(၂)လကျော်ကာလအတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် စုစုပေါင်း ငွေကျပ်(၃၀)ဘီလျံကျော် ထောက်ပံ့ထား

503

ယွန်း (NP News) - ဒီဇင်ဘာ ၈
(၂)လကျော်ကာလအတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် စုစုပေါင်း ငွေကျပ်(၃၀)ဘီလျံကျော် ထောက်ပံ့ထားပြီးဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဒီဇင်ဘာ(၇)ရက် ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ် (၈)ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများအား စာရင်းကောက်ယူခဲ့ရာ ဆည်မြောင်းတာတမံ၊ လမ်းတံတား နှင့် ပညာရေးကဏ္ဍ အပါအဝင် ကဏ္ဍ(၆)ခုရှိ ရုံးအဆောက်အဦများ ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် (၂၂၄) ဘီလျံကျော် ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လူနေအိမ်ပျက်စီးမှု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံပျက်စီးမှု အပါအဝင် စသည်ဖြင့် လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ် (၂၂၁)ဘီလျံကျော် နှင့် စုစုပေါင်း ငွေကျပ်(၄၆၆)ဘီလျံကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် နေပြည်တော် နှင့် မန္တလေးတိုင်းတို့က အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယဖြစ်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ(၉)ရက်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခု၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၈) သောင်းကျော်၊ လူဦးရေ (၁) သန်းနီးပါး ရေဘေးအန္တရာယ်တွေ့ကြုံ ခံစားခဲ့ရသည့်အပြင် သေဆုံး/ပျောက်ဆုံးသူ (၅၂၀) ဦးရှိပြီး တိရစ္ဆာန်ပေါင်း (၁) သိန်း (၈)သောင်းကျော်သေဆုံးခဲ့ ကာ စပါး နှင့် သီးနှံစိုက်ဧက (၇) သိန်းကျော် ထိခိုက်ခဲ့ရကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
ထို့ကြောင့် ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်မှ ပံ့ပိုးကူညီပေးလျက်ရှိရာ ရေဘေး စတင်ဖြစ်ပွားသည်မှ နိုဝင်ဘာ(၂၀)ရက်အထိ အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့မှုအတွက် ငွေကျပ် (၅ ဒသမ ၂၂၃) ဘီလျံကျော်၊ သေဆုံးသွားသူများ၏ မိသားစုများအား ထောက်ပံ့မှုအတွက် ငွေကျပ်(၄၄၆ ဒသမ ၈) သန်း ကျော်၊ နေအိမ်များ ပြန်လည်တည်ဆောက်ရန် ငွေကျပ် (၂၀ ဒသမ ၅၀၆)ဘီလျံကျော် ထောက်ပံ့ထားကြောင်း သိရသည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မျိုးစေ့၊ သွင်းအားစု၊ အိမ်မွေးနှင့် လယ်ယာသုံးတိရစ္ဆာန်များ ထောက်ပံ့မှုအတွက် ငွေကျပ်(၄ ဒသမ ၇၃၂) ဘီလျံကျော် အပါအဝင် စုစုပေါင်းငွေကျပ် (၃၀ ဒသမ ၇၇၉) ဘီလျံ ကျော်ကို ထောက်ပံ့ထားပြီးဖြစ်ကြောင်း စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ကဏ္ဍအလိုက်အရှိန်အဟုန် ဖြင့် ဆောင်ရွက်လျက်ရှိရာ ရေဘေးသင့်ဒေသများရှိ အခြေခံပညာကျောင်း (၁၅၀၀)ကျော်ကို တစ်လအတွင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လမ်းပျက်စီးမှု၏ (၇၃ ဒသမ ၂၃) ရာခိုင်နှုန်း၊ တံတားပျက်စီးမှု၏(၄၁ ဒသမ ၉၂) ရာခိုင်နှုန်း၊ မြန်မာ့မီးရထား လမ်းပိုင်းအလိုက် ပျက်စီးမှု၏ (၆၇ ဒသမ ၃၅) ရာခိုင်နှုန်းကိုလည်း ပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။
အလားတူ မိုးစပါးပျက်စီးဧကများအနက် ပြန်လည်စိုက်ပျိုးရန်လျာထားမှု၏ (၇၃ ဒသမ ၃၅) ရာခိုင်နှုန်းကိုလည်း ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြီးစီးမှုအနေဖြင့် ဆက်သွယ်မှု၏ (၉၉ ဒသမ ၉၉) ရာခိုင်နှုန်း လွှမ်းခြုံနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်သတ်မှတ်ကာလဖြစ်သည့် ၂၀၂၅ ခုနှစ်၊ မတ်လ(၁၅)ရက်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အသိပေးထားသည်။

Zawgyi Version;
(၂)လေက်ာ္ကာလအတြင္း ရာဂီမုန္တိုင္းေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားအတြက္ စုစုေပါင္း ေငြက်ပ္(၃၀)ဘီလ်ံေက်ာ္ ေထာက္ပံ့ထား
ယြန္း (NP News) - ဒီဇင္ဘာ ၈
(၂)လေက်ာ္ကာလအတြင္း ရာဂီမုန္တိုင္းေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားအတြက္ စုစုေပါင္း ေငြက်ပ္(၃၀)ဘီလ်ံေက်ာ္ ေထာက္ပံ့ထားၿပီးျဖစ္ေၾကာင္း အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈေကာ္မတီ၏ ဒီဇင္ဘာ(၇)ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။
စက္တင္ဘာလအတြင္းျဖစ္ေပၚခဲ့သည့္ ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ ေနျပည္ေတာ္ အပါအဝင္ တိုင္းႏွင့္ ျပည္နယ္ (၈)ခုတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့ၿပီး ပ်က္စီးဆုံးရႈံးမႈမ်ားအား စာရင္းေကာက္ယူခဲ့ရာ ဆည္ေျမာင္းတာတမံ၊ လမ္းတံတား ႏွင့္ ပညာေရးက႑ အပါအဝင္ က႑(၆)ခုရွိ ႐ုံးအေဆာက္အဦမ်ား ပ်က္စီးခဲ့ၿပီး ပ်က္စီးဆုံးရႈံးမႈ တန္ဖိုးေငြက်ပ္ (၂၂၄) ဘီလ်ံေက်ာ္ ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လူေနအိမ္ပ်က္စီးမႈ၊ ပုဂၢလိကစက္႐ုံအလုပ္႐ုံပ်က္စီးမႈ အပါအဝင္ စသည္ျဖင့္ လူမႈေရးက႑ဆုံးရႈံးမႈ ေငြက်ပ္ (၂၂၁)ဘီလ်ံေက်ာ္ ႏွင့္ စုစုေပါင္း ေငြက်ပ္(၄၆၆)ဘီလ်ံေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ၿပီး ပ်က္စီးဆုံးရႈံးမႈအေနျဖင့္ ေနျပည္ေတာ္ ႏွင့္ မႏၲေလးတိုင္းတို႔က အမ်ားဆုံးျဖစ္ၿပီး ရွမ္းျပည္နယ္က ဒုတိယျဖစ္ခဲ့သည္။
