ပြင်သစ်နဲ့ အီတလီတို့ရဲ့ ဗဟိုအာရှဒေသဗျူဟာ ဘယ်အထိအောင်မြင်နိုင်မလဲ (ဘာသာပြန်ဆောင်းပါး)

808

သန်းထိုက်စိုး (NP News) - ဒီဇင်ဘာ ၂ဝ
ဗဟိုအာရှဒေသ၏ ဆင့်ကဲပြောင်းလဲလာနေသည့် ပထဝီနိုင်ငံရေးဆိုင်ရာ အခန်းကဏ္ဍသည် ပြိုင် ဖက်နိုင်ငံကြီးများကို ဟန်ချက်ညှိရုံသက်သက်တင် မဟုတ်ဘဲ ၎င်းတို့၏အမျိုးသားအကျိုးစီးပွားနှင့် အီ လစ်တို့၏ အကျိုးစီးပွားကို ရှာဖွေနေခြင်းလည်းဖြစ် သည်။ ဗဟိုအာရှဒေသရှိ ဥရောပ၏ အကျိုး စီးပွား မှာ ဖေဖော်ဝါရီလတွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင် သိသိသာသာမြင့် တက်လာခဲ့သည်။ ထိုသို့ဖြစ်လာရခြင်းမှာ ရုရှား၏ ရုပ်ကြွင်းလောင်စာတစ်ခုတည်းအပေါ် မှီခိုနေရခြင်း မှလျှော့ချနိုင်ရန် ကြိုးစားရာမှရရှိလာခြင်းဖြစ်သည်။ ဥရောပတစ်နိုင်ငံစီသည်လည်း ၎င်းတို့၏စွမ်းအင် အကျိုးစီးပွားအသီးသီးနောက်သို့ လိုက်လာကြသည်။ သို့ဖြစ်ရာ စွမ်းအင်၊ ပထဝီနိုင်ငံရေးနှင့် လုံခြုံရေး ကိစ္စရပ်တို့သည် အီးယူနှင့် ဗဟိုအာရှဒေသတို့ ထိတွေ့ ဆက်ဆံရာတွင် တစ်နေ့ထက်တစ်နေ့ အရေးပါ လာခဲ့သည်။
စွမ်းအင်ကဏ္ဍ
ပြင်သစ်နှင့် အီတလီတို့သည် စွမ်းအင်ရရှိရေး ကြိုးပမ်းရာတွင် တူညီကြသော်လည်း အကျိုးစီးပွား ချင်းမှာမူ ကွဲပြားကြသည်။ ပြင်သစ်နိုင်ငံအတွက်မူ ယူရေနီယံသည် ၎င်း၏စွမ်းအင်စနစ်လုံခြုံရေး အတွက်ဖြစ်သည်။ စွမ်းအင်အများစုကို နျူကလီးယား စွမ်းအင်မှရရှိခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံသည် (၂၀၁၃)ခုနှစ်မှ (၂၀၂၃)ခုနှစ်အတွင်း ယူရေနီယံ အများစုကို ကာဇက်စတန်နိုင်ငံမှ (၂၇)ရာခိုင်နှုန်း၊ နိုင်ဂျာ နိုင်ငံမှ (၂၀) ရာခိုင်နှုန်း၊ ဥဇဘက်ကစ္စတန်နိုင် ငံမှ (၁၉)ရာခိုင်နှုန်း ရရှိခဲ့သည်။ (၂၀၂၃) ခုနှစ်တွင် နိုင်ဂျာ နိုင်ငံ၌ တပ်မတော်မှ နိုင်ငံတော်တာဝန်ရယူခဲ့ပြီးနောက် ဗဟိုအာရှဒေသ ယူရေနီယံ အပေါ် မှီခိုမှုမှာ ပိုမို မြင့်တက်လာခဲ့သည်။ ယူရေနီယံရရှိရေးအပေါ် ပြင်သစ်နိုင်ငံ အာရုံစိုက်ခြင်းမှာ ပြင်သစ်သတ္တုကုမ္ပဏီ ကြီး Orano ၏ ရည်မှန်းချက်နှင့်အညီ လိုက်ပါအကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ယင်းကုမ္ပဏီ သည် ဒေသ၏ယူရေနီယံထုတ်လုပ်ရေးတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေခြင်းကြောင့် ဖြစ်သည်။
Orano သည် ကမ္ဘာတွင် အကြီးမားဆုံးယူရေနီယံ ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည့် KATCO တွင် (၁၅)ရာခိုင်နှုန်း အစုရှယ်ယာပါဝင်ထားပြီး ကာဇက်စတန်နိုင်ငံ၏ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ Kazatomprom နှင့် မိတ်ဖက်ဆက်ဆံရေး ပြုလုပ် ထားသည်။ ထို့ပြင် ဥဇဘက်ကစ္စတန်နိုင်ငံတွင်လည်း ၎င်း၏လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နေပြီး (၂၀၁၉) ခုနှစ်တွင် Nurlikum သတ္တုကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်လျက်ရှိသည်။ ပြင်သစ်သမ္မတ မက်ခရွန်၏ (၂၀၂၃)ခုနှစ် ဥဇဘက်ကစ္စတန်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးချက်များသည် မိတ်ဖက်ဆံရေးကို တိုးချဲ့ ရန်နှစ်ဖက်လုံးဆန္ဒရှိနေကြောင်း အချက်ပြနေခြင်းဖြစ် သည်။ သို့ဖြစ်ရာ ဒေသတွင်းပြင်သစ်တို့၏ စွမ်းအင်ရရှိရေးခြေလှမ်းများမှာ ပိုမိုအလှမ်းကျဲလာဖွယ်ရှိ သည်။
ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev ၏ (၂၀၂၄)ခုနှစ် နိုဝင်ဘာလ ခရီးစဉ်သည် ကာဇက်စတန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံကြား မိတ်ဖက် ဖြစ်မှုကို ခိုင်မာစေခဲ့သည်။ ယခုအခါ ပြင်သစ် ကုမ္ပဏီ (၂၀ဝ)နီးပါးသည်လည်း ကာဇက်စတန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြသည်။ ရင်းနှီးမြှုပ်နှံ ထားကြသည့် နယ်ပယ်များမှာ သယ်ယူပို့ဆောင်ရေး၊ လေကြောင်း လုပ်ငန်းနှင့် စွမ်းအင် ကဏ္ဍ တို့ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီများအနက် Orano ကုမ္ပဏီမှာ နိုင်ငံတကာ ကုမ္ပဏီများအတွက် မိတ်ဖက် ဖြစ်လာနိုင်ရုံသာမက ယူရေနီယံသတ္တုထုတ်လုပ်ရေးအတွက်ပါ အရေးပါသည့်ကုမ္ပဏီအဖြစ်ရှိနေဆဲ ဖြစ်သည်။
ခရီးစဉ်အတွင်း အရေးကြီးသော ကုန်ကြမ်းထုတ်လုပ်ရေးတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး လမ်းပြ မြေပုံကို လက်မှတ်ရေးထိုးခဲ့ကြရာ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်မှုဖန်တီးခြင်းနှင့် အရေးကြီး သော အရင်းအမြစ်ဖြစ်သည့် သတ္ထုတူးဖော်ရေးနှင့် ရှာဖွေ ရေးလုပ်ငန်းအပေါ် အာရုံထားနေကြောင်း အချက်ပြနေခြင်းဖြစ်သည်။ ဗဟိုအာရှဒေသတွင် ပြင်သစ်နိုင်ငံ၏ စွမ်းအင် မဟာဗျူဟာမှာ ယူရေနီယံ အပေါ်အဓိကထားခြင်း ဖြစ်သည်။ သို့သော် အီတလီနိုင်ငံမှာမူ ရေနံနှင့်သ ဘာဝဓာတ်ငွေ့အပေါ် အဓိက အာရုံ ထားခြင်းဖြစ် သည်။ ဗဟိုအာရှဒေသရှိ ကာဇက်စတန်နိုင်ငံသည် ဥရောပသို့ ရုပ်ကြွင်းလောင်စာ အဓိကတင်ပို့သည့် နိုင်ငံဖြစ်သည်။ ဗဟိုအာရှဒေသ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့အများစုကို ရုရှား နိုင်ငံ မှတစ်ဆင့် တင်ပို့ခြင်း ဖြစ်သည်။ အီတလီနိုင်ငံသည် ကာဇက်စတန်နိုင်ငံ ရေနံပို့ကုန်၏ (၂၇.၉)ရာခိုင် နှုန်းကို တင်သွင်းနေခြင်း ဖြစ်သည်။ ယင်းတို့အနက်မှ အများစုကို ဥရောပသို့ ပြန်လည်ဖြန့်ဖြူးခြင်း ဖြစ်သည်။ နိုင်ငံပိုင်တစ်စိတ် တစ်ပိုင်းဖြစ်သည့် အီတလီနိုင်ငံ၏ ENI ကုမ္ပဏီကြီး သည်လည်း ကာဇက် စတန်နိုင်ငံ၏ ရေနံနှင့်သဘာ ဝဓာတ်ငွေ့ကဏ္ဍတွင် အခိုင်အမာခြေကုပ်ယူထားပြီး ဖြစ်သည်။ ကာဇက် စတန်နိုင်ငံအတွင်း အီတလီနိုင် ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ရေနံကဏ္ဍတွင်သာမက စွမ်းအင်နှင့် အရေးကြီး သောကုန်ကြမ်းများထုတ်လုပ် ရေးလုပ်ငန်းများတွင်လည်း ဝင်ရောက်ရင်းနှီးမြှုပ်နှံနေပြီ ဖြစ်သည်။
အီတလီနိုင်ငံ၏ စွမ်းအင်အကျိုးစီးပွားမှာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အကြီးမားဆုံး သဘာဝ ဓာတ်ငွေ့ အရန်သိုက်တည်ရှိရာ တာ့ဂ်မန်နစ္စတန်နိုင်ငံသို့လည်းရောက်ရှိနေပြီဖြစ်သည်။ အီတလီနှင့် တာ့ဂ်မန် နစ္စတန်နိုင်ငံကြား ပုံမှန်ပူးပေါင်းဆောင်ရွက်မှုမှာ အကန့်အသတ်ရှိသည်။ သို့သော် မကြာသေးမီကာလအတွင်း ဖြစ်ပေါ်တိုးတက်မှုများအရ အရွေ့တစ်ခု ဖြစ်ပေါ်လာနေပြီ ဆိုသည်ကို အချက်ပြနေခြင်းဖြစ်သည်။ တာ့ဂ်မန်နစ္စတန်နိုင်ငံသည် (၂၀၂၃)ခုနှစ် ဩဂုတ်လတွင် အီးယူသို့ သဘာဝ ဓာတ်ငွေ့တင်ပို့ မည့်သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ရာ အီတလီနိုင်ငံအတွက် အနာဂတ် တွင် သဘာဝဓာတ်ငွေ့ဝယ်ယူသူဖြစ်လာရန် လမ်းခင်းပေးလိုက်သကဲ့သို့ ဖြစ်စေသည်။
လုံခြုံရေး
