ရုရှားနှင့်ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လက်ခံကျင်းပပေးရန်အတွက် ဆလိုဗက်ကီးယားနိုင်ငံ ကမ်းလှမ်း
163
Pika (NP News) - ဒီဇင်ဘာ ၂၈
ရုရှားနှင့်ယူကရိန်းကြားဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရာနေရာတစ်ခုအဖြစ် လုပ်ဆောင်ရန် ဆလိုဗက်ကီးယားနိုင်ငံက ကမ်းလှမ်းထားကြောင်း ရုရှားသမ္မတပူတင်က ဒီဇင်ဘာလ(၂၆)ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
ရုရှားနှင့်ယူကရိန်းကြား ဆွေးနွေးပွဲများ ရှိလာခဲ့မည်ဆိုပါက ၎င်း၏ နိုင်ငံကို ပလက်ဖောင်းနေရာတစ်ခုအဖြစ် ပံ့ပိုးပေးရန် အဆင်သင့်ရှိကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ်ရောဘတ်ဖီကိုက ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံက အဆိုပါရပ်တည်ချက်ကို ငြင်းဆန်မည်မဟုတ်ဟု ယုံကြည်ကြောင်း နှင့် ဆလိုဗက်ကီးယား နိုင်ငံ၏ ကြားနေရပ်တည်ချက်ကို ရုရှားက ချီးကျူးခဲ့ကြောင်း ရောဘတ်ဖီကိုက ပြောကြားခဲ့သည်။
ရုရှားနှင့်ဆက်ဆံရေးများကို ဆက်လက်ထိန်းသိမ်းထားနိုင်သော ဥရောပခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် ရောဘတ်ဖီကိုသည် ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ရုရှားသမ္မတပူတင် နှင့် မော်စကိုမြို့မှာ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အနောက်အုပ်စုနိုင်ငံများက ယူကရိန်းကို ထောက်ခံပြီး ရုရှားကိုသီးခြားခွဲထုတ်ရန် ကြိုးပမ်းမှုများရှိနေသည့်ကြားက ရောဘတ်ဖီကို၏ ရုရှားသို့ သွားရောက်လည်ပတ်သည့်ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဥရောပသမဂ္ဂနှင့် နေတိုး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော ဆလိုဗက်ကီးယားနိုင်ငံသည် ရောဘတ်ဖီကို၏ အစိုးရလက်ထက် (၂၀၂၃)ခုနှစ် ဆောင်းဦးကာလတည်းက ယူကရိန်းသို့ စစ်ရေးအကူအညီများ ထောက်ပံ့ပေးခြင်းအား ရပ်တန့်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့သည်မှာ အချိန်(၃)နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စလုံး က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူနိုင်ခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။ ထို့ပြင် အမေရိကန်တွင် အစိုးရအပြောင်းအလဲများနှင့်အတူ ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ခြင်း ရှိ/မရှိ ဆိုသည့် အချက်နှင့်ပတ်သက်ပြီး လူအများကြားတွင် ဝေဖန်ပြောဆိုမှုများထွက်ပေါ်လျက်ရှိကြောင်းလည်း သိရသည်။
Zawgyi Version;
႐ုရွားႏွင့္ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို လက္ခံက်င္းပေပးရန္အတြက္ ဆလိုဗက္ကီးယားႏိုင္ငံ ကမ္းလွမ္း
Pika (NP News) - ဒီဇင္ဘာ ၂၈
႐ုရွားႏွင့္ယူကရိန္းၾကားျဖစ္ႏိုင္ေျခရွိေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား က်င္းပရာေနရာတစ္ခုအျဖစ္ လုပ္ေဆာင္ရန္ ဆလိုဗက္ကီးယားႏိုင္ငံက ကမ္းလွမ္းထားေၾကာင္း ႐ုရွားသမၼတပူတင္က ဒီဇင္ဘာလ(၂၆)ရက္တြင္ ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။
႐ုရွားႏွင့္ယူကရိန္းၾကား ေဆြးေႏြးပြဲမ်ား ရွိလာခဲ့မည္ဆိုပါက ၎၏ ႏိုင္ငံကို ပလက္ေဖာင္းေနရာတစ္ခုအျဖစ္ ပံ့ပိုးေပးရန္ အဆင္သင့္ရွိေၾကာင္း ဆလိုဗက္ကီးယားဝန္ႀကီးခ်ဳပ္ေရာဘတ္ဖီကိုက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ထို႔ျပင္ ႐ုရွားႏိုင္ငံက အဆိုပါရပ္တည္ခ်က္ကို ျငင္းဆန္မည္မဟုတ္ဟု ယုံၾကည္ေၾကာင္း ႏွင့္ ဆလိုဗက္ကီးယား ႏိုင္ငံ၏ ၾကားေနရပ္တည္ခ်က္ကို ႐ုရွားက ခ်ီးက်ဴးခဲ့ေၾကာင္း ေရာဘတ္ဖီကိုက ေျပာၾကားခဲ့သည္။
႐ုရွားႏွင့္ဆက္ဆံေရးမ်ားကို ဆက္လက္ထိန္းသိမ္းထားႏိုင္ေသာ ဥေရာပေခါင္းေဆာင္မ်ားထဲမွ တစ္ဦးျဖစ္သည့္ ေရာဘတ္ဖီကိုသည္ ၿပီးခဲ့သည့္ဒီဇင္ဘာလတြင္ ႐ုရွားသမၼတပူတင္ ႏွင့္ ေမာ္စကိုၿမိဳ႕မွာ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
အေနာက္အုပ္စုႏိုင္ငံမ်ားက ယူကရိန္းကို ေထာက္ခံၿပီး ႐ုရွားကိုသီးျခားခြဲထုတ္ရန္ ႀကိဳးပမ္းမႈမ်ားရွိေနသည့္ၾကားက ေရာဘတ္ဖီကို၏ ႐ုရွားသို႔ သြားေရာက္လည္ပတ္သည့္ခရီးစဥ္ထြက္ေပၚလာျခင္းျဖစ္သည္။ ဥေရာပသမဂၢႏွင့္ ေနတိုး အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေသာ ဆလိုဗက္ကီးယားႏိုင္ငံသည္ ေရာဘတ္ဖီကို၏ အစိုးရလက္ထက္ (၂၀၂၃)ခုႏွစ္ ေဆာင္းဦးကာလတည္းက ယူကရိန္းသို႔ စစ္ေရးအကူအညီမ်ား ေထာက္ပံ့ေပးျခင္းအား ရပ္တန႔္ခဲ့ၿပီး ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္ ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့သည္မွာ အခ်ိန္(၃)ႏွစ္နီးပါးရွိလာၿပီျဖစ္ေသာ္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စလုံး က အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ ရယူႏိုင္ျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အေမရိကန္တြင္ အစိုးရအေျပာင္းအလဲမ်ားႏွင့္အတူ ႐ုရွား-ယူကရိန္းပဋိပကၡကို အဆုံးသတ္ႏိုင္ျခင္း ရွိ/မရွိ ဆိုသည့္ အခ်က္ႏွင့္ပတ္သက္ၿပီး လူအမ်ားၾကားတြင္ ေဝဖန္ေျပာဆိုမႈမ်ားထြက္ေပၚလ်က္ရွိေၾကာင္းလည္း သိရသည္။