အမေရိကန်အမျိုးသားတစ်ဦးက မျက်လုံးကို အဝတ်စဖြင့် ဖုံးအုပ်ထားပြီး pickleball ဘောလုံးအလုံးရေ အများဆုံးရိုက်ပြသည့် ဂင်းနစ်စံချိန်ကို ချိုးဖျက်

 73

Pika (NP News) - ဒီဇင်ဘာ ၁၉

အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်မှ အမျိုးသားတစ်ဦးသည် မျက်လုံးကို အဝတ်စဖြင့်ဖုံးအုပ်ကာ pickleball အားကစားဘောလုံးကို အချိန်တစ်မိနစ်အတွင်း (၄၁)လုံးအထိ စည်းအတွင်း ဝင်အောင် ရိုက်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူသည် အချိန်တစ်မိနစ်အတွင်း pickleball အားကစားဘောလုံးကို (၂၃)လုံးအထိ စည်းအတွင်းဝင်အောင် ရိုက်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဂင်းနစ်စံချိန်ဗီဒီယိုကို မြင်တွေ့ခဲ့ပြီးနောက် မျက်လုံးကိုအဝတ်စဖြင့် ဖုံးအုပ်ကာ pickleball အားကစား ဘောလုံးအလုံးရေ အများဆုံးရိုက်ပြသည့် ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်အတွက် ကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဒေးဗစ်ရပ်ရှ်က ပြောကြားခဲ့သည်။
ဒေးဗစ်ရပ်ရှ်က "ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ဖို့က အရမ်းလွယ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်မယ်လို့လည်း ကျွန်တော်ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် မျက်လုံးကို အဝတ်စနဲ့ဖုံးအုပ်ပြီး pickleball အားကစားဘောလုံးအလုံးရေ အများဆုံးရိုက်ပြတဲ့ ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။ ပြီးတောာ့ ဒီလိုမျိုးအောင်အောင်မြင်မြင်ဖြစ်သွားခဲ့လို့လည်း တကယ်ကို ဝမ်းသာပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါကြိုးပမ်းမှုအတွင်း pickleball ဘောလုံး (၄၃)လုံးအထိ ရိုက်ပြနိုင်ခဲ့သော်လည်း တစ်လုံးမှာ စက္ကန့်(၆၀) အပြီးမှသာ စည်းအတွင်းသို့ကျရောက်သွားခဲ့ပြီး အခြားတစ်လုံးမှာ အကြောင်းပြချက်တစ်ခုကြောင့် ဂင်းနစ်စံချိန် မှတ်တမ်းအဖွဲ့က အရည်အချင်းမပြည့်မှီဟု သတ်မှတ်ခဲ့ကြောင်း ဒေးဗစ်ရပ်ရှ်က ပြောကြားခဲ့သည်။ မျက်လုံးကို အဝတ်စဖြင့် ဖုံးအုပ်ကာ pickleball အားကစား ဘောလုံးအလုံးရေ အများဆုံးရိုက်ပြသည့် ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သော်လည်း ၎င်း၏စွမ်းဆောင်နိုင်ရည်များကို ထပ်မံတိုးတက်အောင်လုပ်ဆောင်ကာ ယင်းဂင်းနစ်စံချိန်အတွက် အခြားကြိုးပမ်းမှုတစ်ခုကို လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ဒေးဗစ်ရပ်ရှ်က ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္အမ်ိဳးသားတစ္ဦးက မ်က္လုံးကို အဝတ္စျဖင့္ ဖုံးအုပ္ထားၿပီး pickleball ေဘာလုံးအလုံးေရ အမ်ားဆုံး ႐ိုက္ျပသည့္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္
Pika (NP News) - ဒီဇင္ဘာ ၁၉

အေမရိကန္ႏိုင္ငံ အိုင္ဒါဟိုျပည္နယ္မွ အမ်ိဳးသားတစ္ဦးသည္ မ်က္လုံးကို အဝတ္စျဖင့္ဖုံးအုပ္ကာ pickleball အားကစားေဘာလုံးကို အခ်ိန္တစ္မိနစ္အတြင္း (၄၁)လုံးအထိ စည္းအတြင္း ဝင္ေအာင္ ႐ိုက္ျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူသည္ အခ်ိန္တစ္မိနစ္အတြင္း pickleball အားကစားေဘာလုံးကို (၂၃)လုံးအထိ စည္းအတြင္းဝင္ေအာင္ ႐ိုက္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းဂင္းနစ္စံခ်ိန္ဗီဒီယိုကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ မ်က္လုံးကိုအဝတ္စျဖင့္ ဖုံးအုပ္ကာ pickleball အားကစား ေဘာလုံးအလုံးေရ အမ်ားဆုံး႐ိုက္ျပသည့္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္အတြက္ ႀကိဳးပမ္းရန္ ဆုံးျဖတ္ခဲ့ေၾကာင္း ေဒးဗစ္ရပ္ရွ္က ေျပာၾကားခဲ့သည္။
ေဒးဗစ္ရပ္ရွ္က "႐ိုး႐ိုးသားသားေျပာရမယ္ဆိုရင္ ဒီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔က အရမ္းလြယ္တယ္လို႔ ထင္ပါတယ္။ ၿပီးေတာ့ ဒီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မယ္လို႔လည္း ကြၽန္ေတာ္ယုံၾကည္ခဲ့ပါတယ္။ ဒါေၾကာင့္ မ်က္လုံးကို အဝတ္စနဲ႔ဖုံးအုပ္ၿပီး pickleball အားကစားေဘာလုံးအလုံးေရ အမ်ားဆုံး႐ိုက္ျပတဲ့ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့တာပါ။ ၿပီးေတာာ့ ဒီလိုမ်ိဳးေအာင္ေအာင္ျမင္ျမင္ျဖစ္သြားခဲ့လို႔လည္း တကယ္ကို ဝမ္းသာပါတယ္" ဟု ေျပာခဲ့သည္။
အဆိုပါႀကိဳးပမ္းမႈအတြင္း pickleball ေဘာလုံး (၄၃)လုံးအထိ ႐ိုက္ျပႏိုင္ခဲ့ေသာ္လည္း တစ္လုံးမွာ စကၠန႔္(၆၀) အၿပီးမွသာ စည္းအတြင္းသို႔က်ေရာက္သြားခဲ့ၿပီး အျခားတစ္လုံးမွာ အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ ဂင္းနစ္စံခ်ိန္ မွတ္တမ္းအဖြဲ႕က အရည္အခ်င္းမျပည့္မွီဟု သတ္မွတ္ခဲ့ေၾကာင္း ေဒးဗစ္ရပ္ရွ္က ေျပာၾကားခဲ့သည္။ မ်က္လုံးကို အဝတ္စျဖင့္ ဖုံးအုပ္ကာ pickleball အားကစား ေဘာလုံးအလုံးေရ အမ်ားဆုံး႐ိုက္ျပသည့္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီျဖစ္ေသာ္လည္း ၎၏စြမ္းေဆာင္ႏိုင္ရည္မ်ားကို ထပ္မံတိုးတက္ေအာင္လုပ္ေဆာင္ကာ ယင္းဂင္းနစ္စံခ်ိန္အတြက္ အျခားႀကိဳးပမ္းမႈတစ္ခုကို လုပ္ေဆာင္ရန္ စီစဥ္ထားေၾကာင္း ေဒးဗစ္ရပ္ရွ္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.