အမေရိကန်သမ္မတက ထိုင်ဝမ်ကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာသန်း (၅၇ဝ)ကျော်ကူညီထောက်ပံ့ပေးဖို့ ခွင့်ပြု

 592

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၁

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ဟာ ထိုင်ဝမ်ကို ကာကွယ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၅၇၁ ဒသမ ၃သန်း ကူညီထောက်ပံ့ပေးဖို့ ခွင့်ပြုလိုက်ကြောင်းသိရပါတယ်။ တရုတ်အစိုးရက ကန့်ကွက်မှုတွေရှိနေချိန်မှာပဲ အမေရိကန်အစိုးရဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတရာထူးက ထွက်ရဖို့ လပိုင်းအလိုမှာထိုင်ဝမ်ကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၅၇၁ သန်းကျော်ထပ်မံကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်ကို တရားဝင်အသိမှတ်ပြုထားတာမျိုးမရှိပေမယ့် ထိုင်ဝမ်ကို စစ်လက်နက်ပစစ္စည်းတွေ ကူညီထောက်ပံ့ပေးနေဆဲဖြစ်ပါတယ်။ တရုတ်က ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်အဖြစ်ပြောဆိုထားပြီး ထိုင်ဝမ်ကတော့ တရုတ်လက်အောက်ကခွဲထွက်ပြီးကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ဖို့ ကြိုးပမ်းနေခဲ့ရာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြားမှာလည်းတင်းမာမှုတွေရှိနေခဲ့ပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ကို နိုင်ငံတကာ ကူညီထောက်ပံ့ပေးနေခြင်းတွေကို စိတ်ဆိုးဒေါသဖြစ်နေပြီးထိုင်ဝမ်ကိုကူညီပေးတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်တဲ့ နိုင်ငံအဖြစ်ဝေဖန်ပြစ်တင်ထားပါတယ်။

တရုတ်ဟာ ထိုင်ဝမ် နဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းနေပေမယ့် လိုအပ်မယ်ဆိုရင် အင်အားသုံးခြင်းကိုစွန့်လွှတ်မှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ မကြာခဏ စစ်ရေးလေ့ကျင့်ခဲ့သလို ထိုင်ဝမ် လေကြောင်းပိုင်နက်တွေထဲ ကျူးကျော်ဝင်ရောက်တာတွေရှိခဲ့ပါတယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့ သုံးလခန့်က ထိုင်ဝမ်ကိုအမေရိကန်ဒေါ်လာ ၅၇၆သန်းတန်ဖိုးရှိ စစ် လက်နက်ပစ္စည်းတွေရောင်းချပေးဖို့ ခွင့်ပြုခဲ့ဖူးတယ်လို့ သိရပါတယ်။

zawgyi version
အေမရိကန္သမၼတက ထိုင္ဝမ္ကို စစ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာသန္း (၅၇ဝ)ေက်ာ္ကူညီေထာက္ပံ့ေပးဖို႔ ခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၁

အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္ဟာ ထိုင္ဝမ္ကို ကာကြယ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာ ၅၇၁ ဒသမ ၃သန္း ကူညီေထာက္ပံ့ေပးဖို႔ ခြင့္ျပဳလိုက္ေၾကာင္းသိရပါတယ္။ တ႐ုတ္အစိုးရက ကန႔္ကြက္မႈေတြရွိေနခ်ိန္မွာပဲ အေမရိကန္အစိုးရဟာ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းေတြကူညီေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတရာထူးက ထြက္ရဖို႔ လပိုင္းအလိုမွာထိုင္ဝမ္ကို စစ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာ ၅၇၁ သန္းေက်ာ္ထပ္မံကူညီေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အေမရိကန္ဟာ ထိုင္ဝမ္ကို တရားဝင္အသိမွတ္ျပဳထားတာမ်ိဳးမရွိေပမယ့္ ထိုင္ဝမ္ကို စစ္လက္နက္ပစစၥည္းေတြ ကူညီေထာက္ပံ့ေပးေနဆဲျဖစ္ပါတယ္။ တ႐ုတ္က ထိုင္ဝမ္ကို ၎တို႔ပိုင္နက္အျဖစ္ေျပာဆိုထားၿပီး ထိုင္ဝမ္ကေတာ့ တ႐ုတ္လက္ေအာက္ကခြဲထြက္ၿပီးကိုယ္ပိုင္လြတ္လပ္ေရးရယူႏိုင္ဖို႔ ႀကိဳးပမ္းေနခဲ့ရာ ထိုင္ဝမ္နဲ႔ တ႐ုတ္ႏိုင္ငံၾကားမွာလည္းတင္းမာမႈေတြရွိေနခဲ့ပါတယ္။ တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကို ႏိုင္ငံတကာ ကူညီေထာက္ပံ့ေပးေနျခင္းေတြကို စိတ္ဆိုးေဒါသျဖစ္ေနၿပီးထိုင္ဝမ္ကိုကူညီေပးတာနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္တဲ့ ႏိုင္ငံအျဖစ္ေဝဖန္ျပစ္တင္ထားပါတယ္။

တ႐ုတ္ဟာ ထိုင္ဝမ္ နဲ႔ ျပန္လည္ေပါင္းစည္းဖို႔ ႀကိဳးပမ္းေနေပမယ့္ လိုအပ္မယ္ဆိုရင္ အင္အားသုံးျခင္းကိုစြန႔္လႊတ္မွာမဟုတ္ဘူးလို႔ေျပာဆိုထားပါတယ္။တ႐ုတ္ဟာ ထိုင္ဝမ္ကြၽန္းနားမွာ မၾကာခဏ စစ္ေရးေလ့က်င့္ခဲ့သလို ထိုင္ဝမ္ ေလေၾကာင္းပိုင္နက္ေတြထဲ က်ဴးေက်ာ္ဝင္ေရာက္တာေတြရွိခဲ့ပါတယ္။ အေမရိကန္ဟာ ၿပီးခဲ့တဲ့ သုံးလခန႔္က ထိုင္ဝမ္ကိုအေမရိကန္ေဒၚလာ ၅၇၆သန္းတန္ဖိုးရွိ စစ္ လက္နက္ပစၥည္းေတြေရာင္းခ်ေပးဖို႔ ခြင့္ျပဳခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.