မလေးရှားဝန်ကြီးချုပ်ရဲ့ ပုဂ္ဂိုလ်ရေးအထူးအကြံပေးဖြစ်လာမယ့် ထိုင်းဝန်ကြီးချုပ်ဟောင်း “သက်ဆင်” အကြောင်း တစေ့တစောင်း

 528

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၇

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ မလေးရှားနိုင်ငံက လာမယ့်နှစ်မှာ အာဆီယံအ လှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း ထိုင်း ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ သက်ဆင်ရှင်နာဝါထရာကို ပုဂ္ဂိုလ်ရေး အကြံပေးအဖြစ်ခန့်အပ်သွားမယ်လို့ ထုတ် ဖော်ပြောဆိုလိုက်ပါတယ်။ အသက် (၇၅)နှစ် အရွယ်ရှိ သက်ဆင်ဟာ ထိုင်းနိုင်ငံရေးလောကမှာ လူကြိုက်များတဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နှစ်ပေါင်း (၂၀)ကျော်အတွင်း ထိုင်းနိုင်ငံရေးလောကကို လွှမ်းမိုးချုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သက်ဆင်ဟာ အတွေ့အကြုံရင့်ကျက်တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း လူထုထောက်ခံမှုအများအပြား ရယူနိုင်ခဲ့သူဖြစ်သလို စစ်တပ်ကအာဏာသိမ်းခြင်း တွေကိုလည်းခံခဲ့ရဖူးသူဖြစ်ပါတယ်။ သက်ဆင်ကို (၁၉၄၉)ခုနှစ် ဇူလိုင်လအတွင်း ချင်းမိုင်မြို့ San Kamphaeng အရပ်ဒေသမှာမွေးဖွားခဲ့ပြီး သူရဲ့အဘိုးဖြစ်သူဟာ တရုတ်နိုင်ငံ ဂွန်ဒေါင်ပြည်နယ် Fengshun အရပ်ဒေသက တရုတ်လူမျိုးဖြစ်သလို ထိုင်းနိုင်ငံကိုရွှေ့ပြောင်းကာ အခြေချနေထိုင်ခဲ့ သူဖြစ်ပါတယ်။ ဒါကြောင့် သက်ဆင်ဟာ တရုတ်သွေးနှောသူ တစ်ဦးဖြစ်ပါတယ်။ အသက် (၁၅)နှစ် အရွယ်အထိ ချင်းမိုင်မြို့ San Kamphaeng ရွာလေးမှာ နေထိုင်ကြီးပြင်းခဲ့ရပြီး Montfort College ကို တက်ရောက်ဖို့အတွက် မွေးဖွားရာအရပ်ဒေသက နေ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ သက်ဆင်ဟာ အဲဒီ အချိန်တည်းက ဖခင်ဖြစ်သူလုပ်ကိုင်နေတဲ့ ရုပ်ရှင်ရုံလုပ်ငန်းတွေကို ပါဝင်ကူညီလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သက်ဆင်ဟာ Armed Forces Academies Preparatory School အဖွဲ့ဝင်တစ်ဦးဖြစ်သလို ထိုင်း ရဲ တပ်ဖွဲ့အကယ်ဒမီကိုတက်ရောက်ခဲ့ပြီး (၁၉၇၃) ခုနှစ်မှာ ထိုင်းရဲတပ်ဖွဲ့ကိုဝင်ရောက်ခဲ့ပါတယ်။ သက် ဆင်ဟာ (၁၉၇၅)ခုနှစ်မှာ အမေရိကန်နိုင်ငံ Eastern Kentucky တက္ကသိုလ်ကနေ ရာဇဝတ်မှုဆိုင်ရာ ဘာသာရပ်နဲ့ မဟာဘွဲ့ကိုရရှိခဲ့ဖူးပြီး (၁၉၇၈)ခုနှစ်မှာ တက္ကဆက်ပြည်နယ်ရှိ Sam Houston တက္ကသိုလ်ကနေ ရာဇဝတ်မှုဆိုင်ရာဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ ကိုထပ်မံရယူနိုင်ခဲ့သူဖြစ်ပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အကယ်ဒမီမှာလည်း ဆရာအဖြစ်တာဝန်ယူခဲ့ဖူးပြီး ထိုင်းရဲတပ်ဖွဲ့မှာ ရဲမှူးကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ သက်ဆင်ဟာ (၁၉၈၇)ခုနှစ်မှာ ရဲမှူးကြီးရာထူးကနေ နုတ်ထွက်ခဲ့ပြီး ရုပ်ရှင်ရုံနဲ့ဆက်နွှယ်တဲ့ စီးပွားရေးလောကကိုဝင်ရောက်လာခဲ့ကာ Baan Sai Thong လို လူသိများတဲ့ အောင်မြင်တဲ့အချစ်ဇာတ်လမ်း romance drama ဇာတ်ကားတွေကို ရိုက်ကူး၊ ရုံတင် ပြသတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ကာ အောင် မြင်ခဲ့ပေမယ့် တခြားကုမ္ပဏီတစ်ခုတည်ထောင်ဖို့ ရုပ် ရှင်ရုံစီးပွားရေးလုပ်ငန်းရှိ ရှယ်ယာတွေကိုရောင်းချခဲ့ပါတယ်။ သက်ဆင်ဟာ (၁၉၈၉)ခုနှစ်မှာ IBC အ မည်ရှိ ရုပ်မြင်သံကြားကုမ္ပဏီကိုတည်ထောင်ခဲ့ပြီး လုပ်ငန်းစတင်လုပ်ရာမှာ အရှုံးပေါ်တဲ့အတွက် (၁၉၈၉) ခုနှစ်မှာပဲ သက်ဆင်ဟာ ဒေတာကွန်ရက် ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ Shinawatra DataCom ကုမ္ပဏီကို ထပ်မံတည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သက်ဆင်ဟာ Shinawatra Computer and Communications Group ကို တည်ထောင်ခဲ့သလို Shinawatra Satellite ကိုလည်း တည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။ သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ အအောင်မြင်ဆုံး မိုဘိုင်းဖုန်းဆက်သွယ် ရေးကုမ္ပဏီ အက်ဒ်ဗန့်စ် အင်ဖိုဆားဗစ် (Advanced Info Service) ကိုတည်ထောင်ပြီးနောက် ဘီလျံနာ သူဌေးတစ်ဦးဖြစ်လာခဲ့သူဖြစ်ပါတယ်။ သက်ဆင်ရဲ့မိ သားစုဟာ (၁၉၉၉)ခုနှစ်မှာ ရှင်နာဝါထရာ တက္ကသိုလ်ကိုတည်ထောင်ခဲ့သလို iTV television station ၊ Nation Multimedia Group နဲ့ Siam Com- mercial Bank တို့လည်း မိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်ကာ လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင် ခဲ့ပါ တယ်။ (၁၉၉၄)ခုနှစ်မှာ Palang Dharma Party (PDP)ပါတီ ခေါင်းဆောင်နဲ့ ရင်းနှီးခင်မင်ရာက တစ် ဆင့် နိုင်ငံရေးပါတီလောကကိုဝင်ရောက်ခဲ့ပြီး Palang Dharma Party (PDP) ပါတီခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ဖူးသလို (၁၉၉၄)ခုနှစ်မှာပဲ နိုင်ငံခြားရေးဝန်ကြီးတာဝန်နဲ့ ဒုတိယဝန်ကြီးချုပ် တာဝန်တွေကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ သက် ဆင်ဟာ PDP ပါတီခေါင်းဆောင်အဖြစ်လည်း ရွေးချယ်ခန့်အပ်ခံရပြီး အငြင်းပွားမှုတွေရှိလာခဲ့ပြီး နောက် (၁၉၉၆)ခုနှစ်မှာ Palang Dha­rma Party (PDP)ပါတီရဲ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ ပါတီကနေနုတ်ထွက်ခဲ့ပြီး Thai Rak Thai (TRT)ပါတီကို ဦးဆောင်တည် ထောင်ခဲ့သူဖြစ်ပါတယ်။ သက်ဆင်ရဲ့ပါတီဟာ ထိုင်းနိုင်ငံမှာလူကြိုက်များတဲ့ပါတီဖြစ်လာခဲ့ပြီး (၂၀ဝ၁) ခုနှစ်ကကျင်းပတဲ့ သမိုင်း ဝင်ရွေးကောက်ပွဲမှာအနိုင်ရပြီး သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့် ရခဲ့ပါတယ်။ သက် ဆင်ဟာ သက်တမ်းပြည့်တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ကျေးလက်ဒေသဆင်းရဲမွဲတေမှုတွေကိုလျှော့ချဖို့ ပေါ်လစီများစွာကို ထုတ်ဖော်ခဲ့သလို (၄)နှစ်အတွင်း ဆင်းရဲမွဲတေမှုကို တစ်ဝက်မျှလျှော့ချနိုင်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံမှာ အလွန် လူကြိုက်များခဲ့ပါတယ်။ သက်ဆင် ဝန်ကြီးချုပ်အဖြစ် ပထမဆုံးတာဝန်ယူတဲ့သက်တမ်းအတွင်း ဘတ် (၃၀)အစီအစဉ်လို့ လူသိ များတဲ့နိုင်ငံအတွင်း အားလုံးနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကိုစတင်ခဲ့ပြီး လူကြိုက်များတဲ့ မူးယစ်ဆေး ဝါး နှိမ်နင်းမှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ သက်ဆင်ဟာ ဝန်ကြီးချုပ် သက်တမ်းပထမကာလအတွင်းမှာ အခြေခံအဆောက်အအုံအများအပြားမှာ ရင်းနှီးမြှုပ်နှံမှုပြုခဲ့ပြီး လမ်းများဖောက်လုပ်ခြင်း၊ မြို့တွင်း ရထားတွေပြေးဆွဲခြင်းနဲ့ သုဝဏ္ဏဘုမ္မိလေယာဉ်ကွင်း တည်ဆောက် ခြင်းတို့လုပ်ကိုင်ခဲ့ပြီး အကျင့်ပျက် လာဘ်စားမှု လျော့နည်းအောင်လည်း လုပ်ကိုင်နိုင်ခဲ့ပါတယ်။ သက် ဆင်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့တဲ့အတွက် ၎င်းရဲ့ ပါတီ ဖြစ်တဲ့ Thai Rak Thai (TRT) ပါတီဟာ (၂၀ဝ၅)ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း ထပ်မံ အနိုင် ရခဲ့ပြီး သက်ဆင်ဟာ ဝန်ကြီး ချုပ်အဖြစ် ဒုတိယအကြိမ်တာဝန်ယူခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းဝန်ကြီး ချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ယူချိန်အတွင်း အငြင်းပွားမှုတွေဖြစ်လာခဲ့ကာ ထိုင်းစစ်တပ်က အာဏာသိမ်းမှုလုပ်ဆောင်ကာ ရာထူးကဖြုတ်ချခံခဲ့ရပါတယ်။ ထိုင်းစစ်တပ်ဟာ သက်ဆင်ကို ရာထူးက ဖြုတ်ချကာ အာဏာသိမ်း ခဲ့ပြီးနောက် သက်ဆင်ရဲ့ပါတီကိုဖျက်သိမ်းခဲ့သလို သက်ဆင်ရဲ့ပိုင်ဆိုင်မှုတွေ ကို စစ်ဆေးသိမ်းဆည်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ သက်ဆင်ဟာ ရာထူးကဖြုတ်ချခံရပြီး နောက် တစ်နှစ်အကြာ (၂၀ဝ၇)ခုနှစ်မှာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းကို ဝယ်ယူခဲ့ပါတယ်။ သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ်တာဝန်ယူချိန်အတွင်း အာဏာအလွဲ သုံးစားမှုတွေ၊ အကျင့်ပျက်လာဘ်စားမှုတွေ၊ အခွန် တိမ်းရှောင်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်အမျိုးမျိုး ကို ရင်ဆိုင် ခဲ့ရပြီး စွပ်စွဲချက်တွေကို ရင်ဆိုင်မဖြေ ရှင်းဘဲ ပြည်ပထွက်ပြေးခဲ့ကာ ပြည်ပြေးအဖြစ် ပြည်ပမှာ (၁၅) နှစ် ကြာ နေထိုင်ခဲ့သူဖြစ်ပါတယ်။ သက်ဆင်ဟာ ပြည်ပြေးအဖြစ်နေထိုင်ခဲ့ပေမယ့် သူရဲ့နိုင်ငံရေးဩဇာဟာ ထိုင်းနိုင်ငံမှာ သက်ရောက်မှုရှိနေ ဆဲဖြစ်ရာ သူရဲ့ညီမဖြစ်သူ ယင်လတ်ရှင်နာဝါထရာက လည်း ဝန်ကြီး ချုပ်အဖြစ်ရွေးချယ်ခံခဲ့ရသလို သမီးဖြစ်သူ ပေထုံတန်ရှင်နာဝါထရာဟာလည်း (၂၀၂၃)ခုနှစ်မှာကျင်းပတဲ့ ထိုင်းအထွေထွေရွေး ကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ်အဖြစ်ရွေးကောက် ခံခဲ့ရပါတယ်။ သက်ဆင် ဟာ ၎င်းရဲ့သမီးဖြစ်သူဦးဆောင်တဲ့ ဖြူထိုင်းပါတီ အနိုင်ရပြီးနောက် (၂၀၂၃) ခုနှစ် ဩဂုတ်လမှာ ထိုင်း နိုင်ငံကိုပြန်လာကာ စွဲချက် တွေကိုရင်ဆိုင်ခဲ့ပါတယ်။

