ဖိလစ်ပိုင် ဒုသမ္မတကို အကျင့်ပျက်လာဘ်စားမှုများဖြင့် လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ရန် ထပ်မံကြိုးပမ်း

 272

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၂

ဖိလစ်ပိုင်နိုင်ငံရှိ ကက်သလစ် ဘာသာဝင်များ၏ ဘာသာရေးခေါင်းဆောင်များသည် ဖိလစ်ပိုင်ဒုတိယ သမ္မတ ဖြစ်သော ဆာရာဒူတာတေးကို စွပ်စွဲပြစ်တင်ရန် ထပ်မံတောင်းဆိုလိုက်ကြောင်းသိရသည်။ ဖိလစ်ပိုင်ဒုတိယသမ္မတဖြစ်သော ဆာရာဒူတာတေးသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာနှင့်အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ရာထူးမှဖြုတ်ချရေးအတွက် စွပ်စွဲပြစ်တင်မှုများလုပ်ဆောင်ရန် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

ကက်သလစ်ဘာသာဝင်များ၏ ခေါင်းဆောင်များသည် ဆာရာဒူတာတေးနှင့်ပတ်သက်ပြီး တိုင်တန်းချက်များ သည် ၎င်းကိုစွပ်စွဲပြစ်တင်ရန် တတိယအကြိမ်မြောက် ကြိုးပမ်းမှုဖြစ်ခဲ့ကြောင်း သိရသည်။ ဆာရာဒူတာတေးသည် ဖိလစ်ပိုင်သမ္မတကို လုပ်ကြံ ရန်ပြောဆိုခဲ့သည်ဟု ပြီးခဲ့သောလအတွင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်း တွင် စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ကြောင်းသိရသည်။ ဆာရာဒူတာတေးနှင့် ဖိလစ်ပိုင်သမ္မတတို့သည် ယခင်က မဟာမိတ်များဖြစ်ခဲ့သော်လည်း လာမည့်နှစ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ၎င်းတို့နှစ်ဦးကြား သဘောထားအမြင်ကွဲလွဲမှုများမြင့်တက်လာကာ လူသိရှင်ကြားအပြန်အလှန် ပြစ်တင်ဝေဖန်လာခဲ့ကြောင်းသိရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အခြေစိုက် ကက်သလစ်ဘာသာဝင်များ၏ဘာသာရေးခေါင်းဆောင် များက ဆာရာဒူတာတေးသည် ပညာရေးဝန်ကြီးအဖြစ်တာဝန်ယူချိန်အတွင်း အမေရိကန်ဒေါ်လာသန်း ချီကို အကျင့်ပျက်လာဘ် စားခဲ့ကြောင်း စွပ်စွဲထားသည်။ ဆာရာဒူတာတေးသည် ဖိလစ်ပိုင်ဒုတိယ သမ္မတတာဝန်အပြင် ပညာရေးဝန်ကြီး တာဝန်ကိုပူးတွဲရယူခဲ့သော်လည်း ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ့် နှင့်အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ဇွန်လတွင် ပညာရေးဝန်ကြီးတာဝန်မှ နုတ်ထွက်ခဲ့ကြောင်းသိရ သည်။

ကက်သလစ်ဘာသာဝင်များ၏ ဘာသာရေး ခေါင်းဆောင်အဖွဲ့က ‘‘လွှတ်တော်အတွင်းစွပ်စွဲပြစ် တင်ရမှာဖြစ် တယ်။ ဆာရာဒူတာတေးဟာ အကျင့်ပျက်လာဘ်စားမှုတွေကိုကျူးလွန်ခဲ့တယ်။ ဆာရာဒူ တာတေးကို နိုင်ငံရဲ့ ဒုတိယသမ္မတအဖြစ် တစ်မိနစ် တောင်ထပ်မရှိစေချင်ဘူး’’ဟုပြောသည်။ဖိလစ်ပိုင်နိုင်ငံ၏ဥပဒေများတွင် သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို ရာထူးမှဖြုတ်ချရန်အတွက် လွှတ်တော် အတွင်း စွပ်စွဲပြစ်တင်ရာတွင်အောက် လွှတ်တော်ရှိ ကိုယ်စားလှယ်သုံးပုံနှင့် အထက်လွှတ် တော်ရှိကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံပေး မည်ဆိုလျှင်စွပ်စွဲပြစ်တင်မှု အောင်မြင်မည်ဖြစ်သော် လည်းလက်ရှိအချိန်တွင် ဆာရာဒူတာတေးကို လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ပြီး ဖြုတ်ချရန် မရေမရာ ဖြစ်နေကြောင်း သိရသည်။

zawgyi version
ဖိလစ္ပိုင္ ဒုသမၼတကို အက်င့္ပ်က္လာဘ္စားမႈမ်ားျဖင့္ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ရန္ ထပ္မံႀကိဳးပမ္း
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၂

