တုပ ဈေးသက်သာ အရည်အသွေးနိမ့် တရုတ်ကုန်ပစ္စည်းများ အလုံးအရင်း တင်သွင်းမှုကို လျှော့ချရန် အာရှနိုင်ငံများ စီစဉ်နေ
323
Htay Oung (NP News) - ဒီဇင်ဘာ ၂၂
အရှေ့တောင်အာရှနိုင်ငံအတော်များများဟာ သူတို့တိုင်းပြည်ရဲ့ စီးပွားရေးကို အားဖြည့်တဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းအပေါ် အကြီးအကျယ် မှီခိုနေရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံလို ဝင်ငွေအ လယ်အလတ်ရှိသူ အများစုနေထိုင်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ဖို့ ပြင်ဆင်နေတဲ့တိုင်းပြည်မျိုးမှာ ဈေးပေါပြီး အရည်အ သွေးနိမ့်ကျတဲ့ တရုတ်ကုန်ပစ္စည်းများ အလုံးအရင်းနဲ့ လှိမ့်ဝင်လာခြင်းက ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးလျှက်ရှိကြောင်း၊ ဒီကိစ္စဟာ ထိုင်းလို နိုင်ငံမျိုးတွေအတွက် ပေါချောင်ကောင်း ကုန်ပစ္စည်းများ ထိုးဖောက်လာမှုကို ကာကွယ်ဖို့ နည်းလမ်းရှာဖွေစရာ ဖြစ်သွားရတယ်လို့ “VOA” က ဒီဇင်ဘာ ၁၈ ရက်မှာ ရေးသားပါတယ်။
၂၀၂၃ ခုနှစ် ထိုင်းနဲ့တရုတ်တို့အကြား နှစ်နိုင်ငံကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ (၁၂၆)ဘီလျံကျော်လွန်ခဲ့ပြီး တရုတ်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများက ထိုင်းစီးပွားရေးမှာ ကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းသုံးမျိုးမှာ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနဲ့ ဝန်ဆောင်မှုပေးအပ်ခြင်းများ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍဟာ တရုတ်ကုန်ပစ္စည်းများကို ယှဉ်ပြိုင်ဖို့အတွက် အသည်းအသန်ကြိုးစားရတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။ ၂၀၂၃-ခုနှစ်မှာ စက်ရုံပေါင်း ၂၀၀၀ ကျော် ကို ပိတ်ပစ်ရပြီး အလုပ်အကိုင်ထောင်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရတယ်လို့ စက်မှုလုပ်ငန်းဦးစီးဌာနရဲ့ အချက်အလက်များအရ သိရှိရပါတယ်။
