မရေရာမသေချာသည့် ဆီးရီးယားအနာဂတ် (ဘာသာပြန်ဆောင်းပါး)
427
သန်းထိုက်စိုး (NP News) - ဒီဇင်ဘာ ၂၄
ဆီးရီးယားပြည်တွင်းစစ်သည် ယခုအခါ (၁၃)နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။ အာရပ်နွေဦးတော် လှန်ရေးအဖြစ် (၂၀၁၁)ခုနှစ်တွင်စတင်ခဲ့ရာမှ အင်အားကြီးနိုင်ငံများ၏ ကြားခံစစ်ပွဲ မြေစာပင်ဘဝရောက် ခဲ့ရသည်။ ဒေသတွင်း အင်အားကြီးနိုင်ငံများနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင်အာ ဂျင်ဒါများဖြင့် ဆီးရီးယားပြည် တွင်းစစ်တွင် ပါဝင်ပတ်သက်ခဲ့ကြသည်။ မကြာသေးမီအချိန်အတွင်းက ဆီးရီးယားပြည်တွင်းစစ် တစ်ကျော့ပြန်ခေါင်း ထောင်လာခဲ့ရာ အစိုးရ၏အုပ်ချုပ်ရေးယန္တရားပါပြိုလဲသွားခဲ့သည်။
ဆီးရီယားပြည်တွင်းစစ်တွင် ဂျီဟတ်အုပ်စုများ၊ ISIS အဖွဲ့၊ HTS (Hayat Tahrir al-Sham) နှင့် ကာ့ဒ်အဖွဲ့များ စသည်ဖြင့် ဇာတ်ကောင်အများအပြား ပါဝင်ကပြနေကြသည်။ ကနဦးတွင် အစိုးရနှင့်အတိုက်အခံတို့ကြား ပွတ်တိုက်မှု ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မဟာမိတ်များနှင့် ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုများအဖြစ် ရွေ့လျားလာခဲ့ရာ ရှုပ်ထွေးသည့်စစ်မြေပြင်ဖြစ်လာခဲ့သည်။
အမေရိကန်နိုင်ငံသည် ဆီးရီးယားပဋိပက္ခ စတင်ချိန်ကတည်းက အဓိကအခန်းကဏ္ဍမှ ပါဝင် ပတ်သက်ခဲ့သည့် နိုင်ငံဖြစ်သည်။ ထိုစဉ်က အိုဘား မားအစိုးရသည် ကာ့ဒ်ဦးဆောင်သည့် Syrian Democratic Forces(SDF) များ၊ သဘောထားအလယ် အလတ်ရှိသည့်သူပုန်များကိုထောက်ပံ့ပြီး အာဆတ် အစိုးရနှင့် အစွန်းရောက်အုပ်စုများကို တန်ပြန် နိုင်ရန် ကြိုးပမ်းခဲ့သည်။ ရုရှားနိုင်ငံသည် (၂၀၁၅) ခုနှစ်တွင် ဆီးရီးယားပြည်တွင်းစစ်၌ အီရန်၊ ဟစ္စဘိုလာတို့နှင့်အတူ တိုက်ရိုက်ပါဝင်ပတ်သက်ပြီး အာဆတ်အစိုးရကို ကျားကန်ပေးခဲ့ရာ အရှေ့အလယ်ပိုင်းဒေသ၏ ပါဝါဟန်ချက်ကို ထိန်းညှိပေးနိုင်ခဲ့သည်။
အာဆတ်အစိုးရသည် ဓာတုလက်နက်များ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ရာ ဒေါ်နယ် ထရမ့်အစိုးရသည် ဓာတုလက်နက်အသုံးပြုမှုကိုတုံ့ပြန်သည့်အနေဖြင့် မစ်ဆိုင်းဒုံးကျည်များ ဖြင့် တန်ပြန်တိုက် ခိုက်ခဲ့သည်။ ယင်းမှာ အမေရိကန် အကျိုးစီးပွားကိုထိခိုက်လာမည်ဆိုပါက တစ်ဖက် သတ်တိုက်ခိုက်မှုများ ပြုလုပ် သွားရန် သဘောထားရှိကြောင်း အချက်ပြခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် ဒေါ်နယ်ထရမ့်အစိုးရသည် (၂၀၁၉) ခုနှစ်တွင် ဆီးရီး ယားနိုင်ငံမြောက်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းခဲ့ရာ အမေရိကန်၏မဟာမိတ်များ အတွက် အားလျော့စရာဖြစ်ခဲ့ရသည်။ ဘိုင်ဒန်အစိုးရ လက်ထက်တွင် ဆီးရီးယားနိုင်ငံအရှေ့ပိုင်း၌ အမေရိကန်တပ်ဖွဲ့များ အကန့် အသတ်ဖြင့်ရှိနေမှုကို ဆက်လက်ထိန်းသိမ်းကာ အကြမ်းဖက်မှုတန်ပြန်ရေးနှင့် ပဋိပက္ခလျှော့ချရေးကို ဦးစားပေးခဲ့သည်။
