျဖင့္ ျႏအ့သိ အတိုင္းဆိုရင္ေတာ့ ဒါမ်ိဳးက အစအဆုံး အႏွစ္ႏွစ္ဆယ္ၾကာတတ္တယ္။ မနက္ျဖန္လိုလို၊ သန္ ဘက္ခါလိုလိုနဲ႔ေျပာေနတဲ့လူေတြကေတာ့ အေတြး သိမ္လြန္းတယ္။
ေက်ာ္ႏု- အာဏာရထားတဲ့လူတစ္ေယာက္က ခ်က္ခ်င္းေတာ့ ဘယ္လႊဲမလဲ။ ဘယ္သူ႔ကိုမွ လြယ္လြယ္ ဘယ္လႊဲမလဲ။
ေဆြးေႏြးေဖာ္ - မဟုတ္ဘူး။ ဗိုလ္ခ်ဳပ္မႉးႀကီးကို အကုန္းလုံးကဆဲေနတာ။ ဝိုင္းၿပီးေတာ့ ေမတၱာပို႔ေနတာ။ ဒါေပမဲ့ တပ္မ ေတာ္အကုန္လုံးမွာဆိုတာက သူ႔အစဥ္အလာရွိတယ္၊ ဂုဏ္သိကၡာရွိတယ္၊ ေနာက္မ်ိဳးဆက္ ဆိုတာရွိတယ္။ အစဥ္ အလာရယ္၊ ဂုဏ္သိကၡာရယ္၊ မ်ိဳးဆက္ရယ္ကိုနားမလည္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးကိုဆဲေနတာ။ ဗိုလ္ခ်ဳပ္မႉးႀကီးမရွိေတာ့ ရင္လည္း ေနာက္က ဆက္တက္မယ့္လူကရွိၿပီးသား။ အဲဒီဆက္တက္ မယ့္လူဆင္းသြားရင္လည္း ေနာက္ထပ္လူကရွိၿပီး သား။ အဲဒီေတာ့ တခ်ိဳ႕လူက တစ္ထြာတစ္မိုက္ဉာဏ္နဲ႔။
ေက်ာ္ႏု - အင္းေပါ့။ ဒါလည္းရွိတာပဲ။ တစ္ခါတေလ က်ရင္ ဘုရင္ေတြေခတ္မွာေတာင္ ဘုရင္ကိုသတ္ လိုက္ရင္ ငါဘုရင္ျဖစ္မယ္လို႔ထင္ၿပီးေတာ့ ထၿပီးေတာ့ လုပ္တဲ့ေကာင္ကလည္းရွိတာကိုး။ ႐ူးေၾကာင္မူး ေၾကာင္နဲ႔ သူ႔စိတ္ထဲမွာ အဲဒီလိုထင္တာကိုး။ မရဘူး ဆိုတာ သူတို႔မွမသိတာ။
ေဆြးေႏြးေဖာ္ - ျပဳျပင္ေျပာင္းလဲေရးတစ္ခုဆိုတာ ေလအခ်ိန္လိုတယ္။ ၿပီးေတာ့ အေလ့အက်င့္လိုတယ္။ အတိုက္အခံ လုပ္႐ုံတစ္ခုတည္းနဲ႔ ၿပီးတာမဟုတ္ဘူးေလ။ ျပဳျပင္ေျပာင္းလဲေရးလုပ္ခ်င္တဲ့လူက အတိုက္ အခံထလုပ္လိုက္ရင္ အခုေရတြင္းတူးၿပီး အခုေရ ၾကည္ေသာက္လို႔မရဘူး။ အခ်ိန္တစ္ခုေပးရမယ္။ တပ္မေတာ္ရဲ႕ ယုံၾကည္မႈ၊ သူရဲ႕ေပါင္း စည္းမႈကို မရဘူးဆိုရင္ မရပါဘူး။ အေျဖမထြက္ပါဘူး။ တပ္မေတာ္ ကလႊဲေပးမွာမဟုတ္ဘူး။ ေနာက္ဆုံးမွာ ေျပာမယ္ဆို ရင္ တပ္မေတာ္အရာရွိႀကီးေတြေတာင္မွ ဦးသန္းေ႐ႊကေန ဦးသိန္းစိန္လႊဲေပးလိုက္ၿပီဆိုေတာ့ လက္ခံလိုက္ၿပီ။ ဦးသိန္းစိန္ ကေန ေဒၚေအာင္ဆန္းစုၾကည္ လက္ထဲကိုလႊဲတဲ့အခ်ိန္မွာ လက္မခံမယ့္လူေတြအမ်ား ႀကီးပဲ။ အဲဒီေလာက္ႀကီးထိ သူတို႔ သေဘာမေကာင္းသင့္ဘူး။ မလိုက္ေလ်ာသင့္ဘူးေပါ့။ သူတို႔က ငါးႏွစ္၊ ဆယ္ႏွစ္မဟုတ္ဘူးေပါ့။ ဆယ့္ငါးႏွစ္၊ အႏွစ္ႏွစ္ဆယ္။ သူတို႔ တပ္မေတာ္ Background ျဖစ္တဲ့အစိုးရက အုပ္ခ်ဳပ္ၿပီးကာမွ အဲဒီအခ်ိန္အားလုံးအသားက်ၿပီဆိုမွ သူက တျခားႏိုင္ငံေရးအဖြဲ႕အစည္းကို လႊဲေပးခ်င္တာ ေလ။ အခုက တစ္ဆက္လုပ္ၿပီးေတာ့ ေနာက္တစ္ ဆက္က်ေတာ့ အလွည့္ငါးႏွစ္စီႏိုင္ၿပီဆိုတဲ့အခ်ိန္က်ေတာ့ အကုန္ အရင္ငါးႏွစ္လုပ္ခဲ့တဲ့ဟာက ကေမာက္ ကမျဖစ္ကုန္တာ။ ေဒၚေအာင္ဆန္းစုၾကည္အစိုးရ လက္ထက္မွာ ဘာေတြျဖစ္သြားလဲဆိုတာ အကုန္လုံးက ဆိုင္းငံ့ေတြျဖစ္ကုန္တာ။ ဆိုင္းငံ့ဆိုတာ ရာခိုင္ႏႈန္း (၃၀)မွာရွိတယ္။ တပ္မေတာ္မွာ (၇၀)ရခိုင္ႏႈန္း အာဏာရွိတယ္။ အဲဒီရာခိုင္ႏႈန္း(၃၀)ကို ျပတ္ျပတ္သားသား ဘာတစ္ခုမွမလုပ္ရဲဘူးေလ။ မလုပ္ရဲတဲ့အတြက္ ေၾကာင့္မို႔လို႔ စီးပြားေရးသမားေတြလည္း အဲဒီမွာ စိတ္ပ်က္ကုန္တာေလ။ ေဒၚေအာင္ဆန္းၾကည္အစိုးရတက္လာရင္ စီးပြားေရးေတြ အေျပာင္းအလဲျဖစ္ကုန္မယ္လို႔ ခန႔္မွန္းထားၾကတာေလ။ ဒါေပမဲ့ တကယ္တမ္းက်ေတာ့ ဘာမွျဖစ္မလာဘူး။ အဲဒီမွာစိတ္ပ်က္သြားတာ။ စိတ္ပ်က္ သြားေတာ့ တခ်ိဳ႕ဆို အဲဒီမွာတင္ အာဏာကို ျပန္သိမ္းေစခ်င္တဲ့သေဘာလည္းျဖစ္တယ္။ အဲဒီ ေလာက္အထိျဖစ္ သြားတယ္။ အဲဒီေတာ့ အာဏာသိမ္း တယ္ဆိုတာ ဗိုလ္ခ်ဳပ္မႉးႀကီးတစ္ေယာက္တည္းကိုပဲ အားလုံးကသိတာ။ ဗိုလ္ခ်ဳပ္ မႉးႀကီးတစ္ေယာက္တည္းမဟုတ္ဘူး။ ဗိုလ္ခ်ဳပ္မႉးႀကီးတစ္ေယာက္တည္းနဲ႔ အာဏာသိမ္းလို႔မရဘူး။ ဒီအာဏာထိန္း ထားတာပဲ ျဖစ္ျဖစ္၊ အာဏာသိမ္းထားတာပဲျဖစ္ျဖစ္ ဒီကိစၥက ဗိုလ္ခ်ဳပ္မႉးႀကီး တစ္ေယာက္တည္းနဲ႔ လုပ္လို႔မရဘူး။ ဒါအကုန္လုံးက အႀကံတူÓဏ္တူေတြရွိလို႔ လုပ္လိုက္ တာေလ။
ေက်ာ္ႏု - ဥပမာ ေထာက္ခံမယ့္အင္အားေတြရွိလို႔ ေပါ့။