ရုရှားနိုင်ငံသည် (၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် လက်နက်တင်ပို့ရေးတွင် စိတ်ဝင်စား မှုမရှိတော့ပါ။ ယင်းမှာ ပြင်သစ်နှင့်အီတလီနိုင်ငံတို့ အတွက် အခွင့်အရေးများဖြစ်လာခဲ့သည်။ ပြင်သစ် နိုင်ငံသည် ၎င်း၏ကာကွယ်ရေးလုပ်ငန်းကို တိုးချဲ့ရန်အတွက် ရုရှားနှင့်ကာဇက်စတန်နိုင်ငံတို့ကြား ဆက် ဆံရေးယိုယွင်းလာမှုကို အမိအရအသုံးချရန်နည်း လမ်းရှာဖွေကြိုးပမ်းလာခဲ့သည်။ (၂၀၁၁) ခုနှစ် ကတည်းက ကာဇက်စတန်နိုင်ငံနှင့် စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များရှိခဲ့ရာ လက်နက်ကုန်သွယ်မှု၊ တပ်သားများ လေ့ကျင့်ရေးနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် အခြေခံအုတ် မြစ်များရှိထားပြီး ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုကျော်ကတည်းက ကာဇက်စတန်နိုင်ငံသို့ ပြင် သစ်နိုင်ငံ၏ ကာကွယ်ရေးပို့ကုန်များတွင် Thales’ Ground Master လေကြောင်းရန် ကာကွယ်ရေး စနစ် စသည့်နည်းပညာများလည်း ပါဝင်ခဲ့သည်။
(၂၀၁၄)ခုနှစ်တွင် ပထမဆုံးတင်ပို့ခဲ့ခြင်းဖြစ်ပြီး (၂၀၁၇)ခုနှစ်တွင် ပူးတွဲထုတ်လုပ်ကာ ယခုအခါ အချို့အစိတ်အပိုင်းများကို ကာဇက်စတန်နိုင်ငံ တွင်ပင် ထုတ်လုပ်နေပြီဖြစ်သည်။ Thales’ Ground Master လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထပ်မံတင်ပို့ခြင်းကို သမ္မတ မက်ခရွန်၏ (၂၀၂၃) ခုနှစ် ကာဇက်စတန်နိုင်ငံခရီးစဉ်အပြီးတွင် ကြေညာ ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နှင့် ကာဇက်စတန်နိုင်ငံတို့ ၏ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုမှာ ရေဒါ စနစ်များအပြင် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင် ရေး လေယာဉ်များဖြစ်သည့် A400M များ တင်ပို့ခြင်းအထိပါဝင်သည်။ မည်သို့ပင်ဖြစ်စေ ပြင်သစ်တို့၏ ရည်မှန်းချက်များ မအောင်မြင်ခဲ့ပါ။ ပြင်သစ်သမ္မတ မက်ခရွန်၏ (၂၀၂၃)ခုနှစ် ကာဇက်စတန်ခရီးစဉ် အတွင်း ဆွေးနွေးချက်များတွင် Rafale ဖိုက်တာဂျက်များ ရောင်းချနိုင်ခြေပါဝင်ခဲ့သည်။ သို့သော် ကာဇက်စတန်နိုင်ငံ သည် (၂၀၂၄)ခုနှစ် ဩဂုတ်လတွင် ရုရှားထုတ် Su-30SM ဖိုက်တာဂျက် ခြောက်စင်း ဝယ်ယူရေးကိုရွေး ချယ်ခဲ့သည်။ Rafale ဖိုက်တာ ဂျက်များမှာ ဈေးကြီး လွန်းသည်ဟု ကာဇက်စတန် အစိုးရက အကြောင်းပြခဲ့သည်။ ပြင်သစ်အစိုးရသည် Rafale ဖိုက်တာ ဂျက်များကို ဥဇဘက် ကစ္စတန် နိုင်ငံသို့ အလားတူ ရောင်းချရန် ကြိုးပမ်းမှုမှာလည်း အောင်မြင်မှုမရှိခဲ့ပါ။ ယင်းမှာ ဗဟိုအာရှကာကွယ် ရေးဈေးကွက်များတွင် ပြင်သစ်တို့၏ဆန္ဒအတိုင်း ပြည့်ဝမှုမရှိခဲ့သည်ကို ထင်ဟပ်ဖော်ပြနေခြင်းဖြစ်သည်။
အီတလီနိုင်ငံမှာမူ ဒေသတွင်း အထူးသဖြင့် တာ့ဂ်မန်နစ္စတန်တွင် စစ်ဘက်ဆိုင်ရာအမာထည် ပစ္စည်း များ အဓိကတင်ပို့သည့်နိုင်ငံအဖြစ် ခြေကုပ် ယူထားပြီးဖြစ်သည်။ Stockholm International Peace Research Institute မှ အချက်အလက်များ အရ အီတလီနိုင်ငံ၏ တာ့ဂ်မန်နစ္စတန်နိုင်ငံသို့ ကာကွယ် ရေးပစ္စည်းပို့ကုန်များတွင် AW139,A-109k ရဟတ်ယာဉ်များ၊ Falco မောင်းသူမဲ့ယာဉ်များ၊ Compact 40l70 သေနတ်များ ၊ Marte-2 သင်္ဘောဖျက်မစ်ဆိုင်းများ စသည့် ရေတပ်သုံးလက် နက်များပါဝင်သည်။ အဆိုပါ လက်နက်များအပြင် လက်နက်ငယ်များဖြစ်သည့် Berettal ရိုင်ဖယ်များ၊ ပစ်စ္စတိုများကိုလည်း တာ့ဂ်မန် နစ္စတန်နိုင်ငံသို့ ရောင်း ချခဲ့သည်။ ယင်းမှာ အီတလီနိုင်ငံ၏ ကာကွယ်ရေး ခြေလှမ်းများ အလှမ်းကျယ်လာခြင်းကို ထင်ဟပ်ဖော်ပြနေခြင်းလည်း ဖြစ်သည်။
