နစကအစိုးရက အုပ်ချုပ်မှုသက်တမ်း(၄)နှစ်ကြာပြီးမှ စက်မှုဖွံ့ဖြိုးရေးကော်မရှင်ကို စတင်ဖွဲ့စည်း

 424

NP News - ဒီဇင်ဘာ ၁၉

နစက၏ ဒုတိယဝန်ကြီးချုပ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော စက်မှုဖွံ့ဖြိုးရေးကော်မရှင်ကို အဖွဲ့ဝင်(၁၆)ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရးကောင်စီက (ဒီဇင်ဘာလ ၁၈ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှူသက်တမ်း (၄)နှစ်ကြာမြင့်လာသည့်အချိန်၌ အဆိုပါစက်မှု ဖွံ့ဖြိုးရေးကော်မရှင်ကို ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။ စက်မှုဖွံ့ဖြိုးရေးကော်မရှင်အတွင်း၌ နစက၏ ဒုတိယဝန်ကြီးချုပ်တစ်ဦးဖြစ်သူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် စက်မှုဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့်က တာဝန်ယူရမည်ဖြစ်သည်။
ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌအဖြစ် စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တာဝန်ယူရ မည်ဖြစ်ပြီး ထူးခြားချက်အဖြစ် အစိုးရဝန်ထမ်းမဟုတ်သော အရပ်သားများထဲမှ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက အဖွဲ့ဝင်အဖြစ် ပါဝင်လာသည်။ အခြားသောအဖွဲ့ဝင်များအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမင်းမင်း၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦးတို့ ပါဝင်ခဲ့ သည်။
စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သီးခြားထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း နစကမှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
နစကအစိုးရက အုပ္ခ်ဳပ္မႈသက္တမ္း(၄)ႏွစ္ၾကာၿပီးမွ စက္မႈဖြံ႕ၿဖိဳးေရးေကာ္မရွင္ကို စတင္ဖြဲ႕စည္း
NP News - ဒီဇင္ဘာ ၁၉

နစက၏ ဒုတိယဝန္ႀကီးခ်ဳပ္တစ္ဦးျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး ဦးေဆာင္ေသာ စက္မႈဖြံ႕ၿဖိဳးေရးေကာ္မရွင္ကို အဖြဲ႕ဝင္(၁၆)ဦးျဖင့္ စတင္ဖြဲ႕စည္းလိုက္ၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ရးေကာင္စီက (ဒီဇင္ဘာလ ၁၈ ရက္) ညပိုင္းတြင္ သတင္းထုတ္ျပန္လိုက္သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အုပ္ခ်ဳပ္မႉသက္တမ္း (၄)ႏွစ္ၾကာျမင့္လာသည့္အခ်ိန္၌ အဆိုပါစက္မႈ ဖြံ႕ၿဖိဳးေရးေကာ္မရွင္ကို ပထမဆုံးအႀကိမ္ စတင္ဖြဲ႕စည္းခဲ့ျခင္းလည္းျဖစ္သည္။ စက္မႈဖြံ႕ၿဖိဳးေရးေကာ္မရွင္အတြင္း၌ နစက၏ ဒုတိယဝန္ႀကီးခ်ဳပ္တစ္ဦးျဖစ္သူ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ဥကၠ႒အျဖစ္ ဦးေဆာင္မည္ျဖစ္ၿပီး အတြင္းေရးမႉးအျဖစ္ စက္မႈဝန္ႀကီးဌာန၏ ဒုတိယ ဝန္ႀကီး ဦးရင္ေမာင္ၫြန႔္က တာဝန္ယူရမည္ျဖစ္သည္။
ေကာ္မရွင္၏ ဒုတိယဥကၠ႒အျဖစ္ စက္မႈဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက တာဝန္ယူရ မည္ျဖစ္ၿပီး ထူးျခားခ်က္အျဖစ္ အစိုးရဝန္ထမ္းမဟုတ္ေသာ အရပ္သားမ်ားထဲမွ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေအးဝင္းက အဖြဲ႕ဝင္အျဖစ္ ပါဝင္လာသည္။ အျခားေသာအဖြဲ႕ဝင္မ်ားအျဖစ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီးဦးခင္ေမာင္ရီ၊ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ျပည္ေထာင္စုႀကီး ဦးဉာဏ္ထြန္း၊ စြမ္းအင္ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလြင္၊ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးေဒါက္တာမ်ိဳးသိန္းေက်ာ္၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးဦးမ်ိဳးသန႔္၊ ျပည္ထဲေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္တိုးရီ၊ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ေဒၚသန္းသန္းဝင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ေဒါက္တာ ဝါဝါေမာင္၊ သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဦးျမင့္စိုး၊ အလုပ္သမားဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဦးဝင္းရွိန္၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဦးမင္းမင္း၊ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမႉး႐ုံး ကာကြယ္ေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္ႏိုင္ဦးတို႔ ပါဝင္ခဲ့ သည္။
စက္မႈက႑ဖြံ႕ၿဖိဳးတိုးတက္ေရးကို အရွိန္အဟုန္ျမင့္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ရည္႐ြယ္၍ စက္မႈဖြံ႕ၿဖိဳးေရးေကာ္မရွင္၏ တာဝန္ႏွင့္လုပ္ပိုင္ခြင့္မ်ားကို သီးျခားထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္းလည္း နစကမွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.