ေဆြးေႏြးေဖာ္ - ရွိတယ္။ သူ႔ပရိသတ္ရွိတယ္။ တခ်ိဳ႕ ဟာေတြက လူေတြက တစ္ေယာက္ကို ဝိုင္းၿပီးေတာ့ ထိုးခ်မယ္၊ တစ္ေယာက္ကိုတစ္ေယာက္ ထိုးခ်မယ္ဆို တာကို အဟုတ္ထင္ေနတာ။ သူက အဲဒီတစ္ေယာက္ ကိုထိခိုက္သြား ရင္ၿပီးေရာ၊ နစ္နာသြားရင္ၿပီးေရာ ထင္ တာ။ မဟုတ္ဘူး။ လူတိုင္း၊ လူတိုင္းက အသိုင္းအဝိုင္း ရွိတယ္။
ေက်ာ္ႏု - တခ်ိဳ႕က တိုင္းျပည္ရဲ႕အာဏာကို လက္သုံး ေခ်ာင္းေထာင္႐ုံနဲ႔ရလိမ့္မယ္လို႔ထင္ထားၾကတာ။ အဲဒီ ေလာက္လြယ္မယ္ထင္ထားၾကတာကိုးလို႔။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္။ မရဖူးေတာ့ေလ လြယ္လြယ္နဲ႔ရတယ္ထင္တာ။ တကယ္ေတာ့ အရာအားလုံး က ဘာမွမလြယ္ဘူးေလ။ အခက္အခဲဆိုတာ အၿမဲတမ္းရွိတယ္ေလ။ အခုဟာကလည္း တကယ္တမ္း ေျပာရင္ က်န္တဲ့ လူေတြက ဗိုလ္ခ်ဳပ္မႉးႀကီးေနရာမွာ ဝင္ထိုင္ေနတယ္ဆိုရင္ေတာင္မွ ဗိုလ္ခ်ဳပ္မႉးႀကီးကို အရင္ဆုံး သူ႔ကို နားလည္စာနာတတ္ဖို႔အေရးႀကီးတယ္။ သူ႔ကို နားလည္စာနာတတ္ေအာင္ အရင္က်င့္ ၿပီးၿပီဆိုမွ အဲဒီေနရာကိုထိုင္ဖို႔ စဥ္းစားရမယ္။ နားလည္စာနာတတ္ျခင္းမရွိဘဲနဲ႔ တိုင္းျပည္ကိုဦးေဆာင္၊ တိုင္းျပည္မွာ ေခါင္းေဆာင္၊ တိုင္းျပည္မွာ အႀကီးအကဲ လုပ္တယ္ဆိုတာ ဘယ္လိုမ်ိဳးဆိုတာကို သိဖို႔လိုတယ္။ အဲဒါကိုမသိဘဲထိုင္ေနတယ္ဆိုတာ အဲဒီလူက ၾကာ ၾကာထိုင္ခြင့္ရမွာမဟုတ္ဘူး။ ဒါကို အဲေလာက္ေတာ့မ လြယ္ဘူးေလ။ အခုၾကည့္လိုက္ရင္ ဦးထင္ေက်ာ္ သမၼတေနရာမွာ ထိုင္တယ္ေလ။ ဟိုမဟုတ္ ဒီမဟုတ္နဲ႔။ ဦးဝင္းျမင့္သမၼတေနရာမွာ ထိုင္တယ္။ ဟိုမဟုတ္ ဒီမဟုတ္နဲ႔။ ဦးသိန္းစိန္ သမၼတေနရာထိုင္သြားတာနဲ႔ သူတို႔သုံးေယာက္ကိုယွဥ္ၾကည့္လိုက္ေလ။ ဦးသိန္းစိန္က သမၼတေနရာကို ထိုက္ထိုက္ တန္တန္ထိုင္သြားတာ။ ဦးထင္ေက်ာ္တို႔၊ ဦးဝင္းျမင့္တို႔က ဘာနဲ႔တူလဲဆိုေတာ့ ငါးေျမာက္ငါးေျခာက္ဆိုတာမ်ိဳး၊ အဲဒီ ဟာမ်ိဳးနဲ႔ သြားထိုင္ရင္ေတာ့ ရာဇပလႅင္က ဖင္က်ေပမယ့္လည္း ေတာ္ဝင္ေပမယ့္လည္း နန္းမထိုက္ဘူးေလ။ အဲဒီ ေတာ့ သူရဲ႕၊ လူတစ္ေယာက္ရဲ႕ ဩဇာအာဏာ အရွိန္အဝါေပါ့။ ေနာက္ သူ႔ရဲဂုဏ္သိကၡာေပါ့။