ပြင်သစ်နှင့် အီတလီနိုင်ငံတို့၏ ဗဟိုအာရှဒေသ ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများသည် ၎င်းတို့၏ ပုဂ္ဂလိကကာကွယ်ရေးကဏ္ဍ အကျိုးစီးပွားများနှင့် များစွာနှီးနွှယ်ဆက်စပ်နေသည်။ Thales၊ Dassault နှင့် Leonardo ကဲ့သို့သော ကုမ္ပဏီများ သည် ၎င်းတို့အစိုးရများ၏ ထောက်ပံ့ကူညီမှုဖြင့် အကျိုးအမြတ်များစွာ ရရှိနေကြသည့်ကုမ္ပဏီများ ဖြစ်ကြသည်။ ပထဝီနိုင်ငံရေး ရည်မှန်းချက်နှင့် ပုဂ္ဂလိ ကလုပ်ငန်းအကျိုးစီးပွားတို့ပေါင်းစည်းပြီး ရည်မှန်း ချက်နှစ်မျိုးလုံး ပေါက်မြောက်အောင် ကြိုးပမ်းနိုင်ခဲ့ကြသည်။
ဗဟိုအာရှဒေသ၏ သဘောထားအမြင်
ဗဟိုအာရှဒေသအစိုးရများအတွက် ပြင်သစ်၊ အီတလီနိုင်ငံတို့နှင့် ထိတွေ့ဆက်ဆံမှု ပိုမိုပြုလုပ် လာခြင်းသည် ရုရှား၊ တရုတ်နိုင်ငံတို့အပြင် အခြား မိတ်ဖက်များကို ရှာဖွေနိုင်ခြင်းအတွက် အခွင့်အလမ်း များ ပိုမိုရရှိလာစေခဲ့သည်ဟု ယူဆလာကြသည်။ တစ်ချိန်တည်းမှာပင် အဆင့်မြင့်နည်းပညာနှင့် အ တတ်ပညာများလည်း ရရှိလာခဲ့ကြသည်။ ကာဇက် စတန်နိုင်ငံသည် နိုင်ငံအားလုံးနှင့်နွေးထွေးသည့် ဆက်ဆံရေးရှိသော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံး နေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုတည်းနှင့် ညှိနှိုင်းဆက်ဆံခြင်း ထက် နိုင်ငံတကာမိတ်ဖက်ပေါင်းစုံဖြင့် ထိတွေ့ဆက်ဆံ နေခြင်းဖြစ်သည်။
ဗဟိုအာရှဈေးကွက်ကို အများအားဖြင့် ဥရောပ ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နေသည့် တရုတ်ကုမ္ပဏီများ က လွှမ်းမိုးထားခြင်းဖြစ်သည်။ Orano ကုမ္ပဏီဆို လျှင်လည်း ဥဇဘက်ကစ္စတန်နိုင်ငံ၌ သတ္တုတွင်း အသစ်များရှာဖွေရာတွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China Nuclear Uranium တို့နှင့် အပြင်းအထန် ပြိုင်ဆိုင်နေရခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် တာ့ဂ်မန်နစ္စတန်နိုင်ငံမှထွက်ရှိသည့် ဓာတ်ငွေ့ကိုအဓိက ဝယ်ယူသည့်နိုင်ငံဖြစ်ပြီး တာ့ဂ်မန်နစ္စတန်နိုင်ငံကလည်း ဥရောပအားသဘာဝဓာတ်ငွေ့ပို့ကုန်အတွက် အလားအလာရှိသော ဈေးကွက်ကြီးအဖြစ်ရှု မြင်ထားခြင်းဖြစ်သည်။
ဗဟိုအာရှဒေသအကြောင်း စဉ်းစားရာတွင် လုံခြုံရေးမှာ အဓိကစိုးရိမ်စရာဖြစ်သည်။ ဥဇဘက် ကစ္စတန် နိုင်ငံနှင့် တာ့ဂ်မန်နစ္စတန်နိုင်ငံတို့ဆိုလျှင် အာဖဂန်မှရောက်ရှိလာသည့်အစ္စလာမ် အစွန်း ရောက် ဝါဒအန္တရာယ်များ ရှိသည်။ စစ်သွေးကြွအစွန်းရောက်တို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရရုံ သာမက ဗဟိုအာရှအစိုးရများကိုယ်တိုင်ကလည်း အတိုက်အခံနိုင်ငံ ရေးသမားများကို အကြမ်းဖက် နည်းလမ်းအသုံးပြုပြီး ထောင်သွင်းအကျဉ်းချလေ့ရှိသည်။ သို့ဖြစ်ရာ ဗဟိုအာရှဒေသ နိုင်ငံရေး အစိုးရ များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါသည်ဟု ဆိုရမည်ဖြစ်သည်။
ဥရောပအစိုးရများနှင့်ကုမ္ပဏီများသည် ဗဟို အာရှဒေသတွင် အပြင်းအထန်ပြိုင်ဆိုင်နေကြ သည်။ သို့သော် ဒေသတွင်း ရုရှားတို့၏ဩဇာမှာလည်း ခိုင်မာနေဆဲ ဖြစ်သည်။ ဥရောပသည် ရုရှားနိုင်ငံ သာမက တရုတ်၊ တူကီယဲ၊ အိန္ဒိယ၊ အီရန် စသည့် ဒေသတွင်း နိုင်ငံများနှင့်လည်း ပြိုင်ဆိုင်နေရခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စစ်ဘက်ဆိုင်ရာသင်တန်းများပေးခြင်းနှင့် စစ်လက်နက်ပစ္စည်းများ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။
