တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် အကြမ်းဖက်လုပ်ရပ်များကိုသာ ဆက်လက်လုပ်ဆောင်နေကြောင်း နစကဥက္ကဋ္ဌ ပြော

 4445

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၈

တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့သည် အကြမ်းဖက်လုပ်ရပ်များကိုသာ ဆက်လက်လုပ်ဆောင်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) တွင် ကျရောက်သော နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း သိရသည်။
သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရကြောင်း နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ပြောသည်။

အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်အစိုးရ လျှောက်လှမ်းနေသည့်လမ်းကြောင်းအတိုင်း လိုက်ပါ၍ ပူးပေါင်း ဆောင်ရွက်ခဲ့သောကြောင့် မိမိတို့၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာသည်ကို တွေ့ရှိခဲ့ရပြီးဖြစ်ကြောင်း သဝဏ်လွှာတွင်နစကဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆက်လက်ထိန်းသိမ်း ကာ ဒေသတည် ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ပြီး မိမိတို့ဒေသနှင့် လူမျိုးအကျိုးကို ပိုမိုမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Zawgyi Version;
ေတြ႕ဆုံေဆြးေႏြးေရးနည္းလမ္းမ်ားျဖင့္ ေျဖရွင္းရန္ ဖိတ္ေခၚထားေသာ္လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အခ်ိဳ႕သည္ အၾကမ္းဖက္လုပ္ရပ္မ်ားကိုသာ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း နစကဥကၠ႒ ေျပာ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၈

ေတြ႕ဆုံေဆြးေႏြးေရးနည္းလမ္းမ်ားျဖင့္ ေျဖရွင္းရန္ ဖိတ္ေခၚထားေသာ္လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အခ်ိဳ႕သည္ အၾကမ္းဖက္လုပ္ရပ္မ်ားကိုသာ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ယေန႔ (ဒီဇင္ဘာ ၂၈ ရက္) တြင္ က်ေရာက္ေသာ ႏွစ္(၅၀)ျပည့္ ေ႐ႊရတုအာခါအမ်ိဳးသားေန႔အခမ္းအနားသို႔ေပးပို႔ေသာ သဝဏ္လႊာတြင္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္အတြင္း ေဒသအခ်ိဳ႕တြင္ ျဖစ္ပြားေနေသာ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရးအတြက္လည္း ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းရန္ႏွင့္ ေတြ႕ဆုံေဆြးေႏြးေရးနည္းလမ္းမ်ားျဖင့္ ေျဖရွင္းရန္ ဖိတ္ေခၚထားၿပီးျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕အေနျဖင့္ မိမိေဒသႏွင့္ မိမိလူမ်ိဳးအက်ိဳးကို မ်က္ကြယ္ျပဳကာ အၾကမ္းဖက္လုပ္ရပ္မ်ားကို တစိုက္မတ္မတ္ ဆက္လက္ေဆာင္႐ြက္ေနသည္ကို ေတြ႕ျမင္ေနရေၾကာင္း နစက ဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္ေအာင္လႈိင္က ေျပာသည္။

အာခါလူမ်ိဳးတို႔အေနျဖင့္ ႏိုင္ငံေတာ္အစိုးရ ေလွ်ာက္လွမ္းေနသည့္လမ္းေၾကာင္းအတိုင္း လိုက္ပါ၍ ပူးေပါင္း ေဆာင္႐ြက္ခဲ့ေသာေၾကာင့္ မိမိတို႔၏ လူမႈစီးပြားဘဝမ်ား ျမင့္မားတိုးတက္လာသည္ကို ေတြ႕ရွိခဲ့ရၿပီးျဖစ္ေၾကာင္း သဝဏ္လႊာတြင္နစကဥကၠ႒က ေျပာသည္။
ထို႔ေၾကာင့္ အာခါလူမ်ိဳးတို႔အေနျဖင့္ ႏိုင္ငံေတာ္အစိုးရႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနမႈမ်ားကို ဆက္လက္ထိန္းသိမ္း ကာ ေဒသတည္ ၿငိမ္ေအးခ်မ္းေရးႏွင့္ လူမႈစီးပြားက႑အသီးသီးတြင္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဆက္လက္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ၿပီး မိမိတို႔ေဒသႏွင့္ လူမ်ိဳးအက်ိဳးကို ပိုမိုျမႇင့္တင္ေပးႏိုင္ေရး ေဆာင္႐ြက္သြားၾကရမည္ ျဖစ္ေၾကာင္း နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.