ဘန်ကောက် လက်လီ-လက်ကားစင်တာတစ်ခုဖြစ်တဲ့ “ဘွန်ဘေး ရှော့ပင်းမောလ်” ဆိုရင် အဲ့ဒီ သရုပ်မှန်ကို မီးမောင်းထိုးပြနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လာမယ့် ခရစ်စမတ်ပွဲတော်မတိုင်မီ သီတင်းပတ်အလို ဝယ်လို အား အကောင်းဆုံးအချိန်ဖြစ်ပေမယ့် အထပ် ၇-ထပ်ပါ ဈေးဝယ်စင်တာမှာ ဆိုင်ခန်းအတော်များများကို ပိတ် ထားရပါတယ်။ ၂၆-နှစ်ကြာ လုပ်ငန်းအတွေ့အကြုံရှိပြီး လုပ်ငန်း ၄-ခုကို ပိုင်ဆိုင်တဲ့ အခြား ထိုင်းလုပ်ငန်း ရှင် တစ်ဦးကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း သူ့လုပ်ငန်းထွက် ကုန်ပစ္စည်းတွေရဲ့ ရောင်းအားမှာ တရုတ် သွင်းကုန်များကြောင့် ထက်ဝက်ကျဆင်းသွားတယ်လို့ ပြောပါတယ်။ အရည်အသွေးနိမ့် တရုတ်သွင်းကုန်များက ပြည်တွင်းထွက်ကုန်များ ဈေးကွက်ကို လုယူသလို ဖြစ်နေတယ်လို့ ထိုင်းလုပ်ငန်းရှင်တွေကတော့ အပြစ်တင်ကြပါတယ်။ ဥပမာအားဖြင့်၊ ဘန်ကောက်အခြေစိုက် ထိုင်း လုပ်ငန်း ရှင်တစ်ယောက်ရဲ့ ခြေအိတ်တွေဟာ တရုတ်ခြေအိတ်များထက် အရည်အသွေးပိုမို မြင့်မားပေမယ့် ရောင်းအား အနေနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း ထက်ဝက်ကျော်ကျဆင်းသွားတယ်လို့ သိရှိရပါတယ်။
ထိုင်းခြေအိတ်တစ်ဒါဇင်ကို ဘတ် ၁၅၀ (ဒေါ်လာ ၄.၃၈) နဲ့ ရောင်းနေချိန် တရုတ်ပစ္စည်းက ၈၅ ဘတ် (၂.၄၈ ဒေါ် လာ) နဲ့ ရောင်းပါတယ်။ ပစ္စည်းတစ်မျိုးရဲ့ အရည်အသွေးကို ထည့်မစဉ်းစားပဲ ပိုက်ဆံနည်းနည်းပဲ ပေးရ လေ ကောင်းလေ ဖောက်သည်မျိုးအတွက် ထိုင်းပစ္စည်းတွေက ဈေးကြီးတယ်လို့ ပြောစရာဖြစ်သွားပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ နှေးကွေးနေပြီး ၂၀၂၄- ခုနှစ်အတွက် တိုးတက်မှုခန့်မှန်းချက်မှာ ၂.၃% မှ ၂.၈% သာ ရှိခဲ့ပြီး ဒေသတွင်း အိမ်နီးချင်းတိုင်းပြည်များရဲ့ နောက်မှာ ကျန်ခဲ့ပါတယ်။ လာမယ့် ၂၀၂၅-ခုနှစ်မှာ ၃% အထိ တိုးတက်လာလိမ့်မယ်လို့ ထိုင်းဗဟိုဘဏ်က ခန့်မှန်းထားပေမယ့် လုပ်ငန်းပိုင်ရှင်တွေကတော့ စိတ်မအေး နိုင်ပဲ ရှိနေဆဲဖြစ်ပါတယ်။