(၂၀၁၄)ခုနှစ်နှောင်းပိုင်းတွင် ဆီးရီးယား ပဋိပက္ခ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ ဆီးရီးယားသူ ပုန်များ အထူးသဖြင့် HTS (Hayat Tahrir al-Sham) တို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အံ့ အားသင့်ဖွယ်ရာထိုးစစ်ကို စတင်ခဲ့သည်။ ရုရှားနှင့်အီ ရန်တို့၏အထောက်အပံ့ကို ရရှိခြင်းမရှိသကဲ့သို့ အရင်းအမြစ်အကန့်အသတ်ဖြင့်သာရှိသည့် အာဆတ် အစိုးရ ပြိုလဲခဲ့ရသည်။ ဆီးရီးယားရှိ အီရန်၏လက်တံ များမှာလည်း အစ္စရေးတပ်ဖွဲ့များ၏ အကြိမ်ကြိမ်တိုက် ခိုက်ခြင်းကိုခံခဲ့သည်။ အထူးသဖြင့် အီရန်၏လက်တံ ကြီးတစ်ခုဖြစ်သည့် ဟစ္စဘိုလာအဖွဲ့သည် အစ္စရေး၏ထိုးနှက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဖြစ်ရာ အာဆတ် အစိုးရကို ကျားကန်ပေးနိုင်သည့် အီရန်၏စွမ်းရည် ကို များစွာထိခိုက်စေခဲ့သည်။
ဒေါ်နယ်ထရမ့်သည် မကြာတော့သည့် ရက်ပိုင်းတွင် ဒုတိယအကြိမ် သမ္မတသက်တမ်း ထမ်းဆောင်တော့ မည်ဖြစ်သည်။ ပထမသက်တမ်း တာဝန်ထမ်းဆောင်စဉ်ကမူ မဟာဗျူဟာများ ချမှတ်ဆောင် ရွက်ခြင်းဆိုသည်ထက် ရုတ်တရက်ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့သည်က များသည်။ ပထမသက် တမ်းကာလနှင့် ချိန်ထိုးသုံးသပ်ကြည့် မည်ဆိုပါက ဒုတိယသက်တမ်းတွင် ဒေသတွင်းတွင် အီရန်၏ ဩဇာလွှမ်းမိုးမှုကိုတန်ပြန်နိုင်သကဲ့သို့ ကျန်ရှိနေသေး သည့် အိုင်အက်စ်ဆဲလ်(IS cells)များကိုလည်း ချေ မှုန်းတိုက်ခိုက်နိုင်သည်။ ထို့ပြင် ဒေသတွင်း၌ အမေရိကန်၏အခန်းကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရန်အတွက် တူကီယဲ၊ ဆော်ဒီတို့ကဲ့သို့သော ဒေသတွင်းမ ဟာမိတ်များအပေါ် ဖိအားပေးခြင်း သို့မဟုတ် စစ်ရေးအရ တိုက်ရိုက်ပါဝင်ခြင်းတို့ကိုလည်း တိုးမြှင့်လာနိုင်သည်။ သို့မဟုတ်ဘဲ အမေရိကန်အစိုးရက စစ်ရေးအ ရ တိုက်ရိုက်ပါဝင်ခြင်းမရှိဘဲ လျှော့ချလိုက်မည်ဆိုပါက အမေရိကန်တပ်ဖွဲ့များမရှိခြင်းကို အခွင့်ကောင်းယူ ပြီး HTS(Hayat Tahrir al-Sham) အဖွဲ့များနှင့် ဂျီဟတ်အဖွဲ့များက ပိုမိုအတင့်ရဲလာနိုင်သည်ဟု သုံးသပ်မှုများလည်းရှိလာသည်။
ဆီးရီးယားပဋိပက္ခသည် ဇာတ်ကောင်များစွာ ပါဝင်ပတ်သက်နေသည့် အကျပ်အတည်းဖြစ်ရာ အဆိုပါအရှုပ် ထုပ်ကိုဖြေရှင်းရန် နိုင်ငံတကာအသိုက် အဝန်းကပင်လျှင် မစွမ်းဆောင်နိုင်သေးပါ။ တစ်ကျော့ ပြန်ပေါ်ပေါက်လာ သည့်ပဋိပက္ခသည် အပစ်အခတ် ရပ်စဲရေး၏ ကျိုးလွယ်ပဲ့လွယ်ရှိမှုကို မီးမောင်းထိုးပြနေ သကဲ့သို့ ပထဝီနိုင်ငံရေး ကူး ပြောင်းချိန်ကာလမျိုးတွင် ဒေတွင်းနိုင်ငံများက အမြတ်ထုတ်ရန် ကြိုးပမ်းနေခြင်း ကိုလည်း မြင်သာစေသည့် ကသောင်းကနင်းကာလ ဖြစ်သည်။
