ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲမှ ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်သို့ ဖြန့်ဖြူး‌ရောင်းချမည်

 228

ယွန်း (NP News) - ဒီဇင်ဘာ ၁၇

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲမှ ပိုလျှံသည့်ချည်များကို ပြင်ပ‌ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြော သည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ(၁၆)ရက်တွင် ကျင်းပခဲ့သည့် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနား၌ အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ ယခုတည်ဆောက်တပ်ဆင်ပြီးစီးသည့် စက်ရုံသည် စက်စွမ်းအားပြည့်လည်ပတ်မည်ဆိုပါက တစ်ရက်ချည်ပေါင်ချိန် (၄၈၄၀)၊ တန်အားဖြင့် (၂)တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့်လုံချည်နှင့်ပိတ်များအဖြစ် ရက်လုပ်မည်ဖြစ်ပြီး ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

အဆိုပါစက်ရုံကို ဝတ်ရေးဆိုင်ရာ အထည်အလိပ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်ပမှမှာယူတင်သွင်းမှု လျော့နည်းစေရန်အတွက် တရုတ်- မြန်မာအစိုးရတို့အကြား သဘောတူညီချက်စာချုပ်ချုပ်ဆိုပြီး ၁၉၆၆- ၁၉၆၇ တွင် တည်ဆောက်ပြီးခဲ့ကြောင်း သိရသည်။ ထို့နောက် ၁၉၉၁ ခုနှစ်၊ အောက်တိုဘာ(၁)ရက်တွင် စက်ရုံကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်လည်း တပ်မတော်အတွက် လိုအပ်သည့်စစ်ဝတ်ပစ္စည်းများ ဆက်လက်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများကို ဝယ်ယူပေးခဲ့ပြီး နိုင်ငံတကာတပ်မတော်များနည်းတူ စစ်ဝတ်ပစ္စည်းများအဆင့်မီစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

လက်ရှိတွင် တပ်မတော်သားများအတွက် လိုအပ်သည့်ဝတ်စုံအမျိုးမျိုးအပြင် တပ်မတော်သားများနှင့် ပြည်သူများအတွက် လိုအပ်သည့်အခြားသော အထည်အလိပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ပြီဖြစ် ကြောင်း သိရသည်။

၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ချည်ထည်ခေတ်တစ်ခေတ်ပြောင်းလဲမှု၏ အစဖြစ်ပြီး အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပြီး ဝါအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားထားသည်။

zawgyi version
ခ်ည္မွ်င္ႏွင့္ အထည္စက္႐ုံ(မိတၳီလာ) ၂/၈၀ ခ်ည္ေခ်ာစက္႐ုံခြဲမွ ပိုလွ်ံသည့္ခ်ည္မ်ားကို ျပင္ပေဈးကြက္သို႔ ျဖန႔္ျဖဴး‌ေရာင္းခ်မည္

ယြန္း (NP News) - ဒီဇင္ဘာ ၁၇

တပ္မေတာ္ခ်ည္မွ်င္ႏွင့္ အထည္စက္႐ုံ(မိတၳီလာ) ၂/၈၀ ခ်ည္ေခ်ာစက္႐ုံခြဲမွ ပိုလွ်ံသည့္ခ်ည္မ်ားကို ျပင္ပ‌ေဈးကြက္သို႔ ေဈးႏႈန္းသက္သာစြာျဖင့္ ျဖန႔္ျဖဴးေရာင္းခ်သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာ သည္။

နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဒီဇင္ဘာ(၁၆)ရက္တြင္ က်င္းပခဲ့သည့္ တပ္မေတာ္ခ်ည္မွ်င္ႏွင့္ အထည္စက္႐ုံ(မိတၳီလာ) ၂/၈၀ ခ်ည္ေခ်ာစက္႐ုံခြဲ ဖြင့္ပြဲအခမ္းအနား၌ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။ ယခုတည္ေဆာက္တပ္ဆင္ၿပီးစီးသည့္ စက္႐ုံသည္ စက္စြမ္းအားျပည့္လည္ပတ္မည္ဆိုပါက တစ္ရက္ခ်ည္ေပါင္ခ်ိန္ (၄၈၄၀)၊ တန္အားျဖင့္ (၂)တန္ခန႔္ ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ထြက္ရွိလာသည့္ ၂/၈၀ ခ်ည္ေခ်ာမ်ားကို ျပည္သူလူထုအတြက္ လိုအပ္သည့္လုံခ်ည္ႏွင့္ပိတ္မ်ားအျဖစ္ ရက္လုပ္မည္ျဖစ္ၿပီး ပိုလွ်ံသည့္ခ်ည္မ်ားကို ျပင္ပေဈးကြက္သို႔ ေဈးႏႈန္းသက္သာစြာျဖင့္ ျဖန႔္ျဖဴးေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာၾကားထားသည္။

အဆိုပါစက္႐ုံကို ဝတ္ေရးဆိုင္ရာ အထည္အလိပ္လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးရန္ႏွင့္ ျပည္ပမွမွာယူတင္သြင္းမႈ ေလ်ာ့နည္းေစရန္အတြက္ တ႐ုတ္- ျမန္မာအစိုးရတို႔အၾကား သေဘာတူညီခ်က္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ၁၉၆၆- ၁၉၆၇ တြင္ တည္ေဆာက္ၿပီးခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ၁၉၉၁ ခုႏွစ္၊ ေအာက္တိုဘာ(၁)ရက္တြင္ စက္႐ုံကို ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) စစ္လက္နက္ပစၥည္းၫႊန္ၾကားေရးမႉး႐ုံးကြပ္ကဲမႈေအာက္သို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

၂၀၁၁ ခုႏွစ္ေနာက္ပိုင္းတြင္လည္း တပ္မေတာ္အတြက္ လိုအပ္သည့္စစ္ဝတ္ပစၥည္းမ်ား ဆက္လက္ထုတ္လုပ္ႏိုင္ေရးအတြက္ လိုအပ္သည့္ စက္ပစၥည္းမ်ားကို ဝယ္ယူေပးခဲ့ၿပီး ႏိုင္ငံတကာတပ္မေတာ္မ်ားနည္းတူ စစ္ဝတ္ပစၥည္းမ်ားအဆင့္မီေစေရး ေဆာင္႐ြက္ေပးခဲ့ေၾကာင္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။

လက္ရွိတြင္ တပ္မေတာ္သားမ်ားအတြက္ လိုအပ္သည့္ဝတ္စုံအမ်ိဳးမ်ိဳးအျပင္ တပ္မေတာ္သားမ်ားႏွင့္ ျပည္သူမ်ားအတြက္ လိုအပ္သည့္အျခားေသာ အထည္အလိပ္ပစၥည္းမ်ားကို ထုတ္လုပ္ေပးႏိုင္ၿပီျဖစ္ ေၾကာင္း သိရသည္။

၂/၈၀ ခ်ည္ေခ်ာစက္႐ုံခြဲ ဖြင့္လွစ္ႏိုင္ျခင္းသည္ ျမန္မာႏိုင္ငံ၏ ခ်ည္ထည္ေခတ္တစ္ေခတ္ေျပာင္းလဲမႈ၏ အစျဖစ္ၿပီး အဆင့္ျမင့္ခ်ည္ထည္မ်ား ထုတ္လုပ္ႏိုင္သည့္ ဝါမ်ိဳးေကာင္းမ်ိဳးသန႔္မ်ားကို စိုက္နည္းစနစ္မွန္ကန္စြာေဆာင္႐ြက္ၿပီး ဝါအထြက္ႏႈန္းတိုးတက္ေအာင္ေဆာင္႐ြက္ရန္ နစကဥကၠ႒က တိုက္တြန္းေျပာၾကားထားသည္။

Related news

© 2021. All rights reserved.