အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများအကြား နိုင်ငံငယ်များအပေါ် ကဏ္ဍပေါင်းစုံမှဝင်ရောက် စွက်ဖက်ပြီး လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းမှုများ ကမ္ဘာ့အနှံ့တွင်ဖြစ်ပွားနေဟု နစကဥက္ကဋ္ဌ ဆို
243
သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၆
မျက်မှောက်ကာလတွင် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများအကြား နိုင်ငံငယ်များအပေါ် ကဏ္ဍပေါင်းစုံမှ ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းမှုများသည် ကမ္ဘာအနှံ့တွင်ဖြစ်ပွားနေလျက်ရှိကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်က ပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌက ယမန်နေ့(ဒီဇင်ဘာ ၁၅ ရက်) နံနက်ပိုင်းက မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၌ကျင်းပပြုလုပ်သော တပ်မတော်(လေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က တပ်မတော်(လေ) လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားများ (၁၄)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး အထက်ပါအခမ်းအနားတွင် လေယာဉ်၊ ရဟတ်ယာဉ်များကို တပ်တော်ဝင်ခြင်း ဆောင်ရွက်ပြီး တပ်မတော်(လေ)သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ လေယာဉ်၊ ရဟတ်ယာဉ်များ တိုးတက်ဖြည့်ဆည်းပေးနိုင်သည့်အတွက် တပ်မတော် (လေ) ၏ စစ်ဆင်ရေးနှင့် အခြားပျံသန်းရေးတာဝန်များ ထမ်းဆောင်ရာတွင် အဓိကအရေးပါသည့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားတိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်လည်းဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌကပြောသည်။
ထို့ပြင် မျက်မှောက်ခေတ် ကမ္ဘာတစ်လွှားဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ကြောင့် လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်ရန် ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့များ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည် ပိုမိုအားကောင်းတိုးတက်စေကြောင်း သိသာထင်ရှားစွာ တွေ့မြင်နေရပြီး တပ်မတော် (လေ)အနေဖြင့် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေများကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ဆန်းစစ်ပြီး လိုက်လျောညီထွေစွာ ပြောင်းလဲတိုးတက်ဆောင်ရွက်နေရမည် ဖြစ်ကြောင်းကို နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ထည့်သွင်းမှာကြားခဲ့သည်။
ထို့ပြင် ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချစစ်ဆင်နိုင်ရန် လေ့ကျင့်သားပြည့်ဝမှုသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်းနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်ပြောင်းလဲနေသည့်အတွက် တစ်ကြိမ်တစ်ခါလေ့ ကျင့်ရုံဖြင့် မလုံလောက်ဘဲ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဟူသည့် လုပ်ငန်းစဉ်အတိုင်း အမြဲမပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့နောက် လက်ရှိကာလတွင်အင်အားကြီးနိုင်ငံများ၏ အချင်းချင်းအားပြိုင်မှုများ တိုးတက်ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် နိုင်ငံငယ်များအပေါ် ကဏ္ဍပေါင်းစုံမှ ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းမှုများ၊ နိုင်ငံအချင်းချင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပြည်တွင်းမငြိမ်မသက်မှုများသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားနေကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ပြောကြားခဲ့သည်။
တပ်မတော် (လေ) ၏သမိုင်းကို ပြန်ကြည့်မည်ဆိုပါက အခက်အခဲများကြားမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ဇွဲသတ္တိတို့ကို အရင်းခံပြီး ရှိသည့်လေယာဉ်၊ ရှိသည့်လက်နက်ဖြင့်ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားတိုက်ပွဲဝင်ခဲ့သည်ကို အထင်အရှားတွေ့မြင်နေရကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။
zawgyi version