ဆီးရီးယားနိုင်ငံသည် ရုရှားနိုင်ငံအတွက် အရှေ့အလယ်ပိုင်းဒေသတွင် မဟာဗျူဟာ မိတ်ဖက် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဆီးရီးယားနိုင်ငံပင်လယ် ဆိပ်ကမ်း Tartus တွင် ရုရှားရေတပ်အခြေစိုက် စခန်း အခြေပြုထားရာ အရှေ့အလယ်ပိုင်းဒေသ၌ အင်အားချိန်ခွန်လျှာထိန်းညှိထားခြင်းဖြစ်သည်။ (၂၀၁၅)ခုနှစ် ဆီးရီးယားပြည်တွင်းစစ်တွင် ရုရှားအစိုး ရက အာဆတ်အစိုးရကို ကျောထောက်နောက်ခံပြု ပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ အင်တိုက်အားတိုက် ပါဝင်ခြင်းမရှိခဲ့ပါ။
အီရန်နိုင်ငံသည်လည်း ဆီးရီးယားနိုင်ငံကို ခုခံရေးဝင်ရိုးတန်း Axis of Resistance တွင် အရေးကြီးသည့် အချိတ်အဆက်အဖြစ်ရှုမြင်ကာ သမ္မတအာဆတ်ကို များစွာထောက်ပံ့ပေးခဲ့သည်။ HTS(Hayat Tahrir al-Sham) ၏ ဆူနီအစ္စလာမ္မစ် အိုက်ဒီရော်လော်ဂျီနှင့် အီရန်ရှီရာကြားခံများအပေါ် ရန်လိုမှုသည် အီရန်၏ဒေသတွင်း မဟာဗျူဟာ အပေါ် အကျပ်ရိုက်စေခဲ့သည်။ ဟစ္စဘိုလာတို့အတွက် ထောက်ပံ့ရေးလမ်း ကြောင်းကိုဖြတ်တောက်ခြင်းဖြစ် ပြီး အစ္စရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေသည့် အဖွဲ့၏စွမ်းဆောင်ရည်ပိုင်းကို ထိခိုက်စေခဲ့သည်။ ထိုမှတစ်ဆင့် အီရန်၏ ဩဇာကျဆင်းလာခဲ့ပြီး ကြို တင်ဟန့်တားရေးမဟာဗျူဟာမှာလည်း အလုပ်မဖြစ် ခဲ့ဟု ဆိုရမည်ဖြစ်သည်။
တူကီယဲတို့သည် ဆီးရီးယားအတိုက်အခံများကို နှစ်ရှည်လများထောက်ပံ့ပေးခဲ့သည်။ အထူးသဖြင့် ဆီးရီးယား နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့ များကိုတန်ပြန်ရေး မဟာဗျူဟာအစိတ်အပိုင်းအဖြစ် HTS(Hayat Tahrir al-Sham) အပါအဝင် အတိုက်အခံအဖွဲ့များကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ တူကီယဲအစိုးရသည် အာဆတ်မရှိတော့သည့် ဆီးရီး ယား၏အနာဂတ်ကိုပုံဖော်ရန်အတွက် အရှိန်မြှင့်ကြိုး ပမ်းလာခဲ့သည်။ တူကီယဲအစိုးရ၏ ဦးစားပေးလုပ်ငန်း စဉ်မှာ ကာ့ဒ်တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ချုပ်ငြိမ်းစေ ရန်ဖြစ်ပြီး အမေရိကန်ကျောထောက်နောက်ခံပြုထား သည့် ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့(SDF)များ အပါအဝင် အခြားသောဇာတ်ကောင်များနှင့် ဆီးရီးယားပဋိပက္ခအတွင်း ပါဝင်ရေးပင် ဖြစ်သည်။