ဆိုင်ခန်းအတော်များများကို ပိတ်ပစ်နေရတဲ့ လုပ်ငန်းရှင်အချို့က ထိုင်းအစိုးရရဲ့ စီးပွားရေးပေါ်လစီကို အပြစ် တင်ကြပါတယ်။ အချို့သောစီးပွားရေး လုပ်ငန်းတွေဟာ ဖောက်သည်များကို ဆွဲဆောင်ဖို့အတွက် TikTok လို လူမှုကွန်ရက်ကို မရှိမဖြစ် သုံးပြီး ရှင်သန်ဖို့ ကြိုးစားနေရပါတယ်။ ဒါပေမယ့် ဈေးပေါတဲ့ တရုတ် ကုန်ပစ္စည်းများ အဆုံးမရှိ ရောင်းချနေမှုက ရောင်းအားအပေါ် သက်ရောက်မှုရှိနေတယ်လို့ ကြားသိရပါတယ်။ ဇူလိုင်လမှစတင်ပြီး ထိုင်းနိုင်ငံမှာ အရည်အသွေးနိမ့်ကုန်ပစ္စည်း တင်သွင်းမှု ၂၀ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ထောက်ပြပါတယ်။ အာဏာပိုင်တွေအနေနဲ့ စိုက်ပျိုးရေး၊ လူသုံးကုန်နဲ့ စက်မှုပစ္စည်းများမှာ အဓိကထားပြီး ဈေးပေါတဲ့ သွင်းကုန်ပစ္စည်းများ တင်သွင်းမှုကို ပိုမိုတင်းကျပ်စွာ စစ်ဆေးခဲ့ တယ်လို့ ပြောပါတယ်။ ဘတ်ငွေ ၁၅၀၀ သို့မဟုတ် ၄၃.၇၇ ဒေါ်လာအောက် တင်သွင်းလာတဲ့ ကုန်ပစ္စည်းများအပေါ် ၇ ရာခိုင်နှုန်း ထပ်တိုးခွန် ကောက်ခံထားကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် တခြားရောင်းသူနဲ့ စတိုးဆိုင်ပိုင်ရှင်တွေအတွက်တော့ ဘာမှ ထူးခြားတယ်လို့ မမြင်ကြပါဘူး။ တရုတ် ပစ္စည်း တွေက ဒီတစ်မျိုးပြီး နောက်တစ်မျိုး အလုံးအရင်းနဲ့ လှိမ့်ရောင်းနိုင်ပြီး ထိုင်းလုပ်ငန်းရှင်တွေမှာ အဲ့ဒီ လောက် ရောင်းစရာ မရှိပါဘူး။ အစိုးရက ပြည်ပသွင်းကုန် အမယ်များများခွင့်ပြုလေ ထိုင်းလုပ်ငန်းရှင်တွေ ရောင်းအားကျလေဖြစ်နေပါတယ်။ ထိုင်းလုပ်ငန်းရှင်တချို့ကတော့ ပုံမှန်ဖောက်သည်များကို အလေးထား ချိတ်ဆက်ပြီး ဈေးသက်သာတဲ့ အခြား ရွေးချယ်စရာများကို ကျော်လွှားရန် ကြိုးစားနေပါတယ်။ ဒီကိစ္စမှာလည်း တရုတ်ပစ္စည်းတွေရဲ့ အဆန်းတကြယ် ကြော်ငြာတွေက အကြီးအကျယ်သက်ရောက်မှု ရှိနေပါတယ်။ ထိုင်းနိုင်ငံလုပ် ဘောင်းဘီတစ်ထည် ဘတ် ၇၀ (၂.၀၄ ဒေါ်လာ) နဲ့ ရောင်းနေချိန် အဲ့ဒီပစ္စည်းကို ၉၉% တုပထားတဲ့ တရုတ်က ဘတ် ၅၀ (၁.၄၆ ဒေါ်လာ) နဲ့ ရောင်းနိုင်ပါတယ်။
ဒေသတွင်း အခြားတိုင်းပြည်တွေမှာလည်း အလားတူ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ အရည်အသွေးနိမ့်သွင်းကုန်တွေကို လျှော့ချဖို့ ကြိုးစားနေတာ ထိုင်းနိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ အာရှတစ်လွှားရှိ နိုင်ငံ အများအပြားတို့မှာလည်း