ထိုင်းတရားရုံးဟာ သက်ဆင်ကို စွဲချက်တွေနဲ့ ပတ်သက်ပြီး ထောင်ဒဏ် (၈)နှစ်ပြစ်ဒဏ်ပေးခဲ့ပေမယ့် ထိုင်းဘုရင်က သက်ဆင် အပေါ်ချမှတ်ထား တဲ့ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်း သာခွင့်နဲ့ နှစ်လျော့ပြစ်ဒဏ်ပေးခဲ့ပြီး (၁)နှစ်သာ ပြစ်ဒဏ်ခံဖို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ သက်ဆင်ဟာ ထောင်ဒဏ် (၁)နှစ်ကျခံရမှာဖြစ်ပေမယ့် ထိုင်းအကျဉ်း ထောင်ကိုရောက်ရှိတဲ့ပထမဆုံးနေ့မှာပဲ ကျန်းမာရေးပြဿနာကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး ထိုင်းရဲတပ်ဖွဲ့ အထူးကုဆေးရုံမှာ ပြစ်ဒဏ်စေ့ချိန်အထိနေထိုင်ကုသသွားခဲ့ရာ ထိုင်းအတိုက်ခံ နိုင်ငံရေး ပါတီများက ထိုင်းအစိုးရကိုဝေဖန်ပြစ်တင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရေးလောကက အနား ယူ ထားတယ်လို့ ကြေညာထားပေမယ့် သမီး ဖြစ်သူ ပေထုံတန်ရှင်နာဝါထရာဦးဆောင်တဲ့ ထိုင်းအစိုးရ အဖွဲ့ကို နောက်ကွယ်ကနေ òန်ကြားစီမံနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ သက်ဆင်ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ဖူးသူ ဖြစ်ပြီး မလေးရှားဝန်ကြီးချုပ် အီဘရာဟင်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း မြန်မာ့အရေးကိုဖြေရှင်းနိုင်အောင် ထိုင်းဝန်ကြီး ချုပ် ဟောင်းသက်ဆင်ရဲ့အတွေ့ကြုံတွေနဲ့ ရင်းနှီးမှုတွေ ကိုအသုံးချဖို့ စီစဉ်လာခြင်းဖြစ်ဖွယ်ရှိနေပါတယ်။ သက်ဆင်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဖြစ်သလို လက်ရှိအချိန်မှာ ကမ္ဘောဒီးယားလွှတ်တော် ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့ ဟွန်ဆန်နဲ့လည်း ပုဂ္ဂိုလ် ရေးရင်းနှီးသူဖြစ်တဲ့အပြင် အင်ဒိုနီးရှားသမ္မတ အဖြစ် တာဝန်ယူနေသူ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးသူဖြစ်ပါတယ်။ သက်ဆင်ဟာ အာဆီယံအဖွဲ့အတွက် လက်ရှိအချိန်မှာ အ ကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတဲ့ မြန်မာ့အရေး ကိုဖြေရှင်းနိုင်အောင် ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းခဲ့ဖူးပြီး ပြီးခဲ့တဲ့မေလတုန်းက နစကအဖွဲ့ရဲ့ပြိုင်ဘက် အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးခဲ့ဖူးတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံရေးလောကမှာ ဩဇာကြီးမားသလို အတွေ့ကြုံရင့်ကျက်တဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်ရာ မလေးရှားဝန်ကြီးချုပ်က သက်ဆင်ကို အာဆီယံအဖွဲ့နဲ့ ၎င်းအတွက်ပုဂ္ဂိုလ် ရေးအထူးအကြံပေးခန့်အပ်ခြင်းဟာ အပေါင်းလက္ခဏာ ဆောင်တဲ့ တိုးတက်မှုတွေဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