အာဆတ်အစိုးရကျဆုံးခြင်းသည် အီရန် ဟစ္စဘိုလာဝင်ရိုးတန်းကို အားနည်းစေခဲ့သည်။ ဂို လန်ဟိုက်ကုန်းမြင့် အစ္စရေးနယ်စပ်အနီးတွင် ဆူနီစစ်သွေးကြွအဖွဲ့များ အားကောင်းလာခြင်းသည် အစ္စရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်သည်ဟု အစ္စရေးတို့ကယူဆထားသည်။ သူပုန်ခေါင်းဆောင်များကမူ အစ္စရေးနှင့် ငြိမ်းချမ်းသောဆက်ဆံရေး ထားရှိမည်ဟု ပြောဆိုထားသည်။ သို့သော် ရေရှည်အတွက်မူ ရေရာ သေချာမှုမရှိပါ။ ဆီးရီးယားနိုင်ငံရေးမြင်ကွင်း ပြောင်း လဲလာသည်နှင့်အမျှ အစ္စရေးအနေဖြင့် ၎င်း၏အကျိုး စီးပွားကို ဂရုတစိုက် ဟန်ချက်ညီဆောင်ရွက်ရန် လိုအပ်လာသည်။
အာဆတ်အစိုးရကျဆုံးခြင်းသည် ဆီးရီး ယားအတွက် တည်ငြိမ်အေးချမ်းသောအနာဂတ်တစ် ခုဖြစ်လာရန် အာမခံချက်မဟုတ်ပါ။ အတိုက်အခံအ များအပြားရှိနေခြင်း၊ ကာလရှည်ကြာ ခံစားနေရသည့် ဝမ်းနည်းကြေကွဲဖွယ် ရာများနှင့် ပျက်စီးသွားသည့်အခြေခံအဆောက်အအုံများသည် နိုင်ငံပြန်လည်တည် ထောင်ရေးအတွက် ကြီးမားသည့် အခက်အခဲများ ဖြစ်သည်။ အတိုက်အခံများသည် နိုင်ငံ၏ နယ်မြေ အသီးသီးကို ထိန်းချုပ်ထားကြသည်။ HTS(Hayat Tahrir al-Sham) အဖွဲ့များသည် နိုင်ငံ၏မြောက်ပိုင်း ကိုလွှမ်းမိုးထားကြပြီး SDF အဖွဲ့များသည် နိုင်ငံ၏ အရှေ့မြောက် ပိုင်းကိုထိန်းချုပ်ထားသည်။
အလားတူ Free Syrian Army (FSA) အဖွဲ့သည် နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်ထားသည်။ အဆိုပါအဖွဲ့များသည် အမျိုးမျိုးသော အိုက်ဒီရော် လော်ဂျီများနှင့် နယ်မြေအကျိုးစီးပွားများရှိနေကြရာ ခိုင်မာသည့်ဗဟိုအစိုးရတစ်ရပ် ဖွဲ့စည်းရေး သဘော တူညီချက်တစ်ရပ်မှာ မလွယ်လှပါ။
ဆီးရီးယားနိုင်ငံ၏ အခြေခံအဆောက်အအုံများသည် နှစ်ပေါင်းများစွာကြာလာခဲ့သည့် စစ်ပွဲတွင် ပျက်စီးသွား ခဲ့ပြီး နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလျံပေါင်းများစွာကုန်ကျမည်ဖြစ် သကဲ့သို့ ဆယ်စုနှစ်နှင့်ချီ၍လည်း အချိန်ယူရမည်ဖြစ်သည်။ ဆက်လက်ဖြစ်နေသည့်နိုင်ငံရေး မတည် ငြိမ်မှုသည် ကြီးမားသည့်စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ပြည် ပရင်းနှီးမြှုပ်နှံမှုများလာရောက်ရန်အတွက်လည်း အတားအဆီးတစ်ခုဖြစ်နေသည်။ ဆီးရီးယားတပ်ဖွဲ့ (SAA)များ နောက် ဆုတ်သွားခြင်းနှင့်အတူ IS အဖွဲ့ များ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ IS အဖွဲ့များ သည် အာဆတ်အလွန်ကာလ ဆီးရီးယားအထိုင်တွင် ကြီးမားသောလုံခြုံရေးခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သည်။