ဒေသတွင်း ထုတ်လုပ်သူများနဲ့ ကုန်သွယ်မှုကို ကာကွယ်ရန် နည်းလမ်းများကို ရှာဖွေနေကြပါတယ်။ အိန္ဒိယဟာ သံမဏိ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် စီစဉ်နေပြီး အင်ဒိုနီးရှားမှာတော့ သူတို့နိုင်ငံရဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများကို အကာအကွယ်ပေးဖို့ ဆန္ဒပြမှုများ ဖြစ်ပေါ်နေပါတယ်။ ကြွေထည်များ အဝတ်အထည်များအပါအဝင် အချို့သော သွင်းကုန်ပစ္စည်းများအပေါ် ၂၀၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ရေး တောင်းဆိုနေပါတယ်။
ဗီယက်နမ်ဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုကို မှီခိုအားထားနေရပါတယ်။ ပေကျင်းဟာ ဟနွိုင်းရဲ့ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ ၁၇၁ ဘီလီယံကျော်ရှိပါ တယ်။ ကွန်မြူနစ်နှစ်နိုင်ငံအကြား မိုင် ၈၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်နေပေမယ့် ဗီယက်နမ်ဟာ တရုတ်ရဲ့ ပစ္စည်းအတုအပများ၊ ဈေးပေါ အရည်အသွေးနိမ့် သွင်းကုန်များကို တိုက်ဖျက်ရန် လုပ်ဆောင်နေပါတယ်။ အစိုး ရထံ မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့တဲ့ Shein “ရှိန်း” နဲ့ Temu “တမ်မူ” လုပ်ငန်းတို့လို့ တရုတ် e-commerce “အီး-ကောမတ်စ်” ပလက်ဖောင်းများကို အရေးယူခဲ့ပြီး တရားမျှတမှု မရှိတဲ့ ယှဉ်ပြိုင်မှုများကို နှိမ်နင်းလျက်ရှိပါတယ်။
စီးပွားရေးအရ တရုတ်က ထုတ်ကုန်အများစုအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်က ပိုနည်းပါတယ်။ အရှေ့ တောင်အာရှမှာ ဘယ်နိုင်ငံမှ လိုက်မမီပါဘူး။ ကုန်သွယ်မှုကျင့်ထုံးများနဲ့ပတ်သက်ပြီး ထိုင်းနဲ့ ဗီယက်နမ်တို့ အနေနဲ့ တရုတ်နိုင်ငံကို အတိအလင်း ထိပ်တိုက်တွေ့မယ့်သဘောတော့ မမြင်ရပါဘူး၊ အဲ့ဒီအစား ပြည်တွင်း ထုတ်လုပ်မှုအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ရည်မှန်းထားပုံရတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ် အပျော့ဆွဲ ဆွဲတဲ့ အဲဒီနည်းဗျူဟာဟာ အချိန်ကြာကောင်း ကြာနိုင်ပေမယ့် ရေရှည်မှာ ပိုမိုခိုင်မာတဲ့ ပြည်တွင်းစက်မှုလုပ်ငန်းကို တည်ဆောက်ဖို့အတွက် အထောက်အကူ ဖြစ်နိုင်စရာ ရှိပါတယ်။
