NLD လူဟောင်းများသာ နေရာရသည့် NUG ၏ ပသုံးလုံးအဖွဲ့များက အာဏာရှင်စရိုက်ဆန်နေ

 1838

သုတကျော် (NP News) - ဒီဇင်ဘာ ၂၈

ပသုံးလုံး အဖွဲ့များ စတင်ဖွဲ့စည်းစဉ်ကပင် အုတ်အရောရော ကျောက်အရောရောဖြင့် ပုံပျက်နေပြီးသားဖြစ်ကာ NUG ရင်ဝကို ထိုးသော ဓားတစ်လက်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ယခင်က NUG ထောက်ခံသူ NP News ၏ သတင်းရင်းမြစ်တစ်ဦး က ပြောသည်။
ပသုံးလုံး အဖွဲ့ဟု ဆိုသည်မှာ NUG က ဖွဲ့စည်းထားသော ပြည့်သူကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကို စုပေါင်းခေါ်ခြင်းဖြစ်သည်။
“ပသုံးလုံးဟာ အညာက တချို့နေရာတွေမှာ တွင်ကျယ်တာပေါ့။ အခုက PDF လည်း ရှိတာကို ပကဖ က ထပ်ပြီး ဖွဲ့ထားတယ်။ ဒီ ကြားထဲမှာလည်း ပွတ်တိုက်မှုတွေလည်း ရှိနေတယ် ဆိုတဲ့ အနေအထား မြင်ရတယ်။ ဥပမာ PDF တွေကျတော့ ငါတို့က တိုက်ရတယ် မင်းတို့က ဝင်နှမ်းဖြူတယ် ဆိုတာမျိုး ညှိတာတွေ ရှိတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ပသုံးလုံး အဖွဲ့များ အနေဖြင့် အာဏာ ကို အသုံးချသည့် ဖြစ်စဉ်များလည်း ရှိနေပြီး မကျေနပ်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းမှ စတင်ကာ အဓမ္မပြုကျင့်သည့် ဖြစ်စဥ်များအထိ ရှိသော်လည်း ၎င်းတို့ကို မထိစေရန် လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။
“ဥပမာ ဒီပဲယင်းဘက်မှာ ကျေးရွာ ပကဖ တွေက တရားလွန် လုပ်တာတွေ ရှိတယ်။ ဒါပေမယ့် ပြည်သူတွေက သတ်မှာ ကြောက်တော့ ဘယ်ပြောရဲမလဲ ဒါမျိုးက အများကြီးပဲ” ဟု ၎င်းက ဆိုသည်။
လက်ရှိ အခြေအနေများအရ NUG အနေဖြင့် ကိုင်တွယ်ရခက်လာဖွယ်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
“အခုက တစ်ကျောင်းတစ်ဂါထာ ဆိုသလို အုပ်ချုပ်တာတွေကလည်း အမျိုးမျိုး ဖြစ်နေတာလေ။ ဆိုတာက စဖွဲ့ကတည်းကိုက ဒေသခံတွေက ပသုံးလုံးထဲမှာ နေရာယူထားတာ။ ပသုံးလုံး နဲ့ အရင် NLD လူဟောင်းတွေက နေရာရတယ်။ စိတ်ဓာတ်ဆိုတာထက် အုတ်အရောရော ကျောက်အရောရော ကျွန်တော်က အဲဒီလိုပဲမြင်တယ်။ ကြည့်နေပါ ဒါက နောင်တစ်ချိန်မှာ NUG အတွက် ကဗျာဆန်ဆန်ပြောရရင် ရင်ဝကို ထိုးတဲ့ဓား ဖြစ်လာမှာ။ မရှင်းနိုင်တဲ့ ဆေးခါးကြီးဖြစ်လာလိမ့်မယ်။ အခုကို အာဏာအပေါ် ယစ်မူးတယ်၊ အာဏာကို အရသာတွေ့တယ် ဆိုတာမျိုး မြင်နေရပြီ” ဟု ၎င်းက သုံးသပ်ပြောကြားသည်။
လက်ရှိ မိုးကုတ်မြို့တွင်လည်း အထက်ပါ ပြဿနာမျိုး ကြုံတွေ့နေရကြောင်း မိုးကုတ်မြို့မှ တိမ်းရှောင်လာခဲ့သူ တစ်ဦးက NP News ကို ပြောသည်။

Zawgyi Version;
NLD လူေဟာင္းမ်ားသာ ေနရာရသည့္ NUG ၏ ပသုံးလုံးအဖြဲ႕မ်ားက အာဏာရွင္စ႐ိုက္ဆန္ေန
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၈

