ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းရောင်းချမှုနဲ့ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာကုမ္ပဏီတွေနဲ့ အမှုဆောင်အရာရှိတွေကို တရုတ်အစိုးရ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်

496

Pika (NP News) - ဒီဇင်ဘာ ၂၈
ထိုင်ဝမ်ကို အမေရိကန်က စစ်လက်နက်ပစ္စည်းရောင်းချမှုတွေနဲ့ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း(၇)ခုနဲ့ အခြားဆက်စပ်တဲ့ အကြီးတန်းအမှုဆောင်အရာရှိတွေကို တရုတ်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Hudson Technologies၊ Boeing subsidiary Insitu Inc.၊ RTX Inc.’s Raytheon Canada နဲ့ Raytheon Australia ကုမ္ပဏီတို့ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုခံရတဲ့ကုမ္ပဏီတွေထဲမှာ ပါဝင်တယ်လို့လည်း သိရပါတယ်။
ထိုင်ဝမ်အတွက် ကာကွယ်ရေးထောက်ပံ့မှုအဖြစ် အမေရိကန်ဒေါ်လာ(၅၇၁ ဒသမ ၃) သန်းကို အမေရိကန်က မကြာသေးခင်က အတည်ပြုခဲ့ပြီးနောက် တရုတ်အစိုးရရဲ့ပိတ်ဆို့အရေးယူမှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့ အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်အစိုးရရဲ့ပြောဆိုချက်တွေကို ထိုင်ဝမ်အစိုးရက ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ပြည်သူတွေ ကသာ ၎င်းတို့ရဲ့အနာဂါတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်လို့ ပြန်လည်တုံ့ပြန်ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်နဲ့တရားဝင်သံတမန်ဆက်ဆံရေးတွေမရှိပေမယ့်လည်း ထိုင်ဝမ်ရဲ့ အကြီးဆုံးကျောထောက် နောက်ခံနဲ့ စစ်လက်နက်ပစ္စည်းပံ့ပိုးပေးတဲ့နိုင်ငံအဖြစ် ရပ်တည်နေတာ အချိန်အတော်ကြာနေပြီလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ထုတ်ပြန်ချက်အရ ပိတ်ဆို့အရေးယူမှုခံရတဲ့ကုမ္ပဏီတွေနဲ့ အမှုဆောင်အရာရှိတွေရဲ့ တရုတ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို သိမ်းဆည်းသွားမှာဖြစ်သလို တရုတ်နိုင်ငံရဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် တွေနဲ့ ကုန်သွယ်တာ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်တာကို တားမြစ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတပ်ဆင်ပေးနေတာတွေ ရပ်တန့်ဖို့နဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာဖို့ အမေရိကန်ကို တရုတ်က တိုက်တွန်းထားပြီး ၎င်းရဲ့လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အစီအစဉ်တွေအားလုံးကို လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းေရာင္းခ်မႈနဲ႔ပတ္သက္ၿပီး စစ္ဘက္ဆိုင္ရာကုမၸဏီေတြနဲ႔ အမႈေဆာင္အရာရွိေတြကို တ႐ုတ္အစိုးရ ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္
Pika (NP News) - ဒီဇင္ဘာ ၂၈
ထိုင္ဝမ္ကို အေမရိကန္က စစ္လက္နက္ပစၥည္းေရာင္းခ်မႈေတြနဲ႔ပတ္သက္ၿပီး စစ္ဘက္ဆိုင္ရာစက္မႈလုပ္ငန္း(၇)ခုနဲ႔ အျခားဆက္စပ္တဲ့ အႀကီးတန္းအမႈေဆာင္အရာရွိေတြကို တ႐ုတ္အစိုးရက ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
Hudson Technologies၊ Boeing subsidiary Insitu Inc.၊ RTX Inc.’s Raytheon Canada နဲ႔ Raytheon Australia ကုမၸဏီတို႔ဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တဲ့ ပိတ္ဆို႔အေရးယူမႈခံရတဲ့ကုမၸဏီေတြထဲမွာ ပါဝင္တယ္လို႔လည္း သိရပါတယ္။
ထိုင္ဝမ္အတြက္ ကာကြယ္ေရးေထာက္ပံ့မႈအျဖစ္ အေမရိကန္ေဒၚလာ(၅၇၁ ဒသမ ၃) သန္းကို အေမရိကန္က မၾကာေသးခင္က အတည္ျပဳခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရရဲ႕ပိတ္ဆို႔အေရးယူမႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔ အတြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမယ္လို႔ အႀကိမ္ႀကိမ္ေျပာဆိုခဲ့ဖူးတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း တ႐ုတ္အစိုးရရဲ႕ေျပာဆိုခ်က္ေတြကို ထိုင္ဝမ္အစိုးရက ျငင္းဆန္ပယ္ခ်ထားၿပီး ထိုင္ဝမ္ျပည္သူေတြ ကသာ ၎တို႔ရဲ႕အနာဂါတ္ကို ကိုယ္တိုင္ဆုံးျဖတ္ႏိုင္တယ္လို႔ ျပန္လည္တုံ႔ျပန္ေျပာဆိုထားတာလည္း ျဖစ္ပါတယ္။
အေမရိကန္ဟာ ထိုင္ဝမ္နဲ႔တရားဝင္သံတမန္ဆက္ဆံေရးေတြမရွိေပမယ့္လည္း ထိုင္ဝမ္ရဲ႕ အႀကီးဆုံးေက်ာေထာက္ ေနာက္ခံနဲ႔ စစ္လက္နက္ပစၥည္းပံ့ပိုးေပးတဲ့ႏိုင္ငံအျဖစ္ ရပ္တည္ေနတာ အခ်ိန္အေတာ္ၾကာေနၿပီလည္း ျဖစ္ပါတယ္။ တ႐ုတ္အစိုးရရဲ႕ထုတ္ျပန္ခ်က္အရ ပိတ္ဆို႔အေရးယူမႈခံရတဲ့ကုမၸဏီေတြနဲ႔ အမႈေဆာင္အရာရွိေတြရဲ႕ တ႐ုတ္မွာရွိတဲ့ ပိုင္ဆိုင္မႈေတြအားလုံးကို သိမ္းဆည္းသြားမွာျဖစ္သလို တ႐ုတ္ႏိုင္ငံရဲ႕အဖြဲ႕အစည္းေတြ၊ လူပုဂၢိဳလ္ ေတြနဲ႔ ကုန္သြယ္တာ ဒါမွမဟုတ္ ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္တာကို တားျမစ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းတပ္ဆင္ေပးေနတာေတြ ရပ္တန႔္ဖို႔နဲ႔ တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒကို လိုက္နာဖို႔ အေမရိကန္ကို တ႐ုတ္က တိုက္တြန္းထားၿပီး ၎ရဲ႕လုံၿခဳံေရးနဲ႔ အက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔အတြက္ လိုအပ္တဲ့ အစီအစဥ္ေတြအားလုံးကို လုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က ေျပာၾကားခဲ့ပါတယ္။