အင္အားႀကီးႏိုင္ငံမ်ား၏ အားၿပိဳင္မႈမ်ားအၾကား ႏိုင္ငံငယ္မ်ားအေပၚ က႑ေပါင္းစုံမွဝင္ေရာက္ စြက္ဖက္ၿပီး လႊမ္းမိုးျခယ္လွယ္ရန္ ႀကိဳးပမ္းမႈမ်ား ကမာၻ႔အႏွံ႔တြင္ျဖစ္ပြားေနဟု နစကဥကၠ႒ ဆို
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၆
မ်က္ေမွာက္ကာလတြင္ အင္အားႀကီးႏိုင္ငံမ်ား၏ အားၿပိဳင္မႈမ်ားအၾကား ႏိုင္ငံငယ္မ်ားအေပၚ က႑ေပါင္းစုံမွ ဝင္ေရာက္စြက္ဖက္ၿပီး လႊမ္းမိုးျခယ္လွယ္ရန္ ႀကိဳးပမ္းမႈမ်ားသည္ ကမာၻအႏွံ႔တြင္ျဖစ္ပြားေနလ်က္ရွိေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးေအာင္လႈိင္က ေျပာၾကားခဲ့သည္။
နစက ဥကၠ႒က ယမန္ေန႔(ဒီဇင္ဘာ ၁၅ ရက္) နံနက္ပိုင္းက မိတၳီလာတပ္နယ္ရွိ ေလေၾကာင္းအတတ္သင္ေလတပ္စခန္းဌာနခ်ဳပ္၌က်င္းပျပဳလုပ္ေသာ တပ္မေတာ္(ေလ)၏ (၇၇)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခင္က တပ္မေတာ္(ေလ) ေလယာဥ္၊ ရဟတ္ယာဥ္မ်ား တပ္ေတာ္ဝင္အခမ္းအနားမ်ား (၁၄)ႀကိမ္ က်င္းပျပဳလုပ္ခဲ့ၿပီး အထက္ပါအခမ္းအနားတြင္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားကို တပ္ေတာ္ဝင္ျခင္း ေဆာင္႐ြက္ၿပီး တပ္မေတာ္(ေလ)သို႔ လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္း ၎က ထည့္သြင္းေျပာၾကားခဲ့သည္။
ထိုသို႔ ေလယာဥ္၊ ရဟတ္ယာဥ္မ်ား တိုးတက္ျဖည့္ဆည္းေပးႏိုင္သည့္အတြက္ တပ္မေတာ္ (ေလ) ၏ စစ္ဆင္ေရးႏွင့္ အျခားပ်ံသန္းေရးတာဝန္မ်ား ထမ္းေဆာင္ရာတြင္ အဓိကအေရးပါသည့္ စြမ္းေဆာင္ရည္မ်ားကို ျမႇင့္တင္ေပးရာေရာက္သကဲ့သို႔ တပ္မေတာ္အတြက္ တိုက္စြမ္းရည္ႏွင့္ တိုက္စြမ္းအားတိုးတက္ျမင့္မားေအာင္ အေထာက္အကူျပဳေစမည္လည္းျဖစ္ေၾကာင္းလည္း နစကဥကၠ႒ကေျပာသည္။
ထို႔ျပင္ မ်က္ေမွာက္ေခတ္ ကမာၻတစ္လႊားျဖစ္ပြားေနသည့္ စစ္ပြဲမ်ားႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ားကို ေလ့လာဆန္းစစ္ၾကည့္ပါက ေလေၾကာင္းႏွင့္ အာကာသစြမ္းအားဟာ စစ္ပြဲေအာင္ႏိုင္ေရးအတြက္ အဓိကအေရးပါသည့္ အခန္းက႑က ပါဝင္ေနသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ေၾကာင့္ ေလေၾကာင္းစြမ္းအား သာလြန္ေကာင္းမြန္ရန္ ရန္သူအေပၚ လႊမ္းမိုးထိန္းခ်ဳပ္ေခ်မႈန္းႏိုင္ၿပီး မိမိတပ္ဖြဲ႕မ်ား၏ စိတ္ဓာတ္ႏွင့္ တိုက္စြမ္းရည္ ပိုမိုအားေကာင္းတိုးတက္ေစေၾကာင္း သိသာထင္ရွားစြာ ေတြ႕ျမင္ေနရၿပီး တပ္မေတာ္ (ေလ)အေနျဖင့္ ျဖစ္ေပၚတိုးတက္ေနသည့္ အေျခအေနမ်ားကို မ်က္ျခည္မျပတ္ ေလ့လာသုံးသပ္ဆန္းစစ္ၿပီး လိုက္ေလ်ာညီေထြစြာ ေျပာင္းလဲတိုးတက္ေဆာင္႐ြက္ေနရမည္ ျဖစ္ေၾကာင္းကို နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္ေအာင္လႈိင္က ထည့္သြင္းမွာၾကားခဲ့သည္။
ထို႔ျပင္ ပိုင္ဆိုင္ထားသည့္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားႏွင့္ လက္နက္စနစ္မ်ား၏ စြမ္းေဆာင္ရည္ကို အျပည့္အဝအသုံးခ်စစ္ဆင္ႏိုင္ရန္ ေလ့က်င့္သားျပည့္ဝမႈသည္ အဓိကလိုအပ္ခ်က္ျဖစ္ေၾကာင္းႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈသည္ စဥ္ဆက္မျပတ္ ျဖစ္ေပၚေျပာင္းလဲေနသည့္အတြက္ တစ္ႀကိမ္တစ္ခါေလ့ က်င့္႐ုံျဖင့္ မလုံေလာက္ဘဲ “ေလ့လာ၊ ေလ့က်င့္၊ လိုက္နာ”ဟူသည့္ လုပ္ငန္းစဥ္အတိုင္း အၿမဲမျပတ္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ေနာက္ လက္ရွိကာလတြင္အင္အားႀကီးႏိုင္ငံမ်ား၏ အခ်င္းခ်င္းအားၿပိဳင္မႈမ်ား တိုးတက္ျဖစ္ေပၚလ်က္ရွိၿပီး အက်ိဳးဆက္အေနျဖင့္ ႏိုင္ငံငယ္မ်ားအေပၚ က႑ေပါင္းစုံမွ ဝင္ေရာက္စြက္ဖက္ၿပီး လႊမ္းမိုးျခယ္လွယ္ရန္ ႀကိဳးပမ္းမႈမ်ား၊ ႏိုင္ငံအခ်င္းခ်င္း ပိုင္နက္နယ္ေျမ အျငင္းပြားမႈမ်ား၊ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား၊ ျပည္တြင္းမၿငိမ္မသက္မႈမ်ားသည္ ကမာၻ႔ေနရာအႏွံ႔အျပားတြင္ ျဖစ္ပြားေနေၾကာင္း နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္ေအာင္လႈိင္က ေျပာၾကားခဲ့သည္။
တပ္မေတာ္ (ေလ) ၏သမိုင္းကို ျပန္ၾကည့္မည္ဆိုပါက အခက္အခဲမ်ားၾကားမွ ႏိုင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္ႏွင့္ ဇြဲသတၱိတို႔ကို အရင္းခံၿပီး ရွိသည့္ေလယာဥ္၊ ရွိသည့္လက္နက္ျဖင့္ရည္မွန္းခ်က္ေအာင္ျမင္ေအာင္ ႀကိဳးစားတိုက္ပြဲဝင္ခဲ့သည္ကို အထင္အရွားေတြ႕ျမင္ေနရေၾကာင္း နစကဥကၠ႒က ေျပာၾကားခဲ့ေၾကာင္း သိရသည္။