zawgyi version
တုပ ေဈးသက္သာ အရည္အေသြးနိမ့္ တ႐ုတ္ကုန္ပစၥည္းမ်ား အလုံးအရင္း တင္သြင္းမႈကို ေလွ်ာ့ခ်ရန္ အာရွႏိုင္ငံမ်ား စီစဥ္ေန
Htay Oung (NP News) - ဒီဇင္ဘာ ၂၂
အေရွ႕ေတာင္အာရွႏိုင္ငံအေတာ္မ်ားမ်ားဟာ သူတို႔တိုင္းျပည္ရဲ႕ စီးပြားေရးကို အားျဖည့္တဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ခရီးသြားလုပ္ငန္းအေပၚ အႀကီးအက်ယ္ မွီခိုေနရပါတယ္။ ဒါေပမယ့္ ထိုင္းႏိုင္ငံလို ဝင္ေငြအ လယ္အလတ္ရွိသူ အမ်ားစုေနထိုင္ၿပီး ဖြံ႕ၿဖိဳးၿပီးႏိုင္ငံျဖစ္ဖို႔ ျပင္ဆင္ေနတဲ့တိုင္းျပည္မ်ိဳးမွာ ေဈးေပါၿပီး အရည္အ ေသြးနိမ့္က်တဲ့ တ႐ုတ္ကုန္ပစၥည္းမ်ား အလုံးအရင္းနဲ႔ လွိမ့္ဝင္လာျခင္းက ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားကို ထိခိုက္ေစႏိုင္တယ္လို႔ ကြၽမ္းက်င္သူမ်ားက သတိေပးလွ်က္ရွိေၾကာင္း၊ ဒီကိစၥဟာ ထိုင္းလို ႏိုင္ငံမ်ိဳးေတြအတြက္ ေပါေခ်ာင္ေကာင္း ကုန္ပစၥည္းမ်ား ထိုးေဖာက္လာမႈကို ကာကြယ္ဖို႔ နည္းလမ္းရွာေဖြစရာ ျဖစ္သြားရတယ္လို႔ “VOA” က ဒီဇင္ဘာ ၁၈ ရက္မွာ ေရးသားပါတယ္။
၂၀၂၃ ခုႏွစ္ ထိုင္းနဲ႔တ႐ုတ္တို႔အၾကား ႏွစ္ႏိုင္ငံကုန္သြယ္မႈဟာ အေမရိကန္ေဒၚလာ (၁၂၆)ဘီလ်ံေက်ာ္လြန္ခဲ့ၿပီး တ႐ုတ္ရဲ႕ တိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားက ထိုင္းစီးပြားေရးမွာ ႀကီးမားတဲ့ အခန္းက႑မွ ပါဝင္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံရဲ႕ အဓိကစီးပြားေရးလုပ္ငန္းသုံးမ်ိဳးမွာ ကုန္ထုတ္လုပ္မႈ၊ စိုက္ပ်ိဳးေရးနဲ႔ ဝန္ေဆာင္မႈေပးအပ္ျခင္းမ်ား ျဖစ္ပါတယ္။ ဒါေပမယ့္ ထိုင္းႏိုင္ငံရဲ႕ ကုန္ထုတ္လုပ္မႈက႑ဟာ တ႐ုတ္ကုန္ပစၥည္းမ်ားကို ယွဥ္ၿပိဳင္ဖို႔အတြက္ အသည္းအသန္ႀကိဳးစားရတဲ့ အေျခအေနကို ေရာက္ရွိသြားခဲ့ပါတယ္။ ၂၀၂၃-ခုႏွစ္မွာ စက္႐ုံေပါင္း ၂၀၀၀ ေက်ာ္ ကို ပိတ္ပစ္ရၿပီး အလုပ္အကိုင္ေထာင္ေပါင္းမ်ားစြာကို ဆုံးရႈံးခဲ့ရတယ္လို႔ စက္မႈလုပ္ငန္းဦးစီးဌာနရဲ႕ အခ်က္အလက္မ်ားအရ သိရွိရပါတယ္။