ၿပီးခဲ့သည့္ စက္တင္ဘာ(၉)ရက္တြင္ ျဖစ္ပြားခဲ့သည့္ ေရႀကီးေရလွ်ံမႈေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၉)ခု၌ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ၿပီး အိမ္ေထာင္စု (၈) ေသာင္းေက်ာ္၊ လူဦးေရ (၁) သန္းနီးပါး ေရေဘးအႏၲရာယ္ေတြ႕ႀကဳံ ခံစားခဲ့ရသည့္အျပင္ ေသဆုံး/ေပ်ာက္ဆုံးသူ (၅၂၀) ဦးရွိၿပီး တိရစာၦန္ေပါင္း (၁) သိန္း (၈)ေသာင္းေက်ာ္ေသဆုံးခဲ့ ကာ စပါး ႏွင့္ သီးႏွံစိုက္ဧက (၇) သိန္းေက်ာ္ ထိခိုက္ခဲ့ရေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ထို႔ေၾကာင့္ ရာဂီမုန္တိုင္းေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားအား ႏိုင္ငံေတာ္မွ ပံ့ပိုးကူညီေပးလ်က္ရွိရာ ေရေဘး စတင္ျဖစ္ပြားသည္မွ ႏိုဝင္ဘာ(၂၀)ရက္အထိ အေရးေပၚစားနပ္ရိကၡာမ်ား ေထာက္ပံ့မႈအတြက္ ေငြက်ပ္ (၅ ဒသမ ၂၂၃) ဘီလ်ံေက်ာ္၊ ေသဆုံးသြားသူမ်ား၏ မိသားစုမ်ားအား ေထာက္ပံ့မႈအတြက္ ေငြက်ပ္(၄၄၆ ဒသမ ၈) သန္း ေက်ာ္၊ ေနအိမ္မ်ား ျပန္လည္တည္ေဆာက္ရန္ ေငြက်ပ္ (၂၀ ဒသမ ၅၀၆)ဘီလ်ံေက်ာ္ ေထာက္ပံ့ထားေၾကာင္း သိရသည္။
ထို႔ျပင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ားအတြက္ မ်ိဳးေစ့၊ သြင္းအားစု၊ အိမ္ေမြးႏွင့္ လယ္ယာသုံးတိရစာၦန္မ်ား ေထာက္ပံ့မႈအတြက္ ေငြက်ပ္(၄ ဒသမ ၇၃၂) ဘီလ်ံေက်ာ္ အပါအဝင္ စုစုေပါင္းေငြက်ပ္ (၃၀ ဒသမ ၇၇၉) ဘီလ်ံ ေက်ာ္ကို ေထာက္ပံ့ထားၿပီးျဖစ္ေၾကာင္း စီမံခန႔္ခြဲမႈေကာ္မတီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္မႈႏွင့္အညီ က႑အလိုက္အရွိန္အဟုန္ ျဖင့္ ေဆာင္႐ြက္လ်က္ရွိရာ ေရေဘးသင့္ေဒသမ်ားရွိ အေျခခံပညာေက်ာင္း (၁၅၀၀)ေက်ာ္ကို တစ္လအတြင္း ျပန္လည္ဖြင့္လွစ္သင္ၾကားေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လမ္းပ်က္စီးမႈ၏ (၇၃ ဒသမ ၂၃) ရာခိုင္ႏႈန္း၊ တံတားပ်က္စီးမႈ၏(၄၁ ဒသမ ၉၂) ရာခိုင္ႏႈန္း၊ ျမန္မာ့မီးရထား လမ္းပိုင္းအလိုက္ ပ်က္စီးမႈ၏ (၆၇ ဒသမ ၃၅) ရာခိုင္ႏႈန္းကိုလည္း ျပဳျပင္ၿပီးျဖစ္ေၾကာင္း သိရသည္။
အလားတူ မိုးစပါးပ်က္စီးဧကမ်ားအနက္ ျပန္လည္စိုက္ပ်ိဳးရန္လ်ာထားမႈ၏ (၇၃ ဒသမ ၃၅) ရာခိုင္ႏႈန္းကိုလည္း ျပန္လည္စိုက္ပ်ိဳးႏိုင္ခဲ့ၿပီး ဆက္သြယ္ေရးက႑ျပဳျပင္ၿပီးစီးမႈအေနျဖင့္ ဆက္သြယ္မႈ၏ (၉၉ ဒသမ ၉၉) ရာခိုင္ႏႈန္း လႊမ္းၿခဳံႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္သတ္မွတ္ကာလျဖစ္သည့္ ၂၀၂၅ ခုႏွစ္၊ မတ္လ(၁၅)ရက္အတြင္း ၿပီးေျမာက္ေအာင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီက အသိေပးထားသည္။