ရေကြောင်းအကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် US Typhon ဒုံးကျည်စနစ်တွေကို ဝယ်ယူဖို့ ဖိလစ်ပိုင် စီစဉ်နေ

 184

Pika (NP News) - ဒီဇင်ဘာ ၂၄

ရေကြောင်းအကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် US Typhon ဒုံးကျည်စနစ်တွေကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဒီဇင်ဘာလ(၂၃)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာ အမေရိကန်စစ်တပ်ဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်ဖို့အတွက် တာလတ်ပစ်ဒုံးကျည်စနစ်တွေကို ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ ဖြန့်ကျက်ချထားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အဲဒီနေရာကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်က တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်တွေ ဖြန့်ကျက်ချထားမှုဟာ အာရှတိုက်မှာ မတည်ငြိမ်မှုတွေဖြစ်စေတယ်လို့ တရုတ်ဘက်က ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုလိုထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရွိုင်းဂါလီဒိုက "ကျွန်တော်တို့ရဲ့ ရေကြောင်းအကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် US Typhon ဒုံးကျည်စနစ်တွေကို ဝယ်ယူဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ဒီလိုစွမ်းရည်တွေကို တိုးတက်အောင်လုပ်ဆောင်နေတယ်ဆိုတာ ကျွန်တော်တို့ရဲ့နိုင်ငံသားတွေကို သတင်းပေးပို့ရတာ ဝမ်းသာမိပါတယ်။ ဝယ်ယူဖို့စီစဉ်ထားတဲ့ အရေအတွက်ဟာ စီးပွားရေးအပေါ်မူတည်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

စည်းမျဉ်းအရ ဖိလစ်ပိုင်စစ်တပ်ဟာ စစ်လက်နက်ပစ္စည်းအသစ်တစ်ခုရရှိဖို့အတွက် စီစဉ်မှုအဆင့်ကနေ အချိန်(၂)နှစ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး အချိန်ယူရပြီး (၂၀၂၅)ခုနှစ်အတွက် ဘတ်ဂျက်က မရရှိသေးဘူးလို့ ရွိုင်းဂါလီဒိုက ပြောကြားခဲ့ပါတယ်။ အမေရိကန်စစ်တပ်အတွက် အမေရိကန်ကုမ္ပဏီ Lockheed Martin က တီထွင်ထုတ်လုပ်ထားတဲ့ မြေပြင်အခြေစိုက် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်စနစ်ဟာ အကွာအဝေးမိုင်(၃၀၀)လောက်အထိ ရောက်ရှိနိုင်စွမ်းရှိတယ်လို့လည်း သိရပါတယ်။

zawgyi version
ေရေၾကာင္းအက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔အတြက္ US Typhon ဒုံးက်ည္စနစ္ေတြကို ဝယ္ယူဖို႔ ဖိလစ္ပိုင္ စီစဥ္ေန
Pika (NP News) - ဒီဇင္ဘာ ၂၄

ေရေၾကာင္းအက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔အတြက္ US Typhon ဒုံးက်ည္စနစ္ေတြကို ဝယ္ယူဖို႔ စီစဥ္ေနတယ္လို႔ ဖိလစ္ပိုင္စစ္တပ္က ဒီဇင္ဘာလ(၂၃)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ယခုႏွစ္အေစာပိုင္းမွာ အေမရိကန္စစ္တပ္ဟာ ဖိလစ္ပိုင္ႏိုင္ငံနဲ႔ ႏွစ္စဥ္ပူးတြဲစစ္ေရးေလ့က်င့္မႈေတြလုပ္ေဆာင္ဖို႔အတြက္ တာလတ္ပစ္ဒုံးက်ည္စနစ္ေတြကို ဖိလစ္ပိုင္ႏိုင္ငံေျမာက္ပိုင္းမွာ ျဖန႔္က်က္ခ်ထားခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ အဲဒီေနရာကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္က တာလတ္ပစ္ပဲ့ထိန္းဒုံးက်ည္ေတြ ျဖန႔္က်က္ခ်ထားမႈဟာ အာရွတိုက္မွာ မတည္ၿငိမ္မႈေတြျဖစ္ေစတယ္လို႔ တ႐ုတ္ဘက္က ေဝဖန္ေျပာဆိုမႈေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ ယခုလိုထြက္ခြာဖို႔ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဖိလစ္ပိုင္စစ္တပ္အႀကီးအကဲ ဒုဗိုလ္ခ်ဳပ္ႀကီး ႐ြိဳင္းဂါလီဒိုက "ကြၽန္ေတာ္တို႔ရဲ႕ ေရေၾကာင္းအက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔အတြက္ US Typhon ဒုံးက်ည္စနစ္ေတြကို ဝယ္ယူဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။ အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔အတြက္ ဒီလိုစြမ္းရည္ေတြကို တိုးတက္ေအာင္လုပ္ေဆာင္ေနတယ္ဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ႏိုင္ငံသားေတြကို သတင္းေပးပို႔ရတာ ဝမ္းသာမိပါတယ္။ ဝယ္ယူဖို႔စီစဥ္ထားတဲ့ အေရအတြက္ဟာ စီးပြားေရးအေပၚမူတည္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

စည္းမ်ဥ္းအရ ဖိလစ္ပိုင္စစ္တပ္ဟာ စစ္လက္နက္ပစၥည္းအသစ္တစ္ခုရရွိဖို႔အတြက္ စီစဥ္မႈအဆင့္ကေန အခ်ိန္(၂)ႏွစ္ ဒါမွမဟုတ္ အဲဒီထက္ပိုၿပီး အခ်ိန္ယူရၿပီး (၂၀၂၅)ခုႏွစ္အတြက္ ဘတ္ဂ်က္က မရရွိေသးဘူးလို႔ ႐ြိဳင္းဂါလီဒိုက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္စစ္တပ္အတြက္ အေမရိကန္ကုမၸဏီ Lockheed Martin က တီထြင္ထုတ္လုပ္ထားတဲ့ ေျမျပင္အေျခစိုက္ တာလတ္ပစ္ပဲ့ထိန္းဒုံးက်ည္စနစ္ဟာ အကြာအေဝးမိုင္(၃၀၀)ေလာက္အထိ ေရာက္ရွိႏိုင္စြမ္းရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.