ေက်ာ္ႏု -ျမန္မာေတြရဲ႕အယူအဆေပါ့။ ဘုရင္ေတြ နန္းထိုက္တယ္ဆိုရင္ အရမ္းမထိုက္တန္ရင္ တစ္ႏွစ္ ေလာက္ဆိုရင္ ျပဳတ္တာပဲမလား။ အခု ဗိုလ္ခ်ဳပ္မႉး ႀကီးထိုင္တာ ေလးႏွစ္ျပည့္ေတာ့မယ္။ ေအးေဆးပဲလို႔ ေတြ႕ရတယ္။
ေဆြးေႏြးေဖာ္ - ဗိုလ္ခ်ဳပ္မႉးႀကီးက ေလးႏွစ္တြက္လို႔ မရဘူး။ သူက (၂၀၁၀)ကတည္းက သူက(၁၄)ႏွစ္ ျဖစ္သြားၿပီ။ သူက ကာကြယ္ေရးဦးစီးခ်ဳပ္ေနရာမွာေနတာ (၁၄)ႏွစ္ျဖစ္သြားၿပီ။ ေျပာမယ္ဆိုရင္ ဦးသိန္းစိန္ရဲ႕လက္ထက္ ငါးႏွစ္မွာေတာင္မွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႀကီးရဲ႕အာဏာဟာ အနည္းဆုံးတစ္ ဝက္ရွိတယ္။ တိုင္းျပည္ အာဏာကို တစ္ဝက္ အနည္း ဆုံးရွိတယ္ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီခ်ိန္မွာ ဦးသိန္းစိန္က သမၼတႀကီးပဲျဖစ္တာ။ ဒါေပမဲ့ စစ္တပ္ ကိုမအုပ္ခ်ဳပ္ႏိုင္ေတာ့ဘူး။ စစ္တပ္ဆိုတာ တိုင္းျပည္မွာ အာဏာအရွိဆုံးပဲ။ သမၼတက ဂုဏ္ သိကၡာအရသာ အဲဒီခုံကိုထိုင္တာ။ တကယ့္အာဏာက စစ္တပ္မွာရွိ တာ။ တခ်ိဳ႕ေသာ ဝန္ႀကီးခ်ဳပ္ေတြ၊ သမၼတေတြကို စစ္တပ္က အာဏာသိမ္းၿပီးေတာ့ ျဖဳတ္ခ်ပစ္တာေလ။ အာဖရိကႏိုင္ငံေတြမွာေလ။ အဲဒီ ဦးသိန္းစိန္လက္ ထက္ဆိုေတာ့ (၅၀)ရွိတယ္။ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရလက္ထက္မွာရွိတဲ့အခ်ိန္က်ေတာ့ တပ္မေတာ္ ရဲ႕အာဏာက (၇၀)ရွိတာ။ ေဒၚေအာင္ဆန္းစုၾကည္က (၃၀)ပဲရွိတာ။ ေနာက္တစ္ခါ အခု(၂၀၂၁)ကေန ေလးႏွစ္လုံးက တပ္မေတာ္က (၁၀ဝ)ရာခိုင္ႏႈန္းရွိတာ သူ႔အာဏာက။ အဲဒီေတာ့ အားလုံး သူေတာက္ေလွ်ာက္ အာဏာယူခဲ့တာကိုၾကည့္ရင္ ဒီခုံမွာထိုင္ခဲ့တာ (၁၄)ႏွစ္ရွိသြားၿပီ။ ကာကြယ္ေရးဦးစီးခ်ဳပ္ေနရာမွာ ထိုင္ေန တာ (၁၄)ႏွစ္ရွိသြားၿပီ။ ပထမဆုံးတစ္ႏွစ္မွာ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ တစ္ႏွစ္ထိုင္တယ္။ အဲဒီတစ္ ႏွစ္မွာတည္းကိုက တပ္မေတာ္မွာ ဒုတိယဗိုလ္ခ်ဳပ္ မႉးႀကီးလို႔သာအမည္တပ္ထားတာ။ သူက နာမည္အႀကီးဆုံးပဲ။ ေနာက္က်မွ တစ္ႏွစ္ေနမွ ၿပီးသြားၿပီဆိုမွ ဗိုလ္ခ်ဳပ္မႉးႀကီး ျဖစ္သြားတာေလ။ အဲဒီေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးျဖစ္ေနတာက (၁၃)ႏွစ္ရွိၿပီ။ အဲဒီေတာ့ အားလုံးသည္ Total (၁၄)ႏွစ္ ျဖစ္တယ္။ ဒါေၾကာင့္မို လို႔ ဒီဟာကို လူေတြက ဘာျဖစ္လဲ ဦးမင္းေအာင္လႈိင္ကို လူေတြက ေလွ်ာ့တြက္တာတို႔၊ အထင္ေသးတာတို႔ သြားလုပ္တဲ့ဟာေတြကို ေလွ်ာ့မတြက္သင့္ဘူး။ အထင္မေသးသင့္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သူ႔ဘုန္းကံရွိတယ္။ သူ လုပ္ရင္းကိုင္ရင္းနဲ႔။ ဒီေနရာကို ဦးေနဝင္းက (၂၆)ႏွစ္ ထိုင္ သြားတယ္။ ဦးသန္းေ႐ႊက (၂၁)ႏွစ္ထိုင္သြားတယ္။ အခု ဦးမင္းေအာင္လႈိင္က ဒီေနရာကို (၁၄)ႏွစ္ထိုင္ထားၿပီ။ ဘေ႐ႊကိုမီဖို႔အတြက္ကို (၇)ႏွစ္ပဲ လိုေတာ့တာ။ ေနာက္ထပ္ ဒီေနရာကို (၁၂)ႏွစ္ထပ္ ထိုင္ရင္ ဦးေနဝင္းကိုမီၿပီေလ။
ေက်ာ္ႏု- ရွင္းရွင္းေျပာရရင္ ဘုရင္ေတြေပါ့ဗ်ာ။ ဘုရင္ေတြက စစ္သူႀကီးေတြနဲ႔ပတ္သက္ရင္ ဒီဘက္ ေခတ္ဆိုရင္ သမၼတနဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ေပါ့ဗ်ာ။ သမၼတဆိုတာ ဘုရင္ေပါ့။ စစ္သူႀကီး ဆိုတာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ေပါ့။ ဘုရင္ေတြက စစ္ဦးစီးခ်ဳပ္ေတြ၊ စစ္သူႀကီးေတြနဲ႔ပတ္သက္ရင္ အရင္တုန္းက ဘယ္လိုဆက္ဆံလဲ။ ဘယ္လို ကိုင္ တြယ္ေျဖရွင္းလဲ။
ေဆြးေႏြးေဖာ္ - သူက အဓိကေတာ့ နန္းတြင္းမွာ ညီလာခံမွာက ဟိုးတုန္းက ကာကြယ္ေရးဝန္ႀကီးဆို တာရွိတယ္။ ကာကြယ္ေရးဝန္ႀကီးကေတာ့ အခုလည္း ကာကြယ္ေရးဝန္ႀကီးပဲရွိတယ္။ တကယ့္တကယ္တမ္း ဆိုရင္ ဖြဲ႕စည္းပုံအရ ဆိုရင္ ေရွ႕တန္းမွာ စစ္သူႀကီးေပါ့။ အခုေခတ္ဆိုရင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဆိုတာက ကာကြယ္ေရးဝန္ႀကီး ရဲ႕ေအာက္မွာပဲရွိတာ။ အဲဒီအထက္မွာမွ သမၼတကို ဘုရင္ထားတယ္ဆိုရင္ အဲဒီမွာတင္ ကာကြယ္ေရးဝန္ႀကီးက အမိန႔္တစ္စုံတစ္ ရာက စစ္သူႀကီးကို ဘုရင္ကေနေတာင္မွ တိုက္႐ိုက္ ေပးစရာမလိုေသးဘူး။ ကာကြယ္ေရးဝန္ႀကီးကေန စီမံခန႔္ခြဲမႈအမ်ားႀကီးရွိတယ္။ ၿပီးေတာ့ ေနာက္ထဲမွာ ဟိုမွာေတာ့ နန္းတြင္းဝန္ ေခၚတာေပါ့ေလ။ ဒီမွာေတာ့ အမတ္ ခ်ဳပ္ေပါ့။ အမတ္ေတြခ်ဳပ္ထားတဲ့ အမတ္ခ်ဳပ္ ကလည္း ပါဝါကရွိေသးတယ္။ အဲဒီေတာ့ ဘုရင္က စစ္သူႀကီးနဲ႔ ဆက္ဆံတဲ့အခါမွာ စစ္သူႀကီးကို အင္မတန္အေရးႀကီးတဲ့စစ္ေရးကိစၥကလြဲရင္ တိုက္႐ိုက္ ဘာမွ စီမံခန႔္ခြဲစရာမလိုဘူး။ ဒါေပမဲ့ ဒီေခတ္မွာေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဆိုတာက ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေပါ့။ ကိုယ့္ႏိုင္ငံ ရဲ႕အေန အထားနဲ႔တူတဲ့ႏိုင္ငံေတြမွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေတာ္ေတာ္အေရးႀကီးတယ္ေနာ္။ ထိုင္းရဲ႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း သူ႔ကို စစ္သူႀကီးလို႔ေျပာတာ။ ေတာ္ေတာ္အေရးႀကီးတယ္။ အေရွ႕ေတာင္ အာရွႏိုင္ငံမွာလည္း ေတာ္ေတာ္အေရး ပါတယ္ေပါ့ေနာ္။ တစ္ခုခုျဖစ္ရင္ အာဏာက သူ႔ဆီမွာ ရွိေနၿပီ။ ဘုရင္လို႔ေခၚတဲ့ သမၼတဆိုတာေတာင္မွ အာဏာက အဲဒီေလာက္မရွိဘူး။ စစ္သူႀကီးက ဘုရင္ ကိုပုန္ကန္ၿပီးေတာ့မွ ဒီထီးနန္းကို တက္ၿပီးသိမ္းပိုက္မယ္ဆိုရင္ေတာင္မွေလ ျပည္သူေတြက လက္မခံဘူး။ မႉးမတ္ေတြကလည္း သူ႔ကိုမ႐ိုေသဘူး။ ေၾကာက္လို႔ သာထားမွာေလ။ သူ႔ကို တျဖည္းျဖည္း ဘယ္လိုပဲျဖစ္ ျဖစ္ ဉာဏ္ပညာနဲ႔ရွင္းထုတ္မွာေလ။ ခုေခတ္က်ေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေတြရဲ႕အေနအထားေတြက အဲဒီထက္ အမ်ားႀကီးျမင့္သြားၿပီ။ အဲဒါ ေၾကာင့္မို႔လို႔ ဘယ္လိုပဲျဖစ္ျဖစ္ ဗိုလ္ခ်ဳပ္မႉးႀကီးသည္ ေ႐ြးေကာက္ပြဲၿပီးတာနဲ႔ ဘာကိုကိုင္မလဲ။ သူရဲ႕အႏိုင္ရ တဲ့ပါတီကေတာ့ ျပည္ခိုင္ၿဖိဳးပဲျဖစ္မွာပဲ။ ျပည္ခိုင္ၿဖိဳး