သို့သော် ဥရောပနိုင်ငံများနှင့် ကုမ္ပဏီများအနေ ဖြင့် ဗဟိုအာရှဒေသရှိနိုင်ငံများနှင့် မည်သည့်အ တိုင်းအတာအထိ လုံခြုံရေးမိတ်ဖက်အဖြစ် တည် ဆောက်နိုင်မည်ဆိုသည်မှာမူ မေးခွန်းထုတ်စရာရှိနေ
ဆဲဖြစ်သည်။
zawgyi version
ျပင္သစ္နဲ႔ အီတလီတို႔ရဲ႕ ဗဟိုအာရွေဒသဗ်ဴဟာ ဘယ္အထိေအာင္ျမင္ႏိုင္မလဲ (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ဒီဇင္ဘာ ၂ဝ
ဗဟိုအာရွေဒသ၏ ဆင့္ကဲေျပာင္းလဲလာေနသည့္ ပထဝီႏိုင္ငံေရးဆိုင္ရာ အခန္းက႑သည္ ၿပိဳင္ ဖက္ႏိုင္ငံႀကီးမ်ားကို ဟန္ခ်က္ညႇိ႐ုံသက္သက္တင္ မဟုတ္ဘဲ ၎တို႔၏အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ အီ လစ္တို႔၏ အက်ိဳးစီးပြားကို ရွာေဖြေနျခင္းလည္းျဖစ္ သည္။ ဗဟိုအာရွေဒသရွိ ဥေရာပ၏ အက်ိဳး စီးပြား မွာ ေဖေဖာ္ဝါရီလတြင္ ႐ုရွားႏိုင္ငံက ယူကရိန္းႏိုင္ငံကို တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္းတြင္ သိသိသာသာျမင့္ တက္လာခဲ့သည္။ ထိုသို႔ျဖစ္လာရျခင္းမွာ ႐ုရွား၏ ႐ုပ္ႂကြင္းေလာင္စာတစ္ခုတည္းအေပၚ မွီခိုေနရျခင္း မွေလွ်ာ့ခ်ႏိုင္ရန္ ႀကိဳးစားရာမွရရွိလာျခင္းျဖစ္သည္။ ဥေရာပတစ္ႏိုင္ငံစီသည္လည္း ၎တို႔၏စြမ္းအင္ အက်ိဳးစီးပြားအသီးသီးေနာက္သို႔ လိုက္လာၾကသည္။ သို႔ျဖစ္ရာ စြမ္းအင္၊ ပထဝီႏိုင္ငံေရးႏွင့္ လုံၿခဳံေရး ကိစၥရပ္တို႔သည္ အီးယူႏွင့္ ဗဟိုအာရွေဒသတို႔ ထိေတြ႕ ဆက္ဆံရာတြင္ တစ္ေန႔ထက္တစ္ေန႔ အေရးပါ လာခဲ့သည္။
စြမ္းအင္က႑
ျပင္သစ္ႏွင့္ အီတလီတို႔သည္ စြမ္းအင္ရရွိေရး ႀကိဳးပမ္းရာတြင္ တူညီၾကေသာ္လည္း အက်ိဳးစီးပြား ခ်င္းမွာမူ ကြဲျပားၾကသည္။ ျပင္သစ္ႏိုင္ငံအတြက္မူ ယူေရနီယံသည္ ၎၏စြမ္းအင္စနစ္လုံၿခဳံေရး အတြက္ျဖစ္သည္။ စြမ္းအင္အမ်ားစုကို န်ဴကလီးယား စြမ္းအင္မွရရွိျခင္းျဖစ္သည္။ ျပင္သစ္ႏိုင္ငံသည္ (၂၀၁၃)ခုႏွစ္မွ (၂၀၂၃)ခုႏွစ္အတြင္း ယူေရနီယံ အမ်ားစုကို ကာဇက္စတန္ႏိုင္ငံမွ (၂၇)ရာခိုင္ႏႈန္း၊ ႏိုင္ဂ်ာ ႏိုင္ငံမွ (၂၀) ရာခိုင္ႏႈန္း၊ ဥဇဘက္ကစၥတန္ႏိုင္ ငံမွ (၁၉)ရာခိုင္ႏႈန္း ရရွိခဲ့သည္။ (၂၀၂၃) ခုႏွစ္တြင္ ႏိုင္ဂ်ာ ႏိုင္ငံ၌ တပ္မေတာ္မွ ႏိုင္ငံေတာ္တာဝန္ရယူခဲ့ၿပီးေနာက္ ဗဟိုအာရွေဒသ ယူေရနီယံ အေပၚ မွီခိုမႈမွာ ပိုမို ျမင့္တက္လာခဲ့သည္။ ယူေရနီယံရရွိေရးအေပၚ ျပင္သစ္ႏိုင္ငံ အာ႐ုံစိုက္ျခင္းမွာ ျပင္သစ္သတၱဳကုမၸဏီ ႀကီး Orano ၏ ရည္မွန္းခ်က္ႏွင့္အညီ လိုက္ပါအေကာင္အထည္ေဖာ္ေနျခင္းျဖစ္သည္။ ယင္းကုမၸဏီ သည္ ေဒသ၏ယူေရနီယံထုတ္လုပ္ေရးတြင္ အဓိကအခန္းက႑တြင္ ပါဝင္ေနျခင္းေၾကာင့္ ျဖစ္သည္။
Orano သည္ ကမာၻတြင္ အႀကီးမားဆုံးယူေရနီယံ ထုတ္လုပ္သည့္ကုမၸဏီျဖစ္သည့္ KATCO တြင္ (၁၅)ရာခိုင္ႏႈန္း အစုရွယ္ယာပါဝင္ထားၿပီး ကာဇက္စတန္ႏိုင္ငံ၏ ႏိုင္ငံပိုင္စြမ္းအင္ကုမၸဏီ Kazatomprom ႏွင့္ မိတ္ဖက္ဆက္ဆံေရး ျပဳလုပ္ ထားသည္။ ထို႔ျပင္ ဥဇဘက္ကစၥတန္ႏိုင္ငံတြင္လည္း ၎၏လုပ္ငန္းမ်ားကို တိုးခ်ဲ႕လုပ္ကိုင္ေနၿပီး (၂၀၁၉) ခုႏွစ္တြင္ Nurlikum သတၱဳကုမၸဏီႏွင့္ ဖက္စပ္ လုပ္ကိုင္လ်က္ရွိသည္။ ျပင္သစ္သမၼတ မက္ခ႐ြန္၏ (၂၀၂၃)ခုႏွစ္ ဥဇဘက္ကစၥတန္ႏိုင္ငံခရီးစဥ္အတြင္း ေဆြးေႏြးခ်က္မ်ားသည္ မိတ္ဖက္ဆံေရးကို တိုးခ်ဲ႕ ရန္ႏွစ္ဖက္လုံးဆႏၵရွိေနေၾကာင္း အခ်က္ျပေနျခင္းျဖစ္ သည္။ သို႔ျဖစ္ရာ ေဒသတြင္းျပင္သစ္တို႔၏ စြမ္းအင္ရရွိေရးေျခလွမ္းမ်ားမွာ ပိုမိုအလွမ္းက်ဲလာဖြယ္ရွိ သည္။