ဖိလစ္ပိုင္ႏိုင္ငံရွိ ကက္သလစ္ ဘာသာဝင္မ်ား၏ ဘာသာေရးေခါင္းေဆာင္မ်ားသည္ ဖိလစ္ပိုင္ဒုတိယ သမၼတ ျဖစ္ေသာ ဆာရာဒူတာေတးကို စြပ္စြဲျပစ္တင္ရန္ ထပ္မံေတာင္းဆိုလိုက္ေၾကာင္းသိရသည္။ ဖိလစ္ပိုင္ဒုတိယသမၼတျဖစ္ေသာ ဆာရာဒူတာေတးသည္ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မားကိုစ့္ဂ်ဴနီယာႏွင့္အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ရာထူးမွျဖဳတ္ခ်ေရးအတြက္ စြပ္စြဲျပစ္တင္မႈမ်ားလုပ္ေဆာင္ရန္ ဖိအားမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္းသိရသည္။

ကက္သလစ္ဘာသာဝင္မ်ား၏ ေခါင္းေဆာင္မ်ားသည္ ဆာရာဒူတာေတးႏွင့္ပတ္သက္ၿပီး တိုင္တန္းခ်က္မ်ား သည္ ၎ကိုစြပ္စြဲျပစ္တင္ရန္ တတိယအႀကိမ္ေျမာက္ ႀကိဳးပမ္းမႈျဖစ္ခဲ့ေၾကာင္း သိရသည္။ ဆာရာဒူတာေတးသည္ ဖိလစ္ပိုင္သမၼတကို လုပ္ႀကံ ရန္ေျပာဆိုခဲ့သည္ဟု ၿပီးခဲ့ေသာလအတြင္း သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း ေနာက္ပိုင္း တြင္ စြပ္စြဲခ်က္မ်ားကို ျငင္းဆန္ခဲ့ေၾကာင္းသိရသည္။ ဆာရာဒူတာေတးႏွင့္ ဖိလစ္ပိုင္သမၼတတို႔သည္ ယခင္က မဟာမိတ္မ်ားျဖစ္ခဲ့ေသာ္လည္း လာမည့္ႏွစ္တြင္ က်င္းပမည့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ မတိုင္ခင္ ၎တို႔ႏွစ္ဦးၾကား သေဘာထားအျမင္ကြဲလြဲမႈမ်ားျမင့္တက္လာကာ လူသိရွင္ၾကားအျပန္အလွန္ ျပစ္တင္ေဝဖန္လာခဲ့ေၾကာင္းသိရသည္။

ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕အေျခစိုက္ ကက္သလစ္ဘာသာဝင္မ်ား၏ဘာသာေရးေခါင္းေဆာင္ မ်ားက ဆာရာဒူတာေတးသည္ ပညာေရးဝန္ႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း အေမရိကန္ေဒၚလာသန္း ခ်ီကို အက်င့္ပ်က္လာဘ္ စားခဲ့ေၾကာင္း စြပ္စြဲထားသည္။ ဆာရာဒူတာေတးသည္ ဖိလစ္ပိုင္ဒုတိယ သမၼတတာဝန္အျပင္ ပညာေရးဝန္ႀကီး တာဝန္ကိုပူးတြဲရယူခဲ့ေသာ္လည္း ဖိလစ္ပိုင္သမၼတဖာဒီနန္မာကိုစ့္ ႏွင့္အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ဇြန္လတြင္ ပညာေရးဝန္ႀကီးတာဝန္မွ ႏုတ္ထြက္ခဲ့ေၾကာင္းသိရ သည္။

ကက္သလစ္ဘာသာဝင္မ်ား၏ ဘာသာေရး ေခါင္းေဆာင္အဖြဲ႕က ‘‘လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္ တင္ရမွာျဖစ္ တယ္။ ဆာရာဒူတာေတးဟာ အက်င့္ပ်က္လာဘ္စားမႈေတြကိုက်ဴးလြန္ခဲ့တယ္။ ဆာရာဒူ တာေတးကို ႏိုင္ငံရဲ႕ ဒုတိယသမၼတအျဖစ္ တစ္မိနစ္ ေတာင္ထပ္မရွိေစခ်င္ဘူး’’ဟုေျပာသည္။ဖိလစ္ပိုင္ႏိုင္ငံ၏ဥပေဒမ်ားတြင္ သမၼတ သို႔မဟုတ္ ဒုတိယသမၼတကို ရာထူးမွျဖဳတ္ခ်ရန္အတြက္ လႊတ္ေတာ္ အတြင္း စြပ္စြဲျပစ္တင္ရာတြင္ေအာက္ လႊတ္ေတာ္ရွိ ကိုယ္စားလွယ္သုံးပုံႏွင့္ အထက္လႊတ္ ေတာ္ရွိကိုယ္စားလွယ္ သုံးပုံႏွစ္ပုံက ေထာက္ခံေပး မည္ဆိုလွ်င္စြပ္စြဲျပစ္တင္မႈ ေအာင္ျမင္မည္ျဖစ္ေသာ္ လည္းလက္ရွိအခ်ိန္တြင္ ဆာရာဒူတာေတးကို လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ၿပီး ျဖဳတ္ခ်ရန္ မေရမရာ ျဖစ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.