ပသုံးလုံး အဖြဲ႕မ်ား စတင္ဖြဲ႕စည္းစဥ္ကပင္ အုတ္အေရာေရာ ေက်ာက္အေရာေရာျဖင့္ ပုံပ်က္ေနၿပီးသားျဖစ္ကာ NUG ရင္ဝကို ထိုးေသာ ဓားတစ္လက္ျဖစ္လာလိမ့္မည္ျဖစ္ေၾကာင္း ယခင္က NUG ေထာက္ခံသူ NP News ၏ သတင္းရင္းျမစ္တစ္ဦး က ေျပာသည္။
ပသုံးလုံး အဖြဲ႕ဟု ဆိုသည္မွာ NUG က ဖြဲ႕စည္းထားေသာ ျပည့္သူကာကြယ္ေရးအဖြဲ႕ (ပကဖ)၊ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႕ (ပအဖ) ႏွင့္ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕ (ပလဖ) တို႔ကို စုေပါင္းေခၚျခင္းျဖစ္သည္။
“ပသုံးလုံးဟာ အညာက တခ်ိဳ႕ေနရာေတြမွာ တြင္က်ယ္တာေပါ့။ အခုက PDF လည္း ရွိတာကို ပကဖ က ထပ္ၿပီး ဖြဲ႕ထားတယ္။ ဒီ ၾကားထဲမွာလည္း ပြတ္တိုက္မႈေတြလည္း ရွိေနတယ္ ဆိုတဲ့ အေနအထား ျမင္ရတယ္။ ဥပမာ PDF ေတြက်ေတာ့ ငါတို႔က တိုက္ရတယ္ မင္းတို႔က ဝင္ႏွမ္းျဖဴတယ္ ဆိုတာမ်ိဳး ညႇိတာေတြ ရွိတယ္” ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
ပသုံးလုံး အဖြဲ႕မ်ား အေနျဖင့္ အာဏာ ကို အသုံးခ်သည့္ ျဖစ္စဥ္မ်ားလည္း ရွိေနၿပီး မေက်နပ္သူမ်ားကို ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္းမွ စတင္ကာ အဓမၼျပဳက်င့္သည့္ ျဖစ္စဥ္မ်ားအထိ ရွိေသာ္လည္း ၎တို႔ကို မထိေစရန္ လက္နက္ျဖင့္ ၿခိမ္းေျခာက္မႈမ်ား ရွိေနေၾကာင္းလည္း ၎က ဆိုသည္။
“ဥပမာ ဒီပဲယင္းဘက္မွာ ေက်း႐ြာ ပကဖ ေတြက တရားလြန္ လုပ္တာေတြ ရွိတယ္။ ဒါေပမယ့္ ျပည္သူေတြက သတ္မွာ ေၾကာက္ေတာ့ ဘယ္ေျပာရဲမလဲ ဒါမ်ိဳးက အမ်ားႀကီးပဲ” ဟု ၎က ဆိုသည္။
လက္ရွိ အေျခအေနမ်ားအရ NUG အေနျဖင့္ ကိုင္တြယ္ရခက္လာဖြယ္ရွိေၾကာင္းလည္း ၎က ဆိုသည္။
“အခုက တစ္ေက်ာင္းတစ္ဂါထာ ဆိုသလို အုပ္ခ်ဳပ္တာေတြကလည္း အမ်ိဳးမ်ိဳး ျဖစ္ေနတာေလ။ ဆိုတာက စဖြဲ႕ကတည္းကိုက ေဒသခံေတြက ပသုံးလုံးထဲမွာ ေနရာယူထားတာ။ ပသုံးလုံး နဲ႔ အရင္ NLD လူေဟာင္းေတြက ေနရာရတယ္။ စိတ္ဓာတ္ဆိုတာထက္ အုတ္အေရာေရာ ေက်ာက္အေရာေရာ ကြၽန္ေတာ္က အဲဒီလိုပဲျမင္တယ္။ ၾကည့္ေနပါ ဒါက ေနာင္တစ္ခ်ိန္မွာ NUG အတြက္ ကဗ်ာဆန္ဆန္ေျပာရရင္ ရင္ဝကို ထိုးတဲ့ဓား ျဖစ္လာမွာ။ မရွင္းႏိုင္တဲ့ ေဆးခါးႀကီးျဖစ္လာလိမ့္မယ္။ အခုကို အာဏာအေပၚ ယစ္မူးတယ္၊ အာဏာကို အရသာေတြ႕တယ္ ဆိုတာမ်ိဳး ျမင္ေနရၿပီ” ဟု ၎က သုံးသပ္ေျပာၾကားသည္။
လက္ရွိ မိုးကုတ္ၿမိဳ႕တြင္လည္း အထက္ပါ ျပႆနာမ်ိဳး ႀကဳံေတြ႕ေနရေၾကာင္း မိုးကုတ္ၿမိဳ႕မွ တိမ္းေရွာင္လာခဲ့သူ တစ္ဦးက NP News ကို ေျပာသည္။

Related news

© 2021. All rights reserved.