ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ အစ္စရေးဝန်ကြီးချုပ် အမိန့်ပေး

 338

Pika (NP News) - ဒီဇင်ဘာ ၂၄

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ အစ္စရေးတပ်ဖွဲ့တွေကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အမိန့်ပေးခဲ့တယ်လို့သိရပါတယ်။

ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၀)ရက်မှာ အစ္စရေးနိုင်ငံ Tel Aviv မြို့ကို ပဲ့ထိန်းဒုံးကျည်တစ်စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နေတန်ရာဟုရဲ့အမိန့်ပေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ နေတန်ရာဟုက "ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်ဖို့ ကျွန်တော်တို့တပ်ဖွဲ့တွေကို အမိန့်ပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ကို အန္တရာယ်ပြုဖို့ ကြိုးပမ်းသူတွေအားလုံးကို အင်အားအပြည့်နဲ့ တိုက်ခိုက်သွားမှာပါ။ အချိန်ယူရမယ်ဆိုရင်တောင် ရန်သူတွေကို ခွန်အား၊ညဏ်ပညာတွေနဲ့အတူ ဆက်လက်ချေမှုန်းသွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၉)ရက်မှာ Tel Aviv မြို့မှာရှိတဲ့ စစ်ရေးပစ်မှတ်ကို ပဲ့ထိန်းဒုံးကျည်နဲ့ပစ်ခတ်တိုက် ခိုက်မှုအတွက် ၎င်းတို့မှာတာဝန်ရှိတယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီပဲ့ထိန်းဒုံးကျည်ဟာ ပစ်မှတ်တွေကို အောင်မြင်စွာထိမှန်ခဲ့ပြီး အစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ကြားဖြတ်ဟန့်တားခဲ့နိုင်တာမျိုး မရှိခဲ့ဘူးလို့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။ အစ္စရေး-ဟားမတ်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဟားမတ်လက်နက်ကိုင်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ ပင်လယ်နီအတွင်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ကုန်တင်သင်္ဘောတွေကို ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် အမေရိကန်ဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ ညွန့်ပေါင်း ရေတပ် တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ အေျခခံအေဆာက္အအုံေတြကို ဖ်က္ဆီးဖို႔ အစၥေရးဝန္ႀကီးခ်ဳပ္ အမိန႔္ေပး
Pika (NP News) - ဒီဇင္ဘာ ၂၄

ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ အေျခခံအေဆာက္အအုံေတြကို ဖ်က္ဆီးဖို႔ အစၥေရးတပ္ဖြဲ႕ေတြကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက အမိန႔္ေပးခဲ့တယ္လို႔သိရပါတယ္။

ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၂၀)ရက္မွာ အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕ကို ပဲ့ထိန္းဒုံးက်ည္တစ္စင္းနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ေနတန္ရာဟုရဲ႕အမိန႔္ေပးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ေနတန္ရာဟုက "ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ အေျခခံအေဆာက္အအုံေတြကို ဖ်က္ဆီးပစ္ဖို႔ ကြၽန္ေတာ္တို႔တပ္ဖြဲ႕ေတြကို အမိန႔္ေပးခဲ့ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ကို အႏၲရာယ္ျပဳဖို႔ ႀကိဳးပမ္းသူေတြအားလုံးကို အင္အားအျပည့္နဲ႔ တိုက္ခိုက္သြားမွာပါ။ အခ်ိန္ယူရမယ္ဆိုရင္ေတာင္ ရန္သူေတြကို ခြန္အား၊ညဏ္ပညာေတြနဲ႔အတူ ဆက္လက္ေခ်မႈန္းသြားမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၁၉)ရက္မွာ Tel Aviv ၿမိဳ႕မွာရွိတဲ့ စစ္ေရးပစ္မွတ္ကို ပဲ့ထိန္းဒုံးက်ည္နဲ႔ပစ္ခတ္တိုက္ ခိုက္မႈအတြက္ ၎တို႔မွာတာဝန္ရွိတယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အဲဒီပဲ့ထိန္းဒုံးက်ည္ဟာ ပစ္မွတ္ေတြကို ေအာင္ျမင္စြာထိမွန္ခဲ့ၿပီး အစၥေရးရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြက ၾကားျဖတ္ဟန႔္တားခဲ့ႏိုင္တာမ်ိဳး မရွိခဲ့ဘူးလို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာေရးသားေဖာ္ျပထားပါတယ္။ အစၥေရး-ဟားမတ္စစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ဟားမတ္လက္နက္ကိုင္အဖြဲ႕ကို ေထာက္ခံတဲ့အေနနဲ႔ ပင္လယ္နီအတြင္းသြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ကုန္တင္သေဘၤာေတြကို ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြကေန ကာကြယ္ဖို႔အတြက္ အေမရိကန္ဟာ ႏိုင္ငံေပါင္းစုံပါဝင္တဲ့ ၫြန႔္ေပါင္း ေရတပ္ တပ္ဖြဲ႕ကို ဖြဲ႕စည္းခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.