မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ညမထွက်ရအမိန့်ကို သက်တမ်းတိုး ထုတ်ပြန်
4610
NP News - ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ညမထွက်ရအမိန့်ကို သက်တမ်းတိုး ထုတ်ပြန်လိုက်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး မြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း အဆိုပါစာအရ သိရသည်။
ထို့ပြင် လူ ၅ ဦး (သို့မဟုတ်) ၅ ဦး ထက်ပိုသောသူများသည် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူ သွားလာရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် နံနက်(၁)နာရီမှ နံနက်(၃)နာရီ အချိန် အတွင်း ညမထွက်ရအမိန့်ကို ထုတ်ဆင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“စာထွက်တာက ဟုတ်တယ်။ ဒီအမိန့်က နဂိုတည်းက ထွက်ပြီးသား၊ ဟိုးတုန်းတည်းက ရှိပြီးသားကို သက်တမ်း တိုးတာပါ။ သက်တမ်းတိုးတိုင်း အသစ်တစောင် နေ့စွဲအသစ်နဲ့ပြန်ထုတ်ရတယ်” ဟု အဆိုပါ မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
zawgyi version
မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္အတြင္း ညမထြက္ရအမိန႔္ကို သက္တမ္းတိုး ထုတ္ျပန္
NP News - ဒီဇင္ဘာ ၂၇
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္အတြင္း ညမထြက္ရအမိန႔္ကို သက္တမ္းတိုး ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။
မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဒီဇင္ဘာ ၂၆ ရက္တြင္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္ၿပီး ၿမိဳ႕နယ္အတြင္း စုေဝးျခင္း၊ ေဟာေျပာျခင္း၊ ယာဥ္တစ္မ်ိဳးမ်ိဳးကို အသုံးျပဳ၍ျဖစ္ေစ၊ လူကိုယ္တိုင္ျဖစ္ေစ စီတန္းလွည့္လည္ျခင္း၊ လႈံ႕ေဆာ္ဆႏၵျပျခင္း၊ ဖ်က္ဆီးျခင္း၊ ႐ုန္းရင္းဆန္ခတ္ျပဳမူျခင္းမ်ားကို မျပဳလုပ္ရန္ တားျမစ္လိုက္ေၾကာင္း အဆိုပါစာအရ သိရသည္။
ထို႔ျပင္ လူ ၅ ဦး (သို႔မဟုတ္) ၅ ဦး ထက္ပိုေသာသူမ်ားသည္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္အတြင္း လမ္းမႀကီးမ်ား၊ အမ်ားျပည္သူ သြားလာရာလမ္း၊ လမ္းသြယ္၊ လမ္းၾကား၊ ဥယ်ာဥ္(သို႔မဟုတ္) အမ်ားျပည္သူႏွင့္ဆိုင္ေသာေနရာမ်ားတြင္ စုေဝးျခင္းမျပဳရန္ႏွင့္ နံနက္(၁)နာရီမွ နံနက္(၃)နာရီ အခ်ိန္ အတြင္း ညမထြက္ရအမိန႔္ကို ထုတ္ဆင့္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“စာထြက္တာက ဟုတ္တယ္။ ဒီအမိန႔္က နဂိုတည္းက ထြက္ၿပီးသား၊ ဟိုးတုန္းတည္းက ရွိၿပီးသားကို သက္တမ္း တိုးတာပါ။ သက္တမ္းတိုးတိုင္း အသစ္တေစာင္ ေန႔စြဲအသစ္နဲ႔ျပန္ထုတ္ရတယ္” ဟု အဆိုပါ ၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦးက ဆိုသည္။