ကာဇက္စတန္သမၼတ Kassym-Jomart Tokayev ၏ (၂၀၂၄)ခုႏွစ္ ႏိုဝင္ဘာလ ခရီးစဥ္သည္ ကာဇက္စတန္ႏိုင္ငံႏွင့္ ျပင္သစ္ႏိုင္ငံၾကား မိတ္ဖက္ ျဖစ္မႈကို ခိုင္မာေစခဲ့သည္။ ယခုအခါ ျပင္သစ္ ကုမၸဏီ (၂၀ဝ)နီးပါးသည္လည္း ကာဇက္စတန္ႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားၾကသည္။ ရင္းႏွီးျမႇဳပ္ႏွံ ထားၾကသည့္ နယ္ပယ္မ်ားမွာ သယ္ယူပို႔ေဆာင္ေရး၊ ေလေၾကာင္း လုပ္ငန္းႏွင့္ စြမ္းအင္ က႑ တို႔ ျဖစ္သည္။ အဆိုပါ ကုမၸဏီမ်ားအနက္ Orano ကုမၸဏီမွာ ႏိုင္ငံတကာ ကုမၸဏီမ်ားအတြက္ မိတ္ဖက္ ျဖစ္လာႏိုင္႐ုံသာမက ယူေရနီယံသတၱဳထုတ္လုပ္ေရးအတြက္ပါ အေရးပါသည့္ကုမၸဏီအျဖစ္ရွိေနဆဲ ျဖစ္သည္။
ခရီးစဥ္အတြင္း အေရးႀကီးေသာ ကုန္ၾကမ္းထုတ္လုပ္ေရးတြင္ ႏွစ္ဖက္ပူးေပါင္းေဆာင္႐ြက္ေရး လမ္းျပ ေျမပုံကို လက္မွတ္ေရးထိုးခဲ့ၾကရာ စဥ္ဆက္မျပတ္ ကုန္ထုတ္လုပ္မႈဖန္တီးျခင္းႏွင့္ အေရးႀကီး ေသာ အရင္းအျမစ္ျဖစ္သည့္ သတၳဳတူးေဖာ္ေရးႏွင့္ ရွာေဖြ ေရးလုပ္ငန္းအေပၚ အာ႐ုံထားေနေၾကာင္း အခ်က္ျပေနျခင္းျဖစ္သည္။ ဗဟိုအာရွေဒသတြင္ ျပင္သစ္ႏိုင္ငံ၏ စြမ္းအင္ မဟာဗ်ဴဟာမွာ ယူေရနီယံ အေပၚအဓိကထားျခင္း ျဖစ္သည္။ သို႔ေသာ္ အီတလီႏိုင္ငံမွာမူ ေရနံႏွင့္သ ဘာဝဓာတ္ေငြ႕အေပၚ အဓိက အာ႐ုံ ထားျခင္းျဖစ္ သည္။ ဗဟိုအာရွေဒသရွိ ကာဇက္စတန္ႏိုင္ငံသည္ ဥေရာပသို႔ ႐ုပ္ႂကြင္းေလာင္စာ အဓိကတင္ပို႔သည့္ ႏိုင္ငံျဖစ္သည္။ ဗဟိုအာရွေဒသ၏ ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕အမ်ားစုကို ႐ုရွား ႏိုင္ငံ မွတစ္ဆင့္ တင္ပို႔ျခင္း ျဖစ္သည္။ အီတလီႏိုင္ငံသည္ ကာဇက္စတန္ႏိုင္ငံ ေရနံပို႔ကုန္၏ (၂၇.၉)ရာခိုင္ ႏႈန္းကို တင္သြင္းေနျခင္း ျဖစ္သည္။ ယင္းတို႔အနက္မွ အမ်ားစုကို ဥေရာပသို႔ ျပန္လည္ျဖန႔္ျဖဴးျခင္း ျဖစ္သည္။ ႏိုင္ငံပိုင္တစ္စိတ္ တစ္ပိုင္းျဖစ္သည့္ အီတလီႏိုင္ငံ၏ ENI ကုမၸဏီႀကီး သည္လည္း ကာဇက္ စတန္ႏိုင္ငံ၏ ေရနံႏွင့္သဘာ ဝဓာတ္ေငြ႕က႑တြင္ အခိုင္အမာေျခကုပ္ယူထားၿပီး ျဖစ္သည္။ ကာဇက္ စတန္ႏိုင္ငံအတြင္း အီတလီႏိုင္ ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ ေရနံက႑တြင္သာမက စြမ္းအင္ႏွင့္ အေရးႀကီး ေသာကုန္ၾကမ္းမ်ားထုတ္လုပ္ ေရးလုပ္ငန္းမ်ားတြင္လည္း ဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံေနၿပီ ျဖစ္သည္။
အီတလီႏိုင္ငံ၏ စြမ္းအင္အက်ိဳးစီးပြားမွာ ကမာၻေပၚတြင္ စတုတၳေျမာက္အႀကီးမားဆုံး သဘာဝ ဓာတ္ေငြ႕ အရန္သိုက္တည္ရွိရာ တာ့ဂ္မန္နစၥတန္ႏိုင္ငံသို႔လည္းေရာက္ရွိေနၿပီျဖစ္သည္။ အီတလီႏွင့္ တာ့ဂ္မန္ နစၥတန္ႏိုင္ငံၾကား ပုံမွန္ပူးေပါင္းေဆာင္႐ြက္မႈမွာ အကန႔္အသတ္ရွိသည္။ သို႔ေသာ္ မၾကာေသးမီကာလအတြင္း ျဖစ္ေပၚတိုးတက္မႈမ်ားအရ အေ႐ြ႕တစ္ခု ျဖစ္ေပၚလာေနၿပီ ဆိုသည္ကို အခ်က္ျပေနျခင္းျဖစ္သည္။ တာ့ဂ္မန္နစၥတန္ႏိုင္ငံသည္ (၂၀၂၃)ခုႏွစ္ ဩဂုတ္လတြင္ အီးယူသို႔ သဘာဝ ဓာတ္ေငြ႕တင္ပို႔ မည့္သေဘာတူညီခ်က္တစ္ရပ္ လက္မွတ္ေရးထိုးခဲ့ရာ အီတလီႏိုင္ငံအတြက္ အနာဂတ္ တြင္ သဘာဝဓာတ္ေငြ႕ဝယ္ယူသူျဖစ္လာရန္ လမ္းခင္းေပးလိုက္သကဲ့သို႔ ျဖစ္ေစသည္။
လုံၿခဳံေရး