ဘန္ေကာက္ လက္လီ-လက္ကားစင္တာတစ္ခုျဖစ္တဲ့ “ဘြန္ေဘး ေရွာ့ပင္းေမာလ္” ဆိုရင္ အဲ့ဒီ သ႐ုပ္မွန္ကို မီးေမာင္းထိုးျပေနတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ လာမယ့္ ခရစ္စမတ္ပြဲေတာ္မတိုင္မီ သီတင္းပတ္အလို ဝယ္လို အား အေကာင္းဆုံးအခ်ိန္ျဖစ္ေပမယ့္ အထပ္ ၇-ထပ္ပါ ေဈးဝယ္စင္တာမွာ ဆိုင္ခန္းအေတာ္မ်ားမ်ားကို ပိတ္ ထားရပါတယ္။ ၂၆-ႏွစ္ၾကာ လုပ္ငန္းအေတြ႕အႀကဳံရွိၿပီး လုပ္ငန္း ၄-ခုကို ပိုင္ဆိုင္တဲ့ အျခား ထိုင္းလုပ္ငန္း ရွင္ တစ္ဦးကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားအတြင္း သူ႔လုပ္ငန္းထြက္ ကုန္ပစၥည္းေတြရဲ႕ ေရာင္းအားမွာ တ႐ုတ္ သြင္းကုန္မ်ားေၾကာင့္ ထက္ဝက္က်ဆင္းသြားတယ္လို႔ ေျပာပါတယ္။ အရည္အေသြးနိမ့္ တ႐ုတ္သြင္းကုန္မ်ားက ျပည္တြင္းထြက္ကုန္မ်ား ေဈးကြက္ကို လုယူသလို ျဖစ္ေနတယ္လို႔ ထိုင္းလုပ္ငန္းရွင္ေတြကေတာ့ အျပစ္တင္ၾကပါတယ္။ ဥပမာအားျဖင့္၊ ဘန္ေကာက္အေျခစိုက္ ထိုင္း လုပ္ငန္း ရွင္တစ္ေယာက္ရဲ႕ ေျခအိတ္ေတြဟာ တ႐ုတ္ေျခအိတ္မ်ားထက္ အရည္အေသြးပိုမို ျမင့္မားေပမယ့္ ေရာင္းအား အေနနဲ႔ လြန္ခဲ့တဲ့ဆယ္စုႏွစ္မ်ားအတြင္း ထက္ဝက္ေက်ာ္က်ဆင္းသြားတယ္လို႔ သိရွိရပါတယ္။
ထိုင္းေျခအိတ္တစ္ဒါဇင္ကို ဘတ္ ၁၅၀ (ေဒၚလာ ၄.၃၈) နဲ႔ ေရာင္းေနခ်ိန္ တ႐ုတ္ပစၥည္းက ၈၅ ဘတ္ (၂.၄၈ ေဒၚ လာ) နဲ႔ ေရာင္းပါတယ္။ ပစၥည္းတစ္မ်ိဳးရဲ႕ အရည္အေသြးကို ထည့္မစဥ္းစားပဲ ပိုက္ဆံနည္းနည္းပဲ ေပးရ ေလ ေကာင္းေလ ေဖာက္သည္မ်ိဳးအတြက္ ထိုင္းပစၥည္းေတြက ေဈးႀကီးတယ္လို႔ ေျပာစရာျဖစ္သြားပါတယ္။ ထိုင္းႏိုင္ငံရဲ႕ စီးပြားေရးဟာ ေႏွးေကြးေနၿပီး ၂၀၂၄- ခုႏွစ္အတြက္ တိုးတက္မႈခန႔္မွန္းခ်က္မွာ ၂.၃% မွ ၂.၈% သာ ရွိခဲ့ၿပီး ေဒသတြင္း အိမ္နီးခ်င္းတိုင္းျပည္မ်ားရဲ႕ ေနာက္မွာ က်န္ခဲ့ပါတယ္။ လာမယ့္ ၂၀၂၅-ခုႏွစ္မွာ ၃% အထိ တိုးတက္လာလိမ့္မယ္လို႔ ထိုင္းဗဟိုဘဏ္က ခန႔္မွန္းထားေပမယ့္ လုပ္ငန္းပိုင္ရွင္ေတြကေတာ့ စိတ္မေအး ႏိုင္ပဲ ရွိေနဆဲျဖစ္ပါတယ္။
