အမေရိကန်အစိုးရက ဆီးရီးယားခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ထားမှု ပြန်ရုပ်သိမ်း

 359

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၁

အမေရိကန်အစိုးရဟာ ဆီးရီးယားခေါင်းဆောင်အသစ် အာမက်အယ်ရှာရာကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ပြန်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရအဖွဲ့အကြီးတန်းသံတမန်တစ်ဦးဖြစ်တဲ့ ဘာဘာ ရာဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆီးရီးယားခေါင်းဆောင်အသစ်ဖြစ်သူနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ်အဆုံးသတ်ခဲ့ပြီးနောက် အမေရိကန်သံတမန်အဖွဲ့ဟာ ဆီးရီးယားနိုင်ငံကိုပထမဆုံးအကြိမ်သွားရောက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရအဖွဲ့ဟာ ဆီးရီးယားနိုင်ငံ ဒမ္မစကက်မြို့အပါအဝင် အဓိကမြို့တွေကိုထိန်းချုပ်ထားတဲ့ ဆီးရီးယားနိုင်ငံအဖွဲ့ Islamist Hayat Tahrir al-Sham (HTS) အဖွဲ့ကို
အကြမ်းဖက်အဖွဲ့စည်းအဖြစ်သတ်မှတ်ထားပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ (HTS) အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရှာရာ နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရအဖွဲ့ သံတမန်တစ်ဦးဖြစ်သူဘာဘာရာက "ဆွေးနွေးပြောဆိုမှုတွေကိုအခြေခံပြီး (HTS) အဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးဖို့ထုတ်ပြန်တာကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ကျွန်မတို့ဟာဆီးရီးယားနိုင်ငံ ကိုယ်တိုင်ဦးဆောင်ပြီး ဆီးရီးယားနိုင်ငံကိုယ်တိုင်ဖြစ်စေမယ့် နိုင်ငံရေးလုပ်ငန်းကို အပြည့် အဝထောက်ခံမယ်"လို့ ပြောပါတယ်။

အမေရိကန်အစိုးရဟာ ဒီဇင်ဘာ ၁၄ ရက်က တူရကီနိုင်ငံမှာ ဥရောပတိုက်နဲ့ အာရပ်နိုင်ငံတွေရဲ့သံတမန်တွေ ကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးမူအားဖြင့် သဘောတူညီမှုရထားတယ်လို့သိရပါတယ်။ ဆီးရီးယားနိုင်ငံရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာအားလုံးပါဝင်ပြီးအားလုံးကိုကိုယ်စားပြုမယ့်အစိုးရအဖွဲ့ ဖြစ်လာစေဖို့အားပေးကူညီမယ်လို့ အမေရိကန်သံတမန်တစ်ဦးဖြစ်တဲ့ ဘာဘာရာကပြောပါတယ်။ (HTS) အဖွဲ့ဟာ ဒီဇင်ဘာ ၈ရက်မှာ မြို့တော်ဒမ္မစကက်မြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ပြည်တွင်းစစ်အဆုံးသတ်ခဲ့ပြီး ဆီးရီးယားသမ္မတလည်း ရုရှားနိုင်ငံကိုထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

zawgyi version
အေမရိကန္အစိုးရက ဆီးရီးယားေခါင္းေဆာင္ကို ဖမ္းဝရမ္းထုတ္ထားမႈ ျပန္႐ုပ္သိမ္း
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၁

အေမရိကန္အစိုးရဟာ ဆီးရီးယားေခါင္းေဆာင္အသစ္ အာမက္အယ္ရွာရာကို ဖမ္းဆီးဖို႔ ဝရမ္းထုတ္ျပန္ထားမႈကို ျပန္လည္႐ုပ္သိမ္းလိုက္တယ္လို႔ သိရပါတယ္။ အေမရိကန္အစိုးရအဖြဲ႕အႀကီးတန္းသံတမန္တစ္ဦးျဖစ္တဲ့ ဘာဘာ ရာဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဆီးရီးယားေခါင္းေဆာင္အသစ္ျဖစ္သူနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ဆီးရီးယားႏိုင္ငံမွာ ျပည္တြင္းစစ္အဆုံးသတ္ခဲ့ၿပီးေနာက္ အေမရိကန္သံတမန္အဖြဲ႕ဟာ ဆီးရီးယားႏိုင္ငံကိုပထမဆုံးအႀကိမ္သြားေရာက္ခဲ့တာျဖစ္ပါတယ္။ အေမရိကန္အစိုးရအဖြဲ႕ဟာ ဆီးရီးယားႏိုင္ငံ ဒမၼစကက္ၿမိဳ႕အပါအဝင္ အဓိကၿမိဳ႕ေတြကိုထိန္းခ်ဳပ္ထားတဲ့ ဆီးရီးယားႏိုင္ငံအဖြဲ႕ Islamist Hayat Tahrir al-Sham (HTS) အဖြဲ႕ကို
အၾကမ္းဖက္အဖြဲ႕စည္းအျဖစ္သတ္မွတ္ထားေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ (HTS) အဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ရွာရာ နဲ႔ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္အစိုးရအဖြဲ႕ သံတမန္တစ္ဦးျဖစ္သူဘာဘာရာက "ေဆြးေႏြးေျပာဆိုမႈေတြကိုအေျခခံၿပီး (HTS) အဖြဲ႕ေခါင္းေဆာင္ကို ဖမ္းဆီးဖို႔ထုတ္ျပန္တာကို ျပန္႐ုပ္သိမ္းလိုက္ပါတယ္။ ကြၽန္မတို႔ဟာဆီးရီးယားႏိုင္ငံ ကိုယ္တိုင္ဦးေဆာင္ၿပီး ဆီးရီးယားႏိုင္ငံကိုယ္တိုင္ျဖစ္ေစမယ့္ ႏိုင္ငံေရးလုပ္ငန္းကို အျပည့္ အဝေထာက္ခံမယ္"လို႔ ေျပာပါတယ္။

အေမရိကန္အစိုးရဟာ ဒီဇင္ဘာ ၁၄ ရက္က တူရကီႏိုင္ငံမွာ ဥေရာပတိုက္နဲ႔ အာရပ္ႏိုင္ငံေတြရဲ႕သံတမန္ေတြ ၾကား ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးမူအားျဖင့္ သေဘာတူညီမႈရထားတယ္လို႔သိရပါတယ္။ ဆီးရီးယားႏိုင္ငံရဲ႕ႏိုင္ငံေရးလုပ္ငန္းစဥ္ေတြမွာအားလုံးပါဝင္ၿပီးအားလုံးကိုကိုယ္စားျပဳမယ့္အစိုးရအဖြဲ႕ ျဖစ္လာေစဖို႔အားေပးကူညီမယ္လို႔ အေမရိကန္သံတမန္တစ္ဦးျဖစ္တဲ့ ဘာဘာရာကေျပာပါတယ္။ (HTS) အဖြဲ႕ဟာ ဒီဇင္ဘာ ၈ရက္မွာ ၿမိဳ႕ေတာ္ဒမၼစကက္ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္လိုက္ၿပီးေနာက္ ျပည္တြင္းစစ္အဆုံးသတ္ခဲ့ၿပီး ဆီးရီးယားသမၼတလည္း ႐ုရွားႏိုင္ငံကိုထြက္ေျပးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.