အမေရိကန်က ကိုယ်အလေးချိန်ကျဆေး Zepbound ကို အိပ်မပျော်ခြင်းအတွက် ကုသနိုင်တဲ့ ဆေးအဖြစ် အတည်ပြု
213
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၂
အမေရိကန်နိုင်ငံ စည်းမျည်းထိန်းသိမ်းရေးက အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာ အသုံးပြုနေကြတဲ့ ကိုယ်အလေးချိန်ကျဆေး Zepbound ကို အိပ်စက်နေရင်း အသက်ရှူကြပ်တဲ့ ကျန်းမာရေးပြဿနာအတွက် ပထမဆုံးကုသနိုင်တဲ့ ဆေးဝါးအဖြစ် အတည်ပြုခဲ့ပါတယ်။
"အဝလွန်လူနာတွေအတွက် အိပ်စက်နေရင်း အသက်ရှုကြပ်တဲ့ အလယ်အလတ်အဆင့်မှ ပြင်းထန်တဲ့အဆင့်ထိ ကျန်းမာရေး ပြဿနာကို Zepbound က ကုသနိုင်ပါတယ်"လို့ US Food and Drugs Administration (FDA) မှ တာဝန်ရှိသူ ဆေလီဆေမာက ကြေညာချက်မှာ ပြောကြားပါတယ်။ အိပ်စက်နေရင်း အသက်ရှူကြပ်တဲ့ ပြဿနာ Obstructive sleep apnea (OSA) ဟာ လူတစ်ဦး အိပ်ပျော်နေချိန် အသက်ရှူရပ်သွားနိုင်တဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီရောဂါဝေဒနာခံစားနေရသူတွေဟာ ညဘက်အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် မနက်ကို အားအင်အပြည့်နဲ့ နိုးထနိုင်ခြင်းမရှိပါဘူး။ ဒီအခြေအနေဟာ သွေးတိုးခြင်း၊ လေဖြတ်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ခြေတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဆေးထုတ်လုပ်သူ Eli Lilly ရဲ့ Zepbound ဆေးဟာ အဝလွန်သူတွေ (သို့မဟုတ်) အမျိုးအစား ၂ ဆီးချိုရောဂါ၊ ကိုယ်လက်စထရောများခြင်း သို့မဟုတ် သွေးတိုးခြင်းစတဲ့ ကျန်းမာရေးအခြေအနေရှိသူတွေအတွက် အသုံးပြုခွင့်ပေးထားတဲ့ ဆေးဖြစ်ပါတယ်။ Zepbound ဟာ အစာစားချင်စိတ်နဲ့ အစာစားသုံးမှုကို လျှော့ချဖို့ အူထဲက ဟော်မုန်းတွေကို လှုံ့ဆော်ပေးခြင်းနည်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေတဲ့ဆေးဖြစ်ပြီး လက်ရှိမှာတော့ အိပ်နေရင်း အသက်ရှူကြပ်တဲ့ရောဂါအတွက်ပါ ဆေးကိုအသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်မှာ အရွယ်ရောက်ပြီးသူ သန်း (၃၀)ခန့်ဟာ အိပ်စက်နေရင်းဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာကို ခံစားနေရတယ်လို့ American Academy of Sleep Medicine အရ သိရပါတယ်။
zawgyi version
အေမရိကန္က ကိုယ္အေလးခ်ိန္က်ေဆး Zepbound ကို အိပ္မေပ်ာ္ျခင္းအတြက္ ကုသႏိုင္တဲ့ ေဆးအျဖစ္ အတည္ျပဳ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၂
အေမရိကန္ႏိုင္ငံ စည္းမ်ည္းထိန္းသိမ္းေရးက အေမရိကန္ႏိုင္ငံသား သန္းေပါင္းမ်ားစြာ အသုံးျပဳေနၾကတဲ့ ကိုယ္အေလးခ်ိန္က်ေဆး Zepbound ကို အိပ္စက္ေနရင္း အသက္ရႉၾကပ္တဲ့ က်န္းမာေရးျပႆနာအတြက္ ပထမဆုံးကုသႏိုင္တဲ့ ေဆးဝါးအျဖစ္ အတည္ျပဳခဲ့ပါတယ္။
"အဝလြန္လူနာေတြအတြက္ အိပ္စက္ေနရင္း အသက္ရႈၾကပ္တဲ့ အလယ္အလတ္အဆင့္မွ ျပင္းထန္တဲ့အဆင့္ထိ က်န္းမာေရး ျပႆနာကို Zepbound က ကုသႏိုင္ပါတယ္"လို႔ US Food and Drugs Administration (FDA) မွ တာဝန္ရွိသူ ေဆလီေဆမာက ေၾကညာခ်က္မွာ ေျပာၾကားပါတယ္။ အိပ္စက္ေနရင္း အသက္ရႉၾကပ္တဲ့ ျပႆနာ Obstructive sleep apnea (OSA) ဟာ လူတစ္ဦး အိပ္ေပ်ာ္ေနခ်ိန္ အသက္ရႉရပ္သြားႏိုင္တဲ့ အႏၲရာယ္ရွိတဲ့ အေျခအေနတစ္ခုျဖစ္ပါတယ္။ ဒီေရာဂါေဝဒနာခံစားေနရသူေတြဟာ ညဘက္အသက္ရႉလမ္းေၾကာင္း ပိတ္ဆို႔ျခင္းေၾကာင့္ မနက္ကို အားအင္အျပည့္နဲ႔ ႏိုးထႏိုင္ျခင္းမရွိပါဘူး။ ဒီအေျခအေနဟာ ေသြးတိုးျခင္း၊ ေလျဖတ္ျခင္းနဲ႔ စိတ္ဓာတ္က်ျခင္း ျဖစ္ႏိုင္ေျခေတြနဲ႔လည္း ဆက္စပ္ေနပါတယ္။ ေဆးထုတ္လုပ္သူ Eli Lilly ရဲ႕ Zepbound ေဆးဟာ အဝလြန္သူေတြ (သို႔မဟုတ္) အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါ၊ ကိုယ္လက္စထေရာမ်ားျခင္း သို႔မဟုတ္ ေသြးတိုးျခင္းစတဲ့ က်န္းမာေရးအေျခအေနရွိသူေတြအတြက္ အသုံးျပဳခြင့္ေပးထားတဲ့ ေဆးျဖစ္ပါတယ္။ Zepbound ဟာ အစာစားခ်င္စိတ္နဲ႔ အစာစားသုံးမႈကို ေလွ်ာ့ခ်ဖို႔ အူထဲက ေဟာ္မုန္းေတြကို လႈံ႕ေဆာ္ေပးျခင္းနည္းနဲ႔ ခႏၶာကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစတဲ့ေဆးျဖစ္ၿပီး လက္ရွိမွာေတာ့ အိပ္ေနရင္း အသက္ရႉၾကပ္တဲ့ေရာဂါအတြက္ပါ ေဆးကိုအသုံးျပဳခြင့္ေပးလိုက္ၿပီ ျဖစ္ပါတယ္။
အေမရိကန္မွာ အ႐ြယ္ေရာက္ၿပီးသူ သန္း (၃၀)ခန႔္ဟာ အိပ္စက္ေနရင္းျဖစ္တဲ့ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ျပႆနာကို ခံစားေနရတယ္လို႔ American Academy of Sleep Medicine အရ သိရပါတယ္။