႐ုရွားႏိုင္ငံသည္ (၂၀၂၂) ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းတြင္ လက္နက္တင္ပို႔ေရးတြင္ စိတ္ဝင္စား မႈမရွိေတာ့ပါ။ ယင္းမွာ ျပင္သစ္ႏွင့္အီတလီႏိုင္ငံတို႔ အတြက္ အခြင့္အေရးမ်ားျဖစ္လာခဲ့သည္။ ျပင္သစ္ ႏိုင္ငံသည္ ၎၏ကာကြယ္ေရးလုပ္ငန္းကို တိုးခ်ဲ႕ရန္အတြက္ ႐ုရွားႏွင့္ကာဇက္စတန္ႏိုင္ငံတို႔ၾကား ဆက္ ဆံေရးယိုယြင္းလာမႈကို အမိအရအသုံးခ်ရန္နည္း လမ္းရွာေဖြႀကိဳးပမ္းလာခဲ့သည္။ (၂၀၁၁) ခုႏွစ္ ကတည္းက ကာဇက္စတန္ႏိုင္ငံႏွင့္ စစ္ဖက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈသေဘာတူညီခ်က္မ်ားရွိခဲ့ရာ လက္နက္ကုန္သြယ္မႈ၊ တပ္သားမ်ား ေလ့က်င့္ေရးႏွင့္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားအတြက္ အေျခခံအုတ္ ျမစ္မ်ားရွိထားၿပီး ျဖစ္သည္။ လြန္ခဲ့သည့္ ဆယ္စုႏွစ္ တစ္စုေက်ာ္ကတည္းက ကာဇက္စတန္ႏိုင္ငံသို႔ ျပင္ သစ္ႏိုင္ငံ၏ ကာကြယ္ေရးပို႔ကုန္မ်ားတြင္ Thales’ Ground Master ေလေၾကာင္းရန္ ကာကြယ္ေရး စနစ္ စသည့္နည္းပညာမ်ားလည္း ပါဝင္ခဲ့သည္။
(၂၀၁၄)ခုႏွစ္တြင္ ပထမဆုံးတင္ပို႔ခဲ့ျခင္းျဖစ္ၿပီး (၂၀၁၇)ခုႏွစ္တြင္ ပူးတြဲထုတ္လုပ္ကာ ယခုအခါ အခ်ိဳ႕အစိတ္အပိုင္းမ်ားကို ကာဇက္စတန္ႏိုင္ငံ တြင္ပင္ ထုတ္လုပ္ေနၿပီျဖစ္သည္။ Thales’ Ground Master ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား ထပ္မံတင္ပို႔ျခင္းကို သမၼတ မက္ခ႐ြန္၏ (၂၀၂၃) ခုႏွစ္ ကာဇက္စတန္ႏိုင္ငံခရီးစဥ္အၿပီးတြင္ ေၾကညာ ခဲ့ျခင္းျဖစ္သည္။ ျပင္သစ္ႏွင့္ ကာဇက္စတန္ႏိုင္ငံတို႔ ၏ကာကြယ္ေရးက႑ပူးေပါင္းေဆာင္႐ြက္မႈမွာ ေရဒါ စနစ္မ်ားအျပင္ စစ္ဘက္ဆိုင္ရာ သယ္ယူပို႔ေဆာင္ ေရး ေလယာဥ္မ်ားျဖစ္သည့္ A400M မ်ား တင္ပို႔ျခင္းအထိပါဝင္သည္။ မည္သို႔ပင္ျဖစ္ေစ ျပင္သစ္တို႔၏ ရည္မွန္းခ်က္မ်ား မေအာင္ျမင္ခဲ့ပါ။ ျပင္သစ္သမၼတ မက္ခ႐ြန္၏ (၂၀၂၃)ခုႏွစ္ ကာဇက္စတန္ခရီးစဥ္ အတြင္း ေဆြးေႏြးခ်က္မ်ားတြင္ Rafale ဖိုက္တာဂ်က္မ်ား ေရာင္းခ်ႏိုင္ေျခပါဝင္ခဲ့သည္။ သို႔ေသာ္ ကာဇက္စတန္ႏိုင္ငံ သည္ (၂၀၂၄)ခုႏွစ္ ဩဂုတ္လတြင္ ႐ုရွားထုတ္ Su-30SM ဖိုက္တာဂ်က္ ေျခာက္စင္း ဝယ္ယူေရးကိုေ႐ြး ခ်ယ္ခဲ့သည္။ Rafale ဖိုက္တာ ဂ်က္မ်ားမွာ ေဈးႀကီး လြန္းသည္ဟု ကာဇက္စတန္ အစိုးရက အေၾကာင္းျပခဲ့သည္။ ျပင္သစ္အစိုးရသည္ Rafale ဖိုက္တာ ဂ်က္မ်ားကို ဥဇဘက္ ကစၥတန္ ႏိုင္ငံသို႔ အလားတူ ေရာင္းခ်ရန္ ႀကိဳးပမ္းမႈမွာလည္း ေအာင္ျမင္မႈမရွိခဲ့ပါ။ ယင္းမွာ ဗဟိုအာရွကာကြယ္ ေရးေဈးကြက္မ်ားတြင္ ျပင္သစ္တို႔၏ဆႏၵအတိုင္း ျပည့္ဝမႈမရွိခဲ့သည္ကို ထင္ဟပ္ေဖာ္ျပေနျခင္းျဖစ္သည္။
အီတလီႏိုင္ငံမွာမူ ေဒသတြင္း အထူးသျဖင့္ တာ့ဂ္မန္နစၥတန္တြင္ စစ္ဘက္ဆိုင္ရာအမာထည္ ပစၥည္း မ်ား အဓိကတင္ပို႔သည့္ႏိုင္ငံအျဖစ္ ေျခကုပ္ ယူထားၿပီးျဖစ္သည္။ Stockholm International Peace Research Institute မွ အခ်က္အလက္မ်ား အရ အီတလီႏိုင္ငံ၏ တာ့ဂ္မန္နစၥတန္ႏိုင္ငံသို႔ ကာကြယ္ ေရးပစၥည္းပို႔ကုန္မ်ားတြင္ AW139,A-109k ရဟတ္ယာဥ္မ်ား၊ Falco ေမာင္းသူမဲ့ယာဥ္မ်ား၊ Compact 40l70 ေသနတ္မ်ား ၊ Marte-2 သေဘၤာဖ်က္မစ္ဆိုင္းမ်ား စသည့္ ေရတပ္သုံးလက္ နက္မ်ားပါဝင္သည္။ အဆိုပါ လက္နက္မ်ားအျပင္ လက္နက္ငယ္မ်ားျဖစ္သည့္ Berettal ႐ိုင္ဖယ္မ်ား၊ ပစ္စၥတိုမ်ားကိုလည္း တာ့ဂ္မန္ နစၥတန္ႏိုင္ငံသို႔ ေရာင္း ခ်ခဲ့သည္။ ယင္းမွာ အီတလီႏိုင္ငံ၏ ကာကြယ္ေရး ေျခလွမ္းမ်ား အလွမ္းက်ယ္လာျခင္းကို ထင္ဟပ္ေဖာ္ျပေနျခင္းလည္း ျဖစ္သည္။
