ငလျင်ဒဏ်ကြောင့်(၅)လကျော်အကြာ ပိတ်ထားခဲ့ရသော ရတနာပုံဈေးကို လာမည့်ရက်ပိုင်းအတွင်းပြန်လည်ဖွင့်လှစ်တော့မည်

798

သန့်ဇင်(NP News)-စက်တင်ဘာ ၇
ငလျင်ဒဏ်ကြောင့် (၅)လကျော်အကြာပိတ်ထားခဲ့ရသော ရတနာပုံဈေးမြေညီထပ်ကို လာမည့် စက်တင်ဘာ ၁၅ရက် တွင် ပြန်လည်ဖွင့် လှစ် တော့မည် ဖြစ်ကြောင်း ရတနာပုံဈေးအကျိုးတော်ဆောင်အဖွဲ့က ယနေ့(စက်တင်ဘာ ၇ရက်)တွင် အသိးပေးကြေငြာထားသည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်က မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့၏ ဒုတိယအကြီးဆုံး ရတနာပုံဈေးကြီးတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် (၅) လကျော်အကြာပိတ်ထားခဲ့ရကြောင်း သိရသည်။
ထို့နောက် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအချို့ပြီးစီးပြီးဖြစ်၍ ရတနာပုံဈေးမြေညီထပ်ရှိ ဆိုင်ခန်းပေါင်း (၁၅၂၀)မှ ဈေးသူဈေးသား များအား ယနေ့(စက်တင်ဘာ ၇ရက်)တွင် ဆိုင်ခန်းသန့်ရှင်းရေးနှင့်ပြင်ဆင်မွမ်းမံမှုတို့ကို စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးထား သည်။
“မြေညီထပ်ဈေးဆိုင်ခန်းအကုန်လုံးပြန်ဖွင့်မှာပါ။ အပေါ်ထပ်တွေတော့မပါသေးဘူး။ မြေညီထပ်မှာ ဆိုင်ခန်းပေါင်း (၁၅၂၀) ရှိပါတယ်။ အကုန် ပြန်ဖွင့် မှာပါ။ အပေါ်ထပ်တွေကတော့ မကြေငြာသေးဘူးဗျ။ အပေါ်တွေကတော့ ကုမ္ပဏီပိုင်တွေဆိုတော့ သူတို့ဟာသူတို့ သီးခြား ပြင်ကြ မှာဆိုတော့ သူတို့ကတော့ နည်းနည်းနောက်ကျဦးမယ်။ ကျွန်တော်တို့ကတော့ စည်ပင်သာယာအောက်ကဆိုတော့ စည်ပင်သာယာ ရဲ့ ဦးဆောင်ပြီး ပြင်ပေးတဲ့အတွက်ကြောင့် နည်းနည်းလည်းမြန်သွားတယ်။ ကျွန်တော်တို့ကိုလည်း ဦးစားပေး ပြီးလုပ်ပေး တာပေါ့”ဟု ရတာနာပုံဈေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
လက်ရှိတွင် ငလျင်ဒဏ်ခံခဲ့ရသည့် ရတာနာပုံဈေးကြီး၏ မြေညီထပ်အားလုံးအား အကြမ်းထည်ပြန်လည်ပြုပြင်ပြီးဖြစ်ပြီး လိုအပ်သည့်ပြု ပြင်မှုအပိုင်းအား ဈေးဖွင့်စဉ်ပင်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းဆိုသည်။
“အောက်ထပ်မှာတော့ အရေးကြီးတဲ့အပိုင်းတွေတော့တော်တော်များများပြီးပါပြီ။ အကြမ်းထည်အနေနဲ့ကတော့ ပြီးပါပြီ ဖွင့်ရင်းနဲ့လို အပ်တဲ့ အပိုင်းတွေကို ဖြည်းဖြည်းနဲ့ပြင်သွားမှာပါ။ ကျွန်တော်တို့ နယ်ဖောက်သည်ဈေးဝယ်တွေလည်း ဈေးပြန်ဖွင့်ပြီဆိုတာ သိနိုင်ရင် ပိုကောင်းမယ်။ဈေးပြန်ဖွင့်လို့ ထူးခြားတာက ဝင်ပေါက်ထွက်ပေါက်တွေကို ပြုပြင်ပြောင်းလဲလိုက်တာတော့ ရှိတယ်။ ငလျင်နဲ့ဆိုတော့ ဒီဘက်မှာ ဈေးဝယ်တွေရော ဈေးသည်တွေရောရှိနေတယ်။ အခုနောက်ပိုင်းမှာလည်း ငလျင်က နည်းနည်းရှိနေသေးတော့ အဝင်အထွက် တွေကို အဆင်ပြေအောင်ပြုပြင်ထားတာတွေရှိတယ်။ အရေးရယ်အကြောင်းရယ်ဆိုရင် အဆင်ပြေအောင်ပြုပြင်ထား တာလေးတွေရှိ တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် ရတနာပုံ ဈေးကြီးကို ယခင်အတိုင်းလပြည့် ၊ လကွယ်နှင့် ဥပုသ်ပိတ်ရက်တို့ပိတ်ကာ နေစဉ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ဒဏ္ေၾကာင့္(၅)လေက်ာ္အၾကာ ပိတ္ထားခဲ့ရေသာ ရတနာပုံေဈးကို လာမည့္ရက္ပိုင္းအတြင္းျပန္လည္ဖြင့္လွစ္ေတာ့မည္