အကြမ်းဖက်ဝါဒ ပြန်လည်ပေါ်ပေါက်လာမှုတားဆီးရေးနှင့် ခိုင်မာသည့်လုံခြုံရေးစနစ် ဖြစ်ပေါ်လာစေရန် ကြိုးပမ်းခြင်းသည်သာ တည်ငြိမ်သည့် ဆီးရီးယားနိုင်ငံဖြစ်ပေါ်လာရေးအတွက် သော့ချက်တစ် ခုဖြစ်ပါလိမ့်မည်။ မတည် မငြိမ်ဖြစ်မှု ကြာလာသည်နှင့်အမျှ IS အတွက် ခြေကုပ်ယူရန်နှင့် ၎င်းတို့၏ ကွန်ရက်တည်ဆောက်ရေးအတွက် အခွင့်ကောင်း တစ်ရပ်ဖန်တီးပေးသကဲ့သို့ ဖြစ်စေပါလိမ့်မည်။
zawgyi version
မေရရာမေသခ်ာသည့္ ဆီးရီးယားအနာဂတ္ (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ဒီဇင္ဘာ ၂၄
ဆီးရီးယားျပည္တြင္းစစ္သည္ ယခုအခါ (၁၃)ႏွစ္တိုင္တိုင္ရွိခဲ့ၿပီျဖစ္သည္။ အာရပ္ေႏြဦးေတာ္ လွန္ေရးအျဖစ္ (၂၀၁၁)ခုႏွစ္တြင္စတင္ခဲ့ရာမွ အင္အားႀကီးႏိုင္ငံမ်ား၏ ၾကားခံစစ္ပြဲ ေျမစာပင္ဘဝေရာက္ ခဲ့ရသည္။ ေဒသတြင္း အင္အားႀကီးႏိုင္ငံမ်ားႏွင့္ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားသည္ ၎တို႔၏ ကိုယ္ပိုင္အာ ဂ်င္ဒါမ်ားျဖင့္ ဆီးရီးယားျပည္ တြင္းစစ္တြင္ ပါဝင္ပတ္သက္ခဲ့ၾကသည္။ မၾကာေသးမီအခ်ိန္အတြင္းက ဆီးရီးယားျပည္တြင္းစစ္ တစ္ေက်ာ့ျပန္ေခါင္း ေထာင္လာခဲ့ရာ အစိုးရ၏အုပ္ခ်ဳပ္ေရးယႏၲရားပါၿပိဳလဲသြားခဲ့သည္။
ဆီးရီယားျပည္တြင္းစစ္တြင္ ဂ်ီဟတ္အုပ္စုမ်ား၊ ISIS အဖြဲ႕၊ HTS (Hayat Tahrir al-Sham) ႏွင့္ ကာ့ဒ္အဖြဲ႕မ်ား စသည္ျဖင့္ ဇာတ္ေကာင္အမ်ားအျပား ပါဝင္ကျပေနၾကသည္။ ကနဦးတြင္ အစိုးရႏွင့္အတိုက္အခံတို႔ၾကား ပြတ္တိုက္မႈ ျဖစ္ရာမွ စတင္ခဲ့ျခင္းျဖစ္ၿပီး ေနာက္ပိုင္းတြင္ မဟာမိတ္မ်ားႏွင့္ ပထဝီႏိုင္ငံေရးၿပိဳင္ဆိုင္မႈမ်ားအျဖစ္ ေ႐ြ႕လ်ားလာခဲ့ရာ ရႈပ္ေထြးသည့္စစ္ေျမျပင္ျဖစ္လာခဲ့သည္။
အေမရိကန္ႏိုင္ငံသည္ ဆီးရီးယားပဋိပကၡ စတင္ခ်ိန္ကတည္းက အဓိကအခန္းက႑မွ ပါဝင္ ပတ္သက္ခဲ့သည့္ ႏိုင္ငံျဖစ္သည္။ ထိုစဥ္က အိုဘား မားအစိုးရသည္ ကာ့ဒ္ဦးေဆာင္သည့္ Syrian Democratic Forces(SDF) မ်ား၊ သေဘာထားအလယ္ အလတ္ရွိသည့္သူပုန္မ်ားကိုေထာက္ပံ့ၿပီး အာဆတ္ အစိုးရႏွင့္ အစြန္းေရာက္အုပ္စုမ်ားကို တန္ျပန္ ႏိုင္ရန္ ႀကိဳးပမ္းခဲ့သည္။ ႐ုရွားႏိုင္ငံသည္ (၂၀၁၅) ခုႏွစ္တြင္ ဆီးရီးယားျပည္တြင္းစစ္၌ အီရန္၊ ဟစၥဘိုလာတို႔ႏွင့္အတူ တိုက္႐ိုက္ပါဝင္ပတ္သက္ၿပီး အာဆတ္အစိုးရကို က်ားကန္ေပးခဲ့ရာ အေရွ႕အလယ္ပိုင္းေဒသ၏ ပါဝါဟန္ခ်က္ကို ထိန္းညႇိေပးႏိုင္ခဲ့သည္။
အာဆတ္အစိုးရသည္ ဓာတုလက္နက္မ်ား အသုံးျပဳတိုက္ခိုက္ခဲ့သည္ဟု သတင္းမ်ားထြက္ေပၚခဲ့ရာ ေဒၚနယ္ ထရမ့္အစိုးရသည္ ဓာတုလက္နက္အသုံးျပဳမႈကိုတုံ႔ျပန္သည့္အေနျဖင့္ မစ္ဆိုင္းဒုံးက်ည္မ်ား ျဖင့္ တန္ျပန္တိုက္ ခိုက္ခဲ့သည္။ ယင္းမွာ အေမရိကန္ အက်ိဳးစီးပြားကိုထိခိုက္လာမည္ဆိုပါက တစ္ဖက္ သတ္တိုက္ခိုက္မႈမ်ား ျပဳလုပ္ သြားရန္ သေဘာထားရွိေၾကာင္း အခ်က္ျပခဲ့ျခင္းလည္းျဖစ္သည္။ သို႔ေသာ္ ေဒၚနယ္ထရမ့္အစိုးရသည္ (၂၀၁၉) ခုႏွစ္တြင္ ဆီးရီး ယားႏိုင္ငံေျမာက္ပိုင္းရွိ အေမရိကန္တပ္ဖြဲ႕မ်ားကို ျပန္လည္႐ုပ္သိမ္းခဲ့ရာ အေမရိကန္၏မဟာမိတ္မ်ား အတြက္ အားေလ်ာ့စရာျဖစ္ခဲ့ရသည္။ ဘိုင္ဒန္အစိုးရ လက္ထက္တြင္ ဆီးရီးယားႏိုင္ငံအေရွ႕ပိုင္း၌ အေမရိကန္တပ္ဖြဲ႕မ်ား အကန႔္ အသတ္ျဖင့္ရွိေနမႈကို ဆက္လက္ထိန္းသိမ္းကာ အၾကမ္းဖက္မႈတန္ျပန္ေရးႏွင့္ ပဋိပကၡေလွ်ာ့ခ်ေရးကို ဦးစားေပးခဲ့သည္။
