ယွန်ဆက်ယိုလ်ကိုစွပ်စွဲပြစ်တင်မှုအတွက် တောင်ကိုရီးယားမှာ အပြိုင်ဆိုင်ဆန္ဒပြပွဲများဖြစ်ပေါ်
585
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၂
တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံမှာ သမ္မတကို ထောက်ခံသူ နဲ့ ဆန့်ကျင်သူတွေကြား အပြိုင်ဆိုင်ဆန္ဒပြနေတယ်လို့ သိရပါတယ်။ ယွန်ဆက်ယိုလ်ဟာ ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးဥပဒေသတ်မှတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်မှာ လွှတ်တော် အတွင်းစွပ်စွဲပြစ်တင်ခံရကာ ရာထူးက ဆိုင်းငံခဲ့ရကြောင်းသိရပါတယ်။
ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေသတ်မှတ်ခဲ့တာနဲ့ပတ်သက်ပြီး အာဏာအလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲခံရကာ တရားရုံးတွေ၊ ရဲတပ်ဖွဲ့တွေရဲ့စွပ်စွဲပြစ်တင်ခြင်းကိုလည်းရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ သမ္မတယွန်ဆက်ယိုလ်ကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေဟာ ဒီဇင်ဘာ ၂၁ ရက်က ဆိုးလ်မြို့မှာအပြိုင်ဆန္ဒပြကြပြီး ထိပ်တိုက်တွေ့ဆုံခြင်းမျိုးမရှိကြောင်း သိရပါတယ်။ ယွန်ဆက်ယိုလ်ကို ဆန့်ကျင်တဲ့အုပ်စုတွေထဲမှာ အသက် ၂၀ နှစ် နဲ့ အသက် ၃၀နှစ်အရွယ်ကြားရှိလူတွေများပြီး သမ္မတကို ဖမ်းဆီးဖို့ အလံတွေဝှေ့ယမ်းကာ ဆန္ဒပြခဲ့ကြောင်းသိရပါတယ်။
အသက် ၂၇နှစ်အရွယ်ရှိ လူငယ်တစ်ဦးက "ယွန်ဆက်ယိုလ်ကို ၂၁ရာစု ရဲ့ဒီမိုကရေစီကိုဘယ်လိုနားလည်နေသလဲ ဆိုတာကိုမေးချင်တယ်။ ယွန်ဆက်ယိုလ်ကို ရာထူးက ထွက်သွားတာကိုလိုချင်တယ်"လို့ ပြောပါတယ်။ ယွန်ဆက်ယိုလ်ကို ရာထူးကဖယ်ရှားဖို့ ဆန့်ကျင်သူတွေထဲမှာ အသက်ကြီးသူတွေနဲ့ ကွန်ဆာဗေးတစ်အယူဆရှိသူတွေများတယ်လို့ သိရပါတယ်။ အသက် ၆၂ နှစ်အရွယ်ရှိ လီယောင်ဆုက "ကျွန်တော်တို့ကတော့ သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်ပြီး ရာထူးက ဖြုတ်ချတာကို လုံးဝဆန့်ကျင့်တယ်"လို့ပြောပါတယ်။ ယွန်ဆက်ယိုလ်က အတိုက်ခံနိုင်ငံရေးပါတီတွေကို မြောက်ကိုရီးယားနိုင်ငံလိုလားသူဖြစ်ပြီး နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲဝေဖန်ကာ စစ်အုပ်ချုပ်ရေးဥပဒေ သတ်မှတ်ခဲ့ကြောင်းသိရပါတယ်။