zawgyi version
မေလးရွားဝန္ႀကီးခ်ဳပ္ရဲ႕ ပုဂၢိဳလ္ေရးအထူးအႀကံေပးျဖစ္လာမယ့္ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း “သက္ဆင္” အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၇

မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္ဟာ မေလးရွားႏိုင္ငံက လာမယ့္ႏွစ္မွာ အာဆီယံအ လွည့္က် ဥကၠ႒အျဖစ္တာဝန္ယူခ်ိန္အတြင္း ထိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္တဲ့ သက္ဆင္ရွင္နာဝါထရာကို ပုဂၢိဳလ္ေရး အႀကံေပးအျဖစ္ခန႔္အပ္သြားမယ္လို႔ ထုတ္ ေဖာ္ေျပာဆိုလိုက္ပါတယ္။ အသက္ (၇၅)ႏွစ္ အ႐ြယ္ရွိ သက္ဆင္ဟာ ထိုင္းႏိုင္ငံေရးေလာကမွာ လူႀကိဳက္မ်ားတဲ့ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ႏွစ္ေပါင္း (၂၀)ေက်ာ္အတြင္း ထိုင္းႏိုင္ငံေရးေလာကကို လႊမ္းမိုးခ်ဳပ္ကိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သက္ဆင္ဟာ အေတြ႕အႀကဳံရင့္က်က္တဲ့ ႏိုင္ငံေရးသမားတစ္ဦးျဖစ္ကာ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း လူထုေထာက္ခံမႈအမ်ားအျပား ရယူႏိုင္ခဲ့သူျဖစ္သလို စစ္တပ္ကအာဏာသိမ္းျခင္း ေတြကိုလည္းခံခဲ့ရဖူးသူျဖစ္ပါတယ္။ သက္ဆင္ကို (၁၉၄၉)ခုႏွစ္ ဇူလိုင္လအတြင္း ခ်င္းမိုင္ၿမိဳ႕ San Kamphaeng အရပ္ေဒသမွာေမြးဖြားခဲ့ၿပီး သူရဲ႕အဘိုးျဖစ္သူဟာ တ႐ုတ္ႏိုင္ငံ ဂြန္ေဒါင္ျပည္နယ္ Fengshun အရပ္ေဒသက တ႐ုတ္လူမ်ိဳးျဖစ္သလို ထိုင္းႏိုင္ငံကိုေ႐ႊ႕ေျပာင္းကာ အေျခခ်ေနထိုင္ခဲ့ သူျဖစ္ပါတယ္။ ဒါေၾကာင့္ သက္ဆင္ဟာ တ႐ုတ္ေသြးေႏွာသူ တစ္ဦးျဖစ္ပါတယ္။ အသက္ (၁၅)ႏွစ္ အ႐ြယ္အထိ ခ်င္းမိုင္ၿမိဳ႕ San Kamphaeng ႐ြာေလးမွာ ေနထိုင္ႀကီးျပင္းခဲ့ရၿပီး Montfort College ကို တက္ေရာက္ဖို႔အတြက္ ေမြးဖြားရာအရပ္ေဒသက ေန ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ သက္ဆင္ဟာ အဲဒီ အခ်ိန္တည္းက ဖခင္ျဖစ္သူလုပ္ကိုင္ေနတဲ့ ႐ုပ္ရွင္႐ုံလုပ္ငန္းေတြကို ပါဝင္ကူညီလုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ သက္ဆင္ဟာ Armed Forces Academies Preparatory School အဖြဲ႕ဝင္တစ္ဦးျဖစ္သလို ထိုင္း ရဲ တပ္ဖြဲ႕အကယ္ဒမီကိုတက္ေရာက္ခဲ့ၿပီး (၁၉၇၃) ခုႏွစ္မွာ ထိုင္းရဲတပ္ဖြဲ႕ကိုဝင္ေရာက္ခဲ့ပါတယ္။ သက္ ဆင္ဟာ (၁၉၇၅)ခုႏွစ္မွာ အေမရိကန္ႏိုင္ငံ Eastern Kentucky တကၠသိုလ္ကေန ရာဇဝတ္မႈဆိုင္ရာ ဘာသာရပ္နဲ႔ မဟာဘြဲ႕ကိုရရွိခဲ့ဖူးၿပီး (၁၉၇၈)ခုႏွစ္မွာ တကၠဆက္ျပည္နယ္ရွိ Sam Houston တကၠသိုလ္ကေန ရာဇဝတ္မႈဆိုင္ရာဘာသာရပ္နဲ႔ ေဒါက္တာဘြဲ႕ ကိုထပ္မံရယူႏိုင္ခဲ့သူျဖစ္ပါတယ္။