ဆိုင္ခန္းအေတာ္မ်ားမ်ားကို ပိတ္ပစ္ေနရတဲ့ လုပ္ငန္းရွင္အခ်ိဳ႕က ထိုင္းအစိုးရရဲ႕ စီးပြားေရးေပၚလစီကို အျပစ္ တင္ၾကပါတယ္။ အခ်ိဳ႕ေသာစီးပြားေရး လုပ္ငန္းေတြဟာ ေဖာက္သည္မ်ားကို ဆြဲေဆာင္ဖို႔အတြက္ TikTok လို လူမႈကြန္ရက္ကို မရွိမျဖစ္ သုံးၿပီး ရွင္သန္ဖို႔ ႀကိဳးစားေနရပါတယ္။ ဒါေပမယ့္ ေဈးေပါတဲ့ တ႐ုတ္ ကုန္ပစၥည္းမ်ား အဆုံးမရွိ ေရာင္းခ်ေနမႈက ေရာင္းအားအေပၚ သက္ေရာက္မႈရွိေနတယ္လို႔ ၾကားသိရပါတယ္။ ဇူလိုင္လမွစတင္ၿပီး ထိုင္းႏိုင္ငံမွာ အရည္အေသြးနိမ့္ကုန္ပစၥည္း တင္သြင္းမႈ ၂၀ ရာခိုင္ႏႈန္း ေလ်ာ့က်သြားတယ္လို႔ ထိုင္းအစိုးရ ေျပာေရးဆိုခြင့္ရွိသူက ေထာက္ျပပါတယ္။ အာဏာပိုင္ေတြအေနနဲ႔ စိုက္ပ်ိဳးေရး၊ လူသုံးကုန္နဲ႔ စက္မႈပစၥည္းမ်ားမွာ အဓိကထားၿပီး ေဈးေပါတဲ့ သြင္းကုန္ပစၥည္းမ်ား တင္သြင္းမႈကို ပိုမိုတင္းက်ပ္စြာ စစ္ေဆးခဲ့ တယ္လို႔ ေျပာပါတယ္။ ဘတ္ေငြ ၁၅၀၀ သို႔မဟုတ္ ၄၃.၇၇ ေဒၚလာေအာက္ တင္သြင္းလာတဲ့ ကုန္ပစၥည္းမ်ားအေပၚ ၇ ရာခိုင္ႏႈန္း ထပ္တိုးခြန္ ေကာက္ခံထားေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းမွာ ေတြ႕ရပါတယ္။ ဒါေပမယ့္ တျခားေရာင္းသူနဲ႔ စတိုးဆိုင္ပိုင္ရွင္ေတြအတြက္ေတာ့ ဘာမွ ထူးျခားတယ္လို႔ မျမင္ၾကပါဘူး။ တ႐ုတ္ ပစၥည္း ေတြက ဒီတစ္မ်ိဳးၿပီး ေနာက္တစ္မ်ိဳး အလုံးအရင္းနဲ႔ လွိမ့္ေရာင္းႏိုင္ၿပီး ထိုင္းလုပ္ငန္းရွင္ေတြမွာ အဲ့ဒီ ေလာက္ ေရာင္းစရာ မရွိပါဘူး။ အစိုးရက ျပည္ပသြင္းကုန္ အမယ္မ်ားမ်ားခြင့္ျပဳေလ ထိုင္းလုပ္ငန္းရွင္ေတြ ေရာင္းအားက်ေလျဖစ္ေနပါတယ္။ ထိုင္းလုပ္ငန္းရွင္တခ်ိဳ႕ကေတာ့ ပုံမွန္ေဖာက္သည္မ်ားကို အေလးထား ခ်ိတ္ဆက္ၿပီး ေဈးသက္သာတဲ့ အျခား ေ႐ြးခ်ယ္စရာမ်ားကို ေက်ာ္လႊားရန္ ႀကိဳးစားေနပါတယ္။ ဒီကိစၥမွာလည္း တ႐ုတ္ပစၥည္းေတြရဲ႕ အဆန္းတၾကယ္ ေၾကာ္ျငာေတြက အႀကီးအက်ယ္သက္ေရာက္မႈ ရွိေနပါတယ္။ ထိုင္းႏိုင္ငံလုပ္ ေဘာင္းဘီတစ္ထည္ ဘတ္ ၇၀ (၂.၀၄ ေဒၚလာ) နဲ႔ ေရာင္းေနခ်ိန္ အဲ့ဒီပစၥည္းကို ၉၉% တုပထားတဲ့ တ႐ုတ္က ဘတ္ ၅၀ (၁.၄၆ ေဒၚလာ) နဲ႔ ေရာင္းႏိုင္ပါတယ္။
ေဒသတြင္း အျခားတိုင္းျပည္ေတြမွာလည္း အလားတူ စိန္ေခၚမႈမ်ားနဲ႔ ရင္ဆိုင္ေနရပါတယ္။ အရည္အေသြးနိမ့္သြင္းကုန္ေတြကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနတာ ထိုင္းႏိုင္ငံတစ္ခုတည္း မဟုတ္ပါဘူး။ အာရွတစ္လႊားရွိ ႏိုင္ငံ အမ်ားအျပားတို႔မွာလည္း ေဒသတြင္း ထုတ္လုပ္သူမ်ားနဲ႔ ကုန္သြယ္မႈကို ကာကြယ္ရန္ နည္းလမ္းမ်ားကို ရွာေဖြေနၾကပါတယ္။ အိႏၵိယဟာ သံမဏိ သြင္းကုန္မ်ားအေပၚ အခြန္ ၂၅ ရာခိုင္ႏႈန္း စည္းၾကပ္ရန္ စီစဥ္ေနၿပီး အင္ဒိုနီးရွားမွာေတာ့ သူတို႔ႏိုင္ငံရဲ႕ အေသးစားနဲ႔ အလတ္စားလုပ္ငန္းမ်ားကို အကာအကြယ္ေပးဖို႔ ဆႏၵျပမႈမ်ား ျဖစ္ေပၚေနပါတယ္။ ေႂကြထည္မ်ား အဝတ္အထည္မ်ားအပါအဝင္ အခ်ိဳ႕ေသာ သြင္းကုန္ပစၥည္းမ်ားအေပၚ ၂၀၀ ရာခိုင္ႏႈန္းအထိ အခြန္စည္းၾကပ္ေရး ေတာင္းဆိုေနပါတယ္။
ဗီယက္နမ္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ ကုန္သြယ္မႈကို မွီခိုအားထားေနရပါတယ္။ ေပက်င္းဟာ ဟႏြိဳင္းရဲ႕ အႀကီးဆုံး ကုန္သြယ္ဖက္ ျဖစ္ၿပီး ၂၀၂၃ ခုႏွစ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈပမာဏဟာ ကန္ေဒၚလာ ၁၇၁ ဘီလီယံေက်ာ္ရွိပါ တယ္။ ကြန္ျမဴနစ္ႏွစ္ႏိုင္ငံအၾကား မိုင္ ၈၀၀ ခန႔္ နယ္နိမိတ္ခ်င္း ထိစပ္ေနေပမယ့္ ဗီယက္နမ္ဟာ တ႐ုတ္ရဲ႕ ပစၥည္းအတုအပမ်ား၊ ေဈးေပါ အရည္အေသြးနိမ့္ သြင္းကုန္မ်ားကို တိုက္ဖ်က္ရန္ လုပ္ေဆာင္ေနပါတယ္။ အစိုး ရထံ မွတ္ပုံတင္ရန္ ပ်က္ကြက္ခဲ့တဲ့ Shein “ရွိန္း” နဲ႔ Temu “တမ္မူ” လုပ္ငန္းတို႔လို႔ တ႐ုတ္ e-commerce “အီး-ေကာမတ္စ္” ပလက္ေဖာင္းမ်ားကို အေရးယူခဲ့ၿပီး တရားမွ်တမႈ မရွိတဲ့ ယွဥ္ၿပိဳင္မႈမ်ားကို ႏွိမ္နင္းလ်က္ရွိပါတယ္။
စီးပြားေရးအရ တ႐ုတ္က ထုတ္ကုန္အမ်ားစုအတြက္ ထုတ္လုပ္မႈ ကုန္က်စရိတ္က ပိုနည္းပါတယ္။ အေရွ႕ ေတာင္အာရွမွာ ဘယ္ႏိုင္ငံမွ လိုက္မမီပါဘူး။ ကုန္သြယ္မႈက်င့္ထုံးမ်ားနဲ႔ပတ္သက္ၿပီး ထိုင္းနဲ႔ ဗီယက္နမ္တို႔ အေနနဲ႔ တ႐ုတ္ႏိုင္ငံကို အတိအလင္း ထိပ္တိုက္ေတြ႕မယ့္သေဘာေတာ့ မျမင္ရပါဘူး၊ အဲ့ဒီအစား ျပည္တြင္း ထုတ္လုပ္မႈအတြက္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈကို ဆြဲေဆာင္ရန္ ရည္မွန္းထားပုံရတယ္လို႔ ကြၽမ္းက်င္သူမ်ားက သုံးသပ္ၾကပါတယ္ အေပ်ာ့ဆြဲ ဆြဲတဲ့ အဲဒီနည္းဗ်ဴဟာဟာ အခ်ိန္ၾကာေကာင္း ၾကာႏိုင္ေပမယ့္ ေရရွည္မွာ ပိုမိုခိုင္မာတဲ့ ျပည္တြင္းစက္မႈလုပ္ငန္းကို တည္ေဆာက္ဖို႔အတြက္ အေထာက္အကူ ျဖစ္ႏိုင္စရာ ရွိပါတယ္။