zawgyi version
ယြန္ဆက္ယိုလ္ကိုစြပ္စြဲျပစ္တင္မႈအတြက္ ေတာင္ကိုရီးယားမွာ အၿပိဳင္ဆိုင္ဆႏၵျပပြဲမ်ားျဖစ္ေပၚ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၂
ေတာင္ကိုရီးယား သမၼတ ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မႈနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားႏိုင္ငံမွာ သမၼတကို ေထာက္ခံသူ နဲ႔ ဆန႔္က်င္သူေတြၾကား အၿပိဳင္ဆိုင္ဆႏၵျပေနတယ္လို႔ သိရပါတယ္။ ယြန္ဆက္ယိုလ္ဟာ ဒီဇင္ဘာ ၃ ရက္မွာ စစ္အုပ္ခ်ဳပ္ေရးဥပေဒသတ္မွတ္ခဲ့ၿပီးေနာက္ ဒီဇင္ဘာ ၁၄ ရက္မွာ လႊတ္ေတာ္ အတြင္းစြပ္စြဲျပစ္တင္ခံရကာ ရာထူးက ဆိုင္းငံခဲ့ရေၾကာင္းသိရပါတယ္။
ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒသတ္မွတ္ခဲ့တာနဲ႔ပတ္သက္ၿပီး အာဏာအလြဲသုံးစားလုပ္တယ္လို႔ စြပ္စြဲခံရကာ တရား႐ုံးေတြ၊ ရဲတပ္ဖြဲ႕ေတြရဲ႕စြပ္စြဲျပစ္တင္ျခင္းကိုလည္းရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။ သမၼတယြန္ဆက္ယိုလ္ကို ဆန႔္က်င္သူေတြနဲ႔ ေထာက္ခံသူေတြဟာ ဒီဇင္ဘာ ၂၁ ရက္က ဆိုးလ္ၿမိဳ႕မွာအၿပိဳင္ဆႏၵျပၾကၿပီး ထိပ္တိုက္ေတြ႕ဆုံျခင္းမ်ိဳးမရွိေၾကာင္း သိရပါတယ္။ ယြန္ဆက္ယိုလ္ကို ဆန႔္က်င္တဲ့အုပ္စုေတြထဲမွာ အသက္ ၂၀ ႏွစ္ နဲ႔ အသက္ ၃၀ႏွစ္အ႐ြယ္ၾကားရွိလူေတြမ်ားၿပီး သမၼတကို ဖမ္းဆီးဖို႔ အလံေတြေဝွ႔ယမ္းကာ ဆႏၵျပခဲ့ေၾကာင္းသိရပါတယ္။
အသက္ ၂၇ႏွစ္အ႐ြယ္ရွိ လူငယ္တစ္ဦးက "ယြန္ဆက္ယိုလ္ကို ၂၁ရာစု ရဲ႕ဒီမိုကေရစီကိုဘယ္လိုနားလည္ေနသလဲ ဆိုတာကိုေမးခ်င္တယ္။ ယြန္ဆက္ယိုလ္ကို ရာထူးက ထြက္သြားတာကိုလိုခ်င္တယ္"လို႔ ေျပာပါတယ္။ ယြန္ဆက္ယိုလ္ကို ရာထူးကဖယ္ရွားဖို႔ ဆန႔္က်င္သူေတြထဲမွာ အသက္ႀကီးသူေတြနဲ႔ ကြန္ဆာေဗးတစ္အယူဆရွိသူေတြမ်ားတယ္လို႔ သိရပါတယ္။ အသက္ ၆၂ ႏွစ္အ႐ြယ္ရွိ လီေယာင္ဆုက "ကြၽန္ေတာ္တို႔ကေတာ့ သမၼတယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္ၿပီး ရာထူးက ျဖဳတ္ခ်တာကို လုံးဝဆန႔္က်င့္တယ္"လို႔ေျပာပါတယ္။ ယြန္ဆက္ယိုလ္က အတိုက္ခံႏိုင္ငံေရးပါတီေတြကို ေျမာက္ကိုရီးယားႏိုင္ငံလိုလားသူျဖစ္ၿပီး ႏိုင္ငံကို ဖ်က္ဆီးဖို႔ ႀကိဳးပမ္းေနတယ္လို႔ စြပ္စြဲေဝဖန္ကာ စစ္အုပ္ခ်ဳပ္ေရးဥပေဒ သတ္မွတ္ခဲ့ေၾကာင္းသိရပါတယ္။