စက်ရုံ၊ အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမည့်သူဦးရေ(၄၀၀)နှင့် အထက်ရှိပါက လုပ်ငန်းခွင်များသို့ Mobile Team များ စေလွှတ်သွားမည်

 354

နာမူ (NP News) - ဒီဇင်ဘာ ၈

ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမည့် သူဦးရေ အယောက်(၄၀၀)နှင့်အထက်ရှိပါက သက်တမ်းတိုးကိစ္စများဆောင်ရွက်ရန် အဆိုပါလုပ်ငန်းခွင်များသို့ Mobile Team များစေလွှတ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ်စာအုပ်များအား (၂) နှစ် သက်တမ်းတိုးနိုင်ရန်အတွက် ပုံမှန်အားဖြင့် စာအုပ်သက်တမ်းသည် အနည်းဆုံး ၂ နှစ် ၆ လခန့်ရှိရမည်ဖြစ်သော် လည်း ယခုအခါ ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာဌာနများအနေဖြင့် စာအုပ်လက်ကျန်သက်တမ်းအတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် (Work Permit / Visa) ကို ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စာအုပ်သက်တမ်းကုန်ချိန်ရောက်ရှိပါကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး နှင့် ချင်းမိုင်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတို့တွင် စာအုပ်အသစ်ပြုလုပ်ခြင်း၊ စာအုပ်နှစ်အုပ်မှာ တစ်ဦးတည်းဖြစ်ကြောင်း ထောက်ခံချက် ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမည့်သူအရေအတွက် (၄၀၀) ဦးနှင့် အထက်ရှိပါက လုပ်ငန်းမရပ်တံ့စေရေးနှင့် လုပ်သားများနေ့တွက်စရိတ်မဆုံးရှုံးစေရေးကို ရည်ရွယ်၍ လုပ်ငန်းခွင်များသို့ သက်တမ်းတိုးကိစ္စများ ဆောင်ရွက်ရန်အတွက် Moblie Team များ စေလွှတ်ပေးသွားမည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အထက်ပါကိစ္စအား လုပ်ငန်းခွင်၏ HR Manager အား အသိပေးကာ HR Manager ၏ ထောက်ခံချက် နှင့်အတူ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမည့်လုပ်သားစာရင်းကို သတ်မှတ်ပုံစံအတိုင်းဖြည့်စွက်၍ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၏ ကောင်စစ်ဌာနများသို့ ယခုလ ၉ ရက်မှ စတင်ကာ လာရောက်တင်ပြနိုင်မည်ဖြစ် ကြောင်းလည်း သိရသည်။
CI စာအုပ် သက်တမ်းတိုးရေးလုပ်ငန်းစဉ်များအားလည်း ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံအစိုးရအဖွဲ့အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်က ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်ကိုင်ဆောင်ထားပါက နိုင်ငံအတွင်း (၂) နှစ်သက်တမ်းရှိသည့် ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုမှုကို ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Zawgyi Version;
စက္႐ုံ၊ အလုပ္႐ုံႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးမည့္သူဦးေရ(၄၀၀)ႏွင့္ အထက္ရွိပါက လုပ္ငန္းခြင္မ်ားသို႔ Mobile Team မ်ား ေစလႊတ္သြားမည္
နာမူ (NP News) - ဒီဇင္ဘာ ၈

ထိုင္းႏိုင္ငံအတြင္းရွိ စက္႐ုံ၊ အလုပ္႐ုံႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးမည့္ သူဦးေရ အေယာက္(၄၀၀)ႏွင့္အထက္ရွိပါက သက္တမ္းတိုးကိစၥမ်ားေဆာင္႐ြက္ရန္ အဆိုပါလုပ္ငန္းခြင္မ်ားသို႔ Mobile Team မ်ားေစလႊတ္သြားမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။
ထုတ္ျပန္ခ်က္တြင္ ထိုင္းေရာက္ျမန္မာအလုပ္သမားမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္စာအုပ္မ်ားအား (၂) ႏွစ္ သက္တမ္းတိုးႏိုင္ရန္အတြက္ ပုံမွန္အားျဖင့္ စာအုပ္သက္တမ္းသည္ အနည္းဆုံး ၂ ႏွစ္ ၆ လခန႔္ရွိရမည္ျဖစ္ေသာ္ လည္း ယခုအခါ ထိုင္းႏိုင္ငံ၏ သက္ဆိုင္ရာဌာနမ်ားအေနျဖင့္ စာအုပ္လက္က်န္သက္တမ္းအတြင္း ယာယီေနထိုင္ အလုပ္လုပ္ကိုင္ခြင့္ (Work Permit / Visa) ကို ခြင့္ျပဳေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

စာအုပ္သက္တမ္းကုန္ခ်ိန္ေရာက္ရွိပါကလည္း ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး ႏွင့္ ခ်င္းမိုင္ၿမိဳ႕ရွိ ျမန္မာ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးတို႔တြင္ စာအုပ္အသစ္ျပဳလုပ္ျခင္း၊ စာအုပ္ႏွစ္အုပ္မွာ တစ္ဦးတည္းျဖစ္ေၾကာင္း ေထာက္ခံခ်က္ ျပဳလုပ္ျခင္းတို႔ကို ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
စက္႐ုံ၊ အလုပ္႐ုံမ်ားႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးရမည့္သူအေရအတြက္ (၄၀၀) ဦးႏွင့္ အထက္ရွိပါက လုပ္ငန္းမရပ္တံ့ေစေရးႏွင့္ လုပ္သားမ်ားေန႔တြက္စရိတ္မဆုံးရႈံးေစေရးကို ရည္႐ြယ္၍ လုပ္ငန္းခြင္မ်ားသို႔ သက္တမ္းတိုးကိစၥမ်ား ေဆာင္႐ြက္ရန္အတြက္ Moblie Team မ်ား ေစလႊတ္ေပးသြားမည္ျဖစ္ ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ အထက္ပါကိစၥအား လုပ္ငန္းခြင္၏ HR Manager အား အသိေပးကာ HR Manager ၏ ေထာက္ခံခ်က္ ႏွင့္အတူ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးမည့္လုပ္သားစာရင္းကို သတ္မွတ္ပုံစံအတိုင္းျဖည့္စြက္၍ ျမန္မာသံ႐ုံးႏွင့္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမ်ား၏ ေကာင္စစ္ဌာနမ်ားသို႔ ယခုလ ၉ ရက္မွ စတင္ကာ လာေရာက္တင္ျပႏိုင္မည္ျဖစ္ ေၾကာင္းလည္း သိရသည္။
CI စာအုပ္ သက္တမ္းတိုးေရးလုပ္ငန္းစဥ္မ်ားအားလည္း ဆက္လက္အသိေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထိုင္းႏိုင္ငံအစိုးရအဖြဲ႕အေနျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၄ ရက္က ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားမ်ား အေနျဖင့္ ႏိုင္ငံကူးလက္မွတ္ႏွင့္ CI စာအုပ္ကိုင္ေဆာင္ထားပါက ႏိုင္ငံအတြင္း (၂) ႏွစ္သက္တမ္းရွိသည့္ ယာယီ ေနထိုင္အလုပ္လုပ္ကိုင္ခြင့္ျပဳမႈကို ေပးအပ္သြားမည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

© 2021. All rights reserved.