ျပင္သစ္ႏွင့္ အီတလီႏိုင္ငံတို႔၏ ဗဟိုအာရွေဒသ ကာကြယ္ေရးဆိုင္ရာ ထိေတြ႕ဆက္ဆံမႈမ်ားသည္ ၎တို႔၏ ပုဂၢလိကကာကြယ္ေရးက႑ အက်ိဳးစီးပြားမ်ားႏွင့္ မ်ားစြာႏွီးႏႊယ္ဆက္စပ္ေနသည္။ Thales၊ Dassault ႏွင့္ Leonardo ကဲ့သို႔ေသာ ကုမၸဏီမ်ား သည္ ၎တို႔အစိုးရမ်ား၏ ေထာက္ပံ့ကူညီမႈျဖင့္ အက်ိဳးအျမတ္မ်ားစြာ ရရွိေနၾကသည့္ကုမၸဏီမ်ား ျဖစ္ၾကသည္။ ပထဝီႏိုင္ငံေရး ရည္မွန္းခ်က္ႏွင့္ ပုဂၢလိ ကလုပ္ငန္းအက်ိဳးစီးပြားတို႔ေပါင္းစည္းၿပီး ရည္မွန္း ခ်က္ႏွစ္မ်ိဳးလုံး ေပါက္ေျမာက္ေအာင္ ႀကိဳးပမ္းႏိုင္ခဲ့ၾကသည္။
ဗဟိုအာရွေဒသ၏ သေဘာထားအျမင္
ဗဟိုအာရွေဒသအစိုးရမ်ားအတြက္ ျပင္သစ္၊ အီတလီႏိုင္ငံတို႔ႏွင့္ ထိေတြ႕ဆက္ဆံမႈ ပိုမိုျပဳလုပ္ လာျခင္းသည္ ႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔အျပင္ အျခား မိတ္ဖက္မ်ားကို ရွာေဖြႏိုင္ျခင္းအတြက္ အခြင့္အလမ္း မ်ား ပိုမိုရရွိလာေစခဲ့သည္ဟု ယူဆလာၾကသည္။ တစ္ခ်ိန္တည္းမွာပင္ အဆင့္ျမင့္နည္းပညာႏွင့္ အ တတ္ပညာမ်ားလည္း ရရွိလာခဲ့ၾကသည္။ ကာဇက္ စတန္ႏိုင္ငံသည္ ႏိုင္ငံအားလုံးႏွင့္ေႏြးေထြးသည့္ ဆက္ဆံေရးရွိေသာ ႏိုင္ငံျခားေရးမူဝါဒကိုက်င့္သုံး ေနျခင္းျဖစ္သည္။ တစ္နည္းအားျဖင့္ ႏိုင္ငံတစ္ႏိုင္ငံ၊ အဖြဲ႕အစည္းတစ္ခုတည္းႏွင့္ ညႇိႏႈိင္းဆက္ဆံျခင္း ထက္ ႏိုင္ငံတကာမိတ္ဖက္ေပါင္းစုံျဖင့္ ထိေတြ႕ဆက္ဆံ ေနျခင္းျဖစ္သည္။
ဗဟိုအာရွေဈးကြက္ကို အမ်ားအားျဖင့္ ဥေရာပ ကုမၸဏီမ်ားႏွင့္ ယွဥ္ၿပိဳင္ေနသည့္ တ႐ုတ္ကုမၸဏီမ်ား က လႊမ္းမိုးထားျခင္းျဖစ္သည္။ Orano ကုမၸဏီဆို လွ်င္လည္း ဥဇဘက္ကစၥတန္ႏိုင္ငံ၌ သတၱဳတြင္း အသစ္မ်ားရွာေဖြရာတြင္ တ႐ုတ္ႏိုင္ငံပိုင္ကုမၸဏီ China Nuclear Uranium တို႔ႏွင့္ အျပင္းအထန္ ၿပိဳင္ဆိုင္ေနရျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ တာ့ဂ္မန္နစၥတန္ႏိုင္ငံမွထြက္ရွိသည့္ ဓာတ္ေငြ႕ကိုအဓိက ဝယ္ယူသည့္ႏိုင္ငံျဖစ္ၿပီး တာ့ဂ္မန္နစၥတန္ႏိုင္ငံကလည္း ဥေရာပအားသဘာဝဓာတ္ေငြ႕ပို႔ကုန္အတြက္ အလားအလာရွိေသာ ေဈးကြက္ႀကီးအျဖစ္ရႈ ျမင္ထားျခင္းျဖစ္သည္။
ဗဟိုအာရွေဒသအေၾကာင္း စဥ္းစားရာတြင္ လုံၿခဳံေရးမွာ အဓိကစိုးရိမ္စရာျဖစ္သည္။ ဥဇဘက္ ကစၥတန္ ႏိုင္ငံႏွင့္ တာ့ဂ္မန္နစၥတန္ႏိုင္ငံတို႔ဆိုလွ်င္ အာဖဂန္မွေရာက္ရွိလာသည့္အစၥလာမ္ အစြန္း ေရာက္ ဝါဒအႏၲရာယ္မ်ား ရွိသည္။ စစ္ေသြးႂကြအစြန္းေရာက္တို႔၏ ၿခိမ္းေျခာက္မႈမ်ားကို ရင္ဆိုင္ရ႐ုံ သာမက ဗဟိုအာရွအစိုးရမ်ားကိုယ္တိုင္ကလည္း အတိုက္အခံႏိုင္ငံ ေရးသမားမ်ားကို အၾကမ္းဖက္ နည္းလမ္းအသုံးျပဳၿပီး ေထာင္သြင္းအက်ဥ္းခ်ေလ့ရွိသည္။ သို႔ျဖစ္ရာ ဗဟိုအာရွေဒသ ႏိုင္ငံေရး အစိုးရ မ်ားတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ အခန္းက႑မွာ ပိုမိုအေရးပါသည္ဟု ဆိုရမည္ျဖစ္သည္။
ဥေရာပအစိုးရမ်ားႏွင့္ကုမၸဏီမ်ားသည္ ဗဟို အာရွေဒသတြင္ အျပင္းအထန္ၿပိဳင္ဆိုင္ေနၾက သည္။ သို႔ေသာ္ ေဒသတြင္း ႐ုရွားတို႔၏ဩဇာမွာလည္း ခိုင္မာေနဆဲ ျဖစ္သည္။ ဥေရာပသည္ ႐ုရွားႏိုင္ငံ သာမက တ႐ုတ္၊ တူကီယဲ၊ အိႏၵိယ၊ အီရန္ စသည့္ ေဒသတြင္း ႏိုင္ငံမ်ားႏွင့္လည္း ၿပိဳင္ဆိုင္ေနရျခင္း ျဖစ္သည္။ တစ္ခ်ိန္တည္းမွာပင္ စစ္ဘက္ဆိုင္ရာသင္တန္းမ်ားေပးျခင္းႏွင့္ စစ္လက္နက္ပစၥည္းမ်ား တိုးျမႇင့္ေပးျခင္းတို႔ကို ေဆာင္႐ြက္ေနျခင္းျဖစ္သည္။
သို႔ေသာ္ ဥေရာပႏိုင္ငံမ်ားႏွင့္ ကုမၸဏီမ်ားအေန ျဖင့္ ဗဟိုအာရွေဒသရွိႏိုင္ငံမ်ားႏွင့္ မည္သည့္အ တိုင္းအတာအထိ လုံၿခဳံေရးမိတ္ဖက္အျဖစ္ တည္ ေဆာက္ႏိုင္မည္ဆိုသည္မွာမူ ေမးခြန္းထုတ္စရာရွိေန
ဆဲျဖစ္သည္။