တရုတ်စစ်တပ်နှင့်ပတ်သက်ပြီး တာဝန်မဲ့သောအစီရင်ခံစာများ ထုတ်ပြန်နေခြင်းအား ရပ်တန့်ရန် အမေရိကန်ကို တရုတ်အစိုးရ တိုက်တွန်း
336
Pika (NP News) - ဒီဇင်ဘာ ၂ဝ
တရုတ်စစ်တပ်နှင့်ပတ်သက်ပြီး တာဝန်မဲ့သောအစီရင်ခံစာများ ထုတ်ပြန်နေခြင်းအား ရပ်တန့်ရန် အမေရိကန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ တရုတ်စစ်တပ်တွင် ဖြစ်ပွားနေ သော အကျင့်ပျက်ခြစားမှုများသည် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာခေတ်မီရေးပန်းတိုင်များကို အနှောင့်အယှက်ဖြစ်စေ ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာသည် အချက်အလက်များကို လျစ်လျူရှုထားပြီး မုန်းတီးမှု များဖြင့် ပြည့်နှက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လင်းဂျီအန်းက ဒီဇင်ဘာလ (၁၉)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
တရုတ်စစ်တပ်တွင်ဖြစ်ပွားနေသော အကျင့်ပျက်ခြစားမှုများသည် ၎င်း၏ (၂၀၂၇)ခုနှစ် စစ်ဘက်ဆိုင်ရာခေတ်မီရေး ရည်မှန်းချက်များဆီသို့ တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တရုတ်စစ်တပ်သည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ပြီးခဲ့သည့်နှစ်ကတည်းက အရှိန်မြှင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဘက်အရာရှိအများအပြားကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း လည်း သိရသည်။ ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာအရ (၂၀၂၃)ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလကြားတွင် တရုတ် စစ်တပ်မှ အဆင့်မြင့်အရာရှိများနှင့် ကာကွယ်ရေးလုပ်ငန်း အမှုဆောင်အရာရှိချုပ်များ အနည်းဆုံး(၁၅)ဦးကို ၎င်းတို့၏ရာထူးများမှ ထုတ်ပယ်ပစ်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ထို့ပြင် တရုတ်စစ်တပ်သည် အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်ပြီး စစ်ပွဲများကို အနိုင်ရရှိစေရန်အတွက် ၎င်း၏ စွမ်းရည်များကို အာရုံစိုက်သင့်သည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်က ယခုလအစောပိုင်းတွင် တိုက်တွန်းပြောကြားခဲ့ ကြောင်းလည်း သိရသည်။ ရှီကျင့်ဖျင်သည် (၂၀၁၃)ခုနှစ်တွင် သမ္မတအဖြစ် စတင် တာဝန်ယူချိန်မှစတင်ပြီး အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေး တရားဝင်လှုပ်ရှားမှုများကို ကြီးကြပ်မှုများ လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။
Zawgyi Version;
တ႐ုတ္စစ္တပ္ႏွင့္ပတ္သက္ၿပီး တာဝန္မဲ့ေသာအစီရင္ခံစာမ်ား ထုတ္ျပန္ေနျခင္းအား ရပ္တန႔္ရန္ အေမရိကန္ကို တ႐ုတ္အစိုးရ တိုက္တြန္း
Pika (NP News) - ဒီဇင္ဘာ ၂ဝ
တ႐ုတ္စစ္တပ္ႏွင့္ပတ္သက္ၿပီး တာဝန္မဲ့ေသာအစီရင္ခံစာမ်ား ထုတ္ျပန္ေနျခင္းအား ရပ္တန႔္ရန္ အေမရိကန္ကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ တ႐ုတ္စစ္တပ္တြင္ ျဖစ္ပြားေန ေသာ အက်င့္ပ်က္ျခစားမႈမ်ားသည္ ႏိုင္ငံ၏ စစ္ဘက္ဆိုင္ရာေခတ္မီေရးပန္းတိုင္မ်ားကို အေႏွာင့္အယွက္ျဖစ္ေစ ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ပင္တဂြန္စစ္ဌာနခ်ဳပ္က ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာသည္ အခ်က္အလက္မ်ားကို လ်စ္လ်ဴရႈထားၿပီး မုန္းတီးမႈ မ်ားျဖင့္ ျပည့္ႏွက္ေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေျပာေရးဆိုခြင့္ရွိသူ လင္းဂ်ီအန္းက ဒီဇင္ဘာလ (၁၉)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။
တ႐ုတ္စစ္တပ္တြင္ျဖစ္ပြားေနေသာ အက်င့္ပ်က္ျခစားမႈမ်ားသည္ ၎၏ (၂၀၂၇)ခုႏွစ္ စစ္ဘက္ဆိုင္ရာေခတ္မီေရး ရည္မွန္းခ်က္မ်ားဆီသို႔ တိုးတက္မႈကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္က အစီရင္ခံစာ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ တ႐ုတ္စစ္တပ္သည္ အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရးကို ၿပီးခဲ့သည့္ႏွစ္ကတည္းက အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး စစ္ဘက္အရာရွိအမ်ားအျပားကို စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း လည္း သိရသည္။ ပင္တဂြန္စစ္ဌာနခ်ဳပ္၏ အစီရင္ခံစာအရ (၂၀၂၃)ခုႏွစ္ ဇူလိုင္လမွ ဒီဇင္ဘာလၾကားတြင္ တ႐ုတ္ စစ္တပ္မွ အဆင့္ျမင့္အရာရွိမ်ားႏွင့္ ကာကြယ္ေရးလုပ္ငန္း အမႈေဆာင္အရာရွိခ်ဳပ္မ်ား အနည္းဆုံး(၁၅)ဦးကို ၎တို႔၏ရာထူးမ်ားမွ ထုတ္ပယ္ပစ္ခဲ့ေၾကာင္း ေရးသားေဖာ္ျပထားသည္။
ထို႔ျပင္ တ႐ုတ္စစ္တပ္သည္ အက်င့္ပ်က္ျခစားမႈကိုတိုက္ဖ်က္ၿပီး စစ္ပြဲမ်ားကို အႏိုင္ရရွိေစရန္အတြက္ ၎၏ စြမ္းရည္မ်ားကို အာ႐ုံစိုက္သင့္သည္ဟု တ႐ုတ္သမၼတရွီက်င့္ဖ်င္က ယခုလအေစာပိုင္းတြင္ တိုက္တြန္းေျပာၾကားခဲ့ ေၾကာင္းလည္း သိရသည္။ ရွီက်င့္ဖ်င္သည္ (၂၀၁၃)ခုႏွစ္တြင္ သမၼတအျဖစ္ စတင္ တာဝန္ယူခ်ိန္မွစတင္ၿပီး အက်င့္ပ်က္ျခစားမႈဆန႔္က်င္ေရး တရားဝင္လႈပ္ရွားမႈမ်ားကို ႀကီးၾကပ္မႈမ်ား လုပ္ေဆာင္ခဲ့ျခင္းလည္းျဖစ္သည္။