ႏိုင္မယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးက သမၼတလုပ္မယ္။ ၿပီး ေတာ့ ပါတီကိုလည္း ၿပိဳင္မယ္။ ေနာက္တစ္ခုက စစ္တပ္ကိုလည္းကိုင္မယ္။ အစိုးရကိုလည္းကိုင္မယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးက ရွီက်င့္ဖ်င္တို႔လုပ္တဲ့ ႏိုင္ငံေရးလို မ်ိဳးသူလုပ္သြားလိမ့္မယ္။ ပူတင္တို႔လုပ္တဲ့ဟာလိုမ်ိဳး လုပ္သြားလိမ့္မယ္။ ပူတင္က သူ႔မွာ ကာကြယ္ေရးဝန္ ႀကီးေတြရွိတယ္ေလ။ သူ႔မွာ ဖီးမာရွယ္လို႔ေခၚတဲ့ ဗိုလ္ခ်ဳပ္မႉးေတြရွိတယ္ေလ။ ဒါေပမဲ့ အဲဒါေတြအားလုံးကို ပူတင္က အကုန္ကိုင္သြားေတာ့တာေလ။ ဗိုလ္ခ်ဳပ္မႉးႀကီးက ဒီဘုရင္ေနရာေရာ၊ လႊတ္ေတာ္ေနရာေရာ၊ စစ္သူႀကီးေနရာ ေရာေပါ့ေနာ္။ သူ အကုန္လုံးထိန္းခ်ဳပ္မွာပဲ။ သူအကုန္လုပ္မွာ။ ဒါေၾကာင့္မို႔လို႔ ဏသ်ငအငသည အားလုံးေရာ၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ေရာ၊ နစက ဥကၠ႒ေရာ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေရာ၊ ယာယီသမၼတေရာ၊ အကုန္ယူထားတာပဲ။ တစ္ခုမွ အကုန္မေပးထားဘူး။ အဲဒီေတာ့ ေနာက္ဟာကို သမၼတလုပ္မယ္။ ကာကြယ္ေရးဦးစီးခ်ဳပ္ကိုေျပာမယ္ ဆိုရင္ ႏုနယ္တဲ့အဆင့္ေလာက္ရွိတဲ့ဟာကို ထားလိမ့္မယ္။ သိပ္ၿပီးေတာ့ တပ္မေတာ္မွာ အရမ္းႀကီး ဩဇာအာဏာ သက္ေရာက္ တဲ့သူကို ထားမွာမဟုတ္ဘူး။ ေနာက္တစ္ခုက ပါတီကိုလည္းေျပာၿပီးဆိုၿပီးဆိုတဲ့ လူကိုပဲထားလိမ့္မယ္။ အစိုးရပိုင္းကိုလည္း အစိုးရဝန္ႀကီးကိုခန႔္တာကိုလည္း သူ႔စိတ္တိုင္းက်ခန႔္ မယ္။ သူ႔စိတ္တိုင္းက်ထားၿပီးေတာ့ အားလုံး သုံးခုစ လုံးကို သူေသခ်ာကိုင္တြယ္ထိန္းခ်ဳပ္လိမ့္မယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းမွာလည္း ႏိုင္ငံေတာ္သမၼတ ဆိုတဲ့ ဂုဏ္အဂၤါနဲ႔ညီေအာင္ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္အေနနဲ႔သြားတဲ့အခါမွာ တ႐ုတ္ျပည္ကို သြားတယ္။ တ႐ုတ္ သမၼတက ထြက္မေတြ႕ဘူး။ ႏိုင္ငံေတာ္သမၼတဆိုရင္ သူ႔ကို ေကာေဇာနီခင္းၿပီး ႀကိဳရမွာေလ။ တ႐ုတ္သမၼတကိုယ္တိုင္ ေတြ႕ရမွာေလ။ ေနာက္တစ္ခါ အခု႐ုရွားကိုသြားလည္း ပူတင္ေတြ႕ ခ်င္မွလည္းေတြ႕မယ္။ မေတြ႕ခ်င္လည္း မေတြ႕ဘူး။ ဒါေပမဲ့ သူသမၼတျဖစ္ၿပီဆိုရင္ ပူတင္ကသူ႔ကို ႀကိဳဆိုရမယ္။ သမၼတအေနနဲ႔ႀကိဳဆိုရမယ္။ ႏိုင္ငံႀကီးတာ ငယ္တာေတြအပထား။ သူက သမၼတျဖစ္သြားၿပီေလ။ အဲဒီေတာ့ အဲဒါလုပ္လိမ့္မယ္။ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ဆိုတာ ေနာက္တစ္ခ်က္မွာထင္တယ္။ ဘယ္ေလာက္ေတာင္ထားမလဲမသိဘူး။ (၃၈)ေတြ ေတာင္ထား မလားမသိဘူး။ (၃၈)တို႔ (၃၉)တို႔ (၄၀)အဲဒီေလာက္ထားျဖစ္မယ္ထင္တယ္။ အဲဒီထက္ အႀကီးေတြေတာင္ ထားခ်င္မွထားမွာ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ တပ္မေတာ္ကို ေတာ္ေတာ္ဩဇာလႊမ္းၿပီး ေတာ့ ျဖစ္တဲ့ဟာကိုထားမွာ မဟုတ္ဘူး။ အဲဒီေတာ့ ဘယ္လိုျဖစ္လဲဆိုေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးက ဘုရင္ ေနရာကို ပိုင္ပိုင္ႏိုင္ႏိုင္ ရေအာင္ယူလိမ့္မယ္။ စစ္သူ ႀကီးကိုလည္း အာခံခြင့္ ပုန္ကန္ခြင့္ေပးမွာလည္း မဟုတ္ဘူး။ ေနာက္ အႏိုင္ရတဲ့ပါတီကိုလည္း အဲဒီလိုပဲ လုပ္ခ်င္ရာလုပ္ခြင့္ေပးမွာမဟုတ္ဘူး။ ပါတီနဲ႔သူခ်မွတ္ ထားတဲ့ လမ္းစဥ္နဲ႔မူဝါဒအတိုင္းပဲ သြားလိမ့္မယ္ထင္တယ္။ အဲဒါကလည္း တကယ္ေတာ့ ျပည္ခိုင္ၿဖိဳး မွာလည္း မူဝါဒေကာင္းေတြရွိပါတယ္။ ဒါေပမဲ့ ျပည္ခိုင္ၿဖိဳးမွာရွိတဲ့အမတ္ေတြနဲ႔ သူရဲ႕ ဗဟိုေကာ္ မတီဝင္ေတြက ေကာင္းေကာင္းအလုပ္မလုပ္လို႔ပါ။ ဗိုလ္ခ်ဳပ္မႉးႀကီး ဦးသန္းေ႐ႊက ခ်ထားၿပီးသားပါ။ အလုပ္မလုပ္တာေပါ့။ ျပည္ခိုင္ၿဖိဳးအဖြဲ႕ေတြလည္း အလုပ္မလုပ္တာေပါ့။ NLD ကေတာ့ ပါတီက ျပန္ မွတ္ပုံတင္တင္၊ မတင္တင္ သိပ္အေရးပါမွာမဟုတ္ ပါဘူး။ မွတ္ပုံတင္လည္း တင္တာပဲရွိမွာပါ။
ေက်ာ္ႏု - မွန္းလို႔ေတာ့ရပါတယ္။ တခ်ိဳ႕ဟာေတြက မွန္းလို႔ေတာ့ရေနၿပီ။ ကဲ ..။ ကို ... ေရ ကြၽန္ေတာ္တို႔ နားၾကတာေပါ့။