သန႔္ဇင္(NP News)-စက္တင္ဘာ ၇
ငလ်င္ဒဏ္ေၾကာင့္ (၅)လေက်ာ္အၾကာပိတ္ထားခဲ့ရေသာ ရတနာပုံေဈးေျမညီထပ္ကို လာမည့္ စက္တင္ဘာ ၁၅ရက္ တြင္ ျပန္လည္ဖြင့္ လွစ္ ေတာ့မည္ ျဖစ္ေၾကာင္း ရတနာပုံေဈးအက်ိဳးေတာ္ေဆာင္အဖြဲ႕က ယေန႔(စက္တင္ဘာ ၇ရက္)တြင္ အသိးေပးေၾကျငာထားသည္။
ၿပီးခဲ့သည့္ မတ္လ (၂၈) ရက္က မႏၲေလးငလ်င္ႀကီးေၾကာင့္ မႏၲေလးၿမိဳ႕၏ ဒုတိယအႀကီးဆုံး ရတနာပုံေဈးႀကီးတြင္ ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ပြားခဲ့သျဖင့္ ျပန္လည္ျပဳျပင္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ (၅) လေက်ာ္အၾကာပိတ္ထားခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ ျပန္လည္ျပဳျပင္ေရးလုပ္ငန္းမ်ားအခ်ိဳ႕ၿပီးစီးၿပီးျဖစ္၍ ရတနာပုံေဈးေျမညီထပ္ရွိ ဆိုင္ခန္းေပါင္း (၁၅၂၀)မွ ေဈးသူေဈးသား မ်ားအား ယေန႔(စက္တင္ဘာ ၇ရက္)တြင္ ဆိုင္ခန္းသန္႔ရွင္းေရးႏွင့္ျပင္ဆင္မြမ္းမံမႈတို႔ကို စတင္ျပဳလုပ္ႏိုင္ၿပီျဖစ္ေၾကာင္း အသိေပးထား သည္။
“ေျမညီထပ္ေဈးဆိုင္ခန္းအကုန္လုံးျပန္ဖြင့္မွာပါ။ အေပၚထပ္ေတြေတာ့မပါေသးဘူး။ ေျမညီထပ္မွာ ဆိုင္ခန္းေပါင္း (၁၅၂၀) ရွိပါတယ္။ အကုန္ ျပန္ဖြင့္ မွာပါ။ အေပၚထပ္ေတြကေတာ့ မေၾကျငာေသးဘူးဗ်။ အေပၚေတြကေတာ့ ကုမၸဏီပိုင္ေတြဆိုေတာ့ သူတို႔ဟာသူတို႔ သီးျခား ျပင္ၾက မွာဆိုေတာ့ သူတို႔ကေတာ့ နည္းနည္းေနာက္က်ဦးမယ္။ ကြၽန္ေတာ္တို႔ကေတာ့ စည္ပင္သာယာေအာက္ကဆိုေတာ့ စည္ပင္သာယာ ရဲ႕ ဦးေဆာင္ၿပီး ျပင္ေပးတဲ့အတြက္ေၾကာင့္ နည္းနည္းလည္းျမန္သြားတယ္။ ကြၽန္ေတာ္တို႔ကိုလည္း ဦးစားေပး ၿပီးလုပ္ေပး တာေပါ့”ဟု ရတာနာပုံေဈးအက်ိဳးေတာ္ေဆာင္အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
လက္ရွိတြင္ ငလ်င္ဒဏ္ခံခဲ့ရသည့္ ရတာနာပုံေဈးႀကီး၏ ေျမညီထပ္အားလုံးအား အၾကမ္းထည္ျပန္လည္ျပဳျပင္ၿပီးျဖစ္ၿပီး လိုအပ္သည့္ျပဳ ျပင္မႈအပိုင္းအား ေဈးဖြင့္စဥ္ပင္ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၎ဆိုသည္။
“ေအာက္ထပ္မွာေတာ့ အေရးႀကီးတဲ့အပိုင္းေတြေတာ့ေတာ္ေတာ္မ်ားမ်ားၿပီးပါၿပီ။ အၾကမ္းထည္အေနနဲ႔ကေတာ့ ၿပီးပါၿပီ ဖြင့္ရင္းနဲ႔လို အပ္တဲ့ အပိုင္းေတြကို ျဖည္းျဖည္းနဲ႔ျပင္သြားမွာပါ။ ကြၽန္ေတာ္တို႔ နယ္ေဖာက္သည္ေဈးဝယ္ေတြလည္း ေဈးျပန္ဖြင့္ၿပီဆိုတာ သိႏိုင္ရင္ ပိုေကာင္းမယ္။ေဈးျပန္ဖြင့္လို႔ ထူးျခားတာက ဝင္ေပါက္ထြက္ေပါက္ေတြကို ျပဳျပင္ေျပာင္းလဲလိုက္တာေတာ့ ရွိတယ္။ ငလ်င္နဲ႔ဆိုေတာ့ ဒီဘက္မွာ ေဈးဝယ္ေတြေရာ ေဈးသည္ေတြေရာရွိေနတယ္။ အခုေနာက္ပိုင္းမွာလည္း ငလ်င္က နည္းနည္းရွိေနေသးေတာ့ အဝင္အထြက္ ေတြကို အဆင္ေျပေအာင္ျပဳျပင္ထားတာေတြရွိတယ္။ အေရးရယ္အေၾကာင္းရယ္ဆိုရင္ အဆင္ေျပေအာင္ျပဳျပင္ထား တာေလးေတြရွိ တယ္”ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။
ထို႔ေၾကာင့္ ရတနာပုံ ေဈးႀကီးကို ယခင္အတိုင္းလျပည့္ ၊ လကြယ္ႏွင့္ ဥပုသ္ပိတ္ရက္တို႔ပိတ္ကာ ေနစဥ္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။