နိုင်ငံရေးအရ တောင်းဆိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပြီး လက်နက် ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရနိုင်ဟု နစကဥက္ကဋ္ဌ ပြော
607
သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၃
နိုင်ငံရေးအရ တောင်းဆိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရနိုင်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(ဒီဇင်ဘာ ၂၂ ရက်)က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church ၌ ကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစိုးရအနေဖြင့် ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး နှင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသားရေးနှင့် နိုင်ငံရေးရည်မှန်းချက်များချမှတ်ပြီး ကြိုးစားဆောင်ရွက်ပေးနေကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။
အတူယှဉ်တွဲနေထိုင်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုအတွင်း၌ ကြုံတွေ့လာသည့်ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း နစက ဥက္ကဋ္ဌက ဆိုသည်။ ထိုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
zawgyi version
ႏိုင္ငံေရးအရ ေတာင္းဆိုမႈကို ႏိုင္ငံေရးနည္းလမ္းျဖင့္သာ ေျဖရွင္းရမည္ျဖစ္ၿပီး လက္နက္ကိုင္လမ္းစဥ္ျဖင့္ ေတာင္းဆို၍မရႏိုင္ဟု နစကဥကၠ႒ ေျပာ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၃
ႏိုင္ငံေရးအရ ေတာင္းဆိုမႈကို ႏိုင္ငံေရးနည္းလမ္းျဖင့္သာ ေျဖရွင္းရမည္ျဖစ္ၿပီး လက္နက္ကိုင္လမ္းစဥ္ျဖင့္ ေတာင္းဆို၍မရႏိုင္ေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔(ဒီဇင္ဘာ ၂၂ ရက္)က ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ St. Mary’s Cathedral Church ၌ က်င္းပသည့္ ခရစ္ေတာ္ေမြးေန႔ (ခရစၥမတ္) ေက်းဇူးေတာ္ ခ်ီးမြမ္းျခင္းႏွင့္ မိတ္သဟာယ ညစာစားပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အစိုးရအေနျဖင့္ ျပည္သူအားလုံးလိုလားသည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေရး ႏွင့္ ဒီမိုကေရစီလမ္းေၾကာင္းမွန္ေပၚ ျပန္လည္ေရာက္ရွိေရးအတြက္ ေရွ႕လုပ္ငန္းစဥ္မ်ား၊ အမ်ိဳးသားေရးႏွင့္ ႏိုင္ငံေရးရည္မွန္းခ်က္မ်ားခ်မွတ္ၿပီး ႀကိဳးစားေဆာင္႐ြက္ေပးေနေၾကာင္း နစက ဥကၠ႒က ေျပာသည္။
အတူယွဥ္တြဲေနထိုင္ၾကသည့္ လူ႔အဖြဲ႕အစည္းတစ္ခုအတြင္း၌ ႀကဳံေတြ႕လာသည့္ျပႆနာမ်ားကို ဒီမိုကေရစီနည္းလမ္းျဖစ္သည့္ ေတြ႕ဆုံေဆြးေႏြးအေျဖရွာျခင္းနည္းလမ္းကသာ ေအာင္ျမင္ေစႏိုင္မည္ဟု ယုံၾကည္ေၾကာင္း နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ ႏိုင္ငံေရးျပႆနာ တစ္နည္းအားျဖင့္ ႏိုင္ငံေရးအရ ေတာင္းဆိုလိုမႈကို ႏိုင္ငံေရးနည္းလမ္းျဖင့္သာ ေျဖရွင္းရမည္ျဖစ္ေၾကာင္းႏွင့္ လက္နက္ကိုင္လမ္းစဥ္ျဖင့္ ေတာင္းဆို၍ရႏိုင္မည္မဟုတ္ေၾကာင္း နစက ဥကၠ႒က ဆိုသည္။ ထိုကဲ့သို႔ လက္နက္ကိုင္အၾကမ္းဖက္မႈလမ္းစဥ္ကို မည္သည့္လူ႔အဖြဲ႕အစည္းကမွ် လက္မခံသကဲ့သို႔ အားလုံးကလည္း ဆန႔္က်င္ၾကရန္လိုေၾကာင္း နစကဥကၠ႒က တိုက္တြန္းေျပာၾကားခဲ့သည္။