အမေရိကန်နိုင်ငံက မီးနဲ့ကစားနေတယ်လို့ တရုတ်အစိုးရ သတိပေး

3730

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၂
တရုတ်အစိုးရဟာ ထိုင်ဝမ်ကို အမေရိကန်နိုင်ငံက စစ်ရေးနဲ့စစ်လက်နက်ပစ္စည်းများကူညီပေးနေခြင်းဟာ မီးနဲ့ကစားနေခြင်းမျိုးဖြစ်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတဟာ ရာထူးမှအနားယူခါနီး လပိုင်းအလိုမှာပဲ ထိုင်ဝမ်ကို စစ်ရေးအကူညီအဖြစ်အမေရိကန်ဒေါ်လာ ၅၇၁ သန်းထပ်မံကူညီဖို့ ဒီဇင်ဘာ ၂၁ ရက်မှာ ခွင့်ပြုခဲ့ပြီးနောက် တရုတ်အစိုးရက အခုလိုမျိုးပြောဆိုခဲ့ပါတယ်။
အမေရိကန်အစိုးဟာ ပြီးခဲ့တဲ့လအနည်းငယ်ကလည်း ထိုင်ဝမ်ကိုအမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေကူညီထောက်ပံ့ပေးဖို့ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ တရုတ်အစိုးရက အမေရိကန်နိုင်ငံအနေနဲ့ထိုင်ဝမ်ကို လက်နက်တပ်ဆင်တာတွေရပ်တန့်ရမှာဖြစ်သလို ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် အန္တရာယ်ရှိတဲ့လုပ်ရပ်မျိုး ရပ်နားစေလိုကြောင်း သတိပေးခဲ့ပါတယ်။
ထိုင်ဝမ်မှာ လူဦးရေ (၂၃)သန်းကျော်ရှိနေပြီး တရုတ်က ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်နယ်ဖြစ်တယ်လို့ပြောဆိုထားပြီး ထိုင်ဝမ်က တရုတ်လက်အောက်က ခွဲထွက်ကာကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ဖို့ လိုလားနေပါတယ်။ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးကတော့ အ မေရိကန်အစိုးရဟာ ထိုင်ဝမ်ကို စစ်ရေးအကူညီပေးတဲ့အပြင် စစ်လက်နက်ပစ္စည်းတွေရောင်းချပေးဖို့ ခွင့်ပြုပေးထားတယ်လို့ ပြောပါတယ်။ အမေရိကန်ဟာထိုင်ဝမ်နိုင်ငံရဲ့ကာကွယ်ရေးကို ကတိပြုထားတဲ့အတိုင်း ဆက်လက်အကောင်ထည်ဖော်ပေးနေဆဲဖြစ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန် သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်အစိုးရ နဲ့ တရုတ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုဖြစ်လာခဲ့ကြောင်းသိရပါတယ်။

zawgyi version
အေမရိကန္ႏိုင္ငံက မီးနဲ႔ကစားေနတယ္လို႔ တ႐ုတ္အစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၂
တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကို အေမရိကန္ႏိုင္ငံက စစ္ေရးနဲ႔စစ္လက္နက္ပစၥည္းမ်ားကူညီေပးေနျခင္းဟာ မီးနဲ႔ကစားေနျခင္းမ်ိဳးျဖစ္တယ္လို႔ သတိေပးေျပာဆိုလိုက္ပါတယ္။ အေမရိကန္သမၼတဟာ ရာထူးမွအနားယူခါနီး လပိုင္းအလိုမွာပဲ ထိုင္ဝမ္ကို စစ္ေရးအကူညီအျဖစ္အေမရိကန္ေဒၚလာ ၅၇၁ သန္းထပ္မံကူညီဖို႔ ဒီဇင္ဘာ ၂၁ ရက္မွာ ခြင့္ျပဳခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရက အခုလိုမ်ိဳးေျပာဆိုခဲ့ပါတယ္။
အေမရိကန္အစိုးဟာ ၿပီးခဲ့တဲ့လအနည္းငယ္ကလည္း ထိုင္ဝမ္ကိုအေမရိကန္ေဒၚလာ သန္း ၃၀၀ နီးပါးတန္ဖိုးရွိ စစ္လက္နက္ပစၥည္းေတြကူညီေထာက္ပံ့ေပးဖို႔ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္အစိုးရက အေမရိကန္ႏိုင္ငံအေနနဲ႔ထိုင္ဝမ္ကို လက္နက္တပ္ဆင္တာေတြရပ္တန႔္ရမွာျဖစ္သလို ထိုင္ဝမ္ေရလက္ၾကားတည္ၿငိမ္ေရး၊ ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစမယ့္ အႏၲရာယ္ရွိတဲ့လုပ္ရပ္မ်ိဳး ရပ္နားေစလိုေၾကာင္း သတိေပးခဲ့ပါတယ္။
ထိုင္ဝမ္မွာ လူဦးေရ (၂၃)သန္းေက်ာ္ရွိေနၿပီး တ႐ုတ္က ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္နယ္ျဖစ္တယ္လို႔ေျပာဆိုထားၿပီး ထိုင္ဝမ္က တ႐ုတ္လက္ေအာက္က ခြဲထြက္ကာကိုယ္ပိုင္လြတ္လပ္ေရးရယူႏိုင္ဖို႔ လိုလားေနပါတယ္။ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ အ ေမရိကန္အစိုးရဟာ ထိုင္ဝမ္ကို စစ္ေရးအကူညီေပးတဲ့အျပင္ စစ္လက္နက္ပစၥည္းေတြေရာင္းခ်ေပးဖို႔ ခြင့္ျပဳေပးထားတယ္လို႔ ေျပာပါတယ္။ အေမရိကန္ဟာထိုင္ဝမ္ႏိုင္ငံရဲ႕ကာကြယ္ေရးကို ကတိျပဳထားတဲ့အတိုင္း ဆက္လက္အေကာင္ထည္ေဖာ္ေပးေနဆဲျဖစ္ေၾကာင္း ထိုင္ဝမ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာပါတယ္။ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္လက္ထက္မွာ အေမရိကန္အစိုးရ နဲ႔ တ႐ုတ္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။