ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား ၁ဝဝ သေဆုံး

1069

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၉
ယူကရိန်းစစ်ပွဲမှာ ရုရှားနိုင်ငံဘက်ကနေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မြောက်ကိုရီးယားစစ်သား အနည်းဆုံး ၁၀၀ ကျော် သေဆုံးထားပြီး ၁၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ လီဆန်ကွမ်က တောင်ကိုရီးယားထောက်လှမ်းရေးအချက်အလက်များကို ကိုးကားပြီး မြောက်ကိုရီးယားစစ်သား တွေ သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီ သေဆုံးခဲ့သူတွေထဲမှာ မြောက်ကိုရီးယားစစ်တပ်၏ အဆင့်မြင့်အရာရှိများ ပါဝင်ခဲ့ပြီး မြေပြင်အနေအထားနဲ့ ဒရုန်းစစ်ပွဲအခြေအနေကို ရင်းနှီးမှုမရှိတဲ့အတွက် ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားအစိုးရ ဟာ ရုရှားနိုင်ငံ နဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့အတွက် ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ရုရှားနိုင်ငံကို ကူညီပေးနိုင် အောင် မြောက်ကိုရီးယားစစ်သား တစ်သောင်းကျော်စေလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်စစ်ဌာနချုပ်မှပြောရေးဆိုခွင့်ရှိသူကလည်း ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သားတွေ သေဆုံးခဲ့တာကို အတည်ပြုထားပေမယ့် သေဆုံးသူစစ်သားအရေအတွက်ကို အတိအကျပြောဆိုတာမျိုးမရှိပါဘူး။
မြောက်ကိုရီးယားစစ်သားအများစုဟာ Kursk အရပ်ဒေသစစ်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး စစ်ရေးအတွေ့အကြုံ နည်းပါတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှားနိုင်ငံမှာ စစ်ရေးလေ့ကျင့်ပြီး တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းသမ္မတက မြောက်ကိုရီးယားစစ်သားတွေဟာ Kursk အရပ်ဒေသတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး သေဆုံးတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ယူကရိန်းနှင့် ရုရှားနိုင်ငံကြားစစ်ပွဲ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားကို စစ်လက်နက်ပစ္စည်းများ ကနဦး ကူညီထောက်ပံ့ပေးခဲ့ပြီး အောက်တိုဘာလ နောက်ပိုင်းမှာ စစ်သားတွေ စေလွှတ်ပေးခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက စစ်သားတွေ စေလွှတ်ခဲ့တာ ကို တောင်ကိုရီးယားနိုင်ငံအပြင် အနောက်အုပ်စုနိုင်ငံတွေက ဝေဖန်ပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ပြဲအတြင္း ေျမာက္ကိုရီးယားစစ္သား ၁ဝဝ ေသဆုံး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၉
ယူကရိန္းစစ္ပြဲမွာ ႐ုရွားႏိုင္ငံဘက္ကေန ပါဝင္တိုက္ခိုက္ခဲ့တဲ့ ေျမာက္ကိုရီးယားစစ္သား အနည္းဆုံး ၁၀၀ ေက်ာ္ ေသဆုံးထားၿပီး ၁၀၀၀ ေက်ာ္ ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားလႊတ္ေတာ္အမတ္တစ္ဦးျဖစ္တဲ့ လီဆန္ကြမ္က ေတာင္ကိုရီးယားေထာက္လွမ္းေရးအခ်က္အလက္မ်ားကို ကိုးကားၿပီး ေျမာက္ကိုရီးယားစစ္သား ေတြ ေသဆုံးခဲ့ေၾကာင္း ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
အဲဒီ ေသဆုံးခဲ့သူေတြထဲမွာ ေျမာက္ကိုရီးယားစစ္တပ္၏ အဆင့္ျမင့္အရာရွိမ်ား ပါဝင္ခဲ့ၿပီး ေျမျပင္အေနအထားနဲ႔ ဒ႐ုန္းစစ္ပြဲအေျခအေနကို ရင္းႏွီးမႈမရွိတဲ့အတြက္ ထိခိုက္ေသဆုံးခဲ့ရတယ္လို႔ သိရပါတယ္။ ေျမာက္ကိုရီးယားအစိုးရ ဟာ ႐ုရွားႏိုင္ငံ နဲ႔ မဟာမိတ္ႏိုင္ငံျဖစ္တဲ့အတြက္ ၿပီးခဲ့တဲ့ေအာက္တိုဘာလအတြင္း ႐ုရွားႏိုင္ငံကို ကူညီေပးႏိုင္ ေအာင္ ေျမာက္ကိုရီးယားစစ္သား တစ္ေသာင္းေက်ာ္ေစလႊတ္ေပးခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္စစ္ဌာနခ်ဳပ္မွေျပာေရးဆိုခြင့္ရွိသူကလည္း ယူကရိန္းစစ္ပြဲအတြင္း ေျမာက္ကိုရီးယားစစ္သားေတြ ေသဆုံးခဲ့တာကို အတည္ျပဳထားေပမယ့္ ေသဆုံးသူစစ္သားအေရအတြက္ကို အတိအက်ေျပာဆိုတာမ်ိဳးမရွိပါဘူး။
ေျမာက္ကိုရီးယားစစ္သားအမ်ားစုဟာ Kursk အရပ္ေဒသစစ္ပြဲအတြင္း ေသဆုံးခဲ့ျခင္းျဖစ္ၿပီး စစ္ေရးအေတြ႕အႀကဳံ နည္းပါတယ္လို႔ သိရပါတယ္။ ေျမာက္ကိုရီးယားစစ္သားေတြဟာ ႐ုရွားႏိုင္ငံမွာ စစ္ေရးေလ့က်င့္ၿပီး တိုက္ပြဲေတြမွာ ပါဝင္တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။
ယူကရိန္းသမၼတက ေျမာက္ကိုရီးယားစစ္သားေတြဟာ Kursk အရပ္ေဒသတိုက္ပြဲေတြမွာ ပါဝင္တိုက္ခိုက္ခဲ့ၿပီး ေသဆုံးတာေတြလည္းရွိတယ္လို႔ ဆိုပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားစစ္ပြဲ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ကနဦး ကူညီေထာက္ပံ့ေပးခဲ့ၿပီး ေအာက္တိုဘာလ ေနာက္ပိုင္းမွာ စစ္သားေတြ ေစလႊတ္ေပးခဲ့တာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံက စစ္သားေတြ ေစလႊတ္ခဲ့တာ ကို ေတာင္ကိုရီးယားႏိုင္ငံအျပင္ အေနာက္အုပ္စုႏိုင္ငံေတြက ေဝဖန္ျပစ္တင္ခဲ့တယ္လို႔ သိရပါတယ္။