ရုရှားသမ္မတပူတင်နဲ့အတူ ယူကရိန်းပဋိပက္ခကို ဖြေရှင်းလိုတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 319

Pika (NP News) - ဒီဇင်ဘာ ၂၃

ရုရှားသမ္မတပူတင်နဲ့အတူ ယူကရိန်းပဋိပက္ခကို ဖြေရှင်းလိုတဲ့ ဆန္ဒတွေကို အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။

မကြာခင်အချိန်အတွင်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ စိတ်ဝင်စားကြောင်းပြသခဲ့တဲ့ ပူတင်နဲ့ ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ စောင့်ဆိုင်းနေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတအဖြစ် ပြန်လည်တာဝန်ယူမယ့် ပထမဆုံးနေ့ကနေစတင်ပြီး ပြည်တွင်းပြဿနာတွေနဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစိန်ခေါ်မှုတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က "ကျွန်တော့်ကို တတ်နိုင်သမျှအမြန်ဆုံးတွေ့ချင်တယ်လို့ ပူတင်ကပြောကြားခဲ့ပါတယ်။ ဒီတွေ့ဆုံမှုတွေဖြစ်လာဖို့ ကျွန်တော်တို့စောင့်ဆိုင်းရမှာပါ။ ပြီးတော့ ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်မှရမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရုရှား-ယူကရိန်းစစ်ပွဲဟာ ကြောက်မက်ဖွယ်ကောင်းပြီး မကြုံစဖူးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခတစ်ခုအဖြစ် ဒေါ်နယ်ထရမ့်က ဖော်ပြပြောဆိုခဲ့ပါတယ်။ ပြီးတော့ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း စစ်သားပေါင်းသန်းချီသေဆုံးခဲ့တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းတွင်ပင် ယူကရိန်းစစ်တပ်ဘက်မှ စစ်သားပေါင်း(၅)သိန်းနီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ရုရှားအစိုးရက ခန့်မှန်းပြောဆိုခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေးဘယ်လ်အုဆော့ဖ်ရဲ့အဆိုအရ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတည်းက ယူကရိန်းဟာ စစ်သားပေါင်းတစ်သန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ရုရှားဟာ စစ်ပွဲအတွင်း စစ်သားပေါင်း(၇၅၀၀၀၀)ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ယူကရိန်းဘက်က ပြောဆိုထားပေမယ့်လည်း နှစ်ဖက်စလုံးက ထိခိုက်/သေဆုံးမှု အရေအတွက် အတိအကျကို သတင်းထုတ်ပြန်ခဲ့တာမျိုးလည်းမရှိခဲ့ဘူးလို့ သိရပါ တယ်။

zawgyi version
႐ုရွားသမၼတပူတင္နဲ႔အတူ ယူကရိန္းပဋိပကၡကို ေျဖရွင္းလိုတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၂၃

႐ုရွားသမၼတပူတင္နဲ႔အတူ ယူကရိန္းပဋိပကၡကို ေျဖရွင္းလိုတဲ့ ဆႏၵေတြကို အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ျပသခဲ့တယ္လို႔ သိရပါတယ္။

မၾကာခင္အခ်ိန္အတြင္း ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ စိတ္ဝင္စားေၾကာင္းျပသခဲ့တဲ့ ပူတင္နဲ႔ ေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ ေစာင့္ဆိုင္းေနတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္သမၼတအျဖစ္ ျပန္လည္တာဝန္ယူမယ့္ ပထမဆုံးေန႔ကေနစတင္ၿပီး ျပည္တြင္းျပႆနာေတြနဲ႔ ကမာၻလုံးဆိုင္ရာလုံၿခဳံေရးစိန္ေခၚမႈေတြကို ဦးစားေပးလုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ကတိျပဳခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က "ကြၽန္ေတာ့္ကို တတ္ႏိုင္သမွ်အျမန္ဆုံးေတြ႕ခ်င္တယ္လို႔ ပူတင္ကေျပာၾကားခဲ့ပါတယ္။ ဒီေတြ႕ဆုံမႈေတြျဖစ္လာဖို႔ ကြၽန္ေတာ္တို႔ေစာင့္ဆိုင္းရမွာပါ။ ၿပီးေတာ့ ႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္မွရမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွား-ယူကရိန္းစစ္ပြဲဟာ ေၾကာက္မက္ဖြယ္ေကာင္းၿပီး မႀကဳံစဖူးလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ေဘးဒုကၡတစ္ခုအျဖစ္ ေဒၚနယ္ထရမ့္က ေဖာ္ျပေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ ႐ုရွား-ယူကရိန္းစစ္ပြဲအတြင္း စစ္သားေပါင္းသန္းခ်ီေသဆုံးခဲ့တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။၂၀၂၄ ခုႏွစ္ တစ္ႏွစ္အတြင္းတြင္ပင္ ယူကရိန္းစစ္တပ္ဘက္မွ စစ္သားေပါင္း(၅)သိန္းနီးပါး ဆုံးရႈံးခဲ့ရတယ္လို႔ ႐ုရွားအစိုးရက ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီး အန္ဒေရးဘယ္လ္အုေဆာ့ဖ္ရဲ႕အဆိုအရ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းတည္းက ယူကရိန္းဟာ စစ္သားေပါင္းတစ္သန္းေက်ာ္ ဆုံးရႈံးခဲ့ရတယ္လို႔ သိရပါတယ္။ ႐ုရွားဟာ စစ္ပြဲအတြင္း စစ္သားေပါင္း(၇၅၀၀၀၀)ေက်ာ္ ဆုံးရႈံးခဲ့ရတယ္လို႔ ယူကရိန္းဘက္က ေျပာဆိုထားေပမယ့္လည္း ႏွစ္ဖက္စလုံးက ထိခိုက္/ေသဆုံးမႈ အေရအတြက္ အတိအက်ကို သတင္းထုတ္ျပန္ခဲ့တာမ်ိဳးလည္းမရွိခဲ့ဘူးလို႔ သိရပါ တယ္။

Related news

© 2021. All rights reserved.