(၂၀၁၄)ခုႏွစ္ေႏွာင္းပိုင္းတြင္ ဆီးရီးယား ပဋိပကၡ ျပန္လည္ျဖစ္ပြားလာခဲ့သည္။ ဆီးရီးယားသူ ပုန္မ်ား အထူးသျဖင့္ HTS (Hayat Tahrir al-Sham) တို႔သည္ ဆီးရီးယားႏိုင္ငံေျမာက္ပိုင္းတြင္ အံ့ အားသင့္ဖြယ္ရာထိုးစစ္ကို စတင္ခဲ့သည္။ ႐ုရွားႏွင့္အီ ရန္တို႔၏အေထာက္အပံ့ကို ရရွိျခင္းမရွိသကဲ့သို႔ အရင္းအျမစ္အကန႔္အသတ္ျဖင့္သာရွိသည့္ အာဆတ္ အစိုးရ ၿပိဳလဲခဲ့ရသည္။ ဆီးရီးယားရွိ အီရန္၏လက္တံ မ်ားမွာလည္း အစၥေရးတပ္ဖြဲ႕မ်ား၏ အႀကိမ္ႀကိမ္တိုက္ ခိုက္ျခင္းကိုခံခဲ့သည္။ အထူးသျဖင့္ အီရန္၏လက္တံ ႀကီးတစ္ခုျဖစ္သည့္ ဟစၥဘိုလာအဖြဲ႕သည္ အစၥေရး၏ထိုးႏွက္ တိုက္ခိုက္ျခင္းကို ခံခဲ့ရသည္ျဖစ္ရာ အာဆတ္ အစိုးရကို က်ားကန္ေပးႏိုင္သည့္ အီရန္၏စြမ္းရည္ ကို မ်ားစြာထိခိုက္ေစခဲ့သည္။
ေဒၚနယ္ထရမ့္သည္ မၾကာေတာ့သည့္ ရက္ပိုင္းတြင္ ဒုတိယအႀကိမ္ သမၼတသက္တမ္း ထမ္းေဆာင္ေတာ့ မည္ျဖစ္သည္။ ပထမသက္တမ္း တာဝန္ထမ္းေဆာင္စဥ္ကမူ မဟာဗ်ဴဟာမ်ား ခ်မွတ္ေဆာင္ ႐ြက္ျခင္းဆိုသည္ထက္ ႐ုတ္တရက္ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ေဆာင္႐ြက္ခဲ့သည္က မ်ားသည္။ ပထမသက္ တမ္းကာလႏွင့္ ခ်ိန္ထိုးသုံးသပ္ၾကည့္ မည္ဆိုပါက ဒုတိယသက္တမ္းတြင္ ေဒသတြင္းတြင္ အီရန္၏ ဩဇာလႊမ္းမိုးမႈကိုတန္ျပန္ႏိုင္သကဲ့သို႔ က်န္ရွိေနေသး သည့္ အိုင္အက္စ္ဆဲလ္(IS cells)မ်ားကိုလည္း ေခ် မႈန္းတိုက္ခိုက္ႏိုင္သည္။ ထို႔ျပင္ ေဒသတြင္း၌ အေမရိကန္၏အခန္းက႑ က်ယ္က်ယ္ျပန႔္ျပန႔္ရရွိႏိုင္ရန္အတြက္ တူကီယဲ၊ ေဆာ္ဒီတို႔ကဲ့သို႔ေသာ ေဒသတြင္းမ ဟာမိတ္မ်ားအေပၚ ဖိအားေပးျခင္း သို႔မဟုတ္ စစ္ေရးအရ တိုက္႐ိုက္ပါဝင္ျခင္းတို႔ကိုလည္း တိုးျမႇင့္လာႏိုင္သည္။ သို႔မဟုတ္ဘဲ အေမရိကန္အစိုးရက စစ္ေရးအ ရ တိုက္႐ိုက္ပါဝင္ျခင္းမရွိဘဲ ေလွ်ာ့ခ်လိုက္မည္ဆိုပါက အေမရိကန္တပ္ဖြဲ႕မ်ားမရွိျခင္းကို အခြင့္ေကာင္းယူ ၿပီး HTS(Hayat Tahrir al-Sham) အဖြဲ႕မ်ားႏွင့္ ဂ်ီဟတ္အဖြဲ႕မ်ားက ပိုမိုအတင့္ရဲလာႏိုင္သည္ဟု သုံးသပ္မႈမ်ားလည္းရွိလာသည္။
ဆီးရီးယားပဋိပကၡသည္ ဇာတ္ေကာင္မ်ားစြာ ပါဝင္ပတ္သက္ေနသည့္ အက်ပ္အတည္းျဖစ္ရာ အဆိုပါအရႈပ္ ထုပ္ကိုေျဖရွင္းရန္ ႏိုင္ငံတကာအသိုက္ အဝန္းကပင္လွ်င္ မစြမ္းေဆာင္ႏိုင္ေသးပါ။ တစ္ေက်ာ့ ျပန္ေပၚေပါက္လာ သည့္ပဋိပကၡသည္ အပစ္အခတ္ ရပ္စဲေရး၏ က်ိဳးလြယ္ပဲ့လြယ္ရွိမႈကို မီးေမာင္းထိုးျပေန သကဲ့သို႔ ပထဝီႏိုင္ငံေရး ကူး ေျပာင္းခ်ိန္ကာလမ်ိဳးတြင္ ေဒတြင္းႏိုင္ငံမ်ားက အျမတ္ထုတ္ရန္ ႀကိဳးပမ္းေနျခင္း ကိုလည္း ျမင္သာေစသည့္ ကေသာင္းကနင္းကာလ ျဖစ္သည္။
