၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လက်ရှိအချိန်တွင် စာရင်းပေးသွင်းသူ ၂၂၀,၀၀၀ ဝန်းကျင်ရှိဟုဆို

 829

NP News - ဒီဇင်ဘာ ၁၅

ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် လက်ရှိအချိန်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/ကျောင်းသူဦးရေ (၂၂၀,၀၀၀)ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဖြေဆိုမည့်သူများအတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များနှင့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ကြောင်း၊ အဆိုပါစာမေးပွဲကို ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီး ဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“၂ဝ၂၅ ခုနှစ် မတ်လမှာ ဖြေဆိုရမယ့် စာမေးပွဲရဲ့ ထူးခြားချက်အနေနဲ့ကတော့ ပိတ်ရက်မရှိပါဘူး။ စနေ၊ တနင်္ဂနွေ လိုနေ့တွေပါ ဖြေဆိုရမှာဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေလို ကြားရက်တွေ မပိတ်ပေးတော့ဘဲ မတ်လ ၁၇ ရက်ကနေ မတ်လ ၂၂ ရက်အထိ တောက်လျှောက် ပိတ်ရက်မရှိ ကျင်းပတာဖြစ်ပါတယ်။ ဒီနှစ်မှာ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူ ၂၂၀,၀၀၀ စာရင်းပေးသွင်းထားပါတယ်။ ဒါက လောလောဆယ်စာရင်းပါ ဇန်နဝါရီလ နောက်ပိုင်းမှ အတိအကျသိနိုင်မယ်” ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။
စာမေးပွဲအချိန်ဇယားအရ လာမည့် မတ်လ ၁၇ ရက်တွင် မြန်မာစာ၊ ၁၈ ရက်တွင် အင်္ဂလိပ်စာ၊ ၁၉ ရက်တွင် သင်္ချာ၊ ၂၀ ရက်တွင် ဓာတုဗေဒ (သို့မဟုတ်) ပထဝီဝင်၊ ၂၁ ရက်တွင် ရူပဗေဒ (သို့မဟုတ်) သမိုင်း၊ ၂၂ ရက်တွင် ဇီဝဗေဒ (သို့မဟုတ်) ဘောဂဗေဒ စသဖြင့် ပိတ်ရက်မရှိ မိမိတို့ယူထားသည့် ဘာသာတွဲအလိုက် ဖြေဆိုရမှာဖြစ်ကြောင်း သိရသည်။
ပြိးခဲ့သည့်ပညာသင်နှစ် ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲထက် ဖြေဆိုသူဦးရေ ပိုမိုများပြား လာခဲ့ပြီး ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဖြေဆိုသူ ၁၂၈,၈၂၀ ဦးရှိခဲ့ရာ ၇၄,၅၉၂ ဦး အောင်မြင်ခဲ့ကြောင်း၊ အောင်ချက် ရာခိုင်နှုန်းအားဖြင့် ၅၉ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Zawgyi Version;
၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုရန္ လက္ရွိအခ်ိန္တြင္ စာရင္းေပးသြင္းသူ ၂၂၀,၀၀၀ ဝန္းက်င္ရွိဟုဆို
NP News - ဒီဇင္ဘာ ၁၅

ယခု ၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္အတြက္ လက္ရွိအခ်ိန္တြင္ တကၠသိုလ္ဝင္စာေမးပြဲကို ဝင္ေရာက္ေျဖဆိုရန္ ေက်ာင္းသား/ေက်ာင္းသူဦးေရ (၂၂၀,၀၀၀)ဝန္းက်င္ စာရင္းေပးသြင္းထားေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရသည္။
တကၠသိုလ္ဝင္စာေမးပြဲကို လာမည့္ ၂၀၂၅ ခုႏွစ္၊ မတ္လ ၁၇ ရက္မွ ၂၂ ရက္အထိ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ေျဖဆိုမည့္သူမ်ားအတြင္ အေျခခံပညာေက်ာင္းမ်ားမွ ေက်ာင္းသား/သူမ်ား၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း မ်ားႏွင့္ ပုဂၢလိက ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားမွ ေက်ာင္းသား/သူမ်ား ပါဝင္ေၾကာင္း၊ အဆိုပါစာေမးပြဲကို ပိတ္ရက္မရွိ ေျဖဆိုရမွာျဖစ္ေၾကာင္းလည္း ပညာေရးဝန္ႀကီးဌာန၊ ေက်ာင္းျပင္ပႏွင့္ တစ္သက္တာပညာေရးဦးစီး ဌာန မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
“၂ဝ၂၅ ခုႏွစ္ မတ္လမွာ ေျဖဆိုရမယ့္ စာေမးပြဲရဲ႕ ထူးျခားခ်က္အေနနဲ႔ကေတာ့ ပိတ္ရက္မရွိပါဘူး။ စေန၊ တနဂၤေႏြ လိုေန႔ေတြပါ ေျဖဆိုရမွာျဖစ္ပါတယ္။ ခါတိုင္းႏွစ္ေတြလို ၾကားရက္ေတြ မပိတ္ေပးေတာ့ဘဲ မတ္လ ၁၇ ရက္ကေန မတ္လ ၂၂ ရက္အထိ ေတာက္ေလွ်ာက္ ပိတ္ရက္မရွိ က်င္းပတာျဖစ္ပါတယ္။ ဒီႏွစ္မွာ ေျဖဆိုမယ့္ ေက်ာင္းသား၊ ေက်ာင္းသူ ၂၂၀,၀၀၀ စာရင္းေပးသြင္းထားပါတယ္။ ဒါက ေလာေလာဆယ္စာရင္းပါ ဇန္နဝါရီလ ေနာက္ပိုင္းမွ အတိအက်သိႏိုင္မယ္” ဟု ၎မွ ဆက္လက္ေျပာၾကားသည္။
စာေမးပြဲအခ်ိန္ဇယားအရ လာမည့္ မတ္လ ၁၇ ရက္တြင္ ျမန္မာစာ၊ ၁၈ ရက္တြင္ အဂၤလိပ္စာ၊ ၁၉ ရက္တြင္ သခ်ၤာ၊ ၂၀ ရက္တြင္ ဓာတုေဗဒ (သို႔မဟုတ္) ပထဝီဝင္၊ ၂၁ ရက္တြင္ ႐ူပေဗဒ (သို႔မဟုတ္) သမိုင္း၊ ၂၂ ရက္တြင္ ဇီဝေဗဒ (သို႔မဟုတ္) ေဘာဂေဗဒ စသျဖင့္ ပိတ္ရက္မရွိ မိမိတို႔ယူထားသည့္ ဘာသာတြဲအလိုက္ ေျဖဆိုရမွာျဖစ္ေၾကာင္း သိရသည္။
ၿပိးခဲ့သည့္ပညာသင္ႏွစ္ ၂၀၂၃-၂၀၂၄ တကၠသိုလ္ဝင္စာေမးပြဲထက္ ေျဖဆိုသူဦးေရ ပိုမိုမ်ားျပား လာခဲ့ၿပီး ၂၀၂၃-၂၀၂၄ တကၠသိုလ္ဝင္စာေမးပြဲမွာ ေျဖဆိုသူ ၁၂၈,၈၂၀ ဦးရွိခဲ့ရာ ၇၄,၅၉၂ ဦး ေအာင္ျမင္ခဲ့ေၾကာင္း၊ ေအာင္ခ်က္ ရာခိုင္ႏႈန္းအားျဖင့္ ၅၉ ဒသမ ၉ ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.