ထိုင္းေတာ္ဝင္ရဲတပ္ဖြဲ႕အကယ္ဒမီမွာလည္း ဆရာအျဖစ္တာဝန္ယူခဲ့ဖူးၿပီး ထိုင္းရဲတပ္ဖြဲ႕မွာ ရဲမႉးႀကီးအျဖစ္တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ သက္ဆင္ဟာ (၁၉၈၇)ခုႏွစ္မွာ ရဲမႉးႀကီးရာထူးကေန ႏုတ္ထြက္ခဲ့ၿပီး ႐ုပ္ရွင္႐ုံနဲ႔ဆက္ႏႊယ္တဲ့ စီးပြားေရးေလာကကိုဝင္ေရာက္လာခဲ့ကာ Baan Sai Thong လို လူသိမ်ားတဲ့ ေအာင္ျမင္တဲ့အခ်စ္ဇာတ္လမ္း romance drama ဇာတ္ကားေတြကို ႐ိုက္ကူး၊ ႐ုံတင္ ျပသတဲ့လုပ္ငန္းေတြကိုလုပ္ကိုင္ခဲ့ကာ ေအာင္ ျမင္ခဲ့ေပမယ့္ တျခားကုမၸဏီတစ္ခုတည္ေထာင္ဖို႔ ႐ုပ္ ရွင္႐ုံစီးပြားေရးလုပ္ငန္းရွိ ရွယ္ယာေတြကိုေရာင္းခ်ခဲ့ပါတယ္။ သက္ဆင္ဟာ (၁၉၈၉)ခုႏွစ္မွာ IBC အ မည္ရွိ ႐ုပ္ျမင္သံၾကားကုမၸဏီကိုတည္ေထာင္ခဲ့ၿပီး လုပ္ငန္းစတင္လုပ္ရာမွာ အရႈံးေပၚတဲ့အတြက္ (၁၉၈၉) ခုႏွစ္မွာပဲ သက္ဆင္ဟာ ေဒတာကြန္ရက္ ဝန္ေဆာင္မႈကုမၸဏီျဖစ္တဲ့ Shinawatra DataCom ကုမၸဏီကို ထပ္မံတည္ေထာင္လုပ္ကိုင္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ သက္ဆင္ဟာ Shinawatra Computer and Communications Group ကို တည္ေထာင္ခဲ့သလို Shinawatra Satellite ကိုလည္း တည္ေထာင္လုပ္ကိုင္ခဲ့ပါတယ္။ သက္ဆင္ဟာ ထိုင္းႏိုင္ငံမွာ အေအာင္ျမင္ဆုံး မိုဘိုင္းဖုန္းဆက္သြယ္ ေရးကုမၸဏီ အက္ဒ္ဗန႔္စ္ အင္ဖိုဆားဗစ္ (Advanced Info Service) ကိုတည္ေထာင္ၿပီးေနာက္ ဘီလ်ံနာ သူေဌးတစ္ဦးျဖစ္လာခဲ့သူျဖစ္ပါတယ္။ သက္ဆင္ရဲ႕မိ သားစုဟာ (၁၉၉၉)ခုႏွစ္မွာ ရွင္နာဝါထရာ တကၠသိုလ္ကိုတည္ေထာင္ခဲ့သလို iTV television station ၊ Nation Multimedia Group နဲ႔ Siam Com- mercial Bank တို႔လည္း မိတ္ဖက္အျဖစ္ ပူးေပါင္း ေဆာင္႐ြက္ကာ လုပ္ငန္းေတြကို တိုးခ်ဲ႕လုပ္ကိုင္ ခဲ့ပါ တယ္။ (၁၉၉၄)ခုႏွစ္မွာ Palang Dharma Party (PDP)ပါတီ ေခါင္းေဆာင္နဲ႔ ရင္းႏွီးခင္မင္ရာက တစ္ ဆင့္ ႏိုင္ငံေရးပါတီေလာကကိုဝင္ေရာက္ခဲ့ၿပီး Palang Dharma Party (PDP) ပါတီေခါင္းေဆာင္ အျဖစ္ တာဝန္ယူခဲ့ဖူးသလို (၁၉၉၄)ခုႏွစ္မွာပဲ ႏိုင္ငံျခားေရးဝန္ႀကီးတာဝန္နဲ႔ ဒုတိယဝန္ႀကီးခ်ဳပ္ တာဝန္ေတြကို ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။ သက္ ဆင္ဟာ PDP ပါတီေခါင္းေဆာင္အျဖစ္လည္း ေ႐ြးခ်ယ္ခန႔္အပ္ခံရၿပီး အျငင္းပြားမႈေတြရွိလာခဲ့ၿပီး ေနာက္ (၁၉၉၆)ခုႏွစ္မွာ Palang Dha­rma Party (PDP)ပါတီရဲ႕လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔အတူ ပါတီကေနႏုတ္ထြက္ခဲ့ၿပီး Thai Rak Thai (TRT)ပါတီကို ဦးေဆာင္တည္ ေထာင္ခဲ့သူျဖစ္ပါတယ္။ သက္ဆင္ရဲ႕ပါတီဟာ ထိုင္းႏိုင္ငံမွာလူႀကိဳက္မ်ားတဲ့ပါတီျဖစ္လာခဲ့ၿပီး (၂၀ဝ၁) ခုႏွစ္ကက်င္းပတဲ့ သမိုင္း ဝင္ေ႐ြးေကာက္ပြဲမွာအႏိုင္ရၿပီး သက္ဆင္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခြင့္ ရခဲ့ပါတယ္။ သက္ ဆင္ဟာ သက္တမ္းျပည့္တာဝန္ထမ္းေဆာင္ခဲ့ရတဲ့ ပထမဆုံးဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ၿပီး