ယူကရိန်းရှေ့တန်းစစ်မြေမျက်နှာပြင်မှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ အကျအဆုံးများနေ
577
Pika (NP News) - ဒီဇင်ဘာ ၂၈
ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲရဲ့ရှေ့တန်းစစ်မြေမျက်နှာပြင်မှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးနေ တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ အထိအခိုက် အသေအဆုံးများနေတယ်လို့ အမေရိကန်အစိုးရပြောရေးဆိုခွင့် ရှိသူ ဂျွန်ကာဘိုင်က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် တစ်ထောင်ခန့် သေဆုံး (သို့မဟုတ်) ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဂျွန်ကာဘိုင်က ပြောကြားခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ အမေရိကန်အရာရှိတွေ ယခင်ကထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းအရေအတွက်ထက် များစွာ ကျော်လွန်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ဂျွန်ကာဘိုင်က "ရုရှားနဲ့ မြောက်ကိုရီးယားစစ်ဘက်ခေါင်းဆောင်တွေဟာ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ယူကရိန်းရဲ့ကာကွယ်ရေးကို ချေမှုန်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အမိန့်ပေးနေတယ်ဆိုတာ သိသာရှင်းလင်းနေပါ ပြီ" လို့ ပြောခဲ့ပါတယ်။
အဲဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို ရုရှားနဲ့ မြောက်ကိုရီးယားတို့ဘက်က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဟာ ယူကရိန်းအတွက် နောက်ထပ်လုံခြုံရေးအကူအညီတွေပေးဖို့အစီအစဉ်ကို အတည်ပြုနိုင်ဖွယ်ရှိနေတယ်လို့ ဂျွန်ကာဘိုင်က ပြောကြားခဲ့ပါတယ်။
ယခုသီတင်းပတ်အစောပိုင်းမှာ ယူကရိန်းရဲ့စွမ်းအင်စနစ်နဲ့ အခြားမြို့တွေအပေါ် ရုရှားရဲ့ ခရစ္စမတ်နေ့ တိုက်ခိုက်မှု တွေကို ဂျိုးဘိုင်ဒန်က ပြစ်တင်ရှုတ်ချခဲ့ပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှုတွေ ပိုမိုလုပ်ဆောင်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်နေစဉ်အချိန်အတွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်ရာချီ ထိခိုက်/သေဆုံးခဲ့ တယ်လို့ အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ပြီးခဲ့တဲ့ဒီဇင်ဘာလ(၁၇)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
Zawgyi Version;
ယူကရိန္းေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္မွာ ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္ေတြ အက်အဆုံးမ်ားေန
Pika (NP News) - ဒီဇင္ဘာ ၂၈
႐ုရွားနဲ႔ ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲရဲ႕ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္မွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးေန တဲ့ ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္ေတြ အထိအခိုက္ အေသအဆုံးမ်ားေနတယ္လို႔ အေမရိကန္အစိုးရေျပာေရးဆိုခြင့္ ရွိသူ ဂြၽန္ကာဘိုင္က ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ႐ုရွားႏိုင္ငံ ကာ့စ္ေဒသမွာ ေျမာက္ကိုရီးယား တပ္ဖြဲ႕ဝင္ တစ္ေထာင္ခန႔္ ေသဆုံး (သို႔မဟုတ္) ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဂြၽန္ကာဘိုင္က ေျပာၾကားခဲ့ပါတယ္။ အဲဒီအေရအတြက္ဟာ အေမရိကန္အရာရွိေတြ ယခင္ကထုတ္ျပန္ခဲ့တဲ့ ကိန္းဂဏန္းအေရအတြက္ထက္ မ်ားစြာ ေက်ာ္လြန္ေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
ဂြၽန္ကာဘိုင္က "႐ုရွားနဲ႔ ေျမာက္ကိုရီးယားစစ္ဘက္ေခါင္းေဆာင္ေတြဟာ ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြကို ယူကရိန္းရဲ႕ကာကြယ္ေရးကို ေခ်မႈန္းတိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ အမိန႔္ေပးေနတယ္ဆိုတာ သိသာရွင္းလင္းေနပါ ၿပီ" လို႔ ေျပာခဲ့ပါတယ္။
အဲဒီေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို ႐ုရွားနဲ႔ ေျမာက္ကိုရီးယားတို႔ဘက္က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ ဟာ ယူကရိန္းအတြက္ ေနာက္ထပ္လုံၿခဳံေရးအကူအညီေတြေပးဖို႔အစီအစဥ္ကို အတည္ျပဳႏိုင္ဖြယ္ရွိေနတယ္လို႔ ဂြၽန္ကာဘိုင္က ေျပာၾကားခဲ့ပါတယ္။
ယခုသီတင္းပတ္အေစာပိုင္းမွာ ယူကရိန္းရဲ႕စြမ္းအင္စနစ္နဲ႔ အျခားၿမိဳ႕ေတြအေပၚ ႐ုရွားရဲ႕ ခရစၥမတ္ေန႔ တိုက္ခိုက္မႈ ေတြကို ဂ်ိဳးဘိုင္ဒန္က ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ယူကရိန္းကို စစ္လက္နက္ပစၥည္းေထာက္ပံ့မႈေတြ ပိုမိုလုပ္ေဆာင္ဖို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနကို တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားႏိုင္ငံ ကာ့စ္ေဒသမွာ ယူကရိန္းတပ္ဖြဲ႕ေတြကို တိုက္ခိုက္ေနစဥ္အခ်ိန္အတြင္း ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္ရာခ်ီ ထိခိုက္/ေသဆုံးခဲ့ တယ္လို႔ အေမရိကန္စစ္ဘက္အရာရွိတစ္ဦးက ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၁၇)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။