ဆီးရီးယားႏိုင္ငံသည္ ႐ုရွားႏိုင္ငံအတြက္ အေရွ႕အလယ္ပိုင္းေဒသတြင္ မဟာဗ်ဴဟာ မိတ္ဖက္ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္သည္။ ဆီးရီးယားႏိုင္ငံပင္လယ္ ဆိပ္ကမ္း Tartus တြင္ ႐ုရွားေရတပ္အေျခစိုက္ စခန္း အေျချပဳထားရာ အေရွ႕အလယ္ပိုင္းေဒသ၌ အင္အားခ်ိန္ခြန္လွ်ာထိန္းညႇိထားျခင္းျဖစ္သည္။ (၂၀၁၅)ခုႏွစ္ ဆီးရီးယားျပည္တြင္းစစ္တြင္ ႐ုရွားအစိုး ရက အာဆတ္အစိုးရကို ေက်ာေထာက္ေနာက္ခံျပဳ ေပးခဲ့ေသာ္လည္း ယခုတစ္ႀကိမ္တြင္မူ အင္တိုက္အားတိုက္ ပါဝင္ျခင္းမရွိခဲ့ပါ။
အီရန္ႏိုင္ငံသည္လည္း ဆီးရီးယားႏိုင္ငံကို ခုခံေရးဝင္႐ိုးတန္း Axis of Resistance တြင္ အေရးႀကီးသည့္ အခ်ိတ္အဆက္အျဖစ္ရႈျမင္ကာ သမၼတအာဆတ္ကို မ်ားစြာေထာက္ပံ့ေပးခဲ့သည္။ HTS(Hayat Tahrir al-Sham) ၏ ဆူနီအစၥလာမၼစ္ အိုက္ဒီေရာ္ေလာ္ဂ်ီႏွင့္ အီရန္ရွီရာၾကားခံမ်ားအေပၚ ရန္လိုမႈသည္ အီရန္၏ေဒသတြင္း မဟာဗ်ဴဟာ အေပၚ အက်ပ္႐ိုက္ေစခဲ့သည္။ ဟစၥဘိုလာတို႔အတြက္ ေထာက္ပံ့ေရးလမ္း ေၾကာင္းကိုျဖတ္ေတာက္ျခင္းျဖစ္ ၿပီး အစၥေရးအတြက္ ၿခိမ္းေျခာက္မႈျဖစ္ေနသည့္ အဖြဲ႕၏စြမ္းေဆာင္ရည္ပိုင္းကို ထိခိုက္ေစခဲ့သည္။ ထိုမွတစ္ဆင့္ အီရန္၏ ဩဇာက်ဆင္းလာခဲ့ၿပီး ႀကိဳ တင္ဟန႔္တားေရးမဟာဗ်ဴဟာမွာလည္း အလုပ္မျဖစ္ ခဲ့ဟု ဆိုရမည္ျဖစ္သည္။
တူကီယဲတို႔သည္ ဆီးရီးယားအတိုက္အခံမ်ားကို ႏွစ္ရွည္လမ်ားေထာက္ပံ့ေပးခဲ့သည္။ အထူးသျဖင့္ ဆီးရီးယား ႏိုင္ငံေျမာက္ပိုင္းရွိ ကာ့ဒ္တပ္ဖြဲ႕ မ်ားကိုတန္ျပန္ေရး မဟာဗ်ဴဟာအစိတ္အပိုင္းအျဖစ္ HTS(Hayat Tahrir al-Sham) အပါအဝင္ အတိုက္အခံအဖြဲ႕မ်ားကို ေထာက္ပံ့ေပးခဲ့ျခင္းျဖစ္သည္။ တူကီယဲအစိုးရသည္ အာဆတ္မရွိေတာ့သည့္ ဆီးရီး ယား၏အနာဂတ္ကိုပုံေဖာ္ရန္အတြက္ အရွိန္ျမႇင့္ႀကိဳး ပမ္းလာခဲ့သည္။ တူကီယဲအစိုးရ၏ ဦးစားေပးလုပ္ငန္း စဥ္မွာ ကာ့ဒ္တို႔၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ခ်ဳပ္ၿငိမ္းေစ ရန္ျဖစ္ၿပီး အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳထား သည့္ ဆီးရီးယား ဒီမိုကရက္တစ္တပ္ဖြဲ႕(SDF)မ်ား အပါအဝင္ အျခားေသာဇာတ္ေကာင္မ်ားႏွင့္ ဆီးရီးယားပဋိပကၡအတြင္း ပါဝင္ေရးပင္ ျဖစ္သည္။
အာဆတ္အစိုးရက်ဆုံးျခင္းသည္ အီရန္ ဟစၥဘိုလာဝင္႐ိုးတန္းကို အားနည္းေစခဲ့သည္။ ဂို လန္ဟိုက္ကုန္းျမင့္ အစၥေရးနယ္စပ္အနီးတြင္ ဆူနီစစ္ေသြးႂကြအဖြဲ႕မ်ား အားေကာင္းလာျခင္းသည္ အစၥေရးအတြက္ ၿခိမ္းေျခာက္မႈမ်ား ျဖစ္သည္ဟု အစၥေရးတို႔ကယူဆထားသည္။ သူပုန္ေခါင္းေဆာင္မ်ားကမူ အစၥေရးႏွင့္ ၿငိမ္းခ်မ္းေသာဆက္ဆံေရး ထားရွိမည္ဟု ေျပာဆိုထားသည္။ သို႔ေသာ္ ေရရွည္အတြက္မူ ေရရာ ေသခ်ာမႈမရွိပါ။ ဆီးရီးယားႏိုင္ငံေရးျမင္ကြင္း ေျပာင္း လဲလာသည္ႏွင့္အမွ် အစၥေရးအေနျဖင့္ ၎၏အက်ိဳး စီးပြားကို ဂ႐ုတစိုက္ ဟန္ခ်က္ညီေဆာင္႐ြက္ရန္ လိုအပ္လာသည္။
အာဆတ္အစိုးရက်ဆုံးျခင္းသည္ ဆီးရီး ယားအတြက္ တည္ၿငိမ္ေအးခ်မ္းေသာအနာဂတ္တစ္ ခုျဖစ္လာရန္ အာမခံခ်က္မဟုတ္ပါ။ အတိုက္အခံအ မ်ားအျပားရွိေနျခင္း၊ ကာလရွည္ၾကာ ခံစားေနရသည့္ ဝမ္းနည္းေၾကကြဲဖြယ္ ရာမ်ားႏွင့္ ပ်က္စီးသြားသည့္အေျခခံအေဆာက္အအုံမ်ားသည္ ႏိုင္ငံျပန္လည္တည္ ေထာင္ေရးအတြက္ ႀကီးမားသည့္ အခက္အခဲမ်ား ျဖစ္သည္။ အတိုက္အခံမ်ားသည္ ႏိုင္ငံ၏ နယ္ေျမ အသီးသီးကို ထိန္းခ်ဳပ္ထားၾကသည္။ HTS(Hayat Tahrir al-Sham) အဖြဲ႕မ်ားသည္ ႏိုင္ငံ၏ေျမာက္ပိုင္း ကိုလႊမ္းမိုးထားၾကၿပီး SDF အဖြဲ႕မ်ားသည္ ႏိုင္ငံ၏ အေရွ႕ေျမာက္ ပိုင္းကိုထိန္းခ်ဳပ္ထားသည္။
အလားတူ Free Syrian Army (FSA) အဖြဲ႕သည္ ႏိုင္ငံေျမာက္ပိုင္းကို ထိန္းခ်ဳပ္ထားသည္။ အဆိုပါအဖြဲ႕မ်ားသည္ အမ်ိဳးမ်ိဳးေသာ အိုက္ဒီေရာ္ ေလာ္ဂ်ီမ်ားႏွင့္ နယ္ေျမအက်ိဳးစီးပြားမ်ားရွိေနၾကရာ ခိုင္မာသည့္ဗဟိုအစိုးရတစ္ရပ္ ဖြဲ႕စည္းေရး သေဘာ တူညီခ်က္တစ္ရပ္မွာ မလြယ္လွပါ။
ဆီးရီးယားႏိုင္ငံ၏ အေျခခံအေဆာက္အအုံမ်ားသည္ ႏွစ္ေပါင္းမ်ားစြာၾကာလာခဲ့သည့္ စစ္ပြဲတြင္ ပ်က္စီးသြား ခဲ့ၿပီး ႏိုင္ငံျပန္လည္ထူေထာင္ေရးအတြက္ ေဒၚလာဘီလ်ံေပါင္းမ်ားစြာကုန္က်မည္ျဖစ္ သကဲ့သို႔ ဆယ္စုႏွစ္ႏွင့္ခ်ီ၍လည္း အခ်ိန္ယူရမည္ျဖစ္သည္။ ဆက္လက္ျဖစ္ေနသည့္ႏိုင္ငံေရး မတည္ ၿငိမ္မႈသည္ ႀကီးမားသည့္စိန္ေခၚမႈတစ္ခုျဖစ္ၿပီး ျပည္ ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ားလာေရာက္ရန္အတြက္လည္း အတားအဆီးတစ္ခုျဖစ္ေနသည္။ ဆီးရီးယားတပ္ဖြဲ႕ (SAA)မ်ား ေနာက္ ဆုတ္သြားျခင္းႏွင့္အတူ IS အဖြဲ႕ မ်ား ျပန္လည္ေပၚေပါက္လာခဲ့သည္။ IS အဖြဲ႕မ်ား သည္ အာဆတ္အလြန္ကာလ ဆီးရီးယားအထိုင္တြင္ ႀကီးမားေသာလုံၿခဳံေရးၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာႏိုင္သည္။
အၾကမ္းဖက္ဝါဒ ျပန္လည္ေပၚေပါက္လာမႈတားဆီးေရးႏွင့္ ခိုင္မာသည့္လုံၿခဳံေရးစနစ္ ျဖစ္ေပၚလာေစရန္ ႀကိဳးပမ္းျခင္းသည္သာ တည္ၿငိမ္သည့္ ဆီးရီးယားႏိုင္ငံျဖစ္ေပၚလာေရးအတြက္ ေသာ့ခ်က္တစ္ ခုျဖစ္ပါလိမ့္မည္။ မတည္ မၿငိမ္ျဖစ္မႈ ၾကာလာသည္ႏွင့္အမွ် IS အတြက္ ေျခကုပ္ယူရန္ႏွင့္ ၎တို႔၏ ကြန္ရက္တည္ေဆာက္ေရးအတြက္ အခြင့္ေကာင္း တစ္ရပ္ဖန္တီးေပးသကဲ့သို႔ ျဖစ္ေစပါလိမ့္မည္။