ေက်းလက္ေဒသဆင္းရဲမြဲေတမႈေတြကိုေလွ်ာ့ခ်ဖို႔ ေပၚလစီမ်ားစြာကို ထုတ္ေဖာ္ခဲ့သလို (၄)ႏွစ္အတြင္း ဆင္းရဲမြဲေတမႈကို တစ္ဝက္မွ်ေလွ်ာ့ခ်ႏိုင္ခဲ့တဲ့အတြက္ ထိုင္းႏိုင္ငံမွာ အလြန္ လူႀကိဳက္မ်ားခဲ့ပါတယ္။ သက္ဆင္ ဝန္ႀကီးခ်ဳပ္အျဖစ္ ပထမဆုံးတာဝန္ယူတဲ့သက္တမ္းအတြင္း ဘတ္ (၃၀)အစီအစဥ္လို႔ လူသိ မ်ားတဲ့ႏိုင္ငံအတြင္း အားလုံးနဲ႔သက္ဆိုင္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ အစီအစဥ္ကိုစတင္ခဲ့ၿပီး လူႀကိဳက္မ်ားတဲ့ မူးယစ္ေဆး ဝါး ႏွိမ္နင္းမႈေတြကိုလည္းျပဳလုပ္ခဲ့ပါတယ္။ သက္ဆင္ဟာ ဝန္ႀကီးခ်ဳပ္ သက္တမ္းပထမကာလအတြင္းမွာ အေျခခံအေဆာက္အအုံအမ်ားအျပားမွာ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳခဲ့ၿပီး လမ္းမ်ားေဖာက္လုပ္ျခင္း၊ ၿမိဳ႕တြင္း ရထားေတြေျပးဆြဲျခင္းနဲ႔ သုဝဏၰဘုမၼိေလယာဥ္ကြင္း တည္ေဆာက္ ျခင္းတို႔လုပ္ကိုင္ခဲ့ၿပီး အက်င့္ပ်က္ လာဘ္စားမႈ ေလ်ာ့နည္းေအာင္လည္း လုပ္ကိုင္ႏိုင္ခဲ့ပါတယ္။ သက္ ဆင္ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း အေကာင္းဆုံးစြမ္းေဆာင္ျပႏိုင္ခဲ့တဲ့အတြက္ ၎ရဲ႕ ပါတီ ျဖစ္တဲ့ Thai Rak Thai (TRT) ပါတီဟာ (၂၀ဝ၅)ခုႏွစ္မွာက်င္းပတဲ့ ေ႐ြးေကာက္ပြဲအတြင္း ထပ္မံ အႏိုင္ ရခဲ့ၿပီး သက္ဆင္ဟာ ဝန္ႀကီး ခ်ဳပ္အျဖစ္ ဒုတိယအႀကိမ္တာဝန္ယူခြင့္ရခဲ့ပါတယ္။ ဒါေပမဲ့ ထိုင္းဝန္ႀကီး ခ်ဳပ္အျဖစ္ ဒုတိယအႀကိမ္ တာဝန္ယူခ်ိန္အတြင္း အျငင္းပြားမႈေတြျဖစ္လာခဲ့ကာ ထိုင္းစစ္တပ္က အာဏာသိမ္းမႈလုပ္ေဆာင္ကာ ရာထူးကျဖဳတ္ခ်ခံခဲ့ရပါတယ္။ ထိုင္းစစ္တပ္ဟာ သက္ဆင္ကို ရာထူးက ျဖဳတ္ခ်ကာ အာဏာသိမ္း ခဲ့ၿပီးေနာက္ သက္ဆင္ရဲ႕ပါတီကိုဖ်က္သိမ္းခဲ့သလို သက္ဆင္ရဲ႕ပိုင္ဆိုင္မႈေတြ ကို စစ္ေဆးသိမ္းဆည္းတာေတြလည္း လုပ္ေဆာင္ခဲ့ပါတယ္။ သက္ဆင္ဟာ ရာထူးကျဖဳတ္ခ်ခံရၿပီး ေနာက္ တစ္ႏွစ္အၾကာ (၂၀ဝ၇)ခုႏွစ္မွာ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအသင္းကို ဝယ္ယူခဲ့ပါတယ္။ သက္ဆင္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ ဒုတိယအႀကိမ္တာဝန္ယူခ်ိန္အတြင္း အာဏာအလြဲ သုံးစားမႈေတြ၊ အက်င့္ပ်က္လာဘ္စားမႈေတြ၊ အခြန္ တိမ္းေရွာင္ဖို႔ ႀကိဳးစားတယ္ဆိုတဲ့ စြပ္စြဲခ်က္အမ်ိဳးမ်ိဳး ကို ရင္ဆိုင္ ခဲ့ရၿပီး စြပ္စြဲခ်က္ေတြကို ရင္ဆိုင္မေျဖ ရွင္းဘဲ ျပည္ပထြက္ေျပးခဲ့ကာ ျပည္ေျပးအျဖစ္ ျပည္ပမွာ (၁၅) ႏွစ္ ၾကာ ေနထိုင္ခဲ့သူျဖစ္ပါတယ္။ သက္ဆင္ဟာ ျပည္ေျပးအျဖစ္ေနထိုင္ခဲ့ေပမယ့္ သူရဲ႕ႏိုင္ငံေရးဩဇာဟာ ထိုင္းႏိုင္ငံမွာ သက္ေရာက္မႈရွိေန ဆဲျဖစ္ရာ သူရဲ႕ညီမျဖစ္သူ ယင္လတ္ရွင္နာဝါထရာက လည္း ဝန္ႀကီး ခ်ဳပ္အျဖစ္ေ႐ြးခ်ယ္ခံခဲ့ရသလို သမီးျဖစ္သူ ေပထုံတန္ရွင္နာဝါထရာဟာလည္း (၂၀၂၃)ခုႏွစ္မွာက်င္းပတဲ့ ထိုင္းအေထြေထြေ႐ြး ေကာက္ပြဲမွာ အႏိုင္ရၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးေကာက္ ခံခဲ့ရပါတယ္။ သက္ဆင္ ဟာ ၎ရဲ႕သမီးျဖစ္သူဦးေဆာင္တဲ့ ျဖဴထိုင္းပါတီ အႏိုင္ရၿပီးေနာက္ (၂၀၂၃) ခုႏွစ္ ဩဂုတ္လမွာ ထိုင္း ႏိုင္ငံကိုျပန္လာကာ စြဲခ်က္ ေတြကိုရင္ဆိုင္ခဲ့ပါတယ္။

ထိုင္းတရား႐ုံးဟာ သက္ဆင္ကို စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေထာင္ဒဏ္ (၈)ႏွစ္ျပစ္ဒဏ္ေပးခဲ့ေပမယ့္ ထိုင္းဘုရင္က သက္ဆင္ အေပၚခ်မွတ္ထား တဲ့ျပစ္ဒဏ္ေတြကို လြတ္ၿငိမ္းခ်မ္း သာခြင့္နဲ႔ ႏွစ္ေလ်ာ့ျပစ္ဒဏ္ေပးခဲ့ၿပီး (၁)ႏွစ္သာ ျပစ္ဒဏ္ခံဖို႔ ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။ သက္ဆင္ဟာ ေထာင္ဒဏ္ (၁)ႏွစ္က်ခံရမွာျဖစ္ေပမယ့္ ထိုင္းအက်ဥ္း ေထာင္ကိုေရာက္ရွိတဲ့ပထမဆုံးေန႔မွာပဲ က်န္းမာေရးျပႆနာေၾကာင့္ အေရးေပၚေဆး႐ုံတင္ခဲ့ရၿပီး ထိုင္းရဲတပ္ဖြဲ႕ အထူးကုေဆး႐ုံမွာ ျပစ္ဒဏ္ေစ့ခ်ိန္အထိေနထိုင္ကုသသြားခဲ့ရာ ထိုင္းအတိုက္ခံ ႏိုင္ငံေရး ပါတီမ်ားက ထိုင္းအစိုးရကိုေဝဖန္ျပစ္တင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ထိုင္းႏိုင္ငံေရးေလာကက အနား ယူ ထားတယ္လို႔ ေၾကညာထားေပမယ့္ သမီး ျဖစ္သူ ေပထုံတန္ရွင္နာဝါထရာဦးေဆာင္တဲ့ ထိုင္းအစိုးရ အဖြဲ႕ကို ေနာက္ကြယ္ကေန òန္ၾကားစီမံေနဆဲ ျဖစ္တယ္လို႔ဆိုပါတယ္။ သက္ဆင္ဟာ ျမန္မာအစိုးရ တာဝန္ရွိသူေတြနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိခဲ့ဖူးသူ ျဖစ္ၿပီး မေလးရွားဝန္ႀကီးခ်ဳပ္ အီဘရာဟင္ဟာ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူခ်ိန္အတြင္း ျမန္မာ့အေရးကိုေျဖရွင္းႏိုင္ေအာင္ ထိုင္းဝန္ႀကီး ခ်ဳပ္ ေဟာင္းသက္ဆင္ရဲ႕အေတြ႕ႀကဳံေတြနဲ႔ ရင္းႏွီးမႈေတြ ကိုအသုံးခ်ဖို႔ စီစဥ္လာျခင္းျဖစ္ဖြယ္ရွိေနပါတယ္။ သက္ဆင္ဟာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္သလို လက္ရွိအခ်ိန္မွာ ကေမာၻဒီးယားလႊတ္ေတာ္ ဥကၠ႒အျဖစ္တာဝန္ယူေနတဲ့ ဟြန္ဆန္နဲ႔လည္း ပုဂၢိဳလ္ ေရးရင္းႏွီးသူျဖစ္တဲ့အျပင္ အင္ဒိုနီးရွားသမၼတ အျဖစ္ တာဝန္ယူေနသူ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာဘိုဝီတို႔နဲ႔လည္း ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးသူျဖစ္ပါတယ္။ သက္ဆင္ဟာ အာဆီယံအဖြဲ႕အတြက္ လက္ရွိအခ်ိန္မွာ အ ႀကီးမားဆုံးစိန္ေခၚမႈျဖစ္ေနတဲ့ ျမန္မာ့အေရး ကိုေျဖရွင္းႏိုင္ေအာင္ ၾကားဝင္ေစ့စပ္ေပးဖို႔ ႀကိဳးပမ္းခဲ့ဖူးၿပီး ၿပီးခဲ့တဲ့ေမလတုန္းက နစကအဖြဲ႕ရဲ႕ၿပိဳင္ဘက္ အဖြဲ႕ အစည္းေတြနဲ႔ ေဆြးေႏြးခဲ့ဖူးတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ဖူးပါတယ္။ ထိုင္းႏိုင္ငံေရးေလာကမွာ ဩဇာႀကီးမားသလို အေတြ႕ႀကဳံရင့္က်က္တဲ့ ႏိုင္ငံေရးေခါင္းေဆာင္ျဖစ္ရာ မေလးရွားဝန္ႀကီးခ်ဳပ္က သက္ဆင္ကို အာဆီယံအဖြဲ႕နဲ႔ ၎အတြက္ပုဂၢိဳလ္ ေရးအထူးအႀကံေပးခန႔္အပ္ျခင္းဟာ အေပါင္းလကၡဏာ ေဆာင္တဲ့ တိုးတက